• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်း အစောင့်တပ်စခန်းများကို PDF သိမ်းပိုက်

by ဧရာဝတီ
13 August 2024
in Military, သတင်း
A A
မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်း အစောင့်တပ်စခန်းများကို PDF သိမ်းပိုက်

ဩဂုတ်လ ၁၂ ရက်နေ့က မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် PDF အဖွဲ့များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီထိန်းချုပ် အထည်အလိပ်စက်ရုံ မီးလောင်နေစဉ် / Telegram channel PAN

2.1k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) က မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် တပြိုင်နက် တိုက်ခိုက်မှုများကို ဩဂုတ်လ ၁၀ ရက်နေ့တွင် စတင်ပြီးနောက် မန္တလေးတိုင်းမှ တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ ပေးပို့ရေး အဆောက်အအုံများကို စောင့်ကြပ်သည့် စစ်ကောင်စီစခန်း အနည်းဆုံး နှစ်ခုကို သိမ်းပိုက်သည်။

အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကွပ်ကဲမှုအောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များသည် တောင်သာမြို့ရှိ ပိုက်လိုင်း ပို့လွှတ်ရေးစခန်းကို စောင့်ကြပ်သည့် စစ်ကောင်စီစခန်းများ အပါအဝင် စစ်ကောင်စီပစ်မှတ်များကို ညှိနှိုင်းတိုက်ခိုက်မှုများ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်တွင် ဆက်လက်ပြုလုပ်သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
691
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.6k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
811

ရခိုင်ပြည်နယ် ကမ်းခြေမှ တရုတ်နိုင်ငံတောင်ပိုင်းအထိ ရှည်လျားသည့် ထိုရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် လုပ်ငန်းစတင်လည်ပတ်သည်။

၉၇၃ ကီလိုမီတာ ရှည်လျားသည့် ထိုပိုက်လိုင်းများသည် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ဆက်သွယ်သည်။

PDF တပ်ရင်း အများအပြားသည် တောင်သာမြို့နယ်မှ စစ်ကောင်စီ ပစ်မှတ် သုံးခုကို ပူးတွဲတိုက်ခိုက်နေကြာင်း မြင်းခြံခရိုင် PDF တာဝန်ရှိသူတဦးက ဩဂုတ်လ ၁၂ ရက်နေ့တွင် ဧရာဝတီသတင်းဌာနသို့ ပြောသည်။

တော်လှန်ရေး အင်အားစုများသည် တောင်သာမြို့ တောင်ဘက်ထိပ်မှ စစ်ကောင်စီစစ်သားများ စောင့်ကြပ်နေသည့် ထိုပို့လွှတ်ရေး အစောင့်တပ်စခန်းများကို သိမ်းပိုက်ချေမှုန်းနိုင်ကြောင်း သိရသည်။

တောင်သာမြို့ မြောက်ဘက်ဝင်ပေါက်ရှိ စစ်ကောင်စီ စီမံသည့် အထည်အလိပ်စက်ရုံကိုလည်း ထိုနေရာတွင် စခန်းချနေသည့် စစ်ကောင်စီတပ်များကို ချေမှုန်းပြီးနောက် မီးရှို့လိုက်ကြောင်း PDF များက ကြေညာသည်။

တရုတ်သို့ပေးပို့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်းပြ မြေပုံ / Shwe Gas

တချိန်တည်းတွင် တော်လှန်ရေးအင်အားစုများသည် တောင်သာမြို့နယ် အနောက်မြောက်ဘက်ရှိ စစ်ကောင်စီ ထောက်ခံသည့်ကျေးရွာဖြစ်သော ဘုရားလှကျေးရွာမှ စစ်ကောင်စီ စခန်းများကိုလည်း သိမ်းပိုက်မီးရှို့လိုက်သည်။ ထိုရွာသည် စစ်ကောင်စီလိုလားသည့် ပျူစောထီးကျေးရွာ ဖြစ်သည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညနှောင်းပိုင်းတွင် စစ်ကောင်စီလေယာဉ်တစင်းသည် တောင်သာမြို့နယ် အရှေ့ဘက် ပြဿဒ်ကြီးကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲပြီး ဘုန်းကြီးကျောင်းအတွင်းရှိ ဘာသာရေး အဆောက်အအုံ သုံးခုလုံးကို ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် ကျနော်တို့ မအိပ်နိုင်ဘူး။ စစ်ကောင်စီလေယာဉ်တွေက အဲဒီနေရာမှ မိနစ်ပေါင်းများစွာ ရစ်ဝဲနေတယ်။ ဒီနေ့မနက် အစောပိုင်းမှာ တောင်သာမြို့ဘက်က သေနတ်သံတွေလည်း ကျနော်တို့ ကြားရတယ်” ဟု ထိုသို့ဖြစ်ပွားနေသည့် နေရာအနီးမှ ကျေးရွာတရွာမှ ဒေသခံတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

နေပြည်တော်၊ မိတ္ထီလာ၊ ညောင်ဦးနှင့် မြင်းခြံခရိုင်များမှ PDF တပ်ရင်းအများအပြားသည် ဩဂုတ်လ ၁၂ နေ့က တောင်သာတိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်နေပြီး PDF တိုက်ခိုက်ရေးသမားတဦး ဒဏ်ရာအနည်းငယ်ရသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရပေ။ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များသည် ဩဂုတ်လ ၁၂ နေ့ ညနေတွင် တောင်သာမြို့ပေါ်၌ ရစ်ဝဲနေသည်။

တချိန်တည်းတွင် စစ်ကောင်စီသည် အနီးရှိ မြင်းခြံတွင် ခံစစ်ပြင်နေပြီး တမြို့လုံးတွင် တပ်များဖြန့်ကြက်နေကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင်လည်း PDF တပ်အများအပြားသည် မြင်းခြံမြို့မှ အရှေ့ဘက် ၃၂ ကီလိုမီတာအကွာရှိ နွားထိုးကြီးမြို့မှ စစ်ကောင်စီ ပစ်မှတ် အများအပြားကို တပြိုင်နက် တိုက်ခိုက်သည်။ PDF တပ်များသည် စစ်ကောင်စီ ရဲစခန်းများမှအပ ထိုမြို့ရှိ စစ်ကောင်စီ၏ အဓိက စခန်းများကို ခဏတာသိမ်းပိုက်ပြီး ဖျက်ဆီးနိုင်ခဲ့သည်။ ထိုသို့ဖျက်ဆီးခဲ့သည့် စခန်း လေးခုတွင် တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်ရေးစခန်းတခုကို စောင့်ကြပ်နေသည့် စခန်းတခုလည်း ပါဝင်သည်။

ဩဂုတ်လ ၁၁ ရက်နေ့က တောင်သာမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြဿဒ်ကြီးကျေးရွာအနီးရှိ ဘုန်းတော်ကြီးကျောင်း ပျက်စီးသွားသည် / တောင်သာလူထုသပိတ်ကော်မတီ

ထိုပို့လွှတ်ရေးစခန်းသည် နွားထိုးကြီး မြို့အရှေ့ဘက် ၃ ကီလိုမီတာ အဝေးတွင် ရှိသည်။ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ စစ်သား ၃၀ ကျော် သေဆုံးပြီး အချို့ကို PDF တပ်များက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိသည်။

နွားထိုးကြီးတွင် တိုက်ခိုက်မှုအတွင်း PDF အဖွဲ့ဝင်တဦး ကျဆုံးသည်။

တော်လှန်ရေးအင်းအားစု အားလုံးသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ လာရောက်ပစ်ခတ်သောအခါ ထိုမြို့မှ ဆုတ်ခွာကြသည်။

“လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သိမ်းပိုက်ထားတဲ့ စစ်ကောင်စီစခန်းတွေကို ထိန်းချုပ်ထားလို့ မရဘူး။ ဒါကြောင့် စစ်ကောင်စီတပ်တွေကို ခွဲဖို့ သေနင်္ဂဗျူဟာသစ်အဖြစ် လှုပ်ရှားစစ်ဆင်ရေး လုပ်နေရတယ်” ဟု မြင်းခြံခရိုင် PDF မှ တာဝန်ရှိသူတဦးက ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့က တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများအပြီးတွင် စစ်ကောင်စီသည် စစ်ကူ ၂၀၀ ခန့် စေလွှတ်ပြီး နွားထိုးကြီးကို ပြန်လည် သိမ်းပိုက်သည်။

မြင်းခြံခရိုင် PDF တပ်များသည် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး အမည်ဖြင့် စစ်ကောင်စီဆန့်ကျင်ရေး ထိုးစစ်ကို ထိုခရိုင်တွင် ဩဂုတ်လ ၁၀ ရက်နေ့က စတင်နေပြီး မြင်းခြံ-နွားထိုးကြီးလမ်းနှင့် မြင်းခြံ-တောင်သာ အဝေးပြေးလမ်းကို ပြည်သူများ အသုံးမပြုရန် ကြေညာထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ PDF Groups Seize Guard Posts for Chinese Pipeline Facilities in Myanmar’s Mandalay Region PDF Groups Seize Guard Posts for Chinese Pipeline Facilities in Myanmar’s Mandalay Region (irrawaddy.com) ကို ဘာသာပြန်သည်။)

You may also like these stories:

တိုက်ပွဲအတွင်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ကြားခံစခန်းတခု ပျက်စီး

ချင်ကန်းခရီးစဉ်က မြန်မာတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပြန်လည်မီးမွှေး

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်တပ်စခန်း CDF အရှိုတပ်ဖွဲ့ တိုက်ခိုက်

တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံအနီး စစ်ကောင်စီမိုင်းထောင်သဖြင့် ဒေသခံများစိုးရိမ်နေ

“ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား

Your Thoughts …
Tags: NUGPDFစစ်ကောင်စီစစ်အာဏာသိမ်းမှုညှိနှိုင်းတိုက်ခိုက်မှုတရုတ်တော်လှန်ရေးအင်အားစုမြင်းခြံခရိုင် အထူးစစ်ဆင်ရေးရေနံနှင့်သဘာဝဓာတ်ငွေ့လေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate