• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

by Bertil Lintner
20 August 2024
in Military, Politics, ဆောင်းပါး
A A
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားအာဏာရှင် ဗလာဒီမာ ပူတင်

4.5k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသော်လည်း မြန်မာလူထုအမြင်ကို ပိုမို မဆိုးရွားစေရန် ဗိုလ်ချုပ်များနှင့် ကင်းကင်းနေသည့် တရုတ်နိုင်ငံကဲ့သို့ မဟုတ်ဘဲ ရုရှားများသည် တုံ့ဆိုင်းခြင်းမရှိဘဲ နေပြည်တော်မှ အာဏာသိမ်းသူများကို ပုံအောထောက်ခံသည်။

တရုတ်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခြင်း မရှိသေးသော်လည်း သူသည် မော်စကိုသို့ အကြိမ်ကြိမ် သွားရောက်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားအာဏာရှင် ဗလာဒီမာ ပူတင်ကို ဗလာဒီဗော့စတော့တွင် တွေ့ဆုံခဲ့သည်။

ရုရှားသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ သံချပ်ကာကားများ၊ အမြောက်များနှင့် အခြား စစ်လက်နက်ပစ္စည်းများကို မြန်မာသို့ ရောင်းချသည်။ မြန်မာဗိုလ်လောင်းနှင့် အရာရှိငယ် ထောင်နှင့်ချီ၍ ရုရှားတွင် သင်တန်းတက်သကဲ့သို့ ရုရှား စစ်အရာရှိကြီးများသည် နေပြည်တော်တွင် ကျင်းပသည့် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ အခမ်းအနားများသို့ စစ်ဝတ်စုံအပြည့်ဖြင့် တက်ရောက်ကြသည်။

ရုရှားစစ်တပ်မှ ပညာရှင်များသည် ရုရှားလုပ်စစ်လေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအတွက် မြန်မာ စစ်ကောင်စီလေတပ်ကို ကူညီပြီး မြေပြင်မျက်မြင် သက်သေများ၏အဆိုအရ ရုရှားပညာရှင်အချို့သည် ရခိုင်ပြည်နယ် ဒရုန်းစစ်ရေးစစ်ရာများတွင်ပင် စစ်ကောင်စီကို ကူညီနေကြောင်း သိရသည်။ အခြားသော စစ်ဇုန်များတွင်လည်း ထိုသို့ ကူညီဖွယ်ရှိသည်။

ပိုမို အငြင်းပွားဖွယ်ကောင်းသည်မှာ ရုရှားစစ်တပ်မှ ပညာရှင်များသည် ရုရှားလုပ်စစ်လေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအတွက် မြန်မာ စစ်ကောင်စီလေတပ်ကို ကူညီပြီး မြေပြင်မျက်မြင် သက်သေများ၏အဆိုအရ ရုရှားပညာရှင်အချို့သည် ရခိုင်ပြည်နယ် ဒရုန်းစစ်ရေးစစ်ရာများတွင်ပင် စစ်ကောင်စီကို ကူညီနေကြောင်း သိရသည်။ အခြားသော စစ်ဇုန်များတွင်လည်း ထိုသို့ ကူညီဖွယ်ရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်မီ တရက်က ရုရှားနှင့် မြန်မာ လုပ်ဖော်ကိုင်ဖက်များသည် ရန်ကုန်တွင် ပါတီပွဲတခု ကျင်းပပြီး ဗော်ဒကာအရက်များကို စိတ်ရှိတိုင်း သောက်ကြသည်။ ၎င်းတို့သည် မင်းအောင်လှိုင်၏ သားသမီးများ ဘဏ္ဍာရေး အကျိုးစီးပွားရှိသည့် စစ်တပ်၏ အဆင့်မြင့်နည်းပညာ မာလ်တီမီဒီယာ အဆောက်အအုံဖွင့်ပွဲ ကျင်းပကြသည်ဟု ဆိုသည်။ နောက်တနေ့တွင် ပြုလုပ်မည့် စစ်အာဏာသိမ်းမှုအတွက် ဂုဏ်ပြုခြင်း ဖြစ်နိုင်ကြောင်း ပြောရန် မလိုတော့ပေ။

တရုတ်အနေဖြင့် ဝှက်ဖဲကို ဂရုတစိုက်ကစားရန် အကြောင်းအမျိုးမျိုး ရှိနေသည်။ တရုတ်သည် မြန်မာတွင် အရေးပါသော ရေရှည် ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားရှိနေသည်။ မြန်မာသည် တရုတ်ကို အိန္ဒိယသမုဒ္ဒရာ တိုက်ရိုက် အသုံးပြုခွင့်ပေးနိုင်သည့် တနိုင်ငံတည်းသော အိမ်နီးချင်း နိုင်ငံဖြစ်သည်။

အခြားတဖက်တွင်မူ ရုရှားတို့တွင်လည်း ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ ရှိနေသည်။ မြန်မာစစ်ကောင်စီနှင့် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုသည် ရုရှားကို ပြန်လည် ကြီးကျယ်ခမ်းနားအောင်လုပ်မည့် ပူတင်၏ ရည်မှန်းချက်အဖြစ် ဦးစွာနားလည်သင့်သည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဖြစ်လာသည့် ဘောရစ်ယဲ့လ်ဆင်၏ ဖရိုဖရဲခေတ် နောက်ပိုင်းတွင် မဟာအင်အားကြီးနိုင်ငံအဆင့် ဆုံးရှုံးပြီးနောက် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် တခါက ခိုင်မာခဲ့သော သြဇာ ဆုံးရှုံးသည်။ အိန္ဒိယနှင့် ရင်းနှီးသောဆက်ဆံရေး လျော့ပါးပြီးနောက် ရုရှား ခေါင်းဆောင်ပိုင်းသည် မြန်မာတွင် မိတ်ဆွေသစ်တွေ့ပြီး မြန်မာဗိုလ်ချုပ်များသည် အာရှတွင် ၎င်းတို့အတွက် အယုံကြည်ရဆုံး သစ္စာရှိသည့် မဟာမိတ်များဖြစ်လာသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
86
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
374
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
601

၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည့်အတိုင်း “မင်းအောင်လှိုင်က ရုရှားသည် မြန်မာ၏ ထာဝရမိတ်ဆွေ” ဖြစ်ကြောင်း ချီးကျူးပြီး “အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယသည် ရင်းနှီးသော မိတ်ဆွေများဖြစ်သည်” ဟု ပြောသည်။

လက်နက် အဓိက ထောက်ပံ့သည့် နိုင်ငံ

စစ်လက်နက်ပစ္စည်းများအတွက် နိုင်ငံမြောက်ပိုင်းမှ တရုတ်အား အလွန်အကျွံ မှီခိုရမည်ကို စိုးရိမ်ပြီး နေပြည်တော်က ရုရှားဘက်သို့ ပိုမိုခြေဦးလှည့်လာကာ အာဏာသိမ်းပြီးနောက်တွင် ရုရှားသည် မြန်မာသို့ စစ်လက်နက်ပစ္စည်း အများဆုံးရောင်းချသည့် နိုင်ငံအဖြစ် တရုတ်နေရာတွင် အစားထိုးလိုက်သည်။

စင်ကာပူရှိ Yusof Ishak အင်စတီကျုအတွင် အီယန်စတိုရေး ရေးသားသည့် “အာဏာသိမ်းပြီးနောက်ပိုင်း ရုရှား-မြန်မာဆက်ဆံရေး -ပိုမို နီးကပ်သော သဘောထား” အမည်ရှိ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ သုတေသနစာတမ်းအရ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း ရုရှားသည် မြန်မာစစ်ကောင်စီကို အမေရိကန် ဒေါ်လာ ၂၇၆ သန်းဖိုး ရောင်းခဲ့ပြီး စစ်ကောင်စီက တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၁၅၆ သန်းဖိုးသာ ဝယ်ယူကြောင်း သိရသည်။

စင်ကာပူရှိ Yusof Ishak အင်စတီကျုအတွင် အီယန်စတိုရေး ရေးသားသည့် “အာဏာသိမ်းပြီးနောက်ပိုင်း ရုရှား-မြန်မာဆက်ဆံရေး -ပိုမို နီးကပ်သော သဘောထား” အမည်ရှိ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ သုတေသနစာတမ်းအရ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း ရုရှားသည် မြန်မာစစ်ကောင်စီကို အမေရိကန် ဒေါ်လာ ၂၇၆ သန်းဖိုး ရောင်းခဲ့ပြီး စစ်ကောင်စီက တရုတ်ထံမှ အမေရိကန်ဒေါ်လာ ၁၅၆ သန်းဖိုးသာ ဝယ်ယူကြောင်း သိရသည်။

ထိုကာလအတွင်း ရုရှားလုပ်ငန်းများသည် မြန်မာသို့ အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုး ရောင်းချပြီး တရုတ်က အမေရိကန်ဒေါ်လာ ၂၆၇ သန်းဖိုး ရောင်းချကာ ဒုတိယ နေရာတွင်ရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစောင်က ဖော်ပြသည်။

ထူးခြားသည်မှာ မြန်မာစစ်ကောင်စီသည် ရုရှားက ယူကရိန်းသို့ ကျူးကျော်သည်ကို တလျှောက်လုံး ထောက်ခံသည့် အဖွဲ့အစည်း အနည်းငယ်အနက် တခုဖြစ်သလို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင်လည်း ထိုသို့ထောက်ခံသည့် တခုတည်းသော နိုင်ငံဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီအာဘော် မြန်မာ့အလင်း သတင်းစာတွင် မြင့်မြတ်ဆိုသည့် ကလောင်အမည်ဖြင့် ရေးသားသည့် “မကျေညက်တဲ့ အတိတ်သမိုင်းနှင့်အတူ ယူကရိန်းကပေးတဲ့ သင်ခန်းစာ” အမည်ရှိ စာမျက်နှာ နှစ်မျက်နှာပါ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြသည်။

ထိုဆောင်းပါးတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကို “ကြိုးဆွဲရာက ရုပ်သေးရုပ် ဖြစ်ရတဲ့ ခေါင်းဆောင်” အဖြစ် စွပ်စွဲပြီး ရုရှားအာဏာရှင် ဗလာဒီမာ ပူတင်ကိုမူ “ဉာဏ်ပညာအမြော်အမြင်နဲ့ ရှေ့ကို ကြိုမြင်ပြီး ကိုယ့်ရဲ့ ခွန်အားနဲ့ စစ်ရေး၊ စီးပွားရေးအင်အားကို သိုသိုသိပ်သိပ် ကြိုပြီး တည်ဆောက်ထားတဲ့ ခေါင်းဆောင်” အဖြစ် ချီးကျူးထားသည်။

၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတွင် စီးပွားရေးအသွင်သဏ္ဍန်လည်း ဆောင်သည်။ မြန်မာသည် ရုရှားစစ်ဘက် စက်မှုလုပ်ငန်းအတွက် အကျိုးအမြတ်များသည့် ဈေးကွက်တခုဖြစ်သည့်အပြင် မြန်မာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် သတ္တုတူးဖော်ရေးကိုလည်း စိတ်ဝင်စားသည်။

ဘာသာရေးအခြေခံ သံတမန်ရေးကို အသုံးချပြီး မြန်မာနှင့် ပထမဆုံး ပတ်သက်လာသည့် ရုရှားကုမ္ပဏီများအနက် တခုမှာ ရုရှားဖက်ဒရေးရှင်း၏ ဥရောပအခြမ်းရှိ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတနိုင်ငံ ကယ်မိုင်ကီရာမှ ဖြစ်သည်။

ဘာသာရေးအခြေခံ သံတမန်ရေးကို အသုံးချပြီး မြန်မာနှင့် ပထမဆုံး ပတ်သက်လာသည့် ရုရှားကုမ္ပဏီများအနက် တခုမှာ ရုရှားဖက်ဒရေးရှင်း၏ ဥရောပအခြမ်းရှိ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတနိုင်ငံ ကယ်မိုင်ကီရာမှ ဖြစ်သည်။ ကယ်မိုင်ကီရာမှ Kalmneftegaz လုပ်ငန်းသည် ဘာသာရေးပတ်သက်မှုဖြင့် မြန်မာမှ ရေနံစိမ်းနှင့် ဓာတ်ငွေ့တင်ဒါရကြောင်း ရုရှားဘာသာဝက်ဘ်ဆိုက် Kommersant က ၂၀၀၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ဆောင်းပါးတပုဒ်တွင် ဖော်ပြသည်။

နောင်တွင် The Global New Light of Myanmar ဟု ခေါ်သည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် The New Light of Myanmar သတင်းစာမှ အခြားသတင်းတပုဒ်တွင် မြန်မာဘူမိတိုင်းတာရေးနှင့် သတ္တုရှာဖွေရေးဌာနနှင့် ရုရှားကုမ္ပဏီ တခုဖြစ်သော Victorious Glory International တို့သည် ကချင်ပြည်နယ်၊ ဖားကန့်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းအကြား ဥရုမြစ်တလျှောက်တွင် ရွှေနှင့် ဆက်စပ်သတ္တုများကို ရှာဖွေရန် သဘောတူစာချုပ် ချုပ်ဆိုကြသည်ဟု ဖော်ပြသည်။ ထိုသတင်းစာတွင် အခြားအသေးစိတ်များ မပါသော်လည်း ချင်းတွင်းမြစ်အထက်ပိုင်းမှ ဟုမ္မလင်းဒေသသည် ရွှေသတ္တုသိုက်များကြောင့် ကျော်ကြားပြီး ဖားကန့်သည် ကျောက်စိမ်းကြောင့် ကမ္ဘာကျော်သည်။

ထိုဖက်စပ်လုပ်ငန်းများ မည်သို့ ဆက်လက်ဖြစ်သည်ကို သေချာစွာ မသိရသော်လည်း မင်းအောင်လှိုင်၏ ကြမ္မာငင်သော အာဏာသိမ်းမှုနောက်ပိုင်း ထိုဒေသများသည် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ထိုလုပ်ငန်းများကို ဆိုင်းငံ့ထားဖွယ်ရှိသည်။

သို့သော် မြန်မာသို့ စွမ်းအင်ပံ့ပိုးပေးသည်မှာ ရုရှားဖြစ်သည်။ စတိုရေး၏ သုတေသနအရ ၂၀၂၃ ခုနှစ်၊ မတ်လနှင့် ဇွန်လအတွင်း ရုရှားမှ မြန်မာသို့ ရေနံတင်ပို့မှု ယခင်က မရှိသလောက်ပင်ဖြစ်ရာမှ ရေနံစည် ၈၃၆ သန်းသို့ ခုန်တက်သွားသည်ဟု သိရသည်။

ထိုရေနံများ၏ တစိတ်တပိုင်းကို စစ်ကောင်စီလေတပ် လေယာဉ်များ လေကြောင်းတိုက်ခိုက်မှု လုပ်ရန်အတွက် လေယာဉ်ဆီအဖြစ် အသုံးပြုဖွယ်ရှိသည်။ မြန်မာသို့ တင်ပို့သည့် ရုရှားရေနံ အားလုံးသည် ပြည်တွင်းသုံးစွဲမှုအတွက် မဟုတ်ကြောင်း အထက်ပါ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

Energy Intelligence ၏ အဆိုအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး ရုရှားသည် ကျောက်ဖြူရှိ တရုတ်ငွေကြေးစိုက်ထုတ်သည့် ပိုက်လိုင်းမှတဆင့် နေ့စဉ် ရေနံစည် ၇၀,၀၀၀ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းသို့ တင်ပို့သည်ဟု သိရသည်။

စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားသတင်းဌာန Sputnik နှင့် ယခုနှစ် သြဂုတ်လတွင် တွေ့ဆုံမေးမှု ပြုလုပ်သည်။

“ရုရှားဆီက ကျနော်တို့လိုချင်တဲ့ အဓိက အထောက်အပံ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ ဒီလိုလုပ်ဖို့အတွက် အခုမြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ပြည်တွင်းနိုင်ငံရေး ပြဿနာလို့ မမြင်ဘဲ အကြမ်းဖက်မှုအဖြစ် မြင်ရမယ်။ ဒါကို အကြမ်းဖက်မှုလို့ အသိအမှတ်ပြုရင် အကြမ်းဖက် တိုက်ဖျက်ရေးမှာပါဝင်တဲ့ဌာနတွေ၊ အေဂျင်စီတွေ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရင် ကျနော်တို့ ရည်မှန်းချက်တွေ အောင်မြင်မယ်” ဟု ဦးခင်ရီက ပြောသည်။

“ရုရှားဆီက ကျနော်တို့လိုချင်တဲ့ အဓိက အထောက်အပံ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ ဒီလိုလုပ်ဖို့အတွက် အခုမြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ပြည်တွင်းနိုင်ငံရေး ပြဿနာလို့ မမြင်ဘဲ အကြမ်းဖက်မှုအဖြစ် မြင်ရမယ်။ ဒါကို အကြမ်းဖက်မှုလို့ အသိအမှတ်ပြုရင် အကြမ်းဖက် တိုက်ဖျက်ရေးမှာပါဝင်တဲ့ဌာနတွေ၊ အေဂျင်စီတွေ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရင် ကျနော်တို့ ရည်မှန်းချက်တွေ အောင်မြင်မယ်” ဟု ဦးခင်ရီက ပြောသည်။

လက်တွေ့တွင် ဦးခင်ရီသည် မြန်မာပြည်တွင်းစစ်၌ ရုရှားကြားဝင်ရန် ပြောခြင်းဖြစ်ပြီး ထိုသို့ပြောခြင်းသည် စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်သည်။ အခြေခံဥပဒေ ပုဒ်မ ၄၂ (ခ) တွင် မြန်မာနိုင်ငံအတွင်း ပြည်ပတပ်ဖွဲ့များ ဖြန့်ကြက်ခြင်း မလုပ်ရဟု ဖော်ပြထားသည်။ လက်တွေ့တွင် ရုရှားလုပ် ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ပြုပြင်ထိန်းသိမ်းရေးနှင့် ဒရုန်းစစ်ရေးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရုရှားပညာရှင်များသည် ထိုသို့လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမဆုံးအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေး စစ်ရေးလေ့ကျင့်မှု (MARUMEX) ကို တနင်္သာရီတိုင်း၊ မြိတ်မြို့ အနောက်ဘက် ပင်လယ်ပြင်တွင် ပြုလုပ်ပြီး နှစ်နိုင်ငံလုံးမှ သင်္ဘောများနှင့် လေယာဉ်များပါဝင်ကာ လေကြောင်း၊ ရေမျက်နှာပြင်နှင့် ရေအောက် အန္တရာယ်များကို ကာကွယ်ရေးနှင့် ရေကြောင်းလုံခြုံရေး အစီအမံများအတွက် အဓိကထားကြောင့် စစ်ကောင်စီထိန်းချုပ် သတင်းစာက ဖော်ပြသည်။

လက်နက်နှင့် မပတ်သက်သည့် နယ်ပယ်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အစ်ကန်ဒါ အဇီဇော့သည် မြန်မာအထူးစီးပွားရေးဇုန်များနှင့် ဓာတ်အားစီမံကိန်းများ၏ တိုးတက်မှု၊ ခရီးသွားလုပ်ငန်း၊ ရခိုင်ပြည်နယ်မှ ကမ်းခြေများနှင့် အခြားနယ်ပယ်များကို ဆွေးနွေးရန် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းကို ဇူလိုင်လတွင် တွေ့ဆုံသည်။ ရုရှားသည် တနင်္သာရီတိုင်း၊ ထားဝယ် အရှေ့တောင်ဘက်မှ ရေနက်ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည်ဟု ဆိုသောကြောင့် လက်ရှိ ပြည်တွင်း မတည်ငြိမ်မှုနှင့် ဆန့်ကျင်ဘက်လို ဖြစ်နေသည်။

နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု

ရုရှားနှင့် မြန်မာတို့သည် နျူကလီးယား ဓာတ်အားနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် Rosatom ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လီခါချက်နှင့် စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့သည် နားလည်မှုစာချွန်လွှာတစောင် လက်မှတ်ရေးထိုးကြသည်။

ရုရှားသတင်းရင်းမြစ်များ၏ အဆိုအရ ထိုနားလည်မှု စာချွန်လွှာသည် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ နည်းလမ်းများ၊ အကြံပြုချက်များနှင့် Rosatom ၏ အကောင်းဆုံး အလေ့အထများနှင့်အညီ နျူကလီးယား အခြေခံအဆောက်အအုံများ တည်ဆောက်ရေးကို အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

Rosatom သည် နျူကလီးယားစွမ်းအင်ကို အထူးပြုသည့် ရုရှားနိုင်ငံပိုင် ကော်ပိုရေးရှင်းဖြစ်ပြီး IAEA သည် နိုင်ငံတကာ အဏုမြူစွမ်းအင် လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်း ဖြစ်သည်။

နားလည်မှုစာချွန်လွှာတွင် မြန်မာသိပ္ပံပညာရှင်များကို လေ့ကျင့်ပေးရန်နှင့် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရာ၌ ပါဝင်သည့် အဖွဲ့အစည်းများတွင် လူသားရင်းမြစ်တိုးတက်ရေး လုံခြုံရေးအလေ့အထ မြှင့်တင်ရေးလည်း ပါဝင်သည်။

မြန်မာတွင် စွမ်းအားနိမ့် နျူကလီးယား ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ရေး ပူးပေါင်းဆောာင်ရွက်ရေး အခြေခံမူများဆိုင်ရာ သဘောတူစာချုပ် မူကြမ်းကို ယခုနှစ် ဇွန်လက အတည်ပြုခဲ့သည်။ ထိုကိစ္စသည် မြန်မာနှင့် ရုရှားအကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး ခရီးရှည်တွင် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး အကောင်အထည် ပေါ်၊ မပေါ်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

ထို့နောက် ဗြိတိန်အခြေစိုက် Nuclear Engineering International လစဉ်ထုတ်မဂ္ဂဇင်းက ဖော်ပြသည့် မြန်မာတွင် စွမ်းအားနိမ့် နျူကလီးယား ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ရေး ပူးပေါင်းဆောာင်ရွက်ရေး အခြေခံမူများဆိုင်ရာ သဘောတူစာချုပ် မူကြမ်းကို ယခုနှစ် ဇွန်လက အတည်ပြုခဲ့သည်။ ထိုကိစ္စသည် မြန်မာနှင့် ရုရှားအကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး ခရီးရှည်တွင် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး အကောင်အထည် ပေါ်၊ မပေါ်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

အကြွင်းမဲ့စစ်အုပ်ချုပ်ရေးသည် နေပြည်တော်တွင် ဆက်လက်ရှိနေပြီး လွတ်လပ်သော သုတေသီများ စိုးရိမ်သည့်အတိုင်း မြန်မာသည် ကျဆုံးနိုင်ငံ ဖြစ်လုနီးမဟုတ်ဟု မော်စကိုက ယုံကြည်ပုံရသည်။ စစ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင် အပါအဝင် မြန်မာမှ စစ်စခန်းများနှင့် အင်စတီကျူးရှင်းများတွင် ရုရှားများကို တွေ့နေရသည်။

ပြင်ဦးလွင်၏ မြောက်ဘက်နှင့် အရှေ့ဘက်သို့ နီးကပ်လာနေသည့် တိုက်ပွဲကြောင့် အချို့သည် မြန်မာစစ်သားများနှင့်အတူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားနိုင်သည်။ သို့သော် အတည်မပြုနိုင်သည့် သတင်းများအရ အကောင်းမြင်နေပုံရသော မြန်မာမှ ဝေးကွာသော ဒေသများတွင် သတ္တုရှာဖွေရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရသည်။

၎င်းတို့ ဘာလုပ်နေသည်ကို ရှင်းလင်းစွာ မသိရသော်လည်း သေချာပေါက်ပြောနိုင်သည့်အချက်မှာ စစ်ကောင်စီ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုဥက္ကဋ္ဌ အနာတိုလီ ဘူလော့နီကော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လွန်ခဲ့သောနှစ် ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်တွင် လက်ခံတွေ့ဆုံသည်။ ပြည်တွင်းသတင်းများအရ ၎င်းတို့သည် တွင်းထွက်သတ္တုကဏ္ဍ တိုးတက်ရေးနှင့် တွင်းထွက်သတ္တုကဏ္ဍအတွက် ရုရှားက မြန်မာကို နည်းပညာကူညီရေးတို့ကို ဆွေးနွေးကြသည်ဟု သိရသည်။

ထို့ပြင် လွန်ခဲ့သောနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ရုရှားမှ Roscongress Foundation ၏ Fund RC Investments မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ နေပြည်တော်သို့ သွားရောက်ပြီး စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နှင့် တွေ့ဆုံသည်။ မြန်မာမှ ကျောက်မီးသွေးသိုက်များတွင် ပိတ်မိနေသည့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရန် နည်းပညာအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုကို ရုရှားဘက်က ကတိပြုသည်ဟု သိရသည်။

ပုံစံတမျိုးမျိုးဖြင့် စစ်အုပ်ချုပ်ရေး ဆက်လက် ရှိနေမည်ဆိုလျှင်ပင် စစ်ကောင်စီနှင့် ထိုမျှ ရင်းနှီးစွာ ဆက်ဆံသောကြောင့် ရုရှားသည် အမြင်တိုပုံရပြီး မြန်မာဗိုလ်ချုပ်များသည် စီးပွားရေးကိစ္စများနှင့် စစ်ဘက်ဝယ်ယူမှုများအတွက် ရုရှားကို မှီခိုခြင်းသည်လည်း ရေရှည်မမြင်ရာကျသည်။

လက်ရှိအခြေအနေအရ မြန်မာတွင် တွင်းထွက်ထုတ်လုပ်မှု အကြီးအကျယ်လုပ်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်များ ရုရှားထံမှ နောက်ထပ် လက်နက်ဝယ်ယူလိုလျှင်ပင် ယူကရိန်းစစ်အတွက် မော်စကို၏ ပြည်တွင်းလိုအပ်ချက်ကြောင့် နေပြည်တော်တွင် ငွေပြတ်နေသည့် စစ်ကောင်စီကိုသာမက အခြား မည်သည့်နိုင်ငံသို့မဆို လက်နက်တင်ပို့ရန် ခက်ခဲသည်။

လက်ရှိအခြေအနေအရ မြန်မာတွင် တွင်းထွက်ထုတ်လုပ်မှု အကြီးအကျယ်လုပ်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်များ ရုရှားထံမှ နောက်ထပ် လက်နက်ဝယ်ယူလိုလျှင်ပင် ယူကရိန်းစစ်အတွက် မော်စကို၏ ပြည်တွင်းလိုအပ်ချက်ကြောင့် နေပြည်တော်တွင် ငွေပြတ်နေသည့် စစ်ကောင်စီကိုသာမက အခြား မည်သည့်နိုင်ငံသို့မဆို လက်နက်တင်ပို့ရန် ခက်ခဲသည်။

သို့သော် ဗော်ဒကာအရက်များ စီးဆင်းနေသမျှ ကာလပတ်လုံး မော်စကိုနှင့် နေပြည်တော်မှ စစ်သွေးဆာနေသူများအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာနေပုံရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြင်ပကမ္ဘာက လုပ်ဆောင်နိုင်စရာ နည်းပါးလှသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်ပါ Bertil Lintner ၏Ties Between Warmongering Regimes in Myanmar, Russia as Cozy as Everကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။)

You may also like these stories:

စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း

တရုတ်၊ရုရှားနဲ့ စစ်ကောင်စီကြားမှာ ဆက်ဆံရေးတွေ ပိုကောင်းလာသလား (ရုပ်/သံ)

လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ရုရှားနှင့် မြန်မာစစ်ကောင်စီ သဘောတူစာချုပ် ၇ ခု လက်မှတ်ထိုး

Your Thoughts …
Tags: IAEAUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်ဒရုန်းတိုက်ခိုက်မှုနျူကလီးယားပြည်တွင်းစစ်ဖွဲ့စည်းပုံအခြေခံဥပဒေဘာသာရေးရင်းနှီးမြှုပ်နှံမှုရုရှားရေနက်ဆိပ်ကမ်းရေနံနှင့်သဘာဝဓာတ်ငွေ့လေကြောင်းတိုက်ခိုက်မှုသံတမန်ရေးသတ္တုတူးဖော်ရေးအကြမ်းဖက်မှုအာဆီယံ
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ  အပိုင်း ၁

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved