စစ်ကောင်စီရဲ့အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ရေးထိုးပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ ၁၆ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို စစ်ရေးအရနိုင်ရရှိနေပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့တွေတမြို့ပြီးတမြို့ သိမ်းပိုက်ထိန်းချုပ်နေတဲ့အချိန်မှာ ဒီအဖွဲ့ကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်၊၊
တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကွပ်ကဲမှု အဖွဲ့တွေဖွဲ့စည်းပြီး ရပ်ကွက်၊ ကျေးရွာအဆင့်အလိုက် တိုက်ပွဲနဲ့ ကိုက်ညီတဲ့ လက်နက်တပ်ဆင်တာ၊ ပြုန်းတီးအင်အားတွေကို ပြန်လည်ဖြည့်တင်းတာ၊ ထိရောက်စွာ တိုက်ပွဲဝင်နိုင်မယ့် နည်းဗျူဟာတွေ လေ့ကျင့်ပေးတာနဲ့ ရိက္ခာ အချိန်မီ ဖြည့်တင်းနိုင်ဖို့စီစဉ်တာတွေကို ကွပ်ကဲရမယ်လို့ ဗဟိုအဖွဲ့လုပ်ငန်းတာဝန်မှာဖော်ပြထားပါတယ်။
#မြန်မာ #ဧရာဝတီ #ပြည်သူ့လုံခြုံရေး # အရံအင်အား #အကြမ်းဖက်နှိမ်နင်းရေး