• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
29 August 2024
in Military, သတင်း
A A
မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်

နွားထိုးကြီးလမ်းပိုင်း၌ နွားထိုးကြီး PDF များ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ PDF

4.2k
VIEWS
Share on FacebookShare on Twitter

ဩဂုတ် ၁၀ ရက်က မန္တလေးတိုင်းအတွင်း ဖော်ဆောင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation- MDSO) ကြောင့် ကပ်လျက်ရှိသည့် မိတ္ထီလာခရိုင်တွင်ပါ လုံခြုံရေးများ တိုးမြှင့်ထားရသည်။

မြင်းခြံ၊ မန္တလေး၊ မိတ္ထီလာဆိုသည်မှာ တဆက်တစပ်တည်းရှိပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း ကွန်မြူနစ်တပ်များ ကြီးစိုးခဲ့ရာ မသုံးလုံး နယ်မြေဟု ကျော်ကြားခဲ့သည့် ဒေသလည်းဖြစ်ပြီး လက်ရှိ မြင်းခြံခရိုင်မှ အထူးစစ်ဆင်ရေး က မိတ္ထီလာခရိုင်အတွင်းမှ မလှိုင်မြို့နယ်ထိ ကူးစက်လာသဖြင့် မိတ္ထီလာ၌လည်း လုံခြုံရေးများတိုးမြှင့်ထားရကြောင်း ဒေသခံများနှင့် စစ်ရေးရင်းမြစ်များက ဆိုသည်။

မိတ္ထီလာမြို့ခံတဦးက “တောင်သာဘက်ကနေ မိတ္ထီလာကိုလာမယ်ဆိုရင် ကြားထဲမှာ မလှိုင်တို့ ပန်းအိုင်တို့ပဲ ရှိတော့ တယ်။ နီးနီးကပ်ကပ်လေးပဲ၊ တောင်သာမြို့ထဲထိ တိုက်ပွဲမဖြစ်သေးပေမယ့် ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးအား ကောင်းတဲ့ရွာတွေ ဆက်တိုက် တိုက်ခံရတာတွေ ရှိတယ်။ တိုက်ပွဲတွေက မလှိုင်ဘက်ထိ ရောက်လာတယ်၊ ပြီးတော့ မိတ္ထီလာက မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း ဗဟိုချက်မကျတဲ့ မြို့ဖြစ်သလို တပ်မြို့လည်း ဖြစ်တယ်၊ အရပ်လေးမျက်နှာ လုံး ကနေ ဝင်ထွက် သွားလာနိုင်တဲ့ မြို့တွင်းမှာရော မြို့ပတ်လည်မှာပါ လုံခြုံရေးအပြည့် ချထားတယ်” ဟု ဆိုသည်။

မိထ္တီလာဆိုသည်က အင်္ဂလိပ်လက်ထက်ကတည်းက တပ်မြို့အဖြစ် လူသိများပြီး လက်ရှိ အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် သာမက ခမရ ၃၁၅၊ ခမရ ၁၁၃၊ ခလရ ၇၉ တပ်ရင်းများ၊ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းနှင့် မြေပြင် အတတ်သင် သင်တန်းကျောင်းများ(ရှမ်းတဲ)၊ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး၊ အမှတ် ၃၂၁ အမြောက်တပ်ရင်း များနှင့် အမှတ် ၁ တပ်မတော် ဆေးရုံ (ခုတင် ၅၀၀) တို့ အပြင် ကျောက်ပန်းတောင်းမြို့ အခြေစိုက် အမှတ် ၇၀၇ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၃၁၉နှင့် အမှတ် ၃၂၀ အမြောက်တပ်ရင်း၊ အမှတ် ၇၅ သံချပ်ကာ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်တို့ရှိသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်ကမူ မိတ္ထီလာမြို့လယ်နာရီစင်၌ ဩဂုတ် ၂၂ ရက်တွင် တော်လှန်ရေးအင်အားစုများ မြို့အား ဝင်တိုက်မည်ဆိုသော စာရွက်များ ကပ်ခံရပြီးနောက် ကင်းပတ်ခြင်း၊ ကင်းပုန်းများချထားခြင်း၊ မြို့ဝင်အထွက်များ၌ အစစ်အဆေး ပိုလာသလို တမြို့လုံးနီးပါး၌ လုံခြုံရေး တင်းကျပ်ထားကြောင်း မြို့ခံများထံက သိရသည်။

မြင်းခြံ၊ မိထ္တီလာ၊ မန္တလေးခရိုင်တို့ ဆက်စပ်သည့် မြေပုံ(ဧရာဝတီ)

CDM တပ်ကြပ်ကြီးတဦးက “မြင်းခြံခရိုင်အထူးစစ်ဆင်ရေးဆိုတာက အဓိကတော့ မြင်းခြံ တောင်သာ နွားထိုးကြီးပေါ့။ သုံးပွင့်ဆိုင်ဒေသမှာ အဓိက ဆင်နွှဲတဲ့ စစ်ဆင်ရေးဖြစ်တယ်။ အဲဒီစစ်ဆင်ရေး စလိုက်တာကြောင့် လေတပ်တွေကအစ တပ်မိသားစုအသိုင်းအဝိုင်းမှာ တော်တော်လေးကို ကြောက်လန့်နေကြတယ်။ ပြီးတော့ အသည်းအသန် ပြင်ဆင်တာ မျိုးတွေ လုပ်လာကြတယ်။ လေတပ်ထဲမှာ ညဘက်အချိန်တွေထိ အိမ်ထောင်သည် ရဲမေ တွေပါ တန်းစီရတာမျိုးတွေ ရှိလာတယ်။ အဓိကတော့ တပ်တွင်း လုံခြုံရေးတွေကို ပိုပြီး လုပ်နေကြတယ်” ဟု ပြော သည်။

ထို့ပြင် မိတ္ထီလာမြို့တွင်း ရပ်ကွက်တခုလျှင် စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူ ၅ ဦးခန့် တောင်းခဲ့ရာမှ ယခုအခါ ၂၀ ဦး ထိပေးရန် စာရင်းကောက်ခံနေပြီး စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းမှုမှာ လိုအပ်သည်ထက်များလာခြင်းကြောင့် ငွေကြေးပြည့်စုံသည့် မြို့ခံများသည် နေရပ်စွန့်ခွာမှုများ ရှိလာကြောင်း သိရသည်။

နန်းတော်ကုန်း ရပ်ကွက်နေသူတဦးက “ကျနော်တို့မြို့မှာ စစ်မှုထမ်းခေါင်းစဉ်နဲ့ ပေါ်တာဆွဲသလိုမျိုးတွေ လုပ်လာတာ ကြောင့် ပိုက်ဆံရှိတဲ့သူတွေ၊ အလယ်အလတ်တန်းစား မိသားစုတွေ တော်တော်များများ မရှိကြတော့ဘူး။ အရင်က လိုက်ရမယ့်သူအစား ပိုက်ဆံပေးပြီး လူစားထည့်ပေးလို့ ရသေးတယ်။ အခုက ဘယ်လိုမှ ညှိလို့ရမယ့်အခြေအနေမှာ မရှိတော့ဘဲ စစ်မှုထမ်းဥပဒေက အရမ်းကြမ်းတော့ အခြား မြို့ရွာတွေကို ပြောင်းသွားကြတာမျိုးပေါ့။ လက်ရှိ ကျန်နေ တာကတော့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေပဲပေါ့။ သူတို့မှာ အခက်အခဲမျိုးစုံနဲ့ဆိုတော့ ကြုံလာသမျှ ခါးစည်းခံနေရတယ်” ဟု ပြောသည်။

ထို့ပြင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီ စိုးမိုးထားနိုင်ဆဲ နေရာများမှ ရသမျှနည်းလမ်းဖြင့် လူသစ် စုဆောင်း၍ တပ်မ ၉၉ အတွင်းသို့ ပို့ဆောင်လျက်ရှိသလို မိတ္ထီလာမြို့ စစ်ဆေးဂိတ်များကလည်း ဖြတ်သန်း သွားလာကြသူများအနက် အထောက်အထား ပြည့်စုံမှု မရှိသော လူငယ်များအား ဖမ်းဆီးနေခြင်းများလည်း ရှိကြောင်း သိရသည်။

မြင်းခြံခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “လက်ရှိအခြေအနေတွေကြောင့် မိတ္ထီလာမှာရှိတဲ့ စစ်သည် အင်အားတွေက ပူပူနွေးနွေးအနေနဲ့ မြင်းခြံဘက်ကို ပို့ထားရတာတွေအပြင် တိုက်ပွဲဖြစ်တဲ့နေရာအနှံ့မှာ ရောက်နေကြ တာမျိုးတွေဆိုတော့ အင်အားလိုအပ်ချက်တွေ ရှိလာလို့ ရသမျှနည်းလမ်းနဲ့ ဖြည့်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ MOD လက်အောက်ခံတပ်ရင်းများ၊ မြင်းခြံခရိုင် ဒရုန်းတပ်ရင်းများ၊ Myingyan Black Tiger (MBT) နှင့် ခရိုင်အတွင်းရှိ မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)၊ တံတားဦး မြို့နယ် ပကဖများ ပူးပေါင်းပါဝင်သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေးသည် စစ်ကောင်စီလက်အောက်ခံ တိုက်ခိုက်ရေး တပ်မတပ်ရင်းများ၊ လက်ရုံးတပ်များ၊ လေတပ်များဖြင့်ပါ စုဖွဲ့ထားသော မိတ္ထီလာမြို့အား အဓိက ဦးတည်နေကြောင်း CDM တပ်အသိုင်းအဝိုင်းနှင့် စစ်ရေးလေ့လာသူများက ဆိုသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
96
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
26

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
43

CDM ဗိုလ်ကြီးဇင်ယော်က “မြင်းခြံခရိုင်စစ်ဆင်ရေးက မိတ္ထီလာတပ်မြို့ကို အဓိကထားပြီးတော့ စစ်ဆင်တဲ့ စစ်ဆင်ရေး လို့ ပြောရမှာ ဖြစ်ပါတယ်။ မြင်းခြံနဲ့ တောင်သာတဝိုက်မှာ အခြေစိုက်တပ်ဆိုလို့ ခမရ ၁၅ ရှိမယ်၊ နယ်မြေခံတပ် နည်း တယ်ပေါ့။ ဒါပေမယ့် ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီး အရမ်းအင်အား ကောင်းတယ်၊ အဲဒီတော့ မြင်းခြံခရိုင် စစ်ဆင် ရေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရုံတော့များစေတယ်။ ဒါပေမယ့် အဓိက ဦးတည်တာ မိတ္ထီလာတပ်နယ် မိတ္ထီလာ တပ်မြို့ပေါ့။ လပခ နန်းတွင်းကို အလုပ်ရှုပ်စေမယ့် အာရုံများစေမယ်ပေါ့၊ ဒါပေမယ့် ဖိအားသက်ရောက်မှု တော့ နည်းပါတယ်” ဟု ပြောသည်။

နွားကြီးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့ရသည့် မြို့လယ်ရှိ KBZ ဘဏ် (CJ)

မိတ္ထီလာမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မြောက်ဘက် မြင်းခြံ-မိတ္ထီလာ လမ်းပိုင်းပေါ်တွင် သြဂုတ် ၁၄ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်များက ကျောင်းများပိတ်ရန် စာပစ်သည်ဆိုသော သတင်းများကြောင့် ပုပ္ပားတောင်ဒေသမှကျောင်းများ ပိတ်ထားရကြောင်း၊ လက်ရှိအချိန်ထိ ပုပ္ပားမြို့နှင့် ကျောက်ပန်းတောင်းမြို့တို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဟု ဒေသခံများနှင့် တော်လှန် ရေးအင်အားစုများက ဆိုသည်။

ပုပ္ပားဒေသခံတဦးက “ကျောင်းတွေက တရားဝင်ပိတ်တာမျိုးတော့ မဟုတ်ဘူး။ ၁၄ ရက်က ပုပ္ပားတောင်မြောက်ဘက် မှာ တိုက်ပွဲဖြစ်တာမျိုးရှိတော့ မိဘတွေက စိုးရိမ်ပြီးကလေးတွေကို ကျောင်းမလွှတ်တော့တာ၊ အဓိကတော့ ကျောင်း တက်တဲ့ ကျောင်းသားတွေ နည်းသွားတာမျိုးပေါ့။ အချို့ကျောင်းတွေ ယာယီပိတ်ပေးထားတာမျိုးပါပဲ”ဟု ပြောသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးဖော်ဆောင်ပြီးနောက် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံး တချို့ ပိတ်လိုက်သလို ရုံးဝန်ထမ်းများလည်း တိမ်းရှောင်ခြင်းများရှိလာကြောင်း၊ ထို့အတူ မလှိုင်မြို့တွင်လည်း Non CDM ဝန်ထမ်းများ တိမ်းရှောင်ခြင်းများ ရှိသလို ကျောက်ပန်းတောင်းမြို့တွင်လည်း တိုက်ပွဲ ဖြစ်လာမည်စိုး၍ စစ်ရှောင် ကြခြင်း၊ ကျောင်းများပိတ်ထားခြင်းများ ရှိလာကြောင်း သိရသည်။

မိတ္ထီလာမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း အချက်အချာကျသည့် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၊ ရန်ကုန်- မန္တလေး အဝေးပြေးကားလမ်း (လမ်းဟောင်း)၊ ပုဂံ-တောင်ကြီးလမ်း၊ ရှမ်းပြည်နယ် တောင်ပိုင်း- ရေနံချောင်းလမ်း၊ မိတ္ထီလာ- မြင်းခြံလမ်းတို့ ဆုံရာ လမ်းဆုံ လမ်းခွဖြစ်သည့်အပြင် သာစည် – မြင်းခြံရထားလမ်းပေါ် တွင်တည်ရှိပြီး ကားလမ်းအတိုင်း ရန်ကုန်မြို့နှင့် ၃၃၈ မိုင်၊ မန္တလေးမြို့နှင့် ၉၅ မိုင်ကွာဝေးပြီး သာစည်မြို့မှ ရထား လမ်းအတိုင်း ၁၄ မိုင် ကွာဝေးသည်။

မြို့ပေါ်ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၅၈၊ ကျေးရွာပေါင်း ၁၄၁ ရွာရှိပြီး အိမ်ထောင်စု ၂၃၉၆၃ စု၊ လူဦးရေ ၁၀၄၂၁၂ ဦးနေထိုင်လျက်ရှိကာ အရှေ့ဘက်တွင် သာစည်မြို့နယ်၊ တောင်ဘက်တွင် ပျော်ဘွယ်မြို့နယ်၊ အနောက်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ မြောက်ဘက်တွင် ဝမ်းတွင်းမြို့နယ်များ တည်ရှိသည်။

မိတ္ထီလာမြို့တောင်ဘက် ပျော်ဘွယ်မြို့နယ် ယင်းတော်ကျေးရွာတွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၈၊ ခမရ ၄၁၉၊ မြို့အရှေ့မြောက်ဘက် သာစည်မြို့နယ်တွင် ခမရ ၄၁၉၊ ခမရ ၄၂၀ တပ်ရင်းများနှင့်အတူ အမှတ်(၇) လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတခု ရှိသည်။

You may also like these stories:

ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးတို့၌ တိုက်ပွဲများ ပြင်းထန်နေ

မုံရွာတွင် ပေါ်တာဆွဲမှုများ နေ့ရောညပါ ပြုလုပ်လာ ဟုဆို

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

Your Thoughts …
Tags: MDSO စစ်ဆင်ရေးPDFစစ်ကောင်စီမိတ္ထီလာလုံခြုံရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်တပ်က ပြည်သူကြားထဲ ပြန်ဝင်ပုန်းတာ (ရုပ်/သံ)

စစ်တပ်က ပြည်သူကြားထဲ ပြန်ဝင်ပုန်းတာ (ရုပ်/သံ)

မြန်မာနယ်စပ်နားက တရုတ် စစ်ရေးလေ့ကျင့်မှု ဘာသဘောလဲ

မြန်မာနယ်စပ်နားက တရုတ် စစ်ရေးလေ့ကျင့်မှု ဘာသဘောလဲ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved