• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

by ဧရာဝတီ
17 August 2024
in Military, သတင်းတို
A A
စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

ရာထူးတိုးမြှင့်ခံရသော ဗိုလ်ချုပ်ကြီး ၃ ဦး

13.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းမြောက်တိုက်ပွဲများတွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်( ရမခ) ကျရှုံးပြီးနောက် တပ်ထောက်ခံသူများ ဝေဖန်ခံနေရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရာထူးတည်မြဲရေးအတွက် လူယုံများဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ) အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် အောင်လင်းဒွေး၊ ညိုစော၊ ရဲဝင်းဦးတို့အား ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခန့်အပ်လိုက်ကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဆိုရှယ်မီဒီယာတွင် ပျံ့နှံခဲ့သော ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အာဏာသိမ်းသည့်သတင်း ထွက်လာပြီးနောက် ထိုသို့ ၎င်းတို့ သုံးဦးကို ရာထူးတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
585
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.4k
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
129

“ဖွဲ့စည်းပုံမရှိဘဲ ဆရာမွေး တပည့်မွေး လုပ်တာပါဗျာ။ လူရွှင်တော်တွေပြောသလို ငါ ရှင်ဘုရင် ဘယ်နှစ်ပတ်လှည့်လှည့်ဆိုတာမျိုးပေါ့” ဟု CDM အရာရှိ တဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သွားသည့် ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဒုဗိုလ်ချုပ်ကြီးညိုစောတို့မှာ အရန်အင်အား စာရင်းသွင်းခံထားရသူများဖြစ်ပြီး အရန်အင်အားထဲရောက်သူများအား နောက်တဆင့် ရာထူးတိုးပေးသော အစဉ်အလာ မရှိခဲ့ပေ။

ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ကာ လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူးလည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဘဝကတည်းက တာဝန်အတူထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

အစည်းအဝေးပွဲတခုတွင် စစ်ခေါင်းဆောင်နှင့်အတူ တွေ့ရသော ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒကစမှူး(စစ်တွေ)မှသည် စစ်တက္ကသိုလ် အောင်ဇေယျ ဗိုလ်လောင်းတပ်ရင်း တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ဗိုလ်မှူးချုပ်အဆင့်ဖြင့် ၂၀၁၁ မေလ ၉ရက် မှ ၂၀၁၁ အောက်တိုဘာလ ၃ ရက်ထိ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ကြောင်း၊ ဗိုလ်ချုပ်အဆင့်ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်တာဝန်များလည်း ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ဩဂုတ်လတွင် ဒုဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ဖြစ်လာခဲ့သလို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ပါဝင်ခဲ့သည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဆင်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ညိုစောသည်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ပြည်ထောင်စုဝန်ကြီးဖြစ်သလို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ကာ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ရာ၌ ပါဝင်ကူညီခဲ့မှုကြောင့် သရေစည်သူဘွဲ့ကို ပေးအပ်ခံထားရသည်။

ဒုဗိုလ်ချုပ်ကြီး ညိုစောသည် တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် ကျောင်းအုပ်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သလို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး၊ ၂၀၁၄ မှ ၂၀၂၀ ဧပြီလအထိ စစ်ထောက်ချုပ်နှင့် အာဏာသိမ်းပြီးနောက် ရုရှားထံမှ ဆီဝယ်ယူရေးကို ဦးဆောင်ရသူတဦးလည်း ဖြစ်သည်။

ထို့ပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသလို စစ်တပ်ပိုင် အင်းဝဘဏ်၏ ဥက္ကဋ္ဌလည်းဖြစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ၂၀၂၃ ဇူလိုင် ၅ရက်တွင် ခန့်အပ်ခံခဲ့သည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် (၇၇) (OTS 77) ဆင်း ဇေယျကျော်ထင်ဘွဲ့ရ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)အရာရှိချုပ်ဖြစ်ပြီး စစ်ခေါင်းဆောင်နှင့်အတူ အမြဲတွေ့နေရသူလည်းဖြစ်ကာ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူးလည်း ဖြစ်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင့်ရေးလှုပ်ရှားသူများကို ဖမ်းဆီးကာ စစ်ကြောရေး ငရဲခန်းများသို့ ပို့ဆောင်စစ်ဆေးရာတွင် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြီးကြပ်ရသဖြင့် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ၊ စစ်ကောင်စီ ငရဲခန်းများအကြီးအကဲ တဦးဖြစ်သည်။

You may also like these stories:

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

စစ်ခေါင်းဆောင်၏ သစ္စာရှိသော လက်ရုံး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

Your Thoughts …
Tags: စစ်ကောင်စီ အတွင်းရေးမှူးစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးညိုစောဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဗိုလ်ချုပ်ကြီးရာထူးတိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

by ဧရာဝတီ
30 September 2023
12.5k

စစ်ခေါင်းဆောင် ချီးမြှင့်မြှောက်စားခဲ့သူတဦးရဲ့ တိုင်းသိပြည်သိ အဂတိလိုက်စားမှုတွေ ပေါ်နေပေမယ့် “ကိုယ်ကျိုးစီးပွား ရှာတဲ့ အဖွဲ့ဝင်အချို့ကို အနားပေးပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်”လို့ အရိပ်အမြွက်ပြောရုံ၊ နေရာဖယ်ရှား ရုံက လွဲလို့ ဒီကနေ့တိုင် ပွင့်လင်းမြင်သာတဲ့ အရေးယူ စုံစမ်းမှုတွေမလုပ်ဘဲ...

လ၀က ၀န်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ

လ၀က ၀န်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ

by ဧရာဝတီ
14 October 2025
11.9k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇနီး‌ ဒေါ်ကြူကြူလှနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဒုတိယဗိုလ်မှူးကြီးကျော်ဇောရဲအား စစ်ခေါင်းဆောင်၏ ကိုယ်ရံတော် (PSO)အဖြစ် မကြာသေးခင်က ခန့်အပ်လိုက်ကြောင်း သိရသည်။

Next Post
စစ်အာဏာသိမ်းမှုကြောင့် လိင်ကွဲပြားမှုအပေါ် ဆိုးရွားသော သက်ရောက်မှုများ

စစ်အာဏာသိမ်းမှုကြောင့် လိင်ကွဲပြားမှုအပေါ် ဆိုးရွားသော သက်ရောက်မှုများ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved