• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
in ဆောင်းပါး
A A
သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နစက အကြံပေး ဒု ဗိုလ်ချုပ်ကြီး ညိုစောကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သရေစည်သူဘွဲ ချီးမြှင့်နေပုံ(မြန်မာ့အလင်းသတင်းစာ)

16.9k
VIEWS
Share on FacebookShare on Twitter

ကိုးကန့်ဒေသ လောက်ကိုင်အပါအဝင် ရှမ်းပြည်မြောက်ပိုင်း မြို့များနှင့် စစ်စခန်းများ သိမ်းပိုက်ခံနေရချိန် ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုကာ စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့များပေးရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)၏ အကြံပေး ဒု ဗိုလ်ချုပ်ကြီး ညိုစောလည်း သရေစည်သူဘွဲ့ ရရှိခဲ့သည်။

သူသည် စစ်ခေါင်းဆောင်၏ လူယုံလည်းဖြစ် အကြံပေးလည်းဖြစ်သလို ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးတွင် အရေးပါသည့် ဘတ်ဂျက်စိစစ်ဖြတ်တောက်ရေး ကော်မတီ၌ ဥက္ကဋ္ဌ တာဝန်ယူပေးခံရသူလည်း ဖြစ်သည်။။ ယင်းရာထူးမှာ ကြံ့ခိုင်ရေး အစိုးရနှင့် NLD အစိုးရလက်ထက်တုန်းက ဒုတိယသမ္မတများသာ လုပ်ဆောင်ရသည့် အလုပ်ဖြစ်သည်။

ကြံ့ခိုင်ရေးနှင့် NLD အစိုးရနှစ်ဆက် တိုင်းဒေသကြီးနှင့် ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ကို စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးက ကြို တင် စိစစ်ဖြတ်တောက်ပြီးနောက် ဒုတိယသမ္မတနှင့် နိုင်ငံတော်သမ္မတထံ တင်ပြကာ နောက်ဆုံး အတည်ပြုချက်ရယူရ သည်။

အာဏာသိမ်းပြီး နောက် ၂၀၂၃-၂၄ ဘတ်ဂျက်အထိ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်က ကိုင်တွယ်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌထံ တင်ပြရသော်လည်း ၂၀၂၃ ခုနှစ်နိုဝင်ဘာမှစ၍ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက် ဘဏ္ဍာငွေတောင်းခံ သည့် ဘတ်ဂျက် ကြိုတင် စိစစ် ဖြတ်တောက်ရသည့်ဥက္ကဋ္ဌနေရာကို စစ်ခေါင်းဆောင်က သူ့အကြံပေးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ညိုစောအား တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် စစ်ခေါင်းဆောင်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံးဟု ဆိုကြသည့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့အား ရာထူးမှဖယ်ရှား အရေးယူပြီးနောက် ဒုဗိုလ်ချုပ်ကြီးညိုစော မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ အယုံကြည်ရဆုံးသူ ဖြစ်လာသည်ဟု ဆိုရမည်။

ဝန်ကြီးဌာနတခုမှ ညွန်ကြားရေးမှူးချုပ်တဦးက “ တိုင်းဒေသကြီးနဲ့ ဝန်ကြီးဌာန အားလုံးရဲ့ဘတ်ဂျက်ကို ကိုညိုစောဆီကို တင်ရတော့မယ်။ လောလောဆယ် ဖြည့်စွက်ဘတ်ဂျက်တွေ တောင်းထားတဲ့ကာလလေ။ အဲဒါတွေကို သူကြည့်ပြီး ဖြတ် တောက်တာတွေ လုပ်မယ်ဆိုတော့ ဝန်ကြီးတွေဌာနတွေ ဘတ်ဂျက်ရဖို့ သူ့ဆီ ဝင်ရတော့မှာ။ သူက ပါဝါ တော်တော်ကြီး သွားပြီ”ဟု ဆိုသည်။

ကုန်သည်ကြီး တချို့ကမူ ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏ အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရလာ သည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီး ခန့်မှန်းပြောဆိုကြသည်။

စစ်တပ်အသိုင်းအဝန်းကမူ စစ်ကောင်စီ စီစဉ်သည့် အတိုင်း ရွေးကောက်ပွဲကျင်းပကာ အစိုးရဖွဲ့နိုင်ပါက ဒုဗိုလ်ကြီးညိုစော အား ဒုသမ္မတအဖြစ်ခန့်အပ်ရန်အထိ စစ်ခေါင်းဆောင်က လျာထားသည်ဟု တွက်ဆထားသည်။

စစ်ခေါင်း ဆောင်၏ လူယုံလည်းဖြစ် အကြံပေးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးညိုစောအား တာဝန်ပေးလိုက်ပြီး လပိုင်းအတွင်း ဥရောပ သမဂ္ဂ (EU)၏ ထပ်တိုး အရေးယူပိတ်ဆို့သည့် စာရင်းတွင် ၎င်း၏အမည်ပါဝင်လာသည်ကို တွေ့ရသည်။

ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်သော EU၏ စာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသာမက စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ မူထန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် Star Sapphire Group of Companies၊ Royal Shune Lei Company Limited တို့ပါဝင်သည်။

ပိတ်ဆို့အရေးယူမှုတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကျိုးအမြတ် ဖြစ်စေမည့် စီးပွားရေး အရင်းအမြစ်များအား ပိတ်ပင်ခြင်းများအပြင် ဥရောပဒေသအတွင်း ခရီးသွားလာခွင့်ကို ပိတ်ပင် သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။

ဒုဗိုလ်ချုပ်ကြီးညိုစောက စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ( DSA-23 ) ကျောင်းဆင်းတဦးဖြစ်သည်။ ၎င်း၏ ဖခင်မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် အစိုးရလက်ထက် ကရင်ပြည်နယ်တွင် သစ်တောအရာရှိဖြစ်ခဲ့သလို လက်ရှိ ထိန်းသိမ်းခံထားရသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ( NLD-CEC ) ၏ ဖခင် ဒေါက်တာ စောလှထွန်း မှာလည်း ကရင်ပြည်နယ် ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့နေချိန်ဖြစ်သည်။

ထို့အတွက် ဒုဗိုလ်ချုပ်ကြီးညိုစော၏ ဖခင်နှင့် ဒေါ်နန်းခင်ထွေးမြင့် ဖခင်တို့မှာ ပုဂ္ဂိုလ်ရေး ခင်မင် ရင်းနှီးသူများဖြစ်ပြီး နှစ်ဘက်မိသားစုများ ရင်းနှီးသည်ဟု သိရသည်။

ဒု ဗိုလ်ချုပ်ကြီး ညိုစော စစ်ထောက်ချုပ် ဖြစ်လာချိန် ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေး ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ဒေသခံများ၏ ကန့်ကွက်မှုကို ဖြေရှင်းပေးရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်ထံ အကူအညီ တောင်းဖူးသည်ဟု သိရသည်။

မြိုင်ကလေး ဘိလပ်မြေစက်ရုံသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) လက်အောက်တွင် ရှိပြီး စက်ရုံမှ ထွက်သော ရေဆိုးများကြောင့် ငါးများ သေဆုံးခြင်း၊ ရေတွင်း၊ ရေကန်၊ ရေအိုင်များမှ ရေများ အရောင်ပြောင်းခြင်း တို့ကြောင့် ဒေသခံများက စက်ရုံပိတ်သိမ်းရန် ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးညိုစောသည် နဝတအစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ လုံခြုံရေးကို တာဝန်ယူရသော နေပြည်တော်အခြေစိုက် အမှတ် ၃၀၃ ခြေမြန်တပ်ရင်း၏ တပ်ရင်းမှူးဖြစ်သည်။

ထို့အတွက် ဦးသန်းရွှေ၊ ဦးမောင်အေးတို့၏အိမ်နှင့် ခရီးစဉ်လုံခြုံရေးများ တာဝန်ယူရင်း ဒုဗိုလ်ချုပ်ကြီးညိုစော ဇနီးမှာ ဦးသန်းရွှေ သမီးများနှင့် ခင်မင်ရင်းနှီးလာကာ စင်ကာပူအပါအဝင် ပြည်ပနိုင်ငံများသို့ မကြာခဏ အတူသွားရောက် လေ့ရှိသည်။

ဒုဗိုလ်ချုပ်ကြီးညိုစော၏ဇနီးမှာ ရုပ်ရှင်သရုပ်ဆောင်မေသဉ္ဇာဦး (ဒေါ်စန်းစန်းအေး) ၏အမ ဒေါ်စန်းစန်းမြင့် ဖြစ်သည်။ ဒေါ်စန်းစန်းမြင့်သည် ပြေးခုန်ပစ်အားကစားမယ်တဦးဖြစ်သည်။ ယင်းကဲ့သို့ ဇနီးသည်ဖြစ်သူနှင့် ဦးသန်းရွှေသမီးတို့ ဆက်ဆံရေးကောင်းလာပြီးနောက်ပိုင်း ဗိုလ်ညိုစောသည်လည်း ရာထူးအဆင့်ဆင့် တိုးလာခဲ့သည်။

ဒုတိယဗိုလ်မှူးကြီးမှ ဗိုလ်မှူးကြီးရာထူးတိုးကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးပထမတန်း ( G-1 ) ဖြစ်လာခဲ့သည်။ ထိုမှတဆင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တွင် ဗျူဟာမှူး ထို့မှတဆင့် စစ်တက္ကသိုလ်နှင့် စစ်အင်ဂျင်နီယာတက္ကသိုလ် တို့တွင် ကျောင်းအုပ် ဖြစ်လာခဲ့သည်။ ထို့နောက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။

တိုင်းမှူးဖြစ်လာပြီးနောက်ပိုင်း နှလုံးရောဂါဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်ညိုစောအား စင်ကာပူတွင် ဆေးသွားကုရန် ခွင့်ပေးခဲ့သည်။ ဆေးကုသမှုခံယူပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သွားရောက် တွေ့ဆုံကာ ကတိသစ္စာပြုခဲ့သည်ဟုလည်း စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။

၂၀၁၄ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အပွင့်တင်ကာ စစ်ထောက်ချုပ်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC ) ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ အာဏာမသိမ်းခင်က စစ်သက်ပြည့်သဖြင့် စစ်ဖက်ရာထူးဖြစ်သော စစ်ထောက်ချုပ်ရာထူးမှ အနားယူ ခဲ့သော်လည်း MEC ဥက္ကဋ္ဌရာထူးအား ယခုအချိန်ထိ ဆက်လက် တာဝန်ယူထားခဲ့သည်။

ဒုဗိုလ်ချုပ်ကြီးညိုစောမှာ စစ်ထောက်ချုပ်နှင့် MEC ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် စစ်ခေါင်းဆောင်သားသမီးများ၏ စီးပွားရေး အခွင့်အလမ်းများအတွက် အဓိက အကျိုးဆောင်သူဖြစ်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် အစည်းအဝေးများ၌ MEC ဥက္ကဋ္ဌရာထူးသည် အင်္ဂါစဉ်အရ ညှိနှိုင်းကွပ်ကဲရေးမှူး ကစထမှူး၊ စစ်ထောက်ချုပ်၊ စစ်ရေးချုပ်များ၏ နောက်တွင် ရှိနေသဖြင့် ထိုသူများထက် အဆင့်မြင့်ရန် စစ်ကောင်စီဥက္ကဋ္ဌ အကြံပေး အဖြစ် ၂၀၂၃ ခုနှစ်ဇူလိုင် ၅ ရက်နေ့တွင် ခန့်အပ်လိုက်သည်။

ထို့နောက် စက်တင်ဘာလက ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီတွင်လည်း အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး နိုင်ငံခြား သုံးငွေကြီးကြပ်ရေးကော်မတီဝင်၊ ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့် ဖြူးရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

စစ်ခေါင်းဆောင်အနေဖြင့် သူ့လူယုံဖြစ်သော ဒုဗိုလ်ချုပ်ကြီးညိုစောအား အကြံပေးခန့်အပ်ပြီးနောက်ပိုင်း တဖြေးဖြေး လုပ်ပိုင်ခွင့်နှင့်နေရာ ပိုပေးလာခဲ့သောကြောင့် စစ်တပ်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးကို အဓိက ကိုယ်တွယ်ရ သူဖြစ်လာသည်။

ဒုဗိုလ်ချုပ်ကြီးညိုစောနှင့် နီးစပ်ခွင့်ရသူများမှာ ၎င်း၏ မယားညီအကိုတော်စပ်သူ အဆိုတော်ဆုတင်၊ စစ်ခေါင်းဆောင်သား ဦးအောင်ပြည့်စုံ Authentic Group Of Company ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးဟိန်း၊ Pro One Group ပိုင်ရှင် ဦးမျိုးထွေးနှင့် ကန်သာယာဆေးရုံမှ မချယ်ရီကိုဝင်းတို့ ဖြစ်သည်ဟု နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းကဆိုသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

စစ်တပ်သို့မဟုတ် စစ်ကောင်စီနှင့်စီးပွားရေးလုပ်ချင်သော လုပ်ငန်းရှင်များနှင့် ဘတ်ဂျက်အပြည့်အဝရလိုသည့် ဝန်ကြီးဌာန အကြီးအကဲများ အနေဖြင့် ဒုဗိုလ်ချုပ်ကြီးညိုစော၏ မယားညီအကိုဖြစ်သူ ဦးဆုတင်နှင့် ထိုသူများထံ ချဉ်းကပ်လာကြောင်း အမည်မဖော်လိုသည့် MEC ရုံးမှ အရာရှိတဦးက ဆိုသည်။

အာဏာမသိမ်းခင်ကတည်းက စစ်တပ်၏စီးပွားရေးကိုအဓိက ချုပ်ကိုင်ထားသူဒုဗိုလ်ချုပ်ကြီးညိုစောမှာ အာဏာ သိမ်းပြီး ၂ နှစ်ကျော်အကြာ စစ်တပ်၏စီးပွားရေးကိုသာမက တနိုင်ငံလုံး၏စီးပွားရေးကိုချုပ်ကိုင်နိုင်ရန် တာဝန် ပေးခံခဲ့ရပြီး နိုင်ငံ၏ စီးပွားရေး အား တရားဝင်ရာထူးဖြင့်ထိန်းချုပ်သူမဟုတ်ဘဲ နောက်ကွယ်မှ ချုပ်ကိုင်သူ ဖြစ်လာတော့မည်ဖြစ်သည်။

You may also like these stories:

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

ဆန်ရှင်ကို ရှောင်ဖို့ ခရိုနီဘဏ်တွေကတဆင့် ထွက်ပေါက်ယူလိမ့်မယ်

MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်

Your Thoughts …
Tags: EUစစ်ကောင်စီစစ်ခေါင်းဆောင်အကြံပေးစီးပွားရေးဒုဗိုလ်ချုပ်ကြီးညိုစောဘတ်ဂျက်သရေစည်သူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

ကြယ်ကြွေညရဲ့ လွမ်းပုံပြင်

ကြယ်ကြွေညရဲ့ လွမ်းပုံပြင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved