• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့မတည်ငြိမ်မှုအတွက် မင်းအောင်လှိုင်က အမေရိကန်ကို အပြစ်တင်

by ဧရာဝတီ
1 November 2023
in သတင်း
A A
မြန်မာ့မတည်ငြိမ်မှုအတွက် မင်းအောင်လှိုင်က အမေရိကန်ကို အပြစ်တင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံအား ချနင်းပြီး အာဏာသိမ်းမှုကို လူအများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည် / AFP

7.6k
VIEWS
Share on FacebookShare on Twitter

သူ၏အမြင်ကျဉ်းသော စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် နိုင်ငံ့ကပ်ဆိုးအတွက် အပြစ်တင်ရန် မင်းအောင်လှိုင်၏ နောက်ဆုံးအားထုတ်မှုကို မြန်မာ စကားပုံအားဖြင့် အက မတတ်တော့ ဖျာအပြစ်တင် ဆိုသည့် စကားဖြင့် သရုပ်ဖော်ရမည် ဖြစ်သည်။

ယခုတကြိမ်တွင် မင်းအောင်လှိုင် လက်ညှိုးထိုး အပြစ်တင်သည်မှာ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။

အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် မင်းအောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံကို ထိန်းချုပ်ရေးတွင် မြန်မာသည် အမေရိကန်မူဝါဒ၏ သားကောင်ဖြစ်သည်ဟု ပြောခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာတွင် ၎င်းတို့လိုလားသည့် အာဏာရအစိုးရဖြစ်ပြီး စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း ဖြုတ်ချခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အကျိုးစီးပွားကို ဆက်လက်ရှေ့တန်း တင်နေကြောင်း ၎င်းက ပြောသည်။

ထိုသို့လုပ်ရာတွင် မအောင်မြင်သောကြောင့် ဝါရှင်တန်သည် အကြမ်းဖက်အဖွဲ့အစည်း အမျိုးမျိုးကို ကူညီပြီး မြန်မာတွင် မတည်ငြိမ်စေရေးအတွက် အကြောင်းအမျိုးမျိုးပြ လုပ်ကိုင်နေကြောင်း မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီသည် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် တံဆိပ်ကပ်ထားသည်။

ဝါရှင်တန်က စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုများကို ရည်ညွှန်းပြီး အမေရိကန် ပြည်ထောင်စုသည် ၎င်းတို့ဆန္ဒကို တားဆီးသူများအား ရန်လိုသည့် သဘောထားရှိသည်ဟု ပြောသည်။

အမေရိကန် ပြည်ထောင်စုသည် ဖမ်းဆီးခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုက်ပွဲများကြောင့် ထိခိုက်ရသည့် သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးတို့ကို တောင်းဆိုထားသည်။

သို့သော် စစ်ကောင်စီသည် နိုင်ငံတကာ အသိုက်အဝန်း၏ ပြစ်တင်ရှုတ်ချမှု အားလုံးကို လျစ်လျူရှုပြီး အရပ်သား ပြည်သူများကို အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့်ကာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ၎င်းတို့ သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကိုပင် မထေမဲ့မြင်ပြုနေသည်။

ဝါရှင်တန်သည် မြန်မာတွင် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး လုပ်ဆောင်သည့် အင်အားစုများကို ထောက်ပံ့ရေး၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပစ်မှတ်ထားအရေးယူရေး၊ လက်နက်ကိုင် အင်အားစုများကို လက်နက်မဟုတ်သော အကူအညီပေးရေး ဘားမားအက် (Burma Act) ဥပဒေကိုလည်း အတည်ပြုထားသည်။

ဘားမားအက်ဥပဒေသည် သက်ရောက်မှု မရှိသေးသော်လည်း နိုင်ငံပိုင် ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်ရေးဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှင့် စစ်ကောင်စီ၏ အဓိက နိုင်ငံခြားငွေရှာဖွေပေးသည့် လုပ်ငန်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို အရေးယူပိတ်ဆို့မှုများသည် ငွေပြတ်နေသည့် စစ်ကောင်စီကို အထိနာစေသည်။

အရပ်သား NUG အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထောက်ခံသည့်အနေဖြင့် ဝါရှင်တန်သည် စစ်ကောင်စီနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၀၀ ကျော်ကို အရေးယူပိတ်ဆို့ထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး၌ မင်းအောင်လှိုင်သည် အာဆီယံ အဖွဲ့ဝင်များက ၎င်းတို့ကို ဖယ်ကျဉ်ထားသည့် ကိစ္စကိုလည်း မကျေမနပ် ပြောသည်။ သမိုင်းကြောင်းအရ ရင်းနှီးသည့် နိုင်ငံများသည် ဝါရှင်တန်၏ သြဇာကို မလှန်နိုင်ဘဲ မြန်မာကို ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် သံတမန်ရေး အရေးယူမှုများ ချမှတ်ထားကြောင်း စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားကို ရည်ညွှန်းပြီး ပြောသည်။

မြန်မာဗိုလ်ချုပ်များ၏ လက်ရွေးစင် နိုင်ငံခြားဘဏ်ဖြစ်သည့် စင်ကာပူမှ United Overseas Bank (UOB) သည်လည်း မြန်မာဘဏ်စနစ်နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ မြန်မာဗိုလ်ချုပ်များကို မလေးရှားက ပြင်းထန်စွာ အရေးယူရန် တောင်းဆိုပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း မြန်မာဗိုလ်ချုပ်များကို ထိပ်သီးဆွေးနွေးပွဲများ တက်ရောက်ခွင့် မပေးပေ။

စစ်ကောင်စီသည် ဒေါ်လာနှင့် ဘဏ္ဍာရေး အပေးအယူများအတွက် အခြားဘဏ်များကို ဆက်သွယ်ရန် ကြိုးစားနေကြောင်း ထိုအစည်းအဝေးတွင် ၎င်းက ပြောသည်။

နိုင်ငံအချို့သည် နိုင်ငံငယ်များကို အနိုင်ကျင့်ရန် ဒေါ်လာကို အသုံးချနေသည်ဟု မင်းအောင်လှိုင် တခါက ပြောခဲ့ဖူးသည်။

တရုတ်ကြောင့် သူ၏စစ်ကောင်စီကို အမေရိကန် ပြည်ထောင်စုက ပစ်မှတ်ထား၊ မထား သိရန် လွယ်ကူသော နည်းလမ်း တခုရှိသည်။

စစ်ကောင်စီသည် တရုတ်အတွက် အမှန်တကယ် အရေးပါ ပါက ဘေဂျင်းသည် မင်းအောင်လှိုင်ကို အားကိုးရန် တတ်နိုင်သမျှ အားလုံးလုပ်မည် ဖြစ်သည်။

သို့သော် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဘေဂျင်းတွင် ယခုလ အစောပိုင်းက ကျင်းပသည့် ရပ်ဝန်းနှင့် လမ်းအစီအစဉ် ၁၀ နှစ်ပြည့် အခမ်းအနားသို့ စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းမရှိပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Boss Blames His Coup and Ensuing National Disaster on US ကို ဘာသာပြန်သည်။)

You may also like these stories:

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

စစ်ကောင်စီကို ဖိအား အပြင်းအထန်ပေးမည်ဟု ထိုင်းရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော

စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ

စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

Your Thoughts …
Tags: Burma ActMICBNLDNUGPDFစစ်ကောင်စီတရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဖက်ဒရယ်ဒီမိုကရေစီအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ရှောင် ၂ သောင်းကျော်ထိရှိလာ

စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ရှောင် ၂ သောင်းကျော်ထိရှိလာ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved