• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
in ဆောင်းပါး
A A
မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား
15.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားပြီး မြန်မာစစ်တပ်ကပိုင်သည့် ဆက်သွယ်ရေးလုပ်ငန်းမှ ရှယ်ယာရှင်တဦးမှသည် လေယာဉ်ဆီတင်သွင်းသူ၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုနှင့် နီးစပ်သည့် ဟိုတယ်ပိုင်ရှင်အထိ ခရိုနီ ၂၀ နီးပါးသည် စစ်ခေါင်းဆောင်၏ ယခုအပတ် ရုရှားခရီးစဉ်တွင် လိုက်ပါသွားပြီး အာဏာရှင် နှစ်နိုင်ငံအကြား စီးပွားရေးအဆက်အသွယ် ပိုကောင်းစေရန် ကူညီခဲ့ကြသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မင်းအောင်လှိုင်သည် မော်စကိုသို့ မတ်လ ၃ ရက်နေ့တွင် ရောက်သည်။ သူ၏ခရီးစဉ်အတွင်း မြန်မာနှင့်ရုရှားသည် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ သတင်းနည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် စွမ်းအင်အပါအဝင် ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၁၀ ခု လက်မှတ်ရေးထိုးကြသည်။ ထိုစီမံကိန်းများအကြားတွင် ၁၁၀ မဂ္ဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများ အကောင်အထည်ဖော်ရေး ပါဝင်သည်။

ထိုစီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ရုရှားအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး မတ်လ ၅ ရက်နေ့က မော်စကိုတွင် ကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာရင်းအရ မင်းအောင်လှိုင် စစ်ကောင်စီအောက်တွင် ခရိုနီသစ် အများအပြား ပေါ်ပေါက်လာကြောင်း ပြသနေသည်။

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။ ထိုစာရင်းအရ မင်းအောင်လှိုင် စစ်ကောင်စီအောက်တွင် ခရိုနီသစ် အများအပြား ပေါ်ပေါက်လာကြောင်း ပြသနေသည်။

ထိုသူများတွင် မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်း Mytel မှ အဓိကရှယ်ယာရှင်နှင့် မြန်မာနိုင်ငံတကာ လေကြောင်းလိုင်း (MAI) ပိုင်ရှင် ဦးမြဟန် ပါဝင်သည်။ သူ၏ လေယာဉ်များအနက် တစင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားသို့ ပို့ဆောင်ပေးခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့က မော်စကိုတွင် ကျင်းပသည့် မြန်မာ-ရုရှား စီးပွားရေး ဖိုရမ်တွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ MAI အကြီးအကဲ ဦးအောင်အောင်ဇော်က ရှင်းလင်းတင်ပြစဉ် / Sputnik

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနှင့် နီးစပ်သည့် ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်၊ ရုရှားနိုင်ငံပိုင် Rosatom နှင့် ပူးပေါင်းပြီး မြန်မာတွင် လေအားလျှပ်စစ်လုပ်ငန်းများ ထူထောင်မည့် RGK+Z&A Group of Companies အမှုဆောင်အရာရှိချုပ် ဦးဇေယျသူရမွန်လည်း ထိုအဖွဲ့တွင် ပါဝင်သည်။

စစ်ကောင်စီ ခေါင်းဆောင်၏သားဖြစ်ပြီး မြန်မာရှိ စီးပွားရေးလုပ်ငန်းများတွင် လေအားလျှပ်စစ် စက်ရုံများလည်း ပါဝင်သည့် အောင်ပြည့်စုံလည်း ထိုကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည်ဟု ဖော်ပြကြသည်။

ထို့ပြင် Skynet မီဒီယာ၊ ရွှေဘဏ်နှင့် အိမ်ခြံမြေလုပ်ငန်းစု ရွှေသံလွင်အုပ်စုကို တည်ထောင်သူ ဦးကျော်ဝင်းနှင့် မြန်မာမှ အကြီးမားဆုံး စီးပွားရေး လော်ဘီအဖွဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ် အနည်းဆုံး လေးဦးလည်း ပါဝင်သည်။

ထို လေးဦးမှာ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ ဝါရင့်အဖွဲ့ဝင်နှင့် စစ်ကောင်စီလိုလားသော Asian Fame Media Group အမှုဆောင်အရာရှိချုပ် ဒေါ်နန်းကလျာဝင်း၊ အဖွဲ့ဝင် ဦးညီညီလွင်တို့ ဖြစ်သည်။

UMFCCI မှ အဆင်မြင့်အဖွဲ့ဝင် ၆၄ ဦးသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများအတွက် ၎င်းတို့ကို စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လွန်ခဲ့သောနှစ်ကပင် အမည်ပျက်စာရင်းတွင် ထည့်သွင်းပြီးဖြစ်သည်။

UMFCCI ဥက္ကဋ္ဌ ဦး‌အေးဝင်းက မော်စကိုတွင် ကျင်းပသည့် မြန်မာ-ရုရှား စီးပွားရေး ဖိုရမ်တွင် မတ်လ ၅ ရက်က ဟောပြောစဉ် / Sputnik

အကျိုးခံစားခွင့် ရမည့်သူများလော

ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အတွင်း ဦးအောင်အောင်ဇော်သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အခြေအနေကို တင်ပြသည်။ သူသည် (ယခင်က Air KBZ ဟု လူသိများသော) မင်္ဂလာ လေကြောင်းလိုင်းနှင့် MAI ကို လက်ရှိစီမံနေသည့် 24 Hour Group of Companies ၏ ဥက္ကဋ္ဌ ဖြစ်သည်။

MAI သည် စစ်ကောင်စီ၏ အဓိက စီးပွားရေးမိတ်ဖက်ဖြစ်သည်။ MAI နှင့် မြန်မာလေတပ်သည် လေယာဉ်များကို ခွဲဝေသုံးစွဲပြီး စစ်ကောင်စီခေါင်းဆောင်ပိုင်းသည် နိုင်ငံတကာ ခရီးစဉ်များအတွက် MAI အမှတ်တံဆိပ်ပါ လေယာဉ်များကို သုံးစွဲကြသည်။ ထိုလေကြောင်းလိုင်း နှစ်ခုလုံးကို ခရိုနီဂိုဏ်းချုပ် KBZ ကုမ္ပဏီများအုပ်စု ပိုင်ရှင် ဦးအောင်ကိုဝင်း ပိုင်သည်။

KBZ အုပ်စုသည် လေကြောင်းပို့ဆောင်ရေးအပြင် သတ္တုတူးဖော်ရေး၊ စားအုန်းဆီ စိုက်ခင်းများ၊ လျှပ်စစ်ဓာတ်အား စီမံကိန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်သည်။ ၎င်း၏ အင်တာနက် စာမျက်နှာအရ မြန်မာသို့ လေယာဉ်ဆီအပါအဝင် လောင်စာတင်သွင်းဖြန့်ချိရန် ၂၀၂၁ ခုနှစ်တွင် ရေနံလုပ်ငန်း ၂၁ ခု ထူထောင်ခဲ့ကြောင်း သိရသည်။ သူသည် မြန်မာအရပ်သားများကို လေကြောင်းတိုက်ခိုက်ပြီး သတ်ဖြတ်နေသည့် စစ်ကောင်စီသို့ လေယာဉ်ဆီ ထောက်ပံ့သည့်သူများတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည်။

KBZ အုပ်စုသည် လေကြောင်းပို့ဆောင်ရေးအပြင် သတ္တုတူးဖော်ရေး၊ စားအုန်းဆီ စိုက်ခင်းများ၊ လျှပ်စစ်ဓာတ်အား စီမံကိန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်သည်။ ၎င်း၏ အင်တာနက် စာမျက်နှာအရ မြန်မာသို့ လေယာဉ်ဆီအပါအဝင် လောင်စာတင်သွင်းဖြန့်ချိရန် ၂၀၂၁ ခုနှစ်တွင် ရေနံလုပ်ငန်း ၂၁ ခု ထူထောင်ခဲ့ကြောင်း သိရသည်။ သူသည် မြန်မာအရပ်သားများကို လေကြောင်းတိုက်ခိုက်ပြီး သတ်ဖြတ်နေသည့် စစ်ကောင်စီသို့ လေယာဉ်ဆီ ထောက်ပံ့သည့်သူများတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည်။

Mytel အကြီးအကဲ ဦးမြဟန် မော်စကိုတွင် ကျင်းပသည့် မြန်မာ-ရုရှား စီးပွားရေး ဖိုရမ်တွင် မတ်လ ၅ ရက်က စကားပြောစဉ် / Sputnik

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သမ္မတ ပူတင်တို့ မတ်လ ၄ ရက်နေ့တွင် တွေ့ဆုံပြီးနောက် ကရင်မလင်နန်းတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ရုရှားသမ္မတက စွမ်းအင်သည် နှစ်နိုင်ငံဆက်ဆံရေး၏ သေနင်္ဂဗျူဟာကျသည့် နယ်ပယ်ဖြစ်ကြောင်း ပြောသည်။ “မနှစ်ကတုန်းက မြန်မာရေနံဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ကျနော်တို့ နိုင်ငံက” ဟု ၎င်းပြောသည်။

ဦးအောင်အောင်ဇော်သည် ထိုတင်သွင်းမှုများမှ အကျိုးခံစားခွင့် ရသူများတွင် ပါဝင်နိုင်ပြီး ထိုခရီးစဉ်အတွင်း အခွင့်အရေး ပိုမိုရရှိမည်ဖြစ်သည်ဟု သုတေသီများက ပြောသည်။

မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သောကြောင့် ထိုဖိုရမ်တွင် ဦးမြဟန်က စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍအကြောင်း ရှင်းလင်းပြောကြားသည်။ သို့သော် သူသည် Mytel ဟုခေါ်သည့် မြန်မာအမျိုးသား တယ်လီကွန်မြူနီကေးရှင်း လီမိတက်တွင် အဓိက ရှယ်ယာရှင်နှင့် ဒါရိုက်တာဖြစ်သည်။

ထိုလုပ်ငန်းသည် မြန်မာ စစ်တပ်ပိုင် Star High ကုမ္ပဏီနှင့် ဗီယက်နမ်စစ်တပ်က ထိန်းချုပ်ထားသည့် Viettel Global တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။ Mytel သည် စစ်ကောင်စီကို သတင်းထောက်လှမ်းမှုနှုင့် ဘဏ္ဍာရေး ထောက်ပံ့မှု အကူအညီပေးခြင်းအတွက် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလတွင် အရေးယူပိတ်ဆို့ထားသည်။

Mytel တွင် သူ၏အခန်းကဏ္ဍအရ ထိုဖိုရမ်တွင် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ဦးမြဟန် တင်ပြခြင်းသည် ပြည်တွင်း လေ့လာသူများ စိတ်ဝင်စားစရာ မဟုတ်ပေ။ မြန်မာနှင့် ရုရှားအကြား သတင်းနည်းပညာနှင့် ဆက်သွယ်ရေး နားလည်မှုစာချွန်လွှာသည် သူ့အတွက် ပိုမိုစိတ်ဝင်စားစရာကောင်းပြီး အကျိုးအမြတ်ရှိသောကိစ္စ ဖြစ်သည်။

ထိုကိုယ်စားလှယ်အဖွဲ့တွင် မြန်မာပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားအရာရှိ နှစ်ဦးလည်း ပါဝင်သည်။ ၎င်းတို့သည် ရုရှား ဘဏ်လုပ်ငန်းကဏ္ဍနှင့် ဆွေးနွေးကြပြီး မြန်မာတွင် ရုရှားဗဟိုဘဏ်က ထူထောင်ထားသည့် အီလက်ထရွန်းနစ် ငွေလွှဲပြောင်းမှုအတွက် ကတ်ဖြင့် ငွေပေးချေမှု Mir စနစ် တိုးချဲ့ရေးကို အာရုံစိုက်ကြသည်။

UMFCCI အဖွဲ့ဝင် နန်းကလျာဝင်း (ထိုင်ခုံဒုတိယတန်း၊ ယာစွန်) နှင့် ခိုင်ခိုင်နွယ် (ထိုင်ခုံဒုတိယတန်း၊ ယာဘက်မှ ဒုတိယမြောက်) တို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့က မော်စကိုတွင် ကျင်းပသည့် မြန်မာ-ရုရှား စီးပွားရေး ဖိုရမ်တွင် တွေ့ရစဉ် / GNLM

Mir စနစ်ကို လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ပြောသည်။ လွန်ခဲ့သောလတွင် ရုရှားနှင့် မြန်မာဗဟိုဘဏ်များသည် မြန်မာတွင် Mir ကတ် လက်ခံသောနေရာများ တိုးချဲ့ရေး အလားအလာနှင့် နှစ်နိုင်ငံမှ ဘဏ်များတွင် ကုမ္ပဏီများ အပြန်အလှန် တိုက်ရိုက် ငွေစာရင်းဖွင့်ရေး ဖြစ်နိုင်ခြေကို ဆွေးနွေးသည်။

ရွှေသံလွင်အုပ်စုမှ ဦးကျော်ဝင်းသည် မင်းအောင်လှိုင် ကိုယ်စားလှယ်အဖွဲ့နှင့် မလိုက်ဘဲ မော်စကိုသို့ ရက်အနည်းငယ် ကြိုတင်ရောက်နေပြီး အခြား စီးပွားရေးသမားများနှင့်အတူ စီမံကိန်းများ၊ အစည်းအဝေးများ၊ စီးပွားရေးဆွေးနွေးပွဲများကို ကြိုတင်စီစဉ်သည်။ သူသည် Mir ငွေပေးချေမှုစနစ်တွင် ပါဝင်ပတ်သက်ပုံရသော်လည်း နှစ်နိုင်ငံအကြား သဘောတူညီချက်များကြောင့် အခြား မည်သည့် အပေးအယူများရသည်ကို ရှင်းလင်းစွာ မသိရပေ။

စစ်ကောင်စီ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့်အတူ Amazing Hotels & Resorts Group တည်ထောင်သူ ဦးအောင်မျိုးမင်းဒင် ကဲ့သို့သော ခရိုနီများသည် ရုရှားခရီးသည်များထံမှ ဝင်ငွေပိုမိုရရန် သူ၏ဟိုတယ်နှင့် အပန်းဖြေစခန်းများကို ကြော်ငြာနိုင်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
124
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k
သဇင်ပန်း

သဇင်ပန်း

10 January 2026
102

Amazing Hotels & Resorts Group သည် အာဏာသိမ်းသူ မင်းအောင်လှိုင် ၂၀၁၁ ခုနှစ်တွင် စစ်တပ်ခေါင်းဆောင် ဖြစ်လာပြီးနောက် မြန်မာဟိုတယ်လုပ်ငန်းတွင် အအောင်မြင်ဆုံး ဖြစ်လာသည်။ သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ဇနီး၊ ဆရာမဖြစ်ခဲ့ဖူးသူ ဒေါ်ကြူကြူလှ၏ တပည့်ဖြစ်ခဲ့ဖူးသည်။

ရုရှားနိုင်ငံပိုင်လုပ်ငန်း Rosatom နှင့် လက်ရှိ အဆက်အသွယ်များကြောင့် RGK+Z&A Group မှ ဦးဇေယျသူရမွန်သည် ရုရှားခရီးစဉ်အတွင်း လက်မှတ်ရေးထိုးသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်း သဘောတူညီချက်များမှ အလားအလာရှိသော အကျိုးခံစားရမည့်သူများတွင် ပါဝင်သည်ဟု သတင်းထွက်နေသည်။

၂၀၂၃ ခုနှစ်တွင် သူသည် မြန်မာတွင် စွမ်းအင် မဟုတ်သော နျူကလီးယားနည်းပညာ အကောင်အထည်ဖော်ရေး၊ အထူးသဖြင့် ဓာတ်ရောင်ခြည် အက်တမ်ခွဲထုတ်မှုသုံး ထုတ်ကုန်များအတွက် Rosatom နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ထိုခရီးမှ အခြားအကျိုးခံစားရသူတဦးမှာ သူ့ဖခင်၏ မော်စကိုမှ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် သဘောတူညီချက်များကြောင့် အကျိုးခံစားရမည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ဖြစ်သည်။

ထိုခရီးမှ အခြားအကျိုးခံစားရသူတဦးမှာ သူ့ဖခင်၏ မော်စကိုမှ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် သဘောတူညီချက်များကြောင့် အကျိုးခံစားရမည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ဖြစ်သည်။

(ဝဲမှ ယာ) RGK+Z&A Group of Companies မှ ဦးဇေယျသူရမွန်၊ Amazing Hotels & Resorts Group မှ ဦးအောင်မျိုးမင်းဒင်၊ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံနှင့် ရွှေသံလွင် အုပ်စုမှ ဦးကျော်ဝင်း

အောင်ပြည့်စုံသည် သူ့ဖခင် စစ်အာဏာသိမ်းပြီး တနှစ်အကြာ ၂၀၂၂ ခုနှစ်တွင် အခြား မည်သူ့ကိုမှ ဖိတ်ခေါ်ခြင်းမရှိသော စုစုပေါင်း ၃၉၀ မဂ္ဂါဝပ် ရှိသည့် ဆိုလာစီမံကိန်းများ အကောင်အထည်ဖော်ရန် ကန်ထရိုက်ရထားသည့် Venus Essential ကုမ္ပဏီတွင် ရှယ်ယာများပိုင်သည်။

နောက်တနှစ်ကြာသောအခါ သူ၏ကုမ္ပဏီများအနက် တခုဖြစ်သော Golden Future Linkage သည် တရုတ်စွမ်းအင် အင်ဂျင်နီယာ ကော်ပိုရေးရှင်း လီမိတက် (CEEC) နှင့် ဖက်စပ် မန္တလေးတိုင်း၊ သာစည်မြို့နယ်မှ မြေ ၂၃၀ ဧကတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ တည်ဆောက်ရန် အဆိုပြုသည်။

အောင်ပြည့်စုံသည် နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ရေရှည်ဖြစ်နေစဉ် စစ်ကောင်စီက အကြီးအကျယ် အားပေးနေသည့် မြန်မာဆိုလာစွမ်းအင်ဈေးကွက်တွင် ခြေကုပ်ရရန် ကြိုးစားနေကြောင်း စီးပွားရေးလုပ်ငန်းအတွင်းလူများက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဟိန်းထူးဈာန်၏ Planeload of Cronies Accompany Myanmar Junta Boss on Russia Trip ကို ဘာသာပြန်သည်။)

You may also like these stories:

ဆင်ခြောက်ကောင်၊ သောမ ကြွက်မင်းနဲ့ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီး

ရုရှားမှာ နားလည်မှုစာချွန်လွှာများသာ မြန်မာစစ်ခေါင်းဆောင် လက်မှတ်ထိုးနိုင်

မော်စကို ကြွက်မင်း ပူဇော်ပွဲ ခရီးစဉ် ဘာထူးလဲ

ရုရှား- မြန်မာ သဘောတူညီချက် ၁၀ ခုလက်မှတ်ရေးထိုး

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

Your Thoughts …
Tags: MAIMytelNUGSliderUMFCCIခရိုနီခရီးသွားလုပ်ငန်းစစ်ကောင်စီစီးပွားရေးဆက်သွယ်ရေးဆိုလာစွမ်းအင်နျူကလီးယားပိတ်ဆို့အရေးယူမှုဘဏ္ဍာရေးရုရှားလေကြောင်းတိုက်ခိုက်မှုလေအားလျှပ်စစ်အမေရိကန်အောင်ပြည့်စုံ
ဟိန်းထူးဈာန်

ဟိန်းထူးဈာန်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကွတ်ခိုင်က KIA ရုံးကို TNLA တပ်တွေ ဝင်စီး (ရုပ်/သံ)

ကွတ်ခိုင်က KIA ရုံးကို TNLA တပ်တွေ ဝင်စီး (ရုပ်/သံ)

ကွတ်ခိုင်မြို့ထဲမှ KIA တပ်များ TNLA ဖယ်ရှား

ကွတ်ခိုင်မြို့ထဲမှ KIA တပ်များ TNLA ဖယ်ရှား

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved