• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
in သူ့အတွေး သူ့အမြင်
A A
စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

ရာထူးတိုးမြှင့်ခံရသော ဗိုလ်ချုပ်ကြီး ၃ ဦး

17.5k
VIEWS
Share on FacebookShare on Twitter

ဩဂုတ်လ ၁၃ ရက်ညပိုင်းက လူမှုကွန်ရက် ပလက်ဖောင်း အသီးသီးတွင် သတင်းတခုကြောင့် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။

ထိုသတင်းမှာ စစ်ကောင်စီအတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံမှ အာဏာသိမ်းသည်ဆိုသည့် ကောလာဟလ သတင်းဖြစ်သည်။ နောက်တရက်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်ရက် ဖြစ်သည်။

ဩဂုတ်လ ၁၃ ရက်ညသည် မစ္စတာ ဝမ်ယိခရီးစဉ် လုံခြုံရေးအတွက် စစ်တပ်နှင့်ရဲ လုံခြုံရေးကြိုတင် ချထားမှုများကြောင့် လမ်းကြောင်းပေါ်တွင် စစ်သားနှင့်ရဲ လုံခြုံရေးအသွားအလာ များခဲ့သည်။ ထို့အတွက်ကြောင့် ကောလာဟလ သတင်းထွက်ပေါ်ခဲ့ဟန်တူသည်။

ထိုကောလာဟလသတင်းကို မင်းအောင်လှိုင်က ပြောင်းပြန်ဖြစ်အောင် တုံ့ပြန်ခဲ့သလား သို့မဟုတ် အရွဲ့တိုက်ခဲ့သလား မသိပေ။ ဩဂုတ်လ ၁၆ ရက်တွင် အာဏာပြန်သိမ်းပါသည်ဟု သတင်းထွက်သည့် စစ်ကောင်စီအတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အပါအဝင် ဒု ဗိုလ်ချုပ်ကြီး သုံးယောက်ကို ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးပေးလိုက်သည်။

အရန်အင်အား သွင်းထားသည့်သူ နှစ်ဦးပါသည်။ စစ်တပ်အရာရှိကြီးများကို အရန်အင်အားသွင်းထားပြီးလျှင် ရာထူးတိုးပေးရိုး ထုံးစံမရှိပေ။

သို့သော် မင်းအောင်လှိုင် လက်ထက်တွင် ထိုအစဉ်အလာကို ချိုးဖောက်ခဲ့သည်။

စစ်သံမှူးအဖြစ် ခန့်ထားပြီး နိုင်ငံခြား ရောက်နေသူများကိုပင် လှမ်းခေါ်ပြီး ရာထူးပေးသည်အထိ ကမောက်ကမနိုင်လှသည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် (DSA အပတ်စဉ် ၃၈) နှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရခ) ၏ မြန်မာပြည်အောက်ပိုင်း တာဝန်ခံ ဗိုလ်မှူးချုပ် အောင်ဇေယျ (အလုပ်သင် ၂၂) တို့သည် အရန်အင်အား စစ်သံမှူးဟောင်းများ ဖြစ်ကြသည်။

ဦးစောမောင်ကို ကျန်းမာရေး အကြောင်းပြပြီး နားခိုင်းကာ ဦးသန်းရွှေ တက်လာသည့် ၁၉၉၂ မှ ၂၀၁၀ ပြည့်နှစ်အထိ တပ်ထိပ်ပိုင်း နေရာအပြောင်းအလဲက တည်ငြိမ်သည်။ ၂၀၀၁ ခုနှစ်တွင် ဒု ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ်ပျက်ကျမှု၊ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး ဖျတ်သိမ်းခံရမှုတို့လောက်သာ ရှိသည်။

ဦးစောမောင်ကို ကျန်းမာရေး အကြောင်းပြပြီး နားခိုင်းကာ ဦးသန်းရွှေ တက်လာသည့် ၁၉၉၂ မှ ၂၀၁၀ ပြည့်နှစ်အထိ တပ်ထိပ်ပိုင်း နေရာအပြောင်းအလဲက တည်ငြိမ်သည်။ ၂၀၀၁ ခုနှစ်တွင် ဒု ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ်ပျက်ကျမှု၊ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး ဖျတ်သိမ်းခံရမှုတို့လောက်သာ ရှိသည်။

ဦးကျော်ဘ၊ ဦးထွန်းကြည်တို့ တသိုက်ကို အနားပေးသည်ဆိုသည်မှာလည်း တကယ့်စစ်တပ်၏ ထိပ်ပိုင်းနေရာတွင် ရှိမနေဘဲ ဝန်ကြီးအဆင့်မျှသာ ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.2k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
642
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.7k

၂၀၁၁ အခင်းအကျင်းတွင် တပ်ချုပ် မင်းအောင်လှိုင် (DSA အပတ်စဉ် ၁၉)၊ ဒု တပ်ချုပ် စိုးဝင်း (DSA အပတ်စဉ် ၂၂)၊ ညှိနှိုင်းကွပ်ကဲရေးမှူး လှဌေးဝင်း (DSA အပတ်စဉ် ၂၀) တို့ဖြင့် ထိပ်ပိုင်းကို ဖွဲ့စည်းထားသည်။ စီနီယာ DSA အပတ်စဉ် ၂၀ ကို ညှိကွပ် ရာထူးပေးထားသည်။ တပ်ချုပ်နှင့် ဒုချုပ်ကို ဗိုလ်လောင်း အပတ်စဉ်အရ နောက်ဆုံးနှစ် ဗိုလ်လောင်းနှင့် ပထမနှစ် ဗိုလ်လောင်းအဖြစ်မီခဲ့သူ နှစ်ဦးကို ထားခဲ့သည်။

DSA ၏ အသုံးအနှုန်းအရ အကွာကြီးဆိုသည့်သဘောဖြင့် ပြန်မလှန်နိုင်အောင် ကန့်ထားသည့်သဘော ဖြစ်သည်။ တတိယခေါင်းဆောင် ညှိကွပ်ရာထူးတွင် ဒု ချုပ်ထက် စီနီယာကျသူကို ထားခြင်းဖြင့် အပြန်အလှန် ထိန်းကြောင်းနိုင်အောင် ထားခဲ့ခြင်းဟု ယူဆနိုင်သည်။

ထို့ပြင် အခြားတိုင်းပြည်များထက် ထူးခြားသည့် ဖွဲ့စည်းပုံကြောင့် တပ်ချုပ်က ကာကွယ်ရေးဝန်ကြီးအထက်တွင် ရှိနေသည်။ ၂၀၁၁ ခုနှစ် စစ်တပ်အခင်းအကျင်းသစ်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် (DSA အပတ်စဉ် ၁၈) ကို မူလက လျာထားခဲ့သေးသည်။ ကာကွယ်ရေးဦးစီးချုပ်က ဂျုနီယာဖြစ်နေသဖြင့် မလုပ်နိုင်ကြောင်းငြင်း၍ ဒု ဗိုလ်ချုပ်ကြီး လှမင်း (DSA အပတ်စဉ် ၂၂) နှင့် အစားထိုးလိုက်ခြင်း ဖြစ်သည်။ ရာထူးငြင်းပယ်ခဲ့သည့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် စောင့်ကြည့်ခံဘဝဖြင့် နေထိုင်လိုက်ရသည်။

ဗိုလ်ချုပ်ကြီးအဆင့်ကို သုံးယောက် ထပ်တိုးပေးလိုက်ခြင်းသည် ထိပ်ပိုင်း စစ်ခေါင်းဆောင် ရာထူးဆက်ခံမှုအတွက် တည်ထားခြင်းဟု ခန့်မှန်းရသည်။ ဒုချုပ် ဒု ဗိုလ်ချုပ်မှူးကြီးအဆင့်နှင့်ကပ်လျှက် ဗိုလ်ချုပ်ကြီးအဆင့် ကိုးဦးအထိ ဖြစ်သွားသည်။

ဗိုလ်ချုပ်ကြီးအဆင့်ကို သုံးယောက် ထပ်တိုးပေးလိုက်ခြင်းသည် ထိပ်ပိုင်း စစ်ခေါင်းဆောင် ရာထူးဆက်ခံမှုအတွက် တည်ထားခြင်းဟု ခန့်မှန်းရသည်။ ဒုချုပ် ဒု ဗိုလ်ချုပ်မှူးကြီးအဆင့်နှင့်ကပ်လျှက် ဗိုလ်ချုပ်ကြီးအဆင့် ကိုးဦးအထိ ဖြစ်သွားသည်။

ဒုဗိုလ်ချုပ်ကြီး ညိုစောမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ယုံကြည်အားကိုးရသော လူရင်း ဖြစ်သည်
ဒုဗိုလ်ချုပ်ကြီး ညိုစောမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ယုံကြည်အားကိုးရသော လူရင်း ဖြစ်သည်

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။ ထို့ကြောင့် ယခု ဗိုလ်ချုပ်ကြီးများအနက် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဗိုလ်ချုပ်ကြီး ညိုစောတို့ကို နှိုင်းယှဉ်လျှင် ၁၀ နှစ်ကျော်မျှ ကွာခြားသည်။ သူတို့ကို ဒု ဗိုလ်ချုပ်ကြီးအဆင့်နှင့် ထားပါက ငုပ်သွားမည့်သဘော သက်ရောက်နိုင်သည်။ ထို့ကြောင့် ယုံကြည်စိတ်ချရ‌သော၊ ယခုကဲ့သို့ ခိုင်း‌ကောင်းပြီး စိတ်ချရသော ဒု ဗိုလ်ချုပ်ကြီးများကို တဆင့်မြင့်တင်ပေးလိုက်ခြင်း ဖြစ်၏။

တဖက်တွင် တရုတ်သည် သမ္မတဟောင်း ဦးသိန်းစိန်ကို နှစ်ပတ်လည်ပွဲ ဖိတ်ကြားမှုအပြီး မင်းအောင်လှိုင်အတွက် သတိပေးအမိန့်များ ရလာပြီဖြစ်သည်။ တရုတ်က မင်းအောင်လှိုင်ကို နေရာဖယ်ပေးဖို့ သတင်းပါးသလို ဒုချုပ် စိုးဝင်းကိုပါ ပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းစဉ်ဖြင့် တရုတ်ကိုပင် ဖိတ်လိုက်သေးသည်။ ‘မင်းကို ငါတို့မကြိုက်ဘူး’ ဟု တည့်တည့်ပြောခြင်း ဖြစ်သည်။

ထိုကြောင့် ဇူလှိုင်လကုန်ပိုင်း ရက်များအတွင်း အာဏာသိမ်းကာလတိုးမြှင့်မှုကို အဆုံးသတ်သွားဖွယ် ရှိကြောင်း သုံးသပ်မှုအချို့ လည်းရှိခဲ့သည်။ သို့သော် ထင်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသည်အထိ ဖြစ်သွားခဲ့ရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ခရီးစဉ်အပြီးတွင်မူ ထူးခြားသော ရာထူးတိုးမြင့်မှုကို မင်းအောင်လှိုင်က လုပ်ပြသည်။ ဒု ဗိုလ်ချုပ်ကြီး သုံးယောက်ကို ဗိုလ်ချုပ်ကြီးရာထူး ပေးခြင်းသည် ဒု ဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ ဒုချုပ်ရာထူးအတွက် ရည်ရွယ်ပြီး ပေးခြင်းလည်းဖြစ်နိုင်သည်။ ဗိုလ်ချုပ်ကြီး နှစ်ယောက် ဒု ဗိုလ်ချုပ်မှူးကြီး တယောက်အဖြစ် တပ်ချုပ်၊ ဒုချုပ်၊ ညှိကွပ်နေရာများအတွက် နေရာချထားချင်ပုံရသည်။

ဘယ်သူတပ်ချုပ်အသစ် ဖြစ်နိုင်သလဲဆိုသည့် မေးခွန်းကမူ အဖြေရကြပ်သည်။ မည်သူ့ကိုမှ မယုံသည့် မင်းအောင်လှိုင်၏ စရိုက်ကြောင့်ဖြစ်၏။ တပ်ချုပ်ရာထူး ဆက်ကိုင်ထားပြီး ဒုချုပ်နေရာ အပြောင်းလဲ လုပ်နိုင်သည့် သဘောလည်း ရှိသည်။

ဗိုလ်ချုပ်ကြီး သုံးယောက်တွင် အောင်လင်းဒွေးက တပည့်ရင်းဖြစ်ပြီး တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးအဖြစ် ချောင်ကပ်နေရသည့်ဘဝမှ မင်းအောင်လှိုင်ကြောင့် တိုင်းမှူး၊ စစ်ဥပဒေချုပ်၊ ဒု ဗိုလ်ချုပ်ကြီးအဆင့်အထိ တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး အသစ် သုံးယောက်တွင် စိတ်အချရဆုံးသူဖြစ်သည်။

ဗိုလ်ချုပ်ကြီး ညိုစောကလည်း မင်းအောင်လှိုင် စီးပွားရေးအတွင်းလူ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌဖြစ်သည်။ စစ်ခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်၏။

စီးပွားဖက်ဖြစ်သည့်အတွက် အကျိုးစီးပွားအရ ပတ်သက်၍ ကောင်းသော်လည်း အကွက်မြင်တတ်သူဖြစ်၍ သူ့နေရာ လွှဲပေးလောက်သည့်အထိတော့ မဖြစ်နိုင်ပေ။ စီးပွားရေးအကွက်ထက် နိုင်ငံရေးအကွက်ကို တကွက်ကျော် နှစ်ကောင်စားသွားနိုင်သည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ မင်းအောင်လှိုင် တြိဂံတိုင်းမှူးဘဝကတည်းက မွေးထားသည့်တပည့်ဖြစ်ပြီး စစ်ထောက်လှမ်းရေး ပေးကိုင်ထားသူဖြစ်သည်။

မင်းအောင်လှိုင် အနေဖြင့် DSA ဆင်းတပ်ချုပ် ငါတယောက်ပဲ ဖြစ်ရမည်ဆိုသည့် အတွေးရှိနိုင်သည်။ ထို့ကြောင့် DSA ဆင်းများအစား OTS ဗိုလ်သင်တန်း ၇၇ ဆင်း ရဲဝင်းဦးကိုလည်း ဆွဲတင်လိုက်နိုင်သည်။

မင်းအောင်လှိုင် အနေဖြင့် DSA ဆင်းတပ်ချုပ် ငါတယောက်ပဲ ဖြစ်ရမည်ဆိုသည့် အတွေးရှိနိုင်သည်။ ထို့ကြောင့် DSA ဆင်းများအစား OTS ဗိုလ်သင်တန်း ၇၇ ဆင်း ရဲဝင်းဦးကိုလည်း ဆွဲတင်လိုက်နိုင်သည်။ OTS ဗိုလ်သင်တန်း ၇၇ ဆင်း အပတ်စဉ်တူ ဗိုလ်ချုပ်များ စစ်တပ်အတွင်း မရှိသလောက် ဖြစ်သဖြင့် အုပ်စုဖွဲ့၍ မင်းအောင်လှိုင်ဆီမှ အာဏာပြန်လုရန်အတွက် ခြိမ်းခြောက်မှုကင်းသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ လက်ထောက် စိုးဝင်း / The Irrawaddy

သို့သော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဗိုလ်ချုပ်ကြီး ‌မောင်မောင်အေးနှင့် ခမည်းခမက် တော်နေပြန်သည်။ ညှိကွပ်ရာထူး ယူထားသူနှင့် ခမည်းခမက်ဖြစ်သဖြင့် ဆွေမျိုးဆက်ဆံရေးအရ အုပ်စုဖွဲ့နိုင်ပြန်သေး၏။

အသစ်ခန့် ဗိုလ်ချုပ်ကြီး သုံးယောက်အနက်က အနည်းဆုံး နှစ်ယောက်ကို တပ်ချုပ်၊ ဒုချုပ်၊ ညှိကွပ် အသစ်များအဖြစ် လျာထားနိုင်သည်။

အသက်အရွယ်အရ ငယ်ရွယ်သူကို ရွေးမည်ဆိုလျှင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အားသာသည်။

အမိန့်နာခံမှု ဆရာတပည့်ဆက်ဆံရေးအရဆိုလျှင် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အားသာသည်။

အပြန်အလှန် အကျိုးစီးပွားဆက်နွယ်မှုအရဆိုလျှင် ဗိုလ်ချုပ်ကြီး ညိုစောကအားသာနေသည်။

မင်းအောင်လှိုင်အနေဖြင့် တပ်ချုပ်နေရာကို သူစိတ်ချရသည့် တပည့်များအား တာဝန်ပေးပြီး နိုင်ငံရေးတွင်ပဲ စစ်ကောင်စီဝန်ကြီးချုပ်နှင့် သမ္မတရာထူးများကို အတင်းယူထားမည်လား၊ သို့မဟုတ် သူ့အ‌နေဖြင့် တပ်ချုပ်ရာထူး ဆက်ယူထားပြီး ဒု ချုပ် အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်အချို့ကို အပြောင်းအလဲ လုပ်မည်လားဆိုသည်ကတော့ စောင့်ကြည့်ရပေမည်။

ဦးသန်းရွှေလို ညောင်နှစ်ပင်ညီလာခံ ခေါ်ချိန်မရနိုင်သဖြင့် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို ဇောင်းပေးနေသည်။

၁၀ နှစ်တခါ ကောက်ရပါသည်ဆိုသည့် သန်းခေါင်စာရင်း ကောက်သည့်လုပ်ငန်းစဉ် ဘယ်လောက်အထိ အလုပ်ဖြစ်မည်လဲ။

တရုတ်ကြီးကလည်း သိပ်တော့ စိတ်ရှည်နေမည်တော့ မဟုတ်ပေ။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

စစ်ခေါင်းဆောင်၏ သစ္စာရှိသော လက်ရုံး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

Your Thoughts …
Tags: MECSliderစစ်ကောင်စီစစ်အာဏာသိမ်းမှုညိုစောတရုတ်ဗိုလ်ချုပ်ကြီးရာထူးမင်းအောင်လှိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲဝင်းဦးရွေးကောက်ပွဲအောင်လင်းဒွေး
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နေပြည်တော်က အခွင့်ထူးခံ တက္ကသိုလ် (ရုပ်/သံ)

နေပြည်တော်က အခွင့်ထူးခံ တက္ကသိုလ် (ရုပ်/သံ)

သင်္ဘောသားလစာငွေ ပြည်တွင်းဘဏ်တချို့မှ ထုတ်ယူရန် ခက်ခဲနေ

သင်္ဘောသားလစာငွေ ပြည်တွင်းဘဏ်တချို့မှ ထုတ်ယူရန် ခက်ခဲနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

18 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved