• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

by မိုးစက်ငြိမ်းချမ်း
30 August 2024
in Military, ဆောင်းပါး
A A
မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

ဇူလိုင်လ ၃ ရက်က စသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၏ အရှိန်သည် မန္တလေးတိုင်းအတွင်းသို့ ထိုးဖောက်ကာ စစ်ဆင်လာသည်ကို တွေ့ရသည် / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲများ မပြီးပြတ်သေးသော်လည်း စစ်တပ်က လုံးဝ ခံစစ်အနေအထားတွင်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားနိုင်၏။ စစ်ကိုင်းတိုင်းတွင်းမှ မိုးကုတ်တိုက်ပွဲသို့ စစ်ကူအနေဖြင့် သွားရောက်ခဲ့ပြီး ပြန်ဆုတ်လာသည့် ‘ဘီလူးစစ်ကြောင်း’ မှ စစ်ကြောင်းမှူးအပါအဝင် ငါးဦးကို သပိတ်ကျင်းစစ်ဆင်ရေးတွင် ပါဝင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့တခုက သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း၌ အရှင်ဖမ်းမိခဲ့သည်။

စကခ ၄ လက်အောက်ခံ ခမရ ၇၀၈၊ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၁ နှင့် တပ်မ ၉၉ လက်အောက်ခံ စစ်သည်များ ပါဝင်သော ဘီလူးစစ်ကြောင်းဟု အမည်ပေးထားသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ၂၀၂၂ နှစ်လယ်ပိုင်းမှ စတင်ကာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းခဲ့သည့် စစ်ကိုင်းတိုင်းအတွင်း လှည့်လည် စစ်ကြောင်းထိုးပြီး အရပ်သား ပြည်သူများအား အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ရွာများအားမီးရှို့ခြင်းစသည့် စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့သူများဖြစ်သည်။

ဘီလူးစစ်ကြောင်းမှူး အပါအဝင် ငါးဦးသည် မိုးကုတ်တိုက်ပွဲမှ ပြန်လည်ဆုတ်ခွာလာပြီး သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း၌ ပုန်းအောင်းနေကြရာမှ ရိက္ခာပြတ်လပ်မှုကြောင့် ထွက်ရှာစဉ် ဩဂုတ်လ ၁၄ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အစွာဆုံး၊ ဇက်ရဲလက်ရဲ အနိုင်ဆုံး စစ်ကြောင်းသည်ပင် တပ်ပျက်သည်သာမက ရိက္ခာပါ ပြတ်နေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ သပိတ်ကျင်းမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များကို အောင်မြင်စွာ ပိတ်ဆို့ထားနိုင်သည်ကို တွေ့ရ၏။

စစ်ကောင်စီ၏ အစွာဆုံး၊ ဇက်ရဲလက်ရဲ အနိုင်ဆုံး စစ်ကြောင်းသည်ပင် တပ်ပျက်သည်သာမက ရိက္ခာပါ ပြတ်နေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ သပိတ်ကျင်းမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များကို အောင်မြင်စွာ ပိတ်ဆို့ထားနိုင်သည်ကို တွေ့ရ၏။

မန်းတောင်၏ ပေါင်းစပ်မှု

မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ဖြင့် နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး မြင်းခြံ၊ နွားထိုးကြီး၊ တံတားဦးတို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ဒေသကာကွယ်ရေးတပ်၊ ဒရုန်းတပ်များ ပူးပေါင်းပါဝင်သည်။ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုများ စုပေါင်းညှိနှိုင်း‌ရေးဆွဲ ဆုံးဖြတ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) သို့ တင်ပြ၍ ဖော်ဆောင်ခဲ့ခြင်းဟု သိရသည်။

မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာနယ်တို့မှာ တဆက်စပ်တည်းရှိပြီး တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မလှိုင်၊ စစ်ကိုင်း၊ မြင်းမူ၊ ညောင်ဦးမြို့၊ ရေစကြို၊ ပခုက္ကူ၊ မြောင်၊ ကျောက်ပန်းတောင်းမြို့နယ်တို့သည် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ခဲ့သည့် သြဂုတ်လ ၁၀ ရက်က နွားထိုးကြီးမြို့ပေါ်ရှိ အေးကျောင်း၊ မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ မြို့နယ်တရားရုံး၊ တရုတ်ပိုက်လိုင်းထိန်းချုပ်စခန်း လုံခြုံရေးတို့ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းများမှအပ ကျန်စခန်းများကို ဖျက်ဆီးနိုင်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၃၀ ကျော် သေဆုံး၍ လက်နက်ခဲယမ်းများ သိမ်းနိုင်ခဲ့၏။

MDY-PDF တပ်ဖွဲ့ဝင်များ

ဩဂုတ်လ ၁၂ ရက်ကလည်း တောင်သာမြို့နယ်၊ မင်းဂံနှင့် ကျောက်ဆောရွာကြားရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်ခံ တရုတ်သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေး လုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁၀ အထည်ချုပ်စက်ရုံ (စွပ်ကျယ်စက်ရုံ)၊ ဘုရားလှ ပျူစောထီး ကျေးရွာ၊ မြို့မရဲစခန်းများကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ တောင်သာစက်ရုံကို ဝင်တိုက်ပြီး မီးရှို့ခဲ့ကြသည်၊၊ စက်ရုံတွင်း ဝန်ထမ်းရော စစ်သားများပါ ထွက်ပြေးသွားကြသည်။

ဩဂုတ်လ ၁၆ ရက်ညက မြင်းခြံမြို့နယ်မှ အမှတ် ၁ သံမဏိစက်ရုံကို PDF တို့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး အတွင်း ၆၀ မမ စိန်ပြောင်းဖြင့် အချက် ၅၀ ခန့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ လည်ပတ်မှု ရပ်ဆိုင်းသွား၏။

ဩဂုတ်လ ၁၆ ရက်ညက မြင်းခြံမြို့နယ်မှ အမှတ် ၁ သံမဏိစက်ရုံကို PDF တို့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး အတွင်း ၆၀ မမ စိန်ပြောင်းဖြင့် အချက် ၅၀ ခန့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ လည်ပတ်မှု ရပ်ဆိုင်းသွားကြောင်း သိရ၏။

မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရှိ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ် စခန်းငယ်တခုကို မြင်းခြံခရိုင်တပ်ရင်း ၄၊ တပ်ရင်း ၁၀၊ တံတားဦး ပကဖ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ သြဂုတ် ၂၀ ရက် ညနေတွင် စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးကြသဖြင့် စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တွင် ဩဂုတ်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်မှုများ၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ ဩဂုတ်လ ၁၉ ရက်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရဲစခန်းအား PDF များက သိမ်းပိုက်ခဲ့ပြီး သေနတ် ကိုးလက်နှင့် စစ်သုံ့ပန်း ကိုးဦး ဖမ်းဆီးရရှိခဲ့သည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင်း နွားထိုးကြီးနှင့် တောင်သာမြို့နယ် တိုက်ပွဲများအပြင် အခြားနေရာ ခြောက်ခုတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအရာရှိတဦး အပါအဝင် ကိုးဦး သေဆုံးခဲ့သည်ဟုသိရ၏။ သြဂုတ်လ ၁၀ ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင်း မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်း အပါအဝင် လေးရွာဆုံ ပျူစောထီးစခန်း၊ သစ်ပင်ရှည်ကျေးရွာအနီး၊ ပျော်ဘွယ် စံပြကျေးရွာအနီး၊ ရွာကြီးကျေးရွာအနီးနှင့် နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာအနီးနေရာများတွင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ကြားဖြတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။

မြင်းခြံမြို့နယ်အပါအဝင် ဒေသတွင်း မငြိမ်သက်မှုများ ပြင်းထန်လာခြင်းကြောင့် မြင်းခြံမြို့နယ်အတွင်းရှိ ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသော စင်ကာပူအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ Sembcorp Myingyan Independent Power Plant ကို ယာယီပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄,၉၂၀ မဂ္ဂါဝပ်နာရီခန့် လျော့နည်းသွားသည်။

မြင်းခြံသံမဏိစက်ရုံ ပြန်လည်ပတ်သည့် တနှစ်တာအတွင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ သံရည်ကျို လေးထောင့်ပုံ သံမဏိချောင်း ၁၁,၈၂၉ ဒသမ ၈၃ တန်ထုတ်လုပ်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာန စာရင်းများအရ သိရသော်လည်း တင်ဒါခေါ် ရောင်းချခြင်း ပြုလုပ်သည်ကို မရှိတွေ့ရရာ စစ်လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုရာတွင် အသုံးပြုသည်ဟု ယူဆရ၏။ မြင်းခြံအထူးစစ်ဆင်ရေးအတွင်း စက်ရုံနှစ်ရုံ အနည်းနှင့်အများ ထိခိုက်ပြီး စစ်တပ်ယန္တယားအအတွက် ဆုံးရှုံးမှုရှိသည်။

မန္တလေးတိုင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တို့၌ သြဂုတ် ၁၀ ရက်က ဖော်ဆောင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး တိုက်ပွဲများတွင် စစ်တပ်က လျင်မြန်စွာ စစ်ကူပေးနိုင်ခြင်း မရှိသည့်အပြင် နောက်ပိုင်း စစ်တပ်က ပြန်လည် နေရာယူထားသော်လည်း မြို့ပြင်သို့ မထွက်ရဲတော့ပေ။

မြင်းခြံစစ်ဆင်ရေးကြောင့် နွားထိုးကြီး၊ တောင်သာမြို့များသာမက မြင်းခြံ၊ မလှိုင်မြို့များရှိ အစိုးရဝန်ထမ်းများ၊ ဘဏ်များပါ ထွက်ပြေးပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား ပျက်ပြားသွားရာ မြန်မာပြည်အလယ်ပိုင်းရှိ မြို့ကြီးများကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့ကာ မန်းမြောက် စစ်ဆင်ရေးကို မန်းတောင်မှ နှစ်ဖက်ညှပ်ပြီး အားဖြည့်ပေးနိုင်ခဲ့၏။

အဆိုပါ မြင်းခြံစစ်ဆင်ရေးကြောင့် နွားထိုးကြီး၊ တောင်သာမြို့များသာမက မြင်းခြံ၊ မလှိုင်မြို့များရှိ အစိုးရဝန်ထမ်းများ၊ ဘဏ်များပါ ထွက်ပြေးပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား ပျက်ပြားသွားရာ မြန်မာပြည်အလယ်ပိုင်းရှိ မြို့ကြီးများကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့ကာ မန်းမြောက် စစ်ဆင်ရေးကို မန်းတောင်မှ နှစ်ဖက်ညှပ်ပြီး အားဖြည့်ပေးနိုင်ခဲ့၏။

တိုင်းမှူးများ ပြုတ်ခြင်း၊ ပြောင်းခြင်း

မန်းမြောက်စစ်ဆင်ရေးနှင့် မန်းတောင် ပြောက်ကျားစစ်ဆင်ရေးများသည် စစ်ကောင်စီကို အထိနာစေကြောင်း တွေ့ရသည့်အချက်တခုမှာ မန္တလေးတိုင်းစစ်နယ်မြေကို တာဝန်ယူသည့် ငါန်းဇွန်၊ တံတားဦးမြို့နယ်များရှိ PDF များကို ချေမှုန်းရန်ဟူသည့် ခေါင်းစဉ်ဖြင့် မဲမဲမြင်ရာ ပစ်ခတ်ကြရာ ပဲခူး ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရသဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လဆန်းတွင် ရာထူးမှ အနားပေးကာ ဗိုလ်ချုပ် အောင်ခိုင်ဝင်းအား တိုင်းမှူးအဖြစ် အစားထိုး ခန့်အပ်လိုက်သည်။

တဖန် ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တလကျော်အကြာ ဩဂုတ်လ ၁၆ ရက်တွင် ဖယ်ရှားပြီး တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ် ကျော်ကိုထိုက်ကို ခန့်အပ်လိုက်ကြောင်း တွေ့ရ၏။ ထို့ပြင် မိုးကုတ်တိုက်ပွဲ နောက်ဆက်တွဲအနေဖြင့် မိုးကုတ်လုံခြုံရေးအတွက် တာဝန်ရှိသူ လပခ ဒု တိုင်းမှူးအား စစ်ကောင်စီက ဖမ်းဆီးအရေးယူသည်ဟု သိရသည်။

နှစ်လအတွင်း လပခ တိုင်းမှူး နှစ်ယောက်ပြုတ်ပြီး သုံးယောက်ပြောင်းခဲ့ရသည့်အပြင် ဒု တိုင်းမှူးသည်လည်း ခုံရုံးတင်ခံရပြီး ပြုတ်သွားသည်။ လပခ တိုင်းရုံး အခြေပြုသည့် မန္တလေးနန်းမြို့ရိုးများပေါ်တွင် သဲအိတ်များတင်၍ ရုပ်ပျက်ဆင်းပျက် ခံစစ်ပြင်နေရသည်အထိ မန်းမြောက်စစ်ဆင်ရေးက မြန်မာပြည်၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် မန္တလေးမြို့ကြီးကို ခြိမ်းခြောက်နိုင်ခဲ့၏။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
754
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k

လူထုထောက်ခံမှု

မတ္တရာမြို့နယ်ရှိ ရေနံသာရဲစခန်းကို MDY-PDF တို့ သိမ်းပိုက်ရရှိစဉ် / MDY PDF

မန်းမြောက် စစ်ဆင်ရေးအတွင်း လူထုထောက်ခံမှု အပြည့်အဝ ရရှိခဲ့ကြသည်ကို တွေ့ရ၏။ ထွက်ပြေးသော စစ်ကောင်စီတပ်မှူးများအား လူထုက ကူညီဖမ်းဆီးပေးခဲ့ကြသည်ကို နေရာတိုင်းတွေ့ရ၏။ မိုးကုတ်မြို့သိမ်း တပ်ဖွဲ့များအား လေယာဉ်‌ဗုံးကြဲနိုင်သည့် အန္တရာယ်ကြားမှပင် မိုးကုတ်လူထုက လှိုက်လှိုက်လှဲလှဲ တခဲနက် ကြိုဆိုခဲ့ကြောင်း တွေ့ရပြီး တပြည်လုံးကို စိတ်အားတက်ကြွစေခဲ့သည်။

မိုးကုတ်ကဲ့သို့ပင် အခြား သိမ်းပိုက်နိုင်ခဲ့သည့် နေရာများတွင် PDF များကို သပြေပန်းနှင့် ကြိုဆိုကြကြောင်း တွေ့ရ၏။ တဖက်တွင် စစ်ကောင်စီတပ်သားများမှာ လူထု၏ ထောက်ခံမှုမရရှိဘဲ ရိက္ခာပြတ်၍ ထမင်းငတ်ပြီး ဖမ်းဆီးခံနေကြသည်ကို တွေ့မြင်ရ၏။

မိုးကုတ်ကဲ့သို့ပင် အခြား သိမ်းပိုက်နိုင်ခဲ့သည့် နေရာများတွင် PDF များကို သပြေပန်းနှင့် ကြိုဆိုကြကြောင်း တွေ့ရ၏။ တဖက်တွင် စစ်ကောင်စီတပ်သားများမှာ လူထု၏ ထောက်ခံမှုမရရှိဘဲ ရိက္ခာပြတ်၍ ထမင်းငတ်ပြီး ဖမ်းဆီးခံနေကြသည်ကို တွေ့မြင်ရ၏။

ကချင်၊ ရှမ်းမြောက်နှင့် မန်းမြောက်

မန်းမြောက် စစ်ဆင်ရေးများ အောင်ပွဲဆက်နိုင်ခဲ့ခြင်းမှာလည်း ကချင်နှင့် ရှမ်းမြောက်အောင်ပွဲများ၏ အဆက်ဖြစ်၏။ မိုးမိတ်၊ မိုးကုတ်ဒေသ၏ မြောက်ဘက် မဘိန်း၊ စီအူဒေသကို KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားခြင်း၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူ၊ မတ္တရာနယ်တို့၏ အရှေ့မြောက်နှင့် အရှေ့ဘက်နယ်မြေများအား TNLA တပ်ဖွဲ့များက သိမ်းပိုက်ထားခြင်းတို့ကြောင့် ထိုနယ်မြေများကို ကျောပေး၍ နောက်ကျောလုံလုံနှင့် စစ်ဆင်နိုင်သကဲ့သို့ PDF များအနေဖြင့် KIA, TNLA တို့နှင့် ပူးတွဲ၍ စစ်ဆင်ရေးများ ပြုလုပ်နိုင်ခဲ့၏။ PDF များသည်လည်း အချိန်တိုအတွင်း တိုက်ခိုက်စွမ်းရည် ပြည့်လာခဲ့ကြ၏။

မန်းမြောက် စစ်ရေးကွပ်ကဲမှုများ

ဤမန်းမြောက် စစ်ဆင်ရေးတွင် နယ်မြေအလိုက် စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့သုံးဖွဲ့ကို တွေ့ရ၏။ ပထမ အဖွဲ့မှာ NUG အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုဖြစ်သည်။ KIA စစ်ဦးစီးချုပ်၏ ကွပ်ကဲမှုဖြစ်၏။

ထိုကွပ်ကဲမှုအောက်တွင် အမှတ် ၃ အထူးလှုပ်ရှားတပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း ၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် (ပကဖ)၊ တပ်ရင်း ၅၀၉၊ တပ်ရင်း ၅၁၁၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုများ၊ သပိတ်ကျင်း ပကဖ၊ တကောင်း ပကဖနှင့် ABSDF စသည့် မဟာမိတ် တော်လှန်ရေးအဖွဲ့များပါဝင်ပြီး သပိတ်ကျင်းမြို့နယ် အတွင်းရှိ တကောင်းမြို့၊ တကောင်းနီကယ်စက်ရုံ၊ တွင်းငယ်စခန်းများအား သိမ်းပိုက်ကာ ယခု သပိတ်ကျင်းမြို့နှင့် ဝန်းကျင်းစခန်းများအား တိုက်ခိုက်သိမ်းပိုက်ခဲ့၏။

ဒုတိယအဖွဲ့မှာ TNLA ဒု စစ်ဦးစီးချုပ် ကွပ်ကဲသောအဖွဲ့ဖြစ်ပြီး TNLA, PLA, မန္တလေး PDF, မိုးကုတ်‌ဗျူဟာ PDF နှင့် PDF တပ်ရင်း ၅၁၃ တို့ ပါဝင်သည်။ မိုးမိတ်၊ မိုးကုတ်တိုက်ပွဲများ အဓိက တိုက်ခဲ့ပြီး သပိတ်ကျင်း ခလရ ၁၄၈ ကို သိမ်းပိုက်ကာ တန်းမြင့်သင်တန်းကျောင်း (တတက) ၁၃ နှင့် ၇ မိုင်လမ်းဆုံတို့အား ဆက်လက် တိုက်ခိုက်နေဆဲဖြစ်၏။

တတိယအဖွဲ့မှာ မန္တလေး PDF စစ်ဦးစီးအဖွဲ့ ဖြစ်သည်။ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းရှိ တိုက်ပွဲများကို ကွပ်ကဲသည်။ ထို့ပြင် မိုးမိတ်၊ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ်များ အတွင်းရှိ တိုက်ပွဲများတွင်လည်း မန္တလေး PDF တပ်ဖွဲ့အချို့ စေလွှတ်ပါဝင်ခဲ့သည်ကို တွေ့ရ၏။ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျအနီး မန်စိန်းရွှေလုပ်ကွက်တွင် ခံစစ်ပြင်ထားသည့် တတက ၁၃ ကျောင်းအုပ်ကြီး ဦးစီးသည့်အဖွဲ့ကို ချေမှုန်းခဲ့၏။

မန္တလေး PDF စစ်ဦးစီး ကွပ်ကဲမှုအောက်တွင် မန္တလေး PDF တပ်ဖွဲ့များနှင့်အတူ ကျောက်ဆည်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ မြင်းခြံခရိုင် တပ်ရင်း ၄၊ မတ္တရာ မျိုးမှန်အဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၃၊ ရွှေဘိုခရိုင် တပ်ရင်း ၈၊ တပ်ရင်း ၁၀၊ တပ်ရင်း ၁၄၊ တပ်ရင်း ၁၅၊ တပ်ရင်း ၁၆၊ တပ်ရင်း ၁၈၊ တပ်ရင်း ၂၃၊ တပ်ရင်း ၂၅၊ တပ်ရင်း ၂၆၊ ရေစကြို ဒေါင်းညီနောင်တပ်ဖွဲ့၊ ဝက်လက်ဒေါင်းနီတပ်ဖွဲ့၊ စဉ့်ကိုင် တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA) တမူးတို့လည်း ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရ၏။

မြန်မာပြည် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို တစုတစည်းတည်း အမိန့်ပေးနိုင်သည့် ဗဟိုချုပ်ကိုင်မှု မရှိသည့်အချက်အား ယခင်က ပြဿနာအဖြစ် မြင်ခဲ့ကြသည်။

မြန်မာပြည် နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို တစုတစည်းတည်း အမိန့်ပေးနိုင်သည့် ဗဟိုချုပ်ကိုင်မှု မရှိသည့်အချက်အား ယခင်က ပြဿနာအဖြစ် မြင်ခဲ့ကြသည်။

ယခု မန်းမြောက်စစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း အပြန်အလှန် ညှိနှိုင်း၍၊ နယ်မြေသတ်မှတ်၍ မိမိအပိုင်းလိုက်၊ ဒေသအလိုက် တာဝန်ယူမှုရှိစွာ စစ်ဆင်ရေးပြုလုပ်ခြင်း၊ စစ်ဆင်ရေးနယ်မြေအလိုက် တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း တွေ့မြင်ရသည်။

MDY-PDF ဒရုန်းတပ်ဖွဲ့/AFP

လက်ရှိ သပိတ်ကျင်းမြို့နယ်တွင်းရှိ လက်ကျန် စစ်ကောင်စီတပ်များကို ကွပ်ကဲမှု သုံးခုလုံးအောက်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ညှိနိုင်း၊ ပူးပေါင်းပြီး တိုက်ခိုက်သည်ကို တွေ့ရ၏။ သပိတ်ကျင်းမြို့နှင့် ဝန်းကျင်စခန်းမျာကို NUG စစ်ဒေသ ၁ က ဦးစီး၍လည်းကောင်း၊ လိပ်ကျ မန်စိန်းရွှေလုပ်ကွက်ရှိစခန်းအား မန္တလေး PDF စစ်ဦးစီးအဖွဲ့က ဦးစီး၍လည်းကောင်း၊ တတက ၁၃ နှင့် ၇ မိုင်အား TNLA ဦးစီးမှုဖြင့်လည်းကောင်း အသီးသီးတာဝန်ခွဲ၍ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ၏။

တိုင်းရင်းသားတပ်ဖွဲ့များ၊ PDF များနှင့် နွေဦးတော်လှန်ရေး အင်အားစုများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည့် စစ်ရေးဖက်ဒရယ်ပုံစံသစ်ကို မန်းမြောက်စစ်ဆင်ရေးတွင် တွေ့မြင်ရသည်မှာ ယင်းစစ်ဆင်ရေး၏ ထူးခြားချက်နှင့် အောင်မြင်မှုအရှိဆုံး ပထမအချက် ဖြစ်ပေသည်။

ထို့ပြင် မန်းမြောက်စစ်ဆင်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အင်အားအချို့ ပါဝင်ခဲ့သော်လည်း အဓိက တိုက်ခိုက်ရေးအင်အားမှာ PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ ဖြစ်သည်။ မန်းမြောက်စစ်ဆင်ရေးတွင် PDF အင်အားထောင်ဂဏန်း အလုံးအရင်းဖြင့် ပါဝင်ဆင်နွှဲလျက်ရှိသည်။ အဆိုပါ နွေဦးတော်လှန်ရေး အင်အားစုများသည် တိုက်စိတ်ခိုက်စိတ် မြင့်မားသည်သာမက တိုက်ရည်ခိုက်ရည် မြင့်မားသည်ကို တွေ့မြင်ရ၏။

မန္တလေး PDF တပ်ဖွဲ့၏ မန်းမြောက်စစ်ဆင်ရေးကို ဒေသအလိုက် ဖွဲ့စည်းထားသည့် မြင်းခြံခရိုင် PDF များ၊ ပကဖ များ၊ ငါန်းဇွန် ပကဖ များ၏ ရဲရင့်တက်ကြွသည့် ပြောက်ကျားစစ်ဆင်မှုများနှင့် ချိန်သားကိုက် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရန်သူကို ရှေ့နောက်ညှပ်၍ အရူးမီးဝိုင်းဖြစ်စေခဲ့၏။

ထို့ပြင် စစ်ပုံကျသည့် PDF တပ်ဖွဲ့များ၊ လက်နက်ခဲယမ်း တပ်ဆင်မှု ကောင်းမွန်သည့်တပ်ဖွဲ့များ၊ မြို့သိမ်း စခန်းသိမ်းတိုက်ပွဲများ အောင်မြင်စွာ ဆင်နွှဲနိုင်သည့် PDF တပ်ဖွဲ့များကို သုံးနှစ်ကျော်အတွင်း မြင်တွေ့လာရသည်မှာ မန်းမြောက်စစ်ဆင်ရေး၏ ဒုတိယထူးခြားချက် ဖြစ်၏။

တတိယ ထူးခြားချက်အနေဖြင့် မန္တလေး PDF တပ်ဖွဲ့၏ မန်းမြောက်စစ်ဆင်ရေးကို ဒေသအလိုက် ဖွဲ့စည်းထားသည့် မြင်းခြံခရိုင် PDF များ၊ ပကဖ များ၊ ငါန်းဇွန် ပကဖ များ၏ ရဲရင့်တက်ကြွသည့် ပြောက်ကျားစစ်ဆင်မှုများနှင့် ချိန်သားကိုက် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရန်သူကို ရှေ့နောက်ညှပ်၍ အရူးမီးဝိုင်းဖြစ်စေခဲ့ခြင်း ဖြစ်၏။ ဒေသအလိုက် ပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည်မှာလည်း ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်သည်ကို တွေ့မြင်ရ၏။

အကယ်၍ သင်သည် မန္တလေးနှင့်သော်လည်းကောင်း၊ မန္တလေးဂီတနှင့်သော်လည်းကောင်း မစိမ်းသူဖြစ်ပါက “ပြည်တော်ဝင်” တေးသွား ခြေဆင်းကို ကြားနေရပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(ပြီးပါပြီ။)

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေး အောင်ပွဲများနှင့် ထူးခြားချက်များ – အပိုင်း ၁

စဉ့်ကူး၊ မတ္တရာ၌ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲနေ

မိုးကုတ်၊ နောင်ချို၌ တိုက်ပွဲများ ပြင်းထန်

ရှမ်း-မန်း စစ်ရေးလှုပ်ရှားမှုနှင့် လားရှိုး စစ်မျက်နှာ

စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် သပိတ်ကျင်းမြို့ သိမ်းခံရ (ရုပ်/သံ)

စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ

၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးKIAMDSONUGPDFPLATNLAစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးပကဖဘီလူးစစ်ကြောင်းမန္တလေးမန်းမြောက်စစ်ဆင်ရေးမြင်းခြံခရိုင်အထူးစစ်ဆင်ရေးမြို့သိမ်းတိုက်ပွဲရှမ်း-မန်း စစ်ဆင်ရေးလက်နက်ချမှုလေကြောင်းတိုက်ခိုက်မှုလေကြောင်းရန် ကာကွယ်ရေးအမျိုးသားညီညွတ်ရေးအစိုးရ
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

မောင်တောမှာ အရပ်သား၂ သောင်းကျော်ကို ကယ်ထုတ်ထားကြောင်း AA ထုတ်ပြန် (ရုပ်/သံ)

မောင်တောမှာ အရပ်သား၂ သောင်းကျော်ကို ကယ်ထုတ်ထားကြောင်း AA ထုတ်ပြန် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved