• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီခေါင်းဆောင်၏ သားသမီးများ အမေရိကန် အရေးယူပိတ်ဆို့

by ဧရာဝတီ
11 March 2021
in သတင်း
A A
အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်၊ ၎င်းတို့ထိန်းချုပ်ထားသော ကုမ္ပဏီ ၆ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်/ Justice for Myanmar

အမေရိကန်ပြည်ထောင်စုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်၊ ၎င်းတို့ထိန်းချုပ်ထားသော ကုမ္ပဏီ ၆ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်/ Justice for Myanmar

42k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခြင်းနှင့် ထိုနောက်ပိုင်း ဆန္ဒပြသူများကို သတ်ဖြတ်ခြင်းများအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးနှစ်ယောက်၊ ၎င်းတို့ထိန်းချုပ်ထားသော ကုမ္ပဏီ ၆ ခုတို့အပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

အာဏာသိမ်းမှုကို ဦးဆောင်ပြီး စစ်ကောင်စီအကြီးအကဲအဖြစ်လုပ်ကိုင်နေသည့် မြန်မာစစ်ခေါင်းဆောင်၏ အရွယ်ရောက်ပြီးသော သားသမီးများဖြစ်သည့် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့ကို နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ကြေညာချက်တစောင်တွင်ဖေါ်ပြထားသည်။

နောက်ထပ်အရေးယူမှုများ ပြုလုပ်ဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီဘလင်ကန်က သတိပေးလိုက်ပြီး လူပေါင်း ၁၇၀၀ ကျော်ကို ဖမ်းဆီးထားခြင်းနှင့် လက်နက်မဲ့အရပ်သားများကို စစ်တပ်က တိုက်ခိုက်နေခြင်းအတွက်လည်း ပြစ်တင်ရှုတ်ချလိုက်သည်။ ထိုတိုက်ခိုက်မှုများကြောင့် လူအနည်းဆုံး ၅၃ ယောက် သေဆုံးပြီးဖြစ်သည်။

“အကြမ်းဖက်မှု လှုံ့ဆော်ပြီး ပြည်သူ့ဆန္ဒကို ဖိနှိပ်တဲ့သူတွေကို ထပ်မံအရေးယူဖို့အတွက် တုံ့ဆိုင်းနေမှာမဟုတ်ဘူး” ဟုလည် ဘလင်ကန်က ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။

စစ်တပ်သည် ယခင်စစ်အုပ်ချုပ်ရေးခေတ်က ဆန္ဒပြပွဲများကို အင်အားသုံးဖိနှိပ်သည့် ထုံးစံအတိုင်း ၎င်းတို့၏လုပ်ရပ်များကို ပြစ်တင်ရှုတ်ချခြင်းများအား ပယ်ချထားသည်။

စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ဝါရှင်တန်က မြန်မာစစ်တပ်ကို အရေးယူမှုများအနက် ယခုနောက်ဆုံးအရေးယူမှုဖြစ်သည့် ဗုဒ္ဓဟူးနေ့က အရေးယူမှုသည် ထိုအမည်ပျက်စာရင်းတွင် ပါသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီး ၎င်းတို့နှင့် အမေရိကန်နိုင်ငံသားများအကြား ဆက်ဆံခြင်းကိုလည်း ပိတ်ပင်သည်။

၂၀၁၁ ခုနှစ်မှစတင်ပြီး မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မိသားစု အကျိုးစီးပွားအတွက် အာဏာအလွဲသုံးစားလုပ်ကြောင်း ထိုမိသားစုသည် နိုင်ငံ၏ သယံဇာတများနှင့် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်မှုများမှ အကျိုးစီးပွားခံစားနေရကြောင်း မြန်မာနိုင်ငံအတွက် တရားမျှတမှုအဖွဲ့ Justice for Myanmar က ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမည်ပျက်စာရင်းသွင်လိုက်သော ကုမ္ပဏီ ၆ ခုတွင် စစ်ခေါင်းဆောင်၏ သား အောင်ပြည့်စုံ ထိန်းချုပ်ထားသည့် A&M Mahar ပါဝင်သည်။ A&M Mahar သည် မြန်မာ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူပြီး ပြည်ပဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက်သို့ ဝင်ရောက်ခွင့်ရရန်လုပ်ဆောင်ပေးကြောင်း Justice for Myanmar ကဖေါ်ပြသည်။

အောင်ပြည့်စုံသည် ရန်ကုန်မှ အထက်လွှာများအကြား ကျော်ကြားသည့် ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဖြစ်သည့် ချောင်းသာတွင် အကြီးဆုံးဖြစ်သည်ဟုဆိုသော Azura Beach Resort ကမ်းခြေ အပမ်းဖြေစခန်း ကိုလည်း ပိုင်ဆိုင်သည်။

ထိုအပမ်းဖြေစခန်းကို မြေ ၂၂.၂၂ ဧကပေါ်တွင် လွန်ခဲ့သော နှစ်အနည်းငယ်က Sky One ဆောက်လုပ်ရေး လုပ်ငန်းက တည်ဆောက်ခဲ့သည်။ Sky One ဆောက်လုပ်ရေးကိုလည်း အောင်ပြည့်စုံပိုင်ကြောင်း Justice for Myanmar က ဖေါ်ပြထားသည်။

အောင်ပြည်စုံ၏ ဇနီးဖြစ်သူ မျိုးရတနာထိုက်သည်လည်း ငြိမ်းချမ်းပြည့်စုံ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကုမ္ပဏီတွင် ခင်ပွန်းသည်နှင့်အတူ ဒါရိုက်တာအဖြစ် လုပ်ကိုင်ပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည်။

ဗိုလ်ချုပ်မှူးကြီး၏ သမီး ခင်သီရိသက်မွန်သည် အကုန်အကျများသော ရုပ်ရှင်များထုတ်လုပ်သည့် မီဒီယာထုတ်လုပ်ရေး လုပ်ငန်းတခုဖြစ်သော Seventh Sense ကို ပိုင်ဆိုင်သည်။ ထိုလုပ်ငန်းသည် နေတိုးနှင့် ဝတ်မှုံရွှေရည်တို့နှင့် စာချုပ်များ ချုပ်ဆိုထားကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

စီးပွားရေး လောဘကြောင့် စစ်အာဏာသိမ်း

အာဏာသိမ်းခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူနှင့် သူ့မိသားစု၏ ဘဏ္ဍာရေးအကျိုးစီးပွားအပြင် စုံစမ်းစစ်ဆေးခွင့်မရသော စစ်တပ်၏ စီးပွားရေး လွှမ်းမိုးမှုကို ကာကွယ်လိုက်ကြောင်း ဝေဖန်မှုများ ရှိသည်။။

“အာဏာသိမ်းရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ဘဏ္ဍာရေး အကျိုးစီးပွားပဲဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်” ဟု Justice for Myanmar လှုပ်ရှားမှုအဖွဲ့၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သားဘဝတွင် တိတ်တိတ်ဆိတ်ဆိတ်နေပြီး လူသိမခံလိုသော အရာရှိအဖြစ် တဖြည်းဖြည်း ရာထူးများတက်လာက ဇူလိုင်လ ၃ ရက်နေ့တွင် အသက် ၆၅ နှစ်ပြည့်ပြီး အငြိမ်းစားယူရန် ၅ လ အလို ဖေဖေါ်ဝါရီလ ၁ နေ့တွင် စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

သူ၏အခြားသော ရည်မှန်းချက်များတွင် သူက်ိုယ်တိုင်၊ သူ့မိသားစု၊ အကျိုးအမြတ်များပြီး ကျယ်ပြန့်သော ဘဏ္ဍာရေးနှင့် စီးပွားရေးုလုပ်ငန်းများအတွက် စုံစမ်းစစ်ဆေးခံရနိုင်ဖွယ်ရှိသော စစ်တပ်အတွင်းမှ လုပ်ဖေါ်ကိုင်ဖက်များကို ကာကွယ်ရန်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Justice for Myanmar ကဖေါ်ပြသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
61
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်က စစ်တပ်ရဲ့ လုပ်ငန်းစုကြီး နှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ (MEHL) တွေအပေါ်မှာ အကြွင်းမဲ့ အာဏာရှိတယ်” ဟု အထက်ပါ လှုပ်ရှားမှုအဖွဲ့က ပြောသည်။

MEC နှင့် MEHL တို့သည် မြန်နိုင်ငံမှ ကူးသန်းရောင်းဝယ်ရေး ဆိပ်ကမ်းများ၊ ကုန်သေတ္တာစခန်းများ၊ ကျောက်စိမ်းနှင့် ပတ္တမြားတူးဖေါ်ရေး၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနှင့်အခြား အကျိုးအမြတ်များသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သတင်းများကဆိုသည်။

ထို စစ်တပ်ပိုင်လုပ်ငန်းစုများသည် လူအခွင့်အရေး ဥပဒေများနှင့် န်ိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများ ချိုးဖေါက်မှုများနှင့် ပတ်သက်နေကြောင်းနှင့် ထိုသို့ ချိုးဖေါက်မှုများကို ဖြစ်စေကြောင်း Justice for Myanmar အစီရင်ခံစာက ဆိုသည်။

ထိုကြောင့် စစ်အာဏာသိမ်းခေါင်းဆောင်ကို စစ်တပ်၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်များရနေသည့် စစ်တပ်တွင်းမှ အရာရှိများက အပြင်းအထန်ထောက်ခံကြသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ အစ္စရေးနှင့် အခြားနိုင်ငံများထံမှ ဈေးကြီးသောလက်နက်များ ဝယ်ယူခြင်းဖြင့် တပ်အတွင်း ကျေနပ်အောင် လုပ်ဆောင်ပေးသည်ဟု ဆိုသည်။ ထိုသို့ ပြည်ပမှ လက်နက်ဝယ်ယူခြင်းတွင် ဗိုလ်ချုပ်များက ဈေးတင်ကာ အမြတ်ထုတ်သည့် အစဉ်အလာရှိသည်။

အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transparency International ကမြန်မာနိုင်ငံသည် ကမ္ဘာတဝန်း အကျင့်ပျက်ခြစားမှု အများဆုံး စာရင်းတွင် ထည့်ထားကြောင်း အဂတိလိုက်စားမှု အညွှန်းကိန်းများအရ သိရသည်။

၎င်းတို့၏ အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုလွှဲပြောင်းမှုများကို အများပြည်သူ သိရှိခွင့်မရဘဲ ထိုစီးပွားရေးများအတွက် ပြဿနာဖြစ်စေသည့် အကြောင်းရင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူ၏မိသားစုနှင့် တပ်တွင်းမှ လုပ်ဖေါ်ကိုင်ဖက်များက ထိုလုပ်ငန်းများကို တင်းကျပ်စွာ ချုပ်ကိုင်ထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က အာဏာမသိမ်းဘဲ အငြိမ်းစားယူလိုက်ပါက နိုဝင်ဘာလရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုန်ိုင်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

“ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနောက်တခုကို လှလှပပလေး အနိုင်ယူလိုက်တော့ လစ်ဘရယ်မပီသရင်တောင်မှ အမှန်တကယ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်လာမယ့် အန္တရာယ်ရှိလာပြီး ရှေ့ရှောက် စစ်တပ်ရဲ့ အနေအထားကို ထိခိုက်စေနိုင်တယ်” ဟု လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့်အာဖရိက လေ့လာရေးဌာနမှသုတေသီ အဗင်နက်ရှ် ပါလီဝယ်က ရေးသားခဲ့သည်။

ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ တောင်းဆို

အမေရိကန် ဘဏ္ဍာရေးဌာန၏လုပ်ဆောင်ချက်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကြွယ်ဝချမ်းသာမှုကို တိုက်ရိုက်ထိခိုက်သောကြောင့် လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့မှ အာရှဆိုင်ရာ ဒါရိုက်တာ ဂျွန်ဆစ်ဖ်တွန်က ချီးကျူးလိုက်ပြီး ပိုမိုပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်ရန် တောင်းဆိုသည်။

“ဒီအရေးယူမှုတွေဟာ သူတို့ရဲ့ အပြုအမူပြောင်းလဲစေနိုင်တဲ့ အရေးယူမှုတွေလို့ ကျနော်တို့ မယူဆဘူး။ ဒီထက် ပိုမိုကြီးမားတဲ့ ဝင်ငွေတွေကို အာရုံစိုက်ဖို့နဲ့ အဲဒီလိုဖြတ်တောက်မှုတွေဟာ စစ်တပ်ကို အဖွဲ့အစည်းတခုအနေနဲ့ ပိုမိုထိခိုက်စေဖို့ ကျနော်တို့ထောက်ခံတယ်” ဟု ဆစ်ဖ်တွန်က နိုင်ငံတကာကုမ္ပဏီများ ပါဝင်ပတ်သက်နေသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်းများကို ရည်ရွယ်ပြောကြားသည်။

စစ်တပ်ကို နိုင်ငံ့စီးပွားရေးတွင် ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ရန် အသုံးပြုနေသည့် လုပ်ငန်းများဖြစ်သော စစ်တပ်ပိုင် MEC နှင့် MEHL တို့ကို အမေရိကန်ပြည်ထောင်စုက အရေးမယူသေးပေ။

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံကို ထပ်မံအရေးယူရန် စဉ်းစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒိုမင်းနစ် ရက်ဘ် ပြောသည်။

“ဗြိတိန်နိုင်ငံအနေနဲ့ နောက်ထပ်အရေးယူမှုတွေကို လေ့လာနေတယ်။ စစ်ကောင်စီဟာ အာဏာအလွဲသုံးစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကနေ အကျိုးအမြတ်မရသင့်ဘူး” ဟု အမေရိကန်အရေးယူမှုအပြီးတွင် ရက်ဘ် ပြောသည်။

ကိုးကား။ ။ Reuters, Asia Times

You may also like these stories:

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

စစ်တပ်က အစ္စရေး-ကနေဒီယန် လော်ဘီသမားကို ဒေါ်လာ ၂ သန်းပေး ငှားရမ်း

ပြည်သူကို ညှင်းပန်းနှိပ်စက်ခဲ့သည့် ငရဲခန်း သို့မဟုတ် မြိတ်လေတပ်စခန်း

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

Your Thoughts …
Tags: ခင်သီရိသက်မွန်စစ်အာဏာသိမ်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမေရိကန်ပြည်ထောင်စုအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုအောင်ပြည့်စုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

Next Post
မတ်လ ၇ရက်က အလုံမြို့နယ်မှ သပိတ်စစ်ကြောင်း

ရဲနှင့် တပ် အလုံလမ်း Car Service ကို ဝင်ရောက်ဖျက်ဆီး၊ ဝန်ထမ်း ၁၀ ဦးကို ဖမ်းသွား

သေဆုံးသူမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ရဲနှင့် စစ်တပ်က ဖိအားပေးဖြေခိုင်းနေသည့် ရုပ်သံမှတ်တမ်း

သေဆုံးသူမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ရဲနှင့် စစ်တပ်က ဖိအားပေးဖြေခိုင်းနေသည့် ရုပ်သံမှတ်တမ်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved