• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဆန်ရှင်ကို ရှောင်ဖို့ ခရိုနီဘဏ်တွေကတဆင့် ထွက်ပေါက်ယူလိမ့်မယ်

by ဧရာဝတီ
9 August 2023
in အင်တာဗျူး
A A
ဆန်ရှင်ကို ရှောင်ဖို့ ခရိုနီဘဏ်တွေကတဆင့် ထွက်ပေါက်ယူလိမ့်မယ်

အမေရိကန်အစိုးရ၏ မြန်မာ့နိုင်ငံပိုင်ဘဏ်၂ ဘဏ်ကို အရေးယူပိတ်ဆို့မှုများ စတင်အသက်ဝင်လာသည်

5.2k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော နိုင်ငံပိုင်၂ ခုကို ပြီးခဲ့သော ဇွန်လအတွင်းက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်၍ ထိုဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုအားလုံးကို ဩဂုတ် ၅ ရက်မှစ၍ ရပ်ဆိုင်းရမည် ဖြစ် ကြောင်း အမေရိကန်က ထပ်မံ သတိပေးချက် ထုတ်ပြန်သည်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဇွန်လ ၂၁ ရက်၌ အမည်ပျက်စာရင်းသွင်းခဲ့ပြီး ထိုဘဏ်များသည် စစ်ကောင်စီ၏ လက်နက်နှင့် လေယာဉ်ဆီဝယ်ရန်နှင့် ပြည်ပငွေစာရင်းများ အသုံးပြုပြီး နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရန်အတွက် နိုင်ငံခြားငွေအသုံးပြုမှုလွယ်ကူ ပြုလုပ်ပေးရာတွင် အရေးပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

စင်ကာပူနိုင်ငံမှ United Overseas Bank (UOB) က ဩဂုတ်လ ၁၅ ရက်တွင် စစ်အစိုးရနှင့် ချိတ်ဆက်ထားသော မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ၏ ဘဏ်စာရင်းများအားလုံးကို ပိတ်ပစ်မည်ဟု ဇူလိုင် ၁၀ ရက်က ကြေညာခဲ့သလို မြန်မာနိုင်ငံမှ လုပ်ငန်းငွေလွှဲ ဝန်ဆောင်မှုများကိုလည်း ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယခု ရက်ပိုင်းက ကြေ ညာခဲ့သည်။

ထိုအတွက်ကြောင့် အမေရိကန်အစိုးရ၏ မြန်မာ့နိုင်ငံပိုင်ဘဏ်၂ ကို အရေးယူပိတ်ဆို့မှုများ စတင်အသက်ဝင်လာပြီဖြစ်၍ အာဏာသိမ်းစစ်အုပ်စုအပေါ် မည်သို့သော ထိခိုက်မှု၊ သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်မည်ဆိုသည်နှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။

ဦးစိန်ဌေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် NLD စီးပွားရေး ကော်မတီ အဖွဲ့ဝင်တဦးဖြစ်ကာ လက်ရှိ အမေရိကန်နိုင်ငံ၌ နေထိုင်သည်။

မေး။ ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက နိုင်ငံပိုင်ဘဏ်၂ ခုဖြစ်တဲ့ စစ်ကောင်စီလက်အောက်ခံ MFTB နဲ့ MICB တို့ကို အမေရိကန် အစိုးရ အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်။ အခု ဩဂုတ်လ ၅ ရက်နေ့ကစလို့ အရေးယူပိတ်ဆို့မှုတွေက စတင် အသက်ဝင်ပြီဆိုတော့ စစ်အုပ်စုအပေါ် ဘယ်လို သက်ရောက်မှုတွေ ထပ်ဖြစ်လာမလဲ။

ဖြေ။ ။ ပိုပြီးတော့ ပြင်းထန်တဲ့ ထိခိုက်နစ်နာမှုတွေ သူတို့ (စစ်ကောင်စီ)ဘက်က ထိခိုက်နစ်နာတွေ ဖြစ်လာမှာပေါ့။ သူတို့နဲ့ ဆက်နွယ်ပြီးတော့ ဆက်ဆံရတဲ့ ဘဏ်တွေရှိတယ် တိုက်ရိုက်ကတော့ ဒီ MFTB နဲ့ MICB ပေါ့၊ ဒီဘဏ်တွေကတော့ တိုက်ရိုက်ထိသွားပြီ။ ဒီလုပ်ငန်းတွေက တစ်ဆို့မှုတွေ ဖြစ်တာပေါ့ဗျာ။ ပုံမှန် အဆင်ပြေချောမွေ့နေတဲ့ ငွေလွှဲငွေပြောင်းတွေမှာ အဖုအထစ်တွေ ဖြစ်သွားပြီ။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
95
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
54

ဒီဆန်ရှင်နဲ့ သဘောသဘာဝက ဒီဘဏ် ၂ ခုကို ပိတ်ဆို့လိုက်ရင် သူနဲ့ ဆက်ဆံရတဲ့ ဘဏ်တွေ Dealing လုပ်ရတဲ့ ဘဏ်တွေ နိုင်ငံတကာမှာ ရှိတာပေါ့။ နိုင်ငံတကာက ဘယ်ဘဏ်တွေနဲ့ လုပ်သလဲဆိုတာကတော့ ကျနော်တို့လည်း သေချာမသိဘူး၊ သူတို့လည်း မထုတ်ပြန်ဘူး။ များသောအားဖြင့် သူတို့နဲ့ ဆက်စပ်နေတာက စင်ကာပူတို့၊ ထိုင်းတို့၊ တရုတ်တို့က ဘဏ်တို့တွေကလည်း ဒီ MFTB နဲ့ MICB နဲ့ ဆက်ဆံမိရင် အမေရိကန်က အဲဒီဘဏ်တွေကိုပါ အရေးယူမယ်၊ ထိခိုက်မှု ရှိလာလိမ့်မယ်လို့ဆိုပြီး တားဆီးတာပေါ့။ အဲဒီသတိပေးချက်က ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က ပြီးဆုံးသွားပြီပေါ့။

သဘောက အမေရိကန်က ပိတ်ဆို့မယ်လို့ ကြေညာလိုက်တဲ့ ကာလကနေ ဩဂုတ်လ ၅ ရက်အတွင်းမှာ ခင်ဗျားတို့ ဘဏ်တွေနဲ့ MFTB နဲ့ MICB တို့ကြားက ဘဏ်စာရင်းတွေ ငွေအလွှဲအပြောင်းလုပ်တာတွေကို အကုန်လုံး Cleaning လုပ်ထားပေါ့။ မလုပ်ထားလည်း ရတယ်၊ မလုပ်ထားဘူးဆိုရင်တော့ သူတို့လည်း ငြိပြီပေါ့၊ အရေးယူခံရမယ်။ အဲဒီငွေတွေကို Freeze လုပ်ချင်လုပ်မှာပေါ့။ တခြားနည်းတွေလည်း အများကြီးရှိတယ်၊ အဲဒီလို သက်ရောက်မှုတွေ ဖြစ်လာမယ်။

အခုက MFTB နဲ့ MICB တင်မကတော့ဘဲ သူတို့နဲ့ Dealing လုပ်ရတဲ့ ဘဏ်တွေပါ အကျိုးသက်ရောက်မှု ဖြစ်လာနေပြီ။ စကစရဲ့ ဘဏ်၂ ခုအပြင် သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့လူတွေပါ အကျိုးသက်ရောက်မှု ဖြစ်လာတဲ့အခါ ထိခိုက်နစ်နာမှုက စဉ်းစား ကြည့်တော့ဗျာ။

မေး။ ။ စင်ကာပူက UOB ဘဏ်ဆိုရင် မြန်မာနိုင်ငံက လုပ်ငန်းလွှဲငွေ ဝန်ဆောင်မှုတွေက ယာယီရပ်ဆိုင်းထားမယ်ဆိုပြီး ကြေညာတာတွေလည်း တွေ့လာရတော့ အခြားနိုင်ငံကဘဏ်တွေကရော စစ်အုပ်စုနဲ့ ဆက်နွယ်တာတွေမှာ ဒီလိုမျိုး လုပ်ဆောင်လာနိုင်တာမျိုး ရှိလား။

ဖြေ။ ။ ထိခိုက်လာတော့မှာပေါ့။ UOB ဘဏ်ဆိုရင် သူတို့နဲ့ ဆက်ဆံဆက်နွယ်လုပ်နေရတဲ့ဘဏ်ဖြစ်တာဆိုတော့ သက်ရောက်မှုတွေ စလာပြီဆိုတော့ ခင်ဗျားတို့နဲ့ မလုပ်တော့ဘူးဆိုပြီး လုပ်လာတာပေါ့။ ဒါက သူကလည်း အပြတ်ပြောတာမျိုး မဟုတ်သေးဘူး၊ သူလည်း နည်းလမ်း ရှာချင်ရှာနေမှာပေါ့။ အဲဒီလို UOB ဘဏ်လိုပဲ ဘဏ်၂ ခုက (MFTB နှင့် MICB) ဘဏ်အကောင့်ဖွင့်ထားတဲ့ တခြားဘဏ်တွေလည်း စထိပြီပေါ့။

ပြည်တွင်းဘဏ်တွေမှာတော့ သက်ရောက်မှု သိပ်မရှိဘူး။ ဒီဘဏ်၂ ခုကနေ ငွေအလွှဲအပြောင်းလုပ်ပြီး ပြည်တွင်းမှာပဲ လှည့်လည်နေရင်တော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ထွက်ပေါက်အနေနဲ့ ငါတို့ဘဏ် ၂ ခုကတော့ ထိပြီ။ ငါတို့ကိုယ်စား ဥပမာ KBZ ၊ ဧရာဝတီဘဏ် စသည်ဖြင့် အဲဒီဘဏ်တွေမှာ ဘဏ်အကောင့်ပြောင်းဖွင့်ပြီး မင်းတို့ဘဏ်တွေကတဆင့် ဟိုဘက်ဘဏ်တွေကို အလွှဲအပြောင်း လုပ်လာနိုင်တာမျိုးတွေ ရှိချင်ရှိလာမှာပေါ့။

စစ်အုပ်စုရဲ့ ဂယ်ပေါက်အနေနဲ့က သူတို့မွေးထားတဲ့ ခရိုနီဘဏ်တွေမှာ ဘဏ်အကောင့် ပြောင်းနိုင်တယ်။ အဲဒီဘဏ်တွေရဲ့ အကောင့်တွေကတဆင့် စင်ကာပူ UOB ဘဏ်ဖြစ်ချင်ဖြစ်မယ်၊ ထိုင်းဘဏ်တွေ ဖြစ်ချင်ဖြစ်မယ်၊ တရုတ်ဖြစ်ချင်ဖြစ်မယ်၊ အဲဒီလို နည်းနဲ့ ဆန်ရှင်ကို ရှောင်လွှဲတဲ့အလုပ်တွေ လုပ်ဖို့ ဖြစ်လာမှာပေါ့။

ဒါတွေကတော့ ဦးသန်းရွှေခေတ်ကတည်းက သူတို့သုံးခဲ့တဲ့ နည်းလမ်းတွေပါပဲ။ အခုကတော့ ပိုပြင်းထန်တဲ့ ဆန်ရှင်ဖြစ်တာ ဆိုတော့ သူတို့အတွက် ပိုအလုပ်များပြီ၊ သူတို့ရဲ့ အရှိုက်ကိုထိတော့ ပြာယာခတ်နေပြီ။

စီးပွားရေးပညာရှင် ဦးစိန်ဌေး/ Burma News Network

မေး။ ။ ဖြည့်ပြီး ထပ်မေးရရင် မြန်မာစစ်တပ်က ရွာစဉ်ပတ် မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ လေယာဉ်ဆီတွေ၊ စစ်လက်နက်နဲ့ စစ်လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းဝယ်ယူရေး ငွေပေးချေမှု တွေမှာ ဘယ်လို ထိခိုက်သက်ရောက်မှုတွေ ဖြစ်လာမလဲ။

ဖြေ။ ။ ဆန်ရှင်ရဲ့ အဓိကပိတ်ဆို့ရတဲ့ အကြောင်းကိုက အဲဒီအကြောင်းပဲ။ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာစေချင်လို့ ပိတ်တာ မဟုတ်ဘူး။ နိုင်ငံခြားသုံးငွေတွေကို မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လမ်းတွေ ဆောက်မယ်၊ တံတား တွေဆောက်မယ်၊ ဆေးရုံတွေ၊ ကျောင်းတွေ Public Service (အများပြည်သူဝန်ဆောင်မှု) အတွက် လုပ်နေမယ်ဆိုရင် ဒီဆန်ရှင်က လုပ်လာစရာ အကြောင်းမရှိဘူး။

ဒီ စကစ၊ မအလ က အာဏာရူးလာပြီးတဲ့ နောက်ပိုင်းကစလို့ အာဏာကို အတင်းအဓမ္မလုယူတယ်၊ ပြီးတဲ့အခါကျတော့ လူတွေကို လိုက်သတ်တယ်။ နောက် ပိုဆိုးသွားတာက PDF တွေကို သတ်တာက ထားလိုက်၊ ဒါက အချင်းချင်း တိုက်ခိုက်တာဖြစ်လို့၊ အခုက ပြည်သူလူထုကို မခွဲခြားတော့ဘဲနဲ့ မီးရှို့တယ်။ လေကြောင်းကနေ ဗုံးကြဲတယ်။ နောက်လက်နက်တွေ ဝယ်တယ်။

လေယာဉ်နဲ့ ဗုံးကြဲရင် လေယာဉ်ဆီက မြန်မာပြည်က မထုတ်နိုင်ဘူး၊ နိုင်ငံခြားဝယ်ပြီး တင်သွင်းရတာ၊ အဲဒါဝယ်ဖို့အတွက် ပိုက်ဆံက နိုင်ငံခြားငွေသုံးရတာ၊ နိုင်ငံခြားငွေဖြတ်တောက်နိုင်ရင် တနည်းအားဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကို လျှော့ချနိုင်မယ်။

မြေပြင်ကနေ ပစ်နေတဲ့ လက်နက်ကြီးတွေက ပြည်တွင်းက ထုတ်လုပ်နိုင်တာက နည်းတယ်၊ လိုအပ်တဲ့ ကုန်ကြမ်းတွေကလည်း နိုင်ငံခြားကနေ တင်သွင်းရတယ်၊ နိုင်ငံခြားငွေနဲ့မှ ဝယ်လို့ရတယ်။ နိုင်ငံခြားငွေရနိုင်ဖို့အတွက်က ဝင်ငွေလမ်းကြောင်းက MOGE (မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း) ၊ အခုက ဆန်ရှင်ကလည်း MOGE အပေါ် သက်ရောက်မှု တွေရှိလာမယ်ဆိုတဲ့ အကျိုးဆက်ကြောင့် လုပ်တာဖြစ်တယ်။

မေး။ ။ အခုလို အရေးယူပိတ်ဆို့မှု ဆန်ရှင်တွေက Burma Act နဲ့ ဘယ်လိုပတ်သက်လဲ။

ဖြေ။ ။ Burma Act ရဲ့ ဥပဒေအရ အမေရိကန်အစိုးရအဖွဲ့ကနေပြီးတော့ အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို ထပ်ပြဋ္ဌာန်းပြီးတော့ အဲဒီထဲက Tool တခုဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့မှု လုပ်တာ။ အဲဒီအကျိုးဆက်ကြောင့် အခုလို ဘဏ်၂ ခုကို အရေးယူ ပိတ်ဆို့မှုလုပ်တာဖြစ်တယ်။ နောက်ပြီးတော့ ဒါဟာ အမေရိကန် ပြည်ထောင်စုက ပြည်နယ်အသီးသီးမှာ ရောက်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေဖြစ်တဲ့ ဆန္ဒတွေ ပြကြတယ်၊ တောင်းဆိုကြတယ်။ စာတွေ ပေးပို့ကြတော့မှ အမေရိကန်ရဲ့ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်တွေ က Burma Act ဆိုတဲ့ ဥပဒေကြီး ပြဋ္ဌာန်းပေးလိုက်တာ ဖြစ်တယ်။

မေး။ ။ ဆရာပြောသလို တခြားဘဏ်တွေကို အသုံးချပြီး ထွက်ပေါက်ရှာတဲ့ နည်းကရော သူတို့အတွက် အဆင်ပြေလာနိုင်မလား။

ဖြေ။ ။ သူတို့ရဲ့ ခရိုနီဘဏ်တွေကနေတဆင့် တခြားဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဘဏ်အကောင့်တွေ ဖွင့်လှစ်ပြီး ငွေအလွှဲအပြောင်းလုပ်တာတွေကို ပြည်သူလူထုတွေအနေနဲ့သိပြီဆိုရင် အဲဒီအချက်အလက်တွေကို ကျနော်တို့ဆီ ပို့ပေးလို့ရတယ်။ တချို့ ခရိုနီဘဏ်တွေကနေတဆင့် ထိုင်းဘဏ်တွေက သွားနေတဲ့ဟာတွေကို ကျနော်တို့ သိနေတာတွေ ရှိတယ်။

ဒါကြောင့် ကျနော်အရှေ့မှာ ပြောခဲ့တာပေါ့။ ဦးသန်းရွှေ ခေတ်တုန်းကလိုပဲ ခရိုနီဘဏ်တွေကတဆင့် သူတို့ ရှောင်လွှဲမယ့်နည်းကို မြင်နေရတယ်။ ဘယ်ဘဏ်တွေနဲ့ အဓိကလုပ်မလဲဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး။ အဓိက ကတော့ ကျနော့်အတွေ့အကြုံအရ၊ ကျနော့်အမြင်ကို ပြောရရင် တရုတ်က အဓိကဖြစ်တယ်။ သူတို့ တရုတ်ထွက်ပေါက် ယူလိမ့်မယ်။

မေး။ ။ နောက်ဆုံးမေးချင်တာက တိုင်းပြည်စီးပွားရေးကျဆင်းမှု ဖြစ်လာနေပြီး ဘဏ္ဍာငွေ လိုအပ်ချက် ကြီးမားလာနေတယ်။ အဲဒါတွေကိုလည်း ခရိုနီတွေကို ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပြီး ဖြည့်တင်းနေရတယ်။ အဲဒါကရော သူတို့အတွက် ရေရှည်အဆင် ပြေနိုင်ပါ့မလား။

ဖြေ။ ။ မဖြစ်နိုင်ဘူးလေ။ မဖြစ်လာလို့ပဲ သူတို့ ကျပ်နှစ်သောင်းတန်တွေ ထုတ်လာရပြီလေဗျာ၊ ဒါက ရှင်းနေပြီဆိုတာ သက်သေပြတာပဲ။ ဘုရားကြီးတည်တာတို့ ဆင်ဖြူတော်လေးမွေးနေ့ကြောင့် အမှတ်တရ ထုတ်တာဘာဆိုတာက အကြောင်းပြချက်သက်သက်ပဲ။ တကယ့်အစစ်အမှန်က သူတို့မှ ငွေကြေးအကျပ်အတည်းဖြစ်နေပြီ။ နိုင်ငံခြားငွေ ဒေါ်လာ မှာ အကျပ်အတည်းဖြစ်လာပြီ။ အခုဟာက ဆန်ရှင်တွေကြောင့် MOGE တင် အကျပ်အတည်းဖြစ်တာ မဟုတ်ဘူး။ ကုန်သွယ်ရေးမှုမှာပါ အကျပ်အတည်း ဖြစ်လာပြီ။ ။

You may also like these stories:

ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ

မြန်မာ့စီးပွားရေးဘဏ်များတွင် စစ်တပ်အရာရှိများကို ခန့်

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

စစ်ကောင်စီဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုများ စတင်အရေးယူမည်ဟု အမေရိကန်သတိပေး

Your Thoughts …
Tags: MFTBMICBUOBစီးပွားရေးပညာရှင် ဦးစိန်ဌေးဆန်ရှင်နိုင်ငံပိုင်ဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လေယာဉ်ဆီ ဆန်ရှင်လုပ်ခံရတဲ့အခါ

လေယာဉ်ဆီ ဆန်ရှင်လုပ်ခံရတဲ့အခါ

by ဧရာဝတီ
26 August 2023
11.3k

အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်ပြည်ထောင်စု၏ ဆန်ရှင်များသည် တရစ်ချင်း ပိုကျပ်လာနေလျက် ရှိသည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

မြန်မာ့မတည်ငြိမ်မှုအတွက် မင်းအောင်လှိုင်က အမေရိကန်ကို အပြစ်တင်

မြန်မာ့မတည်ငြိမ်မှုအတွက် မင်းအောင်လှိုင်က အမေရိကန်ကို အပြစ်တင်

by ဧရာဝတီ
1 November 2023
7.6k

မင်းအောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံကို ထိန်းချုပ်ရေးတွင် မြန်မာသည် အမေရိကန်မူဝါဒ၏ သားကောင်ဖြစ်သည်ဟု ပြောခဲ့သည်။

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

by ဧရာဝတီ
12 August 2023
7.6k

အာဏာသိမ်းစစ်ကောင်စီက ကျပ်နှစ်သောင်းတန် ရိုက်ထုတ်မှုနှင့် စင်ကာပူနိုင်ငံ၏ အဓိကဘဏ်ကြီး တခုဖြစ်သည့် United Overseas Bank (UOB)က မြန်မာ့ဘဏ်များနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး ပြည်တွင်းပြည်ပငွေလွှဲပြောင်းမှု ကြားခံ ဘဏ်ဆက်ဆံရေး ရပ်ဆိုင်းလိုက်သောဂယက်များကြောင့် ယခုရက်ပိုင်းအတွင်း မြန်မာ့ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေသည်။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

Next Post
အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ပိုမိုပြင်းထန်လာကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ ထုတ်ပြန်

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ပိုမိုပြင်းထန်လာကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ ထုတ်ပြန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved