• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

by ဧရာဝတီ
13 August 2024
in စီးပွားရေး, သတင်းတို
A A
ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော

ကိုဗစ်ချေးငွေ လျှောက်လွှာများ စိစစ်နေစဉ် / UMFCCI

1.6k
VIEWS
Share on FacebookShare on Twitter

အခွန်ရရှိမှု နည်းလာပြီး ကုန်သွယ်ရေးရပ်ဆိုင်းမှုများအပြင် အခြားသော ဝင်ငွေရလမ်းများ နည်းပါးလာသော စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD )အစိုးရ လက်ထက် ကိုဗစ်ကာလအတွင်း ထုတ်ချေးထား‌သော ချေးငွေများကို အတိုးနှင့် အရင်း တပါတည်း ပြန်ဆပ်ရန် အတင်းအကျပ်တောင်းယူနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ကိုဗစ် -၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ထိခိုက်မှုရှိခဲ့သော လုပ်ငန်းများကို ကိုဗစ်-၁၉ ရံပုံငွေမှ ချေးငွေ သက်တမ်း ၁ နှစ်၊ အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်၍ ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ယခုအချိန်တွင် ချေးငွေသက်တမ်း ၃ နှစ်ကျော်လွန်ခဲ့သော ကုမ္ပဏီ/ လုပ်ငန်းများအား ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြန်ဆပ်ရန် သတိပေးထားသည်ဟု ယမန်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များရှိ ချေးငွေ အရင်းနှင့် အတိုးပြန်ဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီများအနေဖြင့် အမြန်ဆုံး ပြန်ဆပ်ရန်၊ အတိုးသာ ပေးသွင်းထားသည့် ကုမ္ပဏီများလည်း အရင်းနှင့် အတိုး တပေါင်းတည်း ပေးသွင်းရမည်ဖြစ်ပြီး အချိန်မီလာရောက်ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတခုချင်းစီကို ကြေညာ၍ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူသွားမည်ဟု ဖော်ပြထားသည်။

NLD အစိုးရ သက်တမ်းအတွင်း ကိုဗစ်ကာလ စီးပွားရေး အကျပ်အတည်းများကို လျှော့ချနိုင်ရန်အတွက် ရည်ရွယ်ပြီး ကိုဗစ်ချေးငွေကို ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်သော ကဏ္ဍ ၁၂ ခု မှ စီးပွားရေး လုပ်ငန်းပေါင်း ၆ ထောင်ကျော်အား ကျပ် ၂၀၀ ဘီလီယံ ကျော် ထုတ်ချေးပေးခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်တဦးက “အခြေအနေကတော့ ပြန်ပေးရတော့မှာပေါ့နော်။ ဆပ်နိုင်တဲ့သူရှိသလို မဆပ်နိုင်တဲ့ သူလည်းရှိတယ်။ ခဏမှေးပြီးနေရတဲ့သူလည်း ရှိတယ်။ စာလည်းထုတ်ထားပြီဆိုတော့ ဆပ်ရတော့မှာ၊ ချေးယူထားတဲ့ ဆိုင်တွေလည်း သူတို့ လှမ်းပြောထားတာရှိတယ်။ ပြန်ဆပ်ဖို့ကတော့ ဒီအချိန်ကတော့ အားလုံးက ခက်ခဲနေကြတာ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအခြေအနေအရ လုပ်ငန်းများအနေဖြင့် ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများရှိသလို မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် ယခင်က စားသောက်ဆိုင် တဆိုင်တွင် ပုံမှန် ၁လလျှင် လူ ၂၀၀ ဝင်ပါက ယခု လူ ၁၀၀ ခန့်သာ ဝင်ရောက် စားသောက်နိုင်သည့်အခြေအနေမျိုးဖြစ်ကြောင်း ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ သယ်ယူပို့ဆောင်စရိတ် အဆမတန် မြင့်တက်လာခြင်း၊ လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်း၊ လောင်စာဆီ ဈေးနှုန်းများကြီးမြင့်ခြင်း၊ ပြတ်လပ်ခြင်း၊ သွင်းကုန်ဈေးနှုန်းများ မြင့်တက်ခြင်း အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

You may also like these stories:

ဝင်ငွေနည်း၍ စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ကိုဗစ်ချေးငွေ အတင်းအကျပ်ပြန်တောင်းနေ

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
126
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
147
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.4k

ကိုဗစ်ချေးငွေ ပြန်ဆပ်ချိန် နီးလာသော်လည်း လုပ်ငန်းရှင်များ ဆပ်နိုင်စွမ်း မရှိသေး

မြန်မာ ဖရိုဖရဲအခြေအနေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်း

Your Thoughts …
Tags: NLDကိုဗစ်ချေးငွေကုန်ဈေးနှုန်းစစ်ကောင်စီအခွန်အတိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သမိုင်းဝင် တကောင်းမြို့ကို တော်လှန်ရေး တပ်တွေသိမ်းပိုက် (ရုပ်/သံ)

သမိုင်းဝင် တကောင်းမြို့ကို တော်လှန်ရေး တပ်တွေသိမ်းပိုက် (ရုပ်/သံ)

စစ်တွေမြို့ကို စစ်တပ်ခြံစည်းရိုးခတ်နေ

စစ်တွေမြို့ကို စစ်တပ်ခြံစည်းရိုးခတ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved