• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ

by ဧရာဝတီ
21 August 2024
in Crime, Military, သတင်း
A A
စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ
5.7k
VIEWS
Share on FacebookShare on Twitter

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး အားကောင်းခဲ့သည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးပြီး လူမဆန်စွာ လူသတ် မုဒိမ်းကျင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ၅ ဦးကို သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း၌ အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ( PLA) ထံက သိရသည်။

ယင်းစစ်ကြောင်းမှူးအပါအဝင် ၅ ဦးသည် မိုးကုတ်တိုက်ပွဲမှ ပြန်လည်ဆုတ်ခွာလာပြီး သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း၌ ပုန်းအောင်းနေကြရာမှ ရိက္ခာပြတ်လပ်မှုများကြောင့် ထွက်ရှာစဉ် ဩဂုတ် ၁၄ ရက်က ဖမ်းမိခဲ့ခြင်းဟု သိရသည်။

PLA ပြောရေးဆိုခွင့်ရှိသူက “သူတို့တွေက ရိက္ခာတွေ ပြတ်လပ်ပြီးတော့ ရိက္ခာ ထွက်ရှာရင်း နဲ့ ကျမတို့ ရဲဘော်တွေနဲ့ မိပြီးတော့ မသင်္ကာလို့ စစ်လိုက်တော့ သူတို့က ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးဆိုတာ သိသွားတာပါ၊ အခုက စစ်ဆေးနေဆဲဆိုတော့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောလို့ မရသေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဘီလူးစစ်ကြောင်းသည် မိုးကုတ်တိုက်ပွဲသို့ စစ်ကူအနေဖြင့် သွားရောက်ခဲ့ပြီးနောက် ကျေးရွာများအား စီးနင်းမွှေနှောက်ခြင်း များ ပြုလုပ်ခဲ့သလို မိုးကုတ်မြို့ကျသွားပြီး ပြန်ဆုတ်လာစဉ် ခလရ ၁၄၈ အား ဝိုင်းဝန်းပိတ်ဆို့ထားသည့် PLA တပ်များကို တိုက်ခိုက်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ ခလရ ၁၄၈ အား တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF၊ မိုးကုတ်ဗျုဟာတပ်ရင်းများပါ ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့် ဩဂုတ် ၉ ရက်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခလရ ၁၄၈ ကျသွားပြီးနောက် ဘီလူးစစ်ကြောင်းသည် သပိတ်ကျင်း-မိုးကုတ်လမ်းပိုင်း၌ ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖူးကြီးအခြေစိုက် အမှတ် (၄) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၄) လက်အောက်ခံ တိုက်ကြီးအခြေစိုက် ခမရ ၇၀၈၊ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၆၆) လက်အောက်ခံ ဝါးယားချောင်း အခြေစိုက် ခလရ ၁၁၊ မိတ္ထီလာအခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၉၉) လက်အောက်ခံ စစ်သည်များ ပါဝင်သော ဘီလူးစစ်ကြောင်းဟု အမည်ပေး ထားသည့် အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းသည် ၂၀၂၂ နှစ်လယ်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းအတွင်း လှည့်လည် စစ်ကြောင်းထိုးပြီး အရပ်သား ပြည်သူများအား အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများကို ကျုးလွန်ခဲ့သည်။

“အဲဒီစစ်ကြောင်းလာတဲ့အချိန်တုန်းက လူတွေ့တာနဲ့ အရပ်သားလား PDF လား ခွဲခြားတာမျိုး မရှိဘဲ ရက်ရက်စက်စက် နှိပ်စက် ညှင်းပန်းပြီးမှ သတ်ဖြတ်တာ၊ အရှင်လတ်လတ် ခြေလက်ဖြတ်တောက်တာ၊ မီးရှို့တာတွေ လုပ်ကြတာ၊ မိန်းမတွေဆိုရင် မုဒိမ်းကျင့်ပြီးမှ လူမဆန်တဲ့နည်းလမ်းတွေနဲ့ သတ်ဖြတ်ခဲ့ကြတာ၊ သွေးဆာနေကြတဲ့ မိစ္ဆာတွေလိုပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ တွေ့သမျှ အပြစ်မဲ့ကလေးတွေ သက်ကြီးရွယ်အိုတွေပါ မချန် သတ်ဖြတ်ခဲ့ကြတာ”ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

နောက်ပိုင်းတွင် ဘီလူးစစ်ကြောင်း၌ ခမရ ၇၀၈ နှင့် ခမရ ၁၁ မှ စစ်သည်များသာ အဓိက ပါဝင်ပြီး ရောက်ရှိရာ ဒေသမှ အခြေချတပ်များ၊ ပျူစောထီးများဖြင့် ပူးပေါင်းကာ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ ဒီပဲယင်း၊ အရာတော်၊ ဝက်လက်စသည့် မြို့နယ်များအတွင်း စစ်ကြောင်းထိုးကာ စစ်ရာဇဝတ်များ ကျုးလွန်ခဲ့ကြသည်။

စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဘီလူးစစ်ကြောင်းမှာ အဓိကတပ်ရင်းတွေဖြစ်တဲ့ ခမရ ၇၀၈ နဲ့ ခလရ ၁၁ က အင်အားအများဆုံးပဲ၊ ၇၀ လောက်ထိ ပါတယ်၊ ဒီကောင်တွေက အခြားစစ်ကြောင်းတွေလို မဟုတ်ဘဲ တော်တော်ကြီးကို ရိုင်းစိုင်း ယုတ်မာကြတဲ့ကောင်တွေ၊ လူသားမဆန်တာမျိုးတွေ အများကြီး လုပ်ခဲ့ကြတယ်၊ လူစိတ်တွေပျောက်ပြီး အစွမ်းကုန် ရက်စက်ခဲ့ကြတာ၊ လိုက်နာရမယ့် စစ်ပွဲ ဥပဒေတွေကို ချိုးဖောက်ခဲ့ကြတာမို့ အခုဖမ်းမိတဲ့ စစ်ကြောင်းမှူးနဲ့ အပေါင်းပါတွေကို ထိုက်တန်တဲ့အပြစ်ပေးနိုင်ဖို့လိုတယ်၊ စစ်ဥပဒေနဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်တွေ ပေးသင့်တယ်”ဟု ပြောသည်။

ဘီလူးစစ်ကြောင်း၏ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုများအနေဖြင့် ၂၀၂၂ ခုနှစ် မေလအတွင်းက ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာ အရပ်သား ၃၀ ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကြောင်းပါ စစ်သည်တဦး၏ လက်ကိုင်ဖုန်းအတွင်းမှ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအပြင် ရေဦးမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှုအပါအဝင် အရပ်သားပြည်သူ ၅၀ ကျော်ထိ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က မြင်းမူမြို့ နယ်မြောက်ပိုင်းရှိ ပဒတ္တိုင်းရွာကို စီးနင်းခဲ့စဉ်က ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမော်ကွန်းအား အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခဲ့သလို ဖေဖော်ဝါရီ ၂၆ ရက်က ကန်တော်ရွာအား စီးနင်းပြီး အသက် ၁၉ နှစ်အရွယ် ကိုမျိုးဇင်၊ ကိုဇော်မျိုးသန့်၊ ကိုလမင်းစိန် (ခ) ဖိုးစိန်(၁၅နှစ်)၊ ဖိုးကဲ(၁၇ နှစ်)တို့အား ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကာ မြင်းမူးမြို့နယ်မှ ဒေသခံ အရပ်သား ၂၃ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင်၅ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် မတ်လ ၁ရက်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းအုပ်စု တာတိုင်ရွာမှ အရပ်သားပြည်သူ ၁၇ ဦးအား လူသားဒိုင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် အမျိုးသား ၁၄ ဦးအား ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ခဲ့သည့်အပြင် အမျိုးသမီး ၃ ဦးကိုလည်း အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် အသက်အငယ်ဆုံး ၁၇ နှစ်မှ အသက်အကြီးဆုံး ၆၇ နှစ်အရွယ်ထိ ပါဝင်ပြီး ဘီလူးစစ်ကြောင်း၏ ထင်ရှားသည့် စစ်ရာဇဝတ်မှု တခု ဖြစ်သည်။

၂၀၂၃ ခုနှစ် မတ်လ ၅ ရက်က မြင်းမူမြို့နယ် လက္ကပင်ကျေးရွာစီးနင်းခံရမှုတွင်လည်း မန္တလေးမြို့ ပြည်ကြီးတံခွန် သပိတ်အင်အားစု ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသအပါအဝင် အရပ်သားပြည်သူ ၁၀ ဦးကို အစုလိုက်အပြုလိုက် သတ်ဖြတ်ခဲ့သလို ဩဂုတ်လအတွင်း ဝက်လက်မြို့နယ်မှ အရပ်သားပြည်သူ ၆ ဦးအား လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
68
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

၂၀၂၃ မတ်လ ၃၀ ရက်တွင် မြောင်မြို့နယ်၌ စစ်ကိုင်းခရိုင် တပ်ရင်း ၁ ၏ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနှင့် ရဲဘော်တဦးကိုလည်း ဘီလူးစစ်ကြောင်းက ခေါင်းဖြတ်သတ်ခဲ့သည်။
ထို့ပြင်တိုက်ပွဲများအတွင်း ဖမ်းမိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များကိုလည်း အပိုင်းပိုင်း ခုတ်ထစ်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသလို ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ် မုန်းမြို့နယ်တို့တွင်လည်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သေးကြောင်း သိရသည်။

ဘီလူးစစ်ကြောင်း၏ အဓိက တပ်ရင်း ခမရ ၇၀၁ မှ ခမရ ၇၁၀ ထိ တပ်ရင်း ၁၀ ရင်းပါသော စကခ ၄ အား လေထီးခုန် တပ်မအဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ တပ်ရင်းစစ်သည်များမှာ အကြမ်းဖက် သင်တန်း၊ လေထီးခုန် သင်တန်း၊ ရေငုတ်သင်တန်းများအား ဦးစားပေးတက်ရောက်ကြရပြီး ယခုအခါ လေကြောင်းချီ တပ်မဟာအဖြစ် ပြောင်းလဲထားကြောင်း၊ စကခ ၄ သည် အာဏာမသိမ်းမီအချိန်က ရွှေကျင်၊ ကျောက်ကြီး၊ မုန်းဒေသများသို စစ်ဆင်ရေးတာဝန်များ ပုံမှန်ယူခဲ့ကြောင်း CDM စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။

“အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ဗိုလ်ချုပ်ကြီးတင်အေး စကခ ၄ စကခမှူးဘဝကတည်းက ပဲခူး တိုင်းထဲက ရွှေကျင် ကျောက်ကြီး မုန်းစတဲ့ ဒေသတွေဘက်ကို ပုံမှန် စစ်ကြောင်းထိုးခဲ့တာပေါ့၊ မုန်းခွင်လို့ ပြောလိုက်တာနဲ့ စကခ ၄ နဲ့ တပခတပ်တွေရဲ့ လှုပ်ရှားစားကျက်လို့တောင် ပြောလို့ရတယ်၊ အဲဒီအချိန်တွေကတည်းက သူတို့ စစ်ကြောင်းထိုးပြီး ရက်ရက်စက်စက် လုပ်ခဲ့တာမျိုးတွေ ရှိခဲ့ဖူးတယ်”ဟု CDM စစ်သည်တဦးက ပြောသည်။

ဘီလူးစစ်ကြောင်း ကျူးလွန်ထားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အမျိုးသမီးများအား မုဒိမ်းကျင့် နှိပ်စက် သတ်ဖြတ်မှုစသည့် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော အချက်အလက်များ၊ သက်သေအထောက်အထားများကို စုဆောင်းပြီး နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ဖော်ပြောဆိုထားသည်။

ဘီလူးစစ်ကြောင်းသည် စစ်ကိုင်းတိုင်းအတွင်း၌ လှည့်လည် စစ်ကြောင်းထိုးပြီး ရက်စက်ကြမ်းကြုတ်သော နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှုများစွာ ကျုးလွန်ခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲများ စတင်ခဲ့သည့် ဇွန်လ ၂၅ ရက် မတိုင်မီမှာပင် မန္တလေးတိုင်းအတွင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

You may also like these stories:

ဗိုလ်ဆင်ရိုင်းကို ဦးခေါင်းဖြတ်သည့် သက်သေမှတ်တမ်းထွက်လာ

တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ

စစ်တပ်က ဦးခေါင်းဖြတ် သတ်ပြန်ပြီ

၂ နှစ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်တူးဖော်ခြင်း

Your Thoughts …
Tags: PDFPLAစစ်ကိုင်းတိုင်းစစ်ရာဇဝတ်မှုဘီလူးစစ်ကြောင်းရိက္ခာပြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
စစ်တပ်အရံအင်အားအဖြစ် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ (ရုပ်/သံ)

စစ်တပ်အရံအင်အားအဖြစ် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ (ရုပ်/သံ)

နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခံရပြီးနောက် ဟားဗတ်သို့  ဖိထာ ပြန်သွားမည်

နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခံရပြီးနောက် ဟားဗတ်သို့ ဖိထာ ပြန်သွားမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved