• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

by ဧရာဝတီ
19 August 2024
in Military, သတင်း
A A
မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

Myingyan District Special Operation (MDSO) အထူးစစ်ဆင်ရေး တိုက်ပွဲများကို မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်များတွင် သြဂုတ် ၁၀ရက်ကဖော်ဆောင်ခဲ့သည်(ဧရာဝတီ)

5.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တို့၌ သြဂုတ် ၁၀ရက်က ဖော်ဆောင်ခဲ့သည့် Myingyan District Special Operation (MDSO) အထူးစစ်ဆင်ရေး တိုက်ပွဲများမှာ မြန်မာ ပြည်အလယ်ပိုင်းရှိ မြို့ကြီးများကို စစ်ရေး အရ ခြိမ်းခြောက်နိုင် စွမ်းရှိသည် ကို ပြသခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ဆိုကြသည်။

မြင်းခြံခရိုင်တွင် MDSO အထူးစစ်ဆင်ရေးကို နွားထိုးကြီး နှင့် တောင်သာမြို့နယ်များတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ခြင်း ဖြစ်ကာ မြင်းခြံ၊ နွားထိုးကြီး၊ တံတားဦးတို့မှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ဒေသကာကွယ်ရေးတပ်၊ ဒရုန်းတပ်များ ပူးပေါင်းပါဝင်သည်။

နွားထိုးကြီး ပကဖ အဖွဲ့ဝင်တဦးက “မြို့သိမ်းအနေနဲ့ လုပ်တာမျိုး မဟုတ်ဘူး၊ မြင်းခြံခရိုင်တွင်းက တော်လှန်ရေး အင် အားစုတွေ မညံ့ဘူးဆိုတာ သိစေချင်တာ၊ အခု ရှမ်းမြောက်ဘက် တိုင်းရင်းသားဘက်တွေမှာ မြို့သိမ်းတာတွေရှိလာ တော့ အညာကဘာမှမလုပ်ဘူးလားဆိုတဲ့ အခြေအနေတွေကို အခုစစ်ဆင်ရေးနဲ့ အဖြေပေးတာမျိုးပါပဲ၊ ကျနော်တို့ မှာက တိုင်းရင်းသာတွေလို မဟုတ်ဘူးလေ၊ လက်နက်ခဲယမ်းဆိုတာ ကိုယ့်ဘာသာ ဝယ်ဖြည့်ကြရတာဆိုတော့ ငွေ ကြေးအရ အခက်အခဲရှိတာမို့ အခြေအနေနဲ့အချိန်အခါ တခု စောင့်ရတယ်” ဟု ပြောသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO ကို တော်လှန်ရေးအင်အားစုများ စုပေါင်းညှိနှိုင်းဆုံးဖြတ်ပြီး အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန (MOD) သို့ တင်ပြ၍ ဖော်ဆောင်ခဲ့ခြင်းဟု သိရသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကွန်မြူနစ်တပ်များ ကြီးစိုးခဲ့သဖြင့် မသုံးလုံးနယ်မြေဟု နာမည်ကျော်ခဲ့သည့် မန္တလေး၊ မြင်းခြံ၊ မိထ္တီလာတို့မှာ တဆက်တစပ်တည်းရှိနေသည့်ဒေသဖြစ်ပြီး မြင်းခြံခရိုင်အရှေ့မြောက်ဘက်၌ မန္တလေးမြို့၊ အရှေ့ ဘက်တွင် တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မလှိုင်၊ မိတ္ထီလာမြို့နယ်၊ မြောက်ဘက်၌ စစ်ကိုင်းတိုင်း စစ်ကိုင်း၊ မြင်းမူ မြို့ နယ်၊ အနောက်ဘက်တွင် ညောင်ဦးမြို့နယ်၊ မကွေးတိုင်း ရေစကြို၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ တောင်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။

ထိုစစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် မြင်းခြံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးတချို့ ပိတ်လိုက်သလို ရုံးဝန်ထမ်းများ လည်း တိမ်းရှောင်ခြင်းများရှိလာကြောင်း၊ ထို့အတူ မလှိုင်မြို့တွင်လည်း Non CDM ဝန်ထမ်းများ တိမ်းရှောင်ခြင်းများ ရှိသလို၊ ကျောက်ပန်းတောင်းမြို့တွင်လည်း တိုက်ပွဲ ဖြစ်လာမည်စိုး၍ စစ်ရှောင်ကြခြင်း၊ ကျောင်းများ ပိတ်ထားခြင်းများ ရှိလာကြောင်း သိရသည်။

MDSO စစ်ဆင်ရေးစတင်ခဲ့သည့် သြဂုတ် ၁၀ ရက်က နွားထိုးကြီးမြို့ပေါ်ရှိ အေးကျောင်း၊ မြို့မရဲစခန်း၊ ဆောက်လုပ်ရေး ရုံး၊ မြို့နယ်တရားရုံး၊ ဂက်စ်ပိုက်လိုင်းတို့အား တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းများမှအပ ကျန်စခန်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံး၍ လက်နက်ခဲယမ်းများ သိမ်းနိုင်ခဲ့ ကြောင်း၊ PDF တဦးကျဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း နွားထိုး ကြီး ပကဖ က ထုတ်ပြန်သည်။

နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲသည့်နေရာများအား ဝင်တိုက်ခဲ့သည့် PDF များ

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မိတ္ထီလာအခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ ၉၉) လက်အောက်ခံ တပ်ရင်းများမှ စုပေါင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲကာ ခံစစ်များအခိုင် အမာ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

နွားထိုးကြီး မြို့ခံတဦးက “လက်ရှိ မြို့ထဲက ဆောက်လုပ်ရေးနဲ့ ကပ်လျက်တရားရုံးထဲမှာ တပ်ပြန်စွဲထားတယ်။ ၁၁ ရက် နေ့က အမြန်လမ်းဘက်ကနေ ဆင်းပြီးတော့ ကုန်းကြောင်းနဲ့ ဝင်လာကြတာ။ လက်နက်ကြီးတွေ တင့်ကားတွေပါတာ မျိုးတော့ မတွေ့ရဘူး။ သူတို့ ခံစစ်ပြင်ဆင်တာမျိုးတွေလည်း လုပ်နေကြတယ်၊ မနေ့ကတော့ ရဲစခန်းကို အဓိကထားပြီး လုပ်နေကြတယ်၊ သဲအိတ်တွေ ဆင့်တာ ပိတ်ဆို့တာတွေလုပ်တာနဲ့ ဘန်ကာတွေ ပြန်ဆောက်ပေါ့” ဟု ပြောသည်။

နွားထိုးကြီးမြို့တွင်း တိုက်ပွဲများကြောင့် မြို့ခံ ၃ ပုံ ၂ ပုံခန့်ထိ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို ယခုအခါ စစ်တပ်နှင့် ပျူ စောထီးအင်အားဖြည့်တင်း၍ တပ်စွဲထားမှုကြောင့် ကျန်ရှိနေသူများမှတချို့သည်လည်း မြို့အား စွန့်ခွာခြင်းများ ရှိလာ ကြောင်း စစ်ရှောင်ကူညီနေသူများနှင့် ဒေသခံများက ဆိုသည်။

ဩဂုတ် ၁၂ ရက်ကလည်း တောင်သာမြို့နယ် မင်းဂံနှင့် ကျောက်ဆောရွာကြားရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) လက်အောက်ခံ တရုတ်သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေး လုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ် စခန်း၊ အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁၀ အထည်ချုပ်စက်ရုံ (စွပ်ကျယ်စက်ရုံ)၊ ဘုရားလှ ပျူစောထီး ကျေးရွာ၊ မြို့မရဲစခန်းများကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

တောင်သာ ပကဖမှ တာဝန်ရှိသူတဦးက “တောင်သာစက်ရုံကို ဝင်တိုက်ပြီးတော့ မီးရှို့ခဲ့ကြတယ်၊ စက်ရုံထဲက ဝန်ထမ်း တွေရော စစ်တပ်ရော အကုန်ပြေးကြတာ၊ သိမ်းတော့ မသိမ်းနိုင်ခဲ့ဘူး၊ တောင်သာကို တပ်ကူတွေလာတာကြောင့် ပြန် ဆုတ်ပေးခဲ့ကြတာ။ လက်ရှိအခြေအနေကတော့ မြို့ထဲကနေ ဒီကောင်တွေ ထွက်မလာရဲတော့ဘူး” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်း မန္တလေး၊ မြင်းခြံ၊ မိထ္တီလာ ခရိုင်များ ဆက်စပ်နေမှုကို ပြသည့် မြေပုံ(ဧရာဝတီ)

တိုက်ပွဲများအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်သာမြို့အဝင်၌ ပြည်သူ ၂ ဦးထိ မှန်ခဲ့သလို ဘုရားလှ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သောလက်နက်ကြီးထိမှန်မှုကြောင့် ကားသမားတဦးနှင့် အရပ်သား အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဘုရားလှတိုက်ပွဲသို့ မြင်းခြံမှ သီတာယုမွန် ခေါင်းဆောင်သော ပျူစောထီးများ ကား ၃ စီးဖြင့် စစ်ကူလာစဉ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိသောကြောင့် မြင်းခြံသံမဏိ စက်ရုံ အတွင်း ပြန်ပြေးသွားကြောင်း၊ အဆိုပါစစ်ကူအဖွဲ့အား မြင်းခြံ ခမရ ၁၅ မှ သံချပ်ကာ ယာဉ် ၁ စီးအပါအဝင် ကား ၅ စီးဖြင့် သွားရောက်ခေါ်ဆောင် ခဲ့ရသည်ဟု တော်လှန်တပ်ဖွဲ့များထံက သိရသည်။

“လက်ရှိ သူတို့မှာ အင်အားနည်းနေပြီဆိုတာ အရမ်း သိသာပါတယ်၊ နွားထိုးကြီးတို့ တောင်သာတို့ဆိုတာ မြို့က သေး သေးလေးတွေပါ၊ တကယ်တိုက်ပွဲဖြစ်တော့ အရေးပေါ် စစ်ကူလုံလောက်အောင် ပို့မပေးနိုင်တော့ လေကြောင်းကနေ တိုက်တာတွေ ပျူတွေကိုပဲ စစ်ကူလွှတ်တာတွေက သိသာစေတဲ့အချက်တွေပါပဲ။ သူတို့ လက်နက်အင်အား ကောင်း တယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ မတိုက်နိုင်ကြတော့ဘူး” ဟု နွားထိုးကြီး ပကဖ မှ တာဝန်ရှိသူတဦး ပြောသည်။

နွားထိုးကြီးနှင့် တောင်သာမြို့နယ်၌ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီးနောက် မြင်းခြံမြို့ တွင် အခိုင်အမာခံစစ်ပြင်ဆင်နေသလို မြို့တွင်းနှင့် မြို့ပတ်လည်တွင် လုံခြုံရေး တင်းကျပ်ခြင်းများ၊ အင်အားဖြည့်တင်း ခြင်း၊ မြင်းခြံမြို့ရှိ စစ်တပ်မှ လက်နက်ကြီးဖြင့် ရွာများဘက် ပစ်ခတ်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်းများ ဆက်တိုက်ပြု လုပ်လာကြောင်း ဒေသခံများက ပြောသည်။

တောင်သာ ပကဖ မှ တာဝန်ရှိသူတဦးက “အခုလိုမျိုး မြို့ပေါ်အထိ တက်သိမ်းနိုင်တယ်၊ တိုက်နိုင်တယ်ဆိုတာကို သိ သွားတော့ သူတို့ (စစ်ကောင်စီ)အတွက် အကြောက်တရားတွေ ဖြစ်စေတာတော့ အမှန်ပါပဲ။ ကျနော်တို့က ထိုးစစ်ဆင် ခဲ့တာကို သူတို့ တော်တော်လေး လန့်သွားကြတယ်။ အခုဆိုရင် ညပိုင်းအချိန်တွေမှာ လေယာဉ်တွေ ဆက်တိုက် ဝဲနေ တာမျိုး ရှိလာတယ်။ အဲဒါက သူတို့ မြေပြင်မှာ ဘာမှမဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ” ဟု ပြောသည်။

NUG-MOD အနေဖြင့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအပေါ် လိုအပ်ချက်များ ပံ့ပိုးပေးမည်ဟု ပြောဆိုထားသော် လည်း လက်ရှိအချိန်ထိ မရရှိသေးသလို ထပ်ဆင့် ညွှန်ကြားချက်မျိုးလည်း မရှိသေးဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

တိုက်ပွဲများကြောင့် စင်္ကာပူအစိုးရ၏ စွမ်းအင်ကုမ္ပဏီ Sembcorpက မြင်းခြံမြို့နယ်တွင်း လည်ပတ်နေသည့် ဓာတ်အား ပေး စက်ရုံကို ရပ်ခဲ့ရသည်

မြင်းခြံမြို့နယ်အပါအဝင် ဒေသတွင်းမငြိမ်သက်မှုများ ပြင်းထန်လာခြင်းကြောင့် မြင်းခြံမြို့နယ်အတွင်းရှိ ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသော စင်္ကာပူအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ Sembcorp Myingyan Independent Power Plant ကို ယာယီပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြင်းခြံမြို့ခံတဦးက “အဲဒီစက်ရုံအတွက် ဆိပ်ညံမြစ်ရေတင်နဲ့ ဧရာဝတီမြစ်ရေကို ယူပြီးတော့မှ သံမဏိစက်ရုံလည်ပတ် နေတာမျိုးပေါ့၊ ရေအားလျှပ်စစ်ထုတ်တာမျိုးတော့ မဟုတ်ဘူး၊ မြင်းခြံသံမဏိစက်ရုံကနေရတဲ့ ဓာတ်အားတွေကို အနီး ဆုံး စွန်းလွန်း ပင်မဓာတ်အားခွဲရုံကို ပို့တယ်။ အဲဒီကနေ သာစည်ပင်မဓာတ်အားခွဲရုံကို ဆက်ပို့ပြီးတော့ မဟာဓာတ် အား လိုင်းကြီးတွေကနေတဆင့် ထပ်ပြီးဖြန့်ဝေတာလို့ သိရတယ်၊ အဲဒီတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျ သွား နိုင်တာဆိုတော့ လျှပ်စစ်မီး အခက်အခဲတွေလည်း ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ယင်း ဓာတ်အားပေးစက်ရုံသည် တောင်သာမြို့နယ် ဖက်တောကျေးရွာ၏မြောက်ဘက်ကပ်လျက် မြင်းခြံမြို့နယ် စပ်ခါး ကျေးရွာ၏ အနောက်တောင်ဘက် မိုင်ဝက်ခန့်အကွာ တောင်သာနှင့် မြင်းခြံမြို့နယ်အစပ်တွင်ရှိပြီး မြင်းခြံမြို့နှင့် အနီး ဆုံးဖြစ်သည့်အပြင် စက်ရုံဧရိယာအများစုက မြင်းခြံမြို့နယ်အတွင်းရှိသောကြောင့် မြင်းခြံသံမဏိဓာတ်အားခွဲရုံဟု ခေါ် ဆိုကြောင်း သိရသည်။

အဆိုပါ မြင်းခြံသံမဏိ ဓာတ်အားခွဲရုံ စတင်လည်ပတ်ခဲ့သည့်အချိန်မှ ယနေ့အထိ အုပ်ချုပ်ရေးပိုင်းအား စစ်တပ်မှ ထိန်း ချုပ်ခြင်းဖြစ်ပြီး ၂၄ နာရီလည်ပတ်နေသော စက်ရုံဟု သိရသည်။

မြင်းခြံမြို့ခံတဦးက “အဲဒီစက်ရုံက ဦးသန်းရွှေလက်ထက်ကတည်းက စခဲ့တာ၊ ခေတ်အဆက်ဆက် စစ်တပ်ရဲ့ထိန်းချုပ်မှု နဲ့ သီးသန့်သွားနေတဲ့ စက်ရုံတခုပါ၊ အထက်မြန်မာပြည်မှာရှိတဲ့ ကားအိုကားပျက်တွေကို လက်ခံပြီးတော့ သံရည်ကျို တဲ့ အရည်ကျိုစက်ရုံကြီးပေါ့၊ အခု ကားတွေကတော့ တောင်ပုံရာပုံ ပုံထားတာပဲ။ အဲဒီကားတွေကို ဖျက်ဆီးပြီး သံရည် ကျိုတယ်၊ သံတုံးသံခဲတွေ လုပ်ပြီးမှ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့နေရာတွေကို ပို့တယ်လို့တော့ သိထားတယ်။ အဓိကလုပ်တာတော့ သံရည်ကျိုတာကို လုပ်တာပေါ့” ဟု ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
102
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
28

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
48

အလားတူ မြင်းခြံမြို့နယ်ရှိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာဝဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)သည်လည်း စက်များ အရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါ ဓာတ်အားပေး စက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ်နာရီခန့်လျော့နည်းသွားသဖြင့် ရန်ကုန်တိုင်း၊ မြို့နယ် တချို့နှင့် စက်မှုဇုန်များ၌ ပေးနေသော ဓာတ်အားများကို လျှော့ချမည်ဖြစ်၍ ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိနိုင် မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကလည်း ထုတ်ပြန်ထားသည်။

မြင်းခြံ PDF များက တိုက်ခိုက်နေသည့် ရုရှားအကူအညီဖြင့် လည်ပတ်နေသော မြင်းခြံသံမဏိစက်ရုံ

အလားတူ ရုရှားအကူအညီဖြင့် လုပ်ကိုင်နေသည့် မြင်းခြံသံမဏိစက်ရုံကိုလည်း မြင်းခြံပကဖတို့က သြဂုတ် ၁၆ရက် ညက ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စက်ရုံစောင့် စစ်ကောင်စီတပ်များ ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း၊ စက်ရုံဝန်ထမ်းများမှာ ထွက်ပြေးသွားကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်သည်။

မြင်းခြံခရိုင်အတွင်း၌ မန္တလေးတိုင်း၏ အဓိက စီးပွားရေးဇုန်တခုဖြစ်လာမည့် မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းနှင့် မြို့သာ စက်မှုဥယျာဉ်စီမံကိန်း၏ ပထမအဆင့်အဖြစ် ဆီမီးခုံတွင် နိုင်ငံတကာအဆင့်မီ ဆီမီးခုံဆိပ်ကမ်း (ဧရာဝတီ) စီမံ ကိန်းများလည်းရှိပြီး ဆီမီးခုံဆိပ်ကမ်းတွင် ရေတပ်နှင့် စစ်သား၊ ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးကာ တပ်စွဲထားသဖြင့် တော်လှန်ရေးအင်အားစုများက မကြာခဏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်းများ ရှိနေကြောင်း သိရသည်။

မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဆီမီးခုံရေနက်ဆိပ်ကမ်းကတော့ လက်ရှိအချိန်ထိ စီမံကိန်းကို ဆက်လုပ်နေတယ်၊ အရင်ကတည်းက ဝင်လို့ မလွယ်တဲ့နေရာဆိုတော့ အခုကျတော့ ပိုဆိုးတာပေါ့၊ အထဲမှာ ဘာတွေ လုပ်နေလဲဆိုတာ မသိရဘူး၊ အရင် အရပ်သား အစိုးရလက်ထက်က တာဝန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တောင် အဆင့်ဆင့်တင်ပြပြီးမှ ဝင်လို့ရခဲ့တာမျိုးဆိုတော့ အဲဒီ စီမံကိန်းနဲ့ပတ်သက်ပြီး ဘာမှကို မသိရဘူး” ဟု ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ် ရေးအတွက် ဗုံးခိုကျင်းများတူးရန်လိုအပ်နေပြီဖြစ်သလို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကာလအတွင်း မြင်းခြံ -နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ-တောင်သာလမ်းပိုင်းများအား လတ်တလောဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် တော်လှန် ရေးအင်အားစုများ အသိပေးထုတ်ပြန်ထားသည်။

You may also like these stories:

မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်း အစောင့်တပ်စခန်းများကို PDF သိမ်းပိုက်

မြို့ပေါင်း ၃၅၀ အနက် စစ်ကောင်စီ တရာအောက်သာ ထိန်းချုပ်နိုင်တော့ဟု NUG ဆို

စစ်ကောင်စီ ပြန်ရဖို့ ကြိုးစားနေသည့် စဉ့်ကူးကို PDF တို့ ဆက်ထိန်းထား

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

Your Thoughts …
Tags: MDSOတောင်သာနွားထိုးကြီးမြင်းခြံသဘာဝဓာတ်ငွေ့စက်ရုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

by မိုးစက်ငြိမ်းချမ်း
30 August 2024
7.4k

ဤမန်းမြောက် စစ်ဆင်ရေးတွင် နယ်မြေအလိုက် စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့သုံးဖွဲ့ကို တွေ့ရ၏။

အမြန်လမ်းမှာဖမ်းဆီးခံရတဲ့ စစ်ကောင်စီဝန်ထမ်းတွေ (ရုပ်/သံ)

အမြန်လမ်းမှာဖမ်းဆီးခံရတဲ့ စစ်ကောင်စီဝန်ထမ်းတွေ (ရုပ်/သံ)

by ဧရာဝတီ
7 January 2025
5.4k

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုတွေဆောင်ရွက်နေတဲ့ အောင်ဆန်းမြေ (နတ်မောက်) အဖွဲ့က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ

စစ်တပ် ဖမ်းသွားသည့် မြင်းခြံနယ်ခံ ၉ ဦး၏ အလောင်းများ လမ်းဘေး၌တွေ့ရှိ

by The Irrawaddy
30 January 2024
4k

မြင်းခြံနှင့် တောင်သာမြို့နယ်များသို့ ဇန်နဝါရီ ၂၈ ရက် ၂၉ ရက်များတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး များ ဝင်ရောက်ကာဒေသခံ ၉ ဦးကို ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်၍ လမ်းဘေး၌ ရုပ်အလောင်းများ စွန့်ပစ်ခဲ့

၉ / အညာမြေ စစ်ဆင်ရေးကြောင့် မြင်းခြံသို့ သင်္ဘော ၄စီးဖြင့် စစ်ကူပို့

၉ / အညာမြေ စစ်ဆင်ရေးကြောင့် မြင်းခြံသို့ သင်္ဘော ၄စီးဖြင့် စစ်ကူပို့

by ဧရာဝတီ
27 May 2025
3k

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ တရုတ်ပိုက်လိုင်းဖြတ်သန်းရာ နွားထိုးကြီး အပါအဝင် မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန် မြို့နယ်များမှ စစ်ကောင်စီတပ်စခန်း ၈ ခု တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရေလမ်းကြောင်းဖြင့် စစ်အင်အား ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

မြင်းခြံဝန်းကျင် စစ်ကြောင်းထိုး၍ တိုက်ပွဲများဖြစ်

မြင်းခြံဝန်းကျင် စစ်ကြောင်းထိုး၍ တိုက်ပွဲများဖြစ်

by ဧရာဝတီ
7 March 2025
2.4k

မြင်းခြံမြို့တွင် သီတာယုမွန်ဦးဆောင်သော ပျူစောထီးအဖွဲ့များအပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှ သင်တန်းဆင်း ပြည်သူ့စစ်များလည်း အင်အားဖြည့်တင်းထားရာ ခန့်မှန်းအင်အား ၂၀၀ ကျော်ရှိနိုင်ကြောင်း၊ ထို့အတူ မိတ္ထီလာမြို့၌ အခြေစိုက်ထားသော အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်(တမခ ၉၉) လက်အောက်ခံ တပ်ရင်းများမှ စုပေါင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်...

မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

by ယဉ်မွန်
13 August 2024
2.1k

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက အထူးစစ်ဆင်ရေး တရပ်အဖြစ် စစ်ရေးဖော်ဆောင် နေပါတယ်။

Next Post
ဝမ်ယိ ခရီးစဉ် အပေါ်  NUG ဘာပြောလဲ (ရုပ်/သံ)

ဝမ်ယိ ခရီးစဉ် အပေါ် NUG ဘာပြောလဲ (ရုပ်/သံ)

ဒုစစ်ခေါင်းဆောင်စိုးဝင်း ရုံးနေရာ ပြောင်းရွှေ့ ခံရ(ရုပ်/သံ)

ဒုစစ်ခေါင်းဆောင်စိုးဝင်း ရုံးနေရာ ပြောင်းရွှေ့ ခံရ(ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved