• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်

by ဧရာဝတီ
8 February 2022
in စီးပွားရေး
A A
ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အမေရိကန် ကုမ္ပဏီ Chevron ကို မြန်မာစစ်တပ်အား ငွေမပေးရန် ဆန္ဒပြခဲ့ကြစဉ်

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အမေရိကန် ကုမ္ပဏီ Chevron ကို မြန်မာစစ်တပ်အား ငွေမပေးရန် ဆန္ဒပြခဲ့ကြစဉ်

8.7k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် မဖြစ်တော့ဟုဆိုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး နိုင်ငံစုံကုမ္ပဏီကြီးများဖြစ်သော ပြင်သစ်ကုမ္ပဏီ Total ၊ အမေရိကန် ကုမ္ပဏီ Chevron နှင့် ဩစတြေးလျကုမ္ပဏီ Woodside တို့က ၎င်းတို့၏ လုပ်ငန်းများ ရပ်ဆိုင်းပြီး ထွက်ခွာတော့မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက အသီးသီး ကြေညာခဲ့ကြသည်။

ထိုသို့ စွမ်းအင် ကုမ္ပဏီကြီးများ ပြန်လည် ထွက်ခွာသွားခြင်းသည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ရှာဖွေပေး နေသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE သို့ ငွေကြေး စီးဆင်းမှုများ ရပ်တန့် ပိတ်ဆို့ရေးအတွက် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်နိုင်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်လာသည်။

စွမ်းအင် ကုမ္ပဏီကြီးများ ထွက်ခွာတော့မည်ဟု ကြေညာပြီး နောက်တရက် (ဇန်နဝါရီ ၂၆) မှာပင် အမေရိကန်အစိုးရက မြန်မာ့စစ်တပ် ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများနှင့် မပတ်သက်ကြရန် ကုမ္ပဏီများကို သတိပေးချက် ကြောင့်လည်း ထိုခန့်မှန်းသုံးသပ်ချက်က ပို၍ ခိုင်မာလာခဲ့သည်။

မြန်မာစစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သူများသည် အရေးယူ ပိတ်ဆို့မှုများနှင့် ငွေ ကြေးခဝါချမှု ဥပဒေများကို ချိုးဖောက်ခြင်းများအပြင် ဂုဏ်သိက္ခာ၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင် ရနိုင်သည်။

မြန်မာစစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သူများသည် အရေးယူ ပိတ်ဆို့မှုများနှင့် ငွေ ကြေးခဝါချမှု ဥပဒေများကို ချိုးဖောက်ခြင်းများအပြင် ဂုဏ်သိက္ခာ၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင် ရနိုင်ကြောင်း ထိုသတိပေးစာက ဆိုထားသည်။

လက်ရှိအချိန်တွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဓိကရှာ ဖွေပေးနေသော နိုင်ငံပိုင်လုပ်ငန်းများဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲနှင့် ကျောက်မျက်ရတနာလုပ်ငန်းတို့ကို စီးပွားရေး အရ အရေးယူ ပိတ်ဆို့ထားသော sanctions ဆန်ရှင် ပြုလုပ်ထားသည်။

“ဒီလို ကုမ္ပဏီကြီးတွေ ထွက်သွားတာက MOGE ကို ဆန်ရှင်လုပ်ဖို့က အများကြီး ဖြစ်လာနိုင်တယ်။ ဆန်ရှင် မလုပ်ဘူး ဆိုရင် MOGE က တဆင့် စစ်ကောင်စီဆီကို ဘဏ္ဍာငွေတွေက သွားနေဦးမှာပဲ” ဩစတြေးလျ ကာတင်တက္ကသိုလ်မှ ဒေါက်တာ ထွေးထွေးသိန်း (နိုင်ငံတကာ စီးပွားရေး) က ဧရာဝတီသို့ ပြောသည်။

နိုင်ငံခြား စွမ်းအင် ကုမ္ပဏီများက ပြန်လည်ထွက်ခွာသွားမည် ဖြစ်သော်လည်း ၎င်းတို့ နုတ်ထွက်သွားသော စီမံကိန်းများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများသည် ရပ်တန့်နေမည် မဟုတ်သောကြောင့် စစ်ကောင်စီအတွက် ငွေကြေး စီးဆင်းမှုက ရှိနေဦးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် MOGE ကို အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု ဆန်ရှင် လုပ်ဆောင်လာပါက ၎င်းနှင့် လက်တွဲလုပ်ကိုင်နေသော အခြား နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံပြင်ပရှိ MOGE ၏ ငွေကြေးစီးဆင်းမှု ကိစ္စရပ်များ အတွက် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံခြားဘဏ်များကိုပါ အကြီးအကျယ် ထိခိုက်လာနိုင်သည့် အခြေအနေရှိကြောင်း စီးပွားရေး လေ့လာ သုံးသပ်သူများက မှတ်ချက်ပြုကြသည်။

MOGE သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဆီ ရေနံနှင့် သဘာဝဓာတ်ငွေ့များ အဓိက တင်ပို့ရောင်းချနေသော ကမ်းလွန် လုပ်ကွက် ၄ ခု ဖြစ်သည့် ရတနာ၊ ရွှေ ၊ ဇောတိကနှင့် ရဲတံခွန် စီမံကိန်းတို့မှ အဓိက ဝင်ငွေ ရရှိသည်။ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် အထိ ရှိသည်။

MOGE သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဆီ ရေနံနှင့် သဘာဝဓာတ်ငွေ့များ အဓိက တင်ပို့ရောင်းချနေသော ကမ်းလွန် လုပ်ကွက် ၄ ခု ဖြစ်သည့် ရတနာ၊ ရွှေ ၊ ဇောတိကနှင့် ရဲတံခွန် စီမံကိန်းတို့မှ အဓိက ဝင်ငွေ ရရှိသည်။ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် အထိ ရှိသည်။

ထိုအထဲမှ မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas က အော်ပရေတာအဖြစ် လုပ်ကိုင်သော ရဲတံခွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်းကို ဓာတ်ငွေ့ အထွက်နှုန်း လျော့ခြင်းဟုဆိုကာ ၂၀၂၁ ခုနှစ် ဧပြီလတွင် ရပ်နားထားခဲ့သည်။

ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာလည်း Total နှင့် Chevron ထွက်ခွာသွား ပြီဖြစ်၍ ထိုင်းကုမ္ပဏီ PTTEP နှင့် MOGE တို့သာ ကျန်ခဲ့တော့မည်ဖြစ်သည်။ အဆိုပါ ထိုင်းကုမ္ပဏီသည် ဇောတိက စီမံကိန်း လုပ်ကွက်ကိုလည်း အော်ပရေတာ အဖြစ် ဦးစီးလုပ်ဆောင်နေသော ကုမ္ပဏီဖြစ်သည်။ ထိုစီမံကိန်း ၂ ခုမှ ထွက်ရှိသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့အများစုကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိပြီး တချို့မူ မြန်မာပြည်တွင်း သုံးစွဲမှုအတွက် အသုံးပြုသည်။

တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့ရောင်းချသော ကမ်းလွန်လုပ်ကွက် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကိုမူ တောင်ကိုရီးယားကုမ္ပဏီ POSCO က အဓိကအော်ပရေတာအဖြစ် လုပ်ကိုင်ပြီး အိန္ဒိယကုမ္ပဏီ ONGC နှင့် GAIL၊ မြန်မာ ဘက်က MOGE တို့ကလည်း ရှယ်ယာပါဝင်ကြကာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကိုမူ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည်။

အနောက်နိုင်ငံက ရေနံ ကုမ္ပဏီကြီးတွေ MOGE နဲ့ လက်တွဲဖြုတ်သွားတာကို ကြည့်ရင် ဒီတခါလုပ်မယ့် ဆန်ရှင်က အင်မတန် ပြင်းထန်မယ်လို့ မှန်းလို့ ရတယ်။ MOGE ကို ဆန်ရှင်လုပ်ပြီဆိုရင် ဒေသတွင်း နိုင်ငံတွေရဲ့ ကုမ္ပဏီတွေပါ MOGE နဲ့ လက်တွဲဖို့ အခက်အခဲ ဖြစ်လာလိမ့်မယ်

အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) ၏ လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီး ဦးမော်ထွန်းအောင်က “အနောက်နိုင်ငံက ရေနံ ကုမ္ပဏီကြီးတွေ MOGE နဲ့ လက်တွဲဖြုတ်သွားတာကို ကြည့်ရင် ဒီတခါလုပ်မယ့် ဆန်ရှင်က အင်မတန် ပြင်းထန်မယ်လို့ မှန်းလို့ ရတယ်။ MOGE ကို ဆန်ရှင်လုပ်ပြီဆိုရင် ဒေသတွင်း နိုင်ငံတွေရဲ့ ကုမ္ပဏီတွေပါ MOGE နဲ့ လက်တွဲဖို့ အခက်အခဲ ဖြစ်လာလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

MOGE ကို ဆန်ရှင် မလုပ်သေးသည့်တိုင် ဆက်လက်ပြီး လက်တွဲလုပ်ဆောင်နေသော ကုမ္ပဏီများသည် ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ ဖိအားများကို မလွဲမသွေ ကြုံရမည်ဖြစ်ပြီး ဆန်ရှင် လုပ်လာပါက ထိုကုမ္ပဏီများသည် အမေရိကန်ငွေကြေးကို နိုင်ငံတကာ ငွေကြေး လည်ပတ် စီးဆင်းမှုအတွင်း၌ အသုံးပြုနိုင်ရန်အထိပါ ခက်ခဲသွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခြေအနေများအရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမေရိကန်နှင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများ ထွက်ခွာသွားပြီဖြစ်၍ ထိုကဏ္ဍ၌ တောင်ကိုရီးယားကုမ္ပဏီ POSCO နှင့် ထိုင်း ကုမ္ပဏီ PTTEP တို့သည် အဓိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အဖြစ် ကျန်ရှိနေတော့မည် ဖြစ်သည်။

ထိုကျန်ရှိနေခဲ့သည့် အာရှကုမ္ပဏီများသည် အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ MOGE နှင့် ဆက်လက်ပြီး လုပ်ငန်း လက်တွဲလုပ်ကိုင်ပါက လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးခြင်းကို ယခုထက် ပို၍ ဆိုးဝါး သောအခြေအနေများနှင့် ကြုံတွေ့လာရနိုင်သည်။

POSCO သည် ရင်းနှီးမြှုပ်နှံသူများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားကြောင့် မြန်မာ့စစ်တပ်လက်အောက်ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် MEHL နှင့် လက်တွဲ လုပ်ဆောင်နေသော သံမဏိထုတ်လုပ်ရေး လုပ်ငန်းတခုကို အာဏာသိမ်းပြီး လပိုင်း အကြာမှာပင် ရပ်ဆိုင်းထားခဲ့သည်။ ယခုတွင် မြန်မာ့စစ်တပ်ပိုင် လုပ်ငန်းများနှင့် စီးပွားရေး ဆက်ဆံနေမှု ဖြတ်တောက်ရန် လူ့အခွင့်အရေး အဖွဲ့များ ဖိအားအပြင် ဆန်ရှင်ပါ ထပ်မံ လုပ်ဆောင်လာနိုင်သည့် အခြေအနေက POSCO ကုမ္ပဏီအတွက် ခေါင်းခဲစရာ အခြေအနေပင်ဖြစ်သည်။

သို့သော် မည်သို့ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကို လတ်တလောတွင် POSCO ဘက်က တစုံတရာ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

ထိုင်းကုမ္ပဏီ PTTEP ကမူ အနောက်နိုင်ငံ စွမ်းအင်ကုမ္ပဏီကြီး နှစ်ခု၏ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် ဆုံးဖြတ်ချက် ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာ သုံးသပ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနှင့် ထိုင်း နိုင်ငံအတွက် စွမ်းအင်ဖူလုံရေးသည် ကုမ္ပဏီအတွက် အဓိကထားသော ကိစ္စရပ်ဖြစ်ကြောင်း ဆိုထားပြီး MOGE အပေါ် အရေးယူ ပိတ်ဆို့လာမည့် အခြေအနေကို စောင့်ကြည့် အကဲခတ်နေသည်။

ထိုင်းကုမ္ပဏီ PTTEP ကမူ အနောက်နိုင်ငံ စွမ်းအင်ကုမ္ပဏီကြီး နှစ်ခု၏ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် ဆုံးဖြတ်ချက် ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာ သုံးသပ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနှင့် ထိုင်း နိုင်ငံအတွက် စွမ်းအင်ဖူလုံရေးသည် ကုမ္ပဏီအတွက် အဓိကထားသော ကိစ္စရပ်ဖြစ်ကြောင်း ဆိုထားပြီး MOGE အပေါ် အရေးယူ ပိတ်ဆို့လာမည့် အခြေအနေကို စောင့်ကြည့် အကဲခတ်နေသည်။

မြန်မာနိုင်ငံမှ ဝယ်ယူရရှိသော သဘာဝဓာတ်ငွေ့ ပမာဏသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၂၀ ရာ ခိုင်နှုန်းအထိ အရေးပါသည်။

မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ် ရေးဆွဲထားသော Burma Act ဥပဒေမူ ကြမ်းကို အမေရိကန် ကွန်ဂရက်တွင် တင်သွင်းထားပြီဖြစ်ကာ ထိုဥပဒေကြမ်းတွင် ပိတ်ဆို့အရေးယူခြင်း၊ သွင်းကုန်တားဆီးခြင်း၊ လူသားချင်း စာနာ ကူညီရေးနှင့် အာဏာသိမ်းမှု ကိုင်တွယ် ဖြေရှင်းရေး အစရှိသည့် အရေးကိစ္စများ ပါဝင်သလို မြန်မာ့ ရေနံနှင့် သဘာ ဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အရေးယူ ပိတ်ဆို့ရေးလည်း ပါဝင်နေသည်။

Burma Act ဥပဒေသည် အမေရိကန်၏ အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေ NDAA တွင် ပြင်ဆင်ချက် ဥပဒေအဖြစ် ထည့်သွင်းရေးဆွဲထားသည့် ဥပဒေဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.2k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
242
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

စစ်အုပ်စုနှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကို အမေရိကန်နှင့် အနောက်နိုင်ငံများ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုများ၏ အရေးပါမှုကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ကို ဆန်ရှင် လုပ်ဆောင်ပြီးနောက် ထိုစစ်တပ်လက်အောက်ခံ ကုမ္ပဏီများနှင့် လက်တွဲနေသော နိုင်ငံခြား ကုမ္ပဏီအများ အပြားက လမ်းခွဲလိုက်ကြသည်ကို တွေ့နိုင်သည်။ အထင်ရှားဆုံးမှာ ဂျပန်ကီရင်နဲ့ မြန်မာ့ စီးပွားရေး ဦပိုင်တို့ ဖြစ်ရပ် ဖြစ်သည်။

သို့ဖြစ်၍ MOGE ကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု ဆန်ရှင်များလုပ်လာပါက ထိုနည်းတူစွာ ထိခိုက်လာပေဦးမည်။

You may also like these stories:

ဦးပိုင်နှင့် လက်တွဲခဲ့သည့် နီလာရိုးမကျောက်မျက်ကုမ္ပဏီကို KBZ အုပ်စု ဖျက်သိမ်း

ရန်ကုန်မြို့ ရှိ နာမည်ကြီး Savoy ဟိုတယ် အပြီးပိတ်သိမ်း

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

ရေနံလုပ်ငန်းများ ထွက်ခွာမှု MOGE ကို ပိတ်ဆို့မှု ဖြစ်လာမလား

Your Thoughts …
Tags: MOGEစစ်ကောင်စီစီးပွားရေး ပိတ်ဆို့မှုရေနံ သဘာဝဓာတ်ငွေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ ဗိုလ်ရှု့သဘင် ဘာလို့ကျင်းပလဲ (ရုပ်/သံ)

စစ်ကောင်စီ ဗိုလ်ရှု့သဘင် ဘာလို့ကျင်းပလဲ (ရုပ်/သံ)

AA တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကားတစီး

စစ်တပ်နှင့် AA တို့ တိုက်ပွဲကြား အရပ်သား ၂ ဦး သေဆုံး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved