• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
in သတင်း
A A
စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

သံဘိုတပ်စခန်းမှ သိမ်းပိုက်ရရှိသည့် စစ်ယူနီဖောင်းနှင့် လက်မောင်းတံဆိပ်များ/ NUG

9.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်ကားလမ်းပေါ်ရှိ သံဘိုကျေးရွာတွင် တပ်စွဲထားသော သံဘိုတပ်စခန်းက သက်သေဖြစ်သည်။

သံဘိုတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး PDF) ပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၃ ရက် နံနက် ၇ နာရီ ခွဲခန့်တွင် သိမ်းပိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် TNLA၊ မန္တလေး PDF အဖွဲ့များက သတင်း ထုတ်ပြန်သည်။

စခန်းသိမ်းအပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်တပ် စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး အဆင့်အရာရှိတဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း မန္တလေး PDF ပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က ပြောသည်။

စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်သည် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသော သင်ကြားရေးကျောင်းဆရာတဦးဖြစ်ကြောင်း မန္တလေး PDF ထံက သိရသည်။

ကိုအော်စမွန်က “ဒီတခေါက် ဖမ်းဆီးရမိတဲ့ ဒုဗိုလ်မှူးကြီးဟာ သံဘိုစခန်းစစ်ကြောင်းမှူးအဖြစ် တာဝန်မယူခင်အချိန်ထိ သင်ကြားရေးဘက်မှာပဲ တောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒုဗိုလ်မှူးကြီးက စစ်ကြောင်းမှူး အနေနဲ့ တာဝန်ယူပြီး ပထမဆုံးအကြိမ် ရှေ့တန်းတာဝန်ထမ်းဆောင်ရတာလို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံရသည့် ဒုဗိုလ်မှူးကြီး သက်အောင်သည် စစ်အင်ဂျင်နီယာ တက္ကသိုလ်အပတ်စဉ် ၃ ( DSTA-3 ) ကျောင်းဆင်း ဖြစ်ကာ ရုရှားနိုင်ငံတွင် သွားရောက်ပညာသင်ကြားခဲ့သူဖြစ်သလို DSTA ၏ Mechanical ဌာန၌ ကထိကအဖြစ် တာဝန် ထမ်းဆောင်နေပြီး စစ်ကြောင်းမှူးအနေဖြင့် ရှေ့တန်းတာဝန်ယူရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

သံဘိုတောင်စခန်းသည် စ်တက္ကသိုလ်များ အခြေစိုက်ရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ ၁၅ မိုင်ခန့်အကွာတွင်ရှိပြီး မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြား အရေးပါသော ဗျူဟာမြောက် မဆုတ်တမ်း ခံစစ်စခန်းတခုလည်း ဖြစ်ကာ နောင်ချိုမြို့နယ်အတွင်း၌ တည်ရှိသည်။ အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချထားသည့် စခန်းဖြစ်သလို ပြင်ဦးလွင်မြို့လုံခြုံရေးအတွက် အရေးကြီးကြောင်း စခန်းတခု ဖြစ်သည်။

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းပေါ်ရှိ သံဘိုကျေးရွာတွင် တပ်စွဲထားသော သံဘိုတပ်စခန်းကို သိမ်းပိုက်အပြီး

အဆိုပါ စခန်းသိမ်းပိုက်နိုင်မှုအား ထုတ်ပြန်ခဲ့သော ဓာတ်ပုံများတွင် သိမ်းဆည်းရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝတ်ဆင်သည့် ယူနီဖောင်းများ၏ လက်မောင်းတံဆိပ် ၂၁ မျိုးထိ တွေ့ရှိခဲ့ရာ စစ်တိုက် ထွက်ရလေ့မရှိသည့် လက်ရုံးတပ်များဖြစ်သော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန (ကကပြည်)၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာဌာန (ကကလျှပ်)၊ ကက (သံ)၊ ကက (ယာ)၊ ကက (ဆက်)၊ ကက (ဆေး)၊ အမြောက်တပ်၊ DSA၊ DSTA သင်တန်းကျောင်း များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ နောက်ချန်အင်အား စုပေါင်းထားခြင်းဟု CDM ဗိုလ်မှူးတဦးက မှတ်ချက် ပြုသည်။

ယင်းပြင် မီးသတ်တပ်ဖွဲ့၏ အမှတ်တံဆိပ်ကိုလည်းတွေ့ရပြီး တိုက်ခိုက်ရေးတပ်များဖြစ်သည့် တပ်မ ၉၉၊ တပ်မ ၁၁ တို့ အပြင် အုပ်ချုပ်ရေးပိုင်းအဓိက တာဝန်ယူရသော စစ်ဌာနချုပ်များဖြစ်သော မြောက်ပိုင်းတိုင်း(မပခ)၊ အလယ်ပိုင်း တိုင်း (လပခ)၊ ရန်ကုန်တိုင်း(ရကတ)၊ အရှေ့အလယ်ပိုင်းတိုင်း(ရလတ)၊ အရှေ့တောင်တိုင်း(ရတခ)၊ အနောက်ပိုင်းတိုင်း (နပခ) နှင့် တြိဂံတိုင်း စစ်ဌာနချုပ်တို့လည်း ပါဝင်သည်။

ထိုသို့ စစ်တိုက်ထွက်ရလေ့ မရှိသည့် လက်ရုံးတပ်များမှ စစ်သည်များအား ထုတ်နုတ်ကာ ရှေ့တန်းထွက်ခိုင်းခြင်းမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဦးဆုံးဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ကရင်ပြည်နယ်သို့ ရှေ့တန်းထွက်သော စစ်ကြောင်းများတွင် ဘင်ခရာစစ်တီးဝိုင်းမှ စစ်သည်များ၊ ဘောလုံးနှင့် လက်ဝှေ့ကစားသမားများလည်း ပါဝင်ခဲ့ပြီး အချို့သော စစ်သည်များသည် ပြည်သူဘက် ခိုလှုံသူများ ရှိခဲ့သည်။

ယခုအခါ ဖမ်းဆီးရမိသည့် ဒုဗိုလ်မှူးကြီးကို စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ ထိန်းသိမ်းထားသလို အလွန်အရေးကြီးသည့် စခန်းမျိုးတွင် သင်ကြားရေးပိုင်းမှ ရှေ့တန်းအတွေ့အကြုံမရှိသူများအား တာဝန်ပေးခြင်းသည် စစ်တပ်၏ ဖွဲ့စည်း ပုံအခြေအနေ ယုတ်လျော့နေမှုကို ဖော်ပြပေးနေခြင်းမျိုးဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

သံဘိုတပ်စခန်းမှ ဖမ်းဆီးရမိသော စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်/ NUG

“ဖမ်းဆီးရမိတဲ့ ဒုဗိုလ်မှုးကြီးသက်အောင်အပါအဝင် စစ်သုံ့ပန်းတွေဟာ ကျနော်တို့လက်ရောက်တော့ သူတို့တော့ အသက်အန္တရာယ်ကင်းပြီရယ်လို့ စိတ်ဒုံးဒုံးချပြီး စိတ်လက်ပေါ့ပါးသွားကြတာ သတိပြုမိတယ်။ ကျနော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်၊ လူကို တိုက်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့ အသက်တွေ ဘဝတွေ အချည်းနှီးမဆုံးရှုံးစေလို သလို၊ တော်လှန်ရေးရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က Facebook စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

သံဘိုတပ်စခန်း တိုက်ခိုက်ခံရသဖြင့် ကျောက်မဲမြို့ဘက်မှ ကား ၃ စီးဖြင့် စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ဖြတ်တောက် တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီဘက်က သေဆုံးမှုများပြား ပြီး လက်နက်ခဲယမ်းများ ထပ်မံ ရရှိခဲ့ကြောင်း၊ ဗျူဟာမြောက် စစ်တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည့်အတွက် မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေး PDF က ဆိုသည်။

သံဘိုတပ်စခန်းသိမ်းပိုက်နိုင်ခဲ့မှုတွင် Drone Jammer စက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုကို ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားနှင့် PDF အဖွဲ့တို့ ကျဆုံးမှုများရှိခဲ့သည်ဟုဆိုသော်လည်း အရေအတွက်ကိုမူ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းမပေါ်ရှိ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့အတွင်း စစ်ဆင်ရေးများ ဖော်ဆောင်နေခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည် မြောက်ပိုင်းဒေသသို့ စစ်ကောင်စီအနေဖြင့် မြေပြင်စစ်ကူများ ဝင်မလာနိုင်ရေး ပိတ်ဆို့ ဖြတ်တောက် တိုက်ခိုက်လျက် ရှိသလို နောင်ချိုမြို့နယ်၊ မတ္တရာ၊ မိုးကုတ်မြို့နယ်တို့တွင်လည်း “တောင်သမန် စစ်ဆင်ရေး” ကို ဖော်ဆောင်ကာ ထိုးစစ် ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
60
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
20

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
30

You may also like these stories:

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

ဒရုန်းခေတ်ရောက်ပြီ

Your Thoughts …
Tags: DSTA ကထိကစစ်ကောင်စီတပ်စုပေါင်းစပ်ပေါင်းဒုဗိုလ်မှူးကြီး သက်အောင်သံဘိုတပ်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

by ဧရာဝတီ
1 April 2024
7.2k

KIA ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အနီးကပ် စစ်တပ်စခန်းကြီးများ အားလုံး သိမ်းပိုက်နိုင်ပြီဖြစ်သည့်အတွက် လက်နက်ကြီးပစ်ခတ်ခံရမှု နည်းပါးလာသော်လည်း လေကြောင်းတိုက်ခိုက်မှု စိုးရိမ်နေရဆဲဖြစ်ကြောင်း

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

by ဧရာဝတီ
2 July 2024
6.9k

ခလရ ၅၅သည် မူလက ဖဆပလ အစိုးရ၏ စစ်ရဲတပ်ရင်း(UMP) ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ခြေလျင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော သက်တမ်းရင့်တပ်ဖြစ်၍ ထိုစဉ်က သံတွဲခရိုင်ရှိ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)တပ်များ၊...

Next Post
ကြယ်ကြွေညရဲ့ လွမ်းပုံပြင်

ကြယ်ကြွေညရဲ့ လွမ်းပုံပြင်

လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ

လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 hours ago
1.5k
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

7 days ago
1.2k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved