ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်သည် မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ လက်နက်ဝယ်ယူရေး အစီအစဉ်ကို ပြဿနာများ ဖန်တီးပေးလိုက်သည်။
ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးသည် မြန်မာသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့နေသည့် စာရင်းတွင် ပါဝင်နေသော်လည်း ထိုအခြေအနေသည် ယခုအခါ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ အနောက်နိုင်ငံများက ထောက်ခံသည့် ဒီမိုကရေစီအစိုးရ အုပ်ချုပ်နေသော ယူကရိန်းသည် အရှေ့တောင်အာရှမှ ရက်စက်ကြမ်းကြုတ်သည့် မြန်မာစစ်ကောင်စီကို ထောက်ခံသူအဖြစ် အမြင်ခံလိုတော့မည် မဟုတ်ပေ။
ထို့အပြင် ယူကရိန်းသည် မကြာမီ အဆုံးသတ်နိုင်ဖွယ် မရှိသည့် ရုရှားနှင့်စစ်ပွဲတွင် တိုက်ခိုက်နေသော ၎င်းတို့ တပ်အများအတွက် လက်နက်ထောက်ပံ့မှု တိုးမြှင့်ရန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများကို ပြည်လည်တည်ဆောက် အင်အားတောင့်တင်းအောင် လုပ်ရတော့မည် ဖြစ်သည်။
အနောက်နိုင်ငံများက ထောက်ခံသည့် ဒီမိုကရေစီအစိုးရ အုပ်ချုပ်နေသော ယူကရိန်းသည် အရှေ့တောင်အာရှမှ ရက်စက်ကြမ်းကြုတ်သည့် မြန်မာစစ်ကောင်စီကို ထောက်ခံသူအဖြစ် အမြင်ခံလိုတော့မည် မဟုတ်ပေ။
ထို့ကြောင့် မြန်မာသို့ လက်နက်တင်ပို့သည့် နိုင်ငံများတွင် ယူကရိန်း၏ အခန်းကဏ္ဍသည် ရုရှား၏ အခန်းကဏ္ဍလောက် အရေးပါခြင်း မရှိတော့ပေ။
သို့သော် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့ (IIFFMM) ၏ အဆိုအရ ယူကရိန်းမှ အဖွဲ့အစည်းများသည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး မြန်မာသို့ BTR-4 သံချပ်ကာ တပ်ဖွဲ့တင်ယာဉ်များ၊ MMT-40 အပေါ့စား တင့်ကားများနှင့် 2SIU အလိုအလျောက်ပစ် ဟောင်ဝစ်ဇာ အမြောက်များကို ရောင်းချနေပြီး ထိုလက်နက် ကိရိယာများကို မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းထုတ်လုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီနှင့် နောက်ပိုင်းတွင် ယူကရိန်းလုပ် BTR-4s တင့်ကားများကို ရန်ကုန်တွင် တွေ့ရသည်။
မြန်မာသို့ လက်နက် အဓိက တင်ပို့သည့်လုပ်ငန်းများမှာ ယူကရိန်းမှ လက်နက်ထုတ်လုပ်သည့် လုပ်ငန်းကြီးများ ဖြစ်သော Ukroboronprom နှင့် Ukrspecexport တို့ ဖြစ်သည်ဟု အချက်အလက်ရှာဖွေရေးအဖွဲ့က ဖော်ပြသည်။
ရုရှားက မြန်မာသို့ လက်နက်တင်ပို့မှုသည် များစွာ ပိုမိုအရေးပါနေပြီး ရုရှားက ယူကရိန်းကို မတိုက်ခိုက်မီ ကာလတွင် ပိုမိုများပြားလာသည်။ ရုရှားနှင့် မြန်မာအကြား သဘောတူညီချက်များ အားလုံးသည် တရုတ်အပေါ် ယခင်က အလွန်အကျွံ မှီခိုခဲ့ရသည်ကို ပြန်လည် ချိန်ညှိရန်ဖြစ်သည်။
စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် မြန်မာစစ်ကောင်စီနှင့် ဆက်လက် ဆက်ဆံမည်လားဟု ဂျာမန် ရုပ်သံလွှင့်လုပ်ငန်း Deutsche Welle က လွန်ခဲ့သောနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် မေးသောအခါ Ukroboronprom ပြောခွင့်ရသူတဦးက ၎င်းတို့သည် လက်နက်များကို ယူကရိန်း ဥပဒေနှင့် နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ တင်ပို့နေကြောင်း၊ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် စစ်ကောင်စီအောက်တွင်လည်း ဆက်လက် သက်ဝင်နေကြောင်းဖြေသည်။
သို့သော် ထိုသဘောတူညီချက်သည် မကြာမီ အဆုံးသတ်သွားနိုင်ဖွယ် ရှိနေပြီး လက်ရှိ အခြေအနေများအရ ယူကရိန်း ကုမ္ပဏီများသည် မြန်မာသို့ လက်နက်တင်ပို့နိုင်သည့် အခြေအနေ မရှိတော့ပေ။
ရုရှားက မြန်မာသို့ လက်နက်တင်ပို့မှုသည် များစွာ ပိုမိုအရေးပါနေပြီး ရုရှားက ယူကရိန်းကို မတိုက်ခိုက်မီ ကာလတွင် ပိုမိုများပြားလာသည်။ ရုရှားနှင့် မြန်မာအကြား သဘောတူညီချက်များ အားလုံးသည် တရုတ်အပေါ် ယခင်က အလွန်အကျွံ မှီခိုခဲ့ရသည်ကို ပြန်လည် ချိန်ညှိရန်ဖြစ်သည်။
တရုတ်သည် မြန်မာ၏ အချုပ်အခြာ အာဏာပိုင်မှုအပေါ် ခြိမ်းခြောက်မှုဖြစ်သည်ဟု မြန်မာ အဆင့်မြင့် စစ်အရာရှိများက ယူဆကြသည်။
ရုရှားသည် မြန်မာစစ်အုပ်စုအတွက် MiG-29 ဂျက်တိုက်လေယာဉ်များ၊ Hind Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ Yak-130 တိုက်ခိုက်ရေး လေယာဉ်များနှင့် အသေးစား သံချပ်ကာကားများ တင်ပို့ပေးသည့် ရင်းမြစ် ဖြစ်သည့်အပြင် မြန်မာစစ်အရာရှိနှင့် စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင် ၇,၀၀၀ ကျော်သည် ၁၉၉၀ ပြည့်နှစ်များမှ စတင်ပြီး ရုရှားတွင် ပညာသင်ယူခဲ့သည်။
မြန်မာသည် အာရှတွင် ရုရှားအတွက် မှီခိုအားထားလောက်သော မဟာမိတ်နှင့် သေနင်္ဂဗျူဟာ မိတ်ဘက်ဖြစ်ကြောင်း ဒုဝန်ကြီး ဖိုမင်က ပြောသည်ဟု ရုရှားနိုင်ငံပိုင် တက်စ် သတင်းဌာနက ကိုးကားဖော်ပြသည်။
၎င်းတို့ကို အွန်မက်စ်ခ် သံချပ်ကာ အင်ဂျင်နီယာကျောင်း (Omsk Armour Engineering Institute)၊ မော်စကိုမှ လေတပ်အင်ဂျင်နီယာ အကယ်ဒမီ (Air Force Engineering Academy)၊ နစ်ဇညီ နော့ဗ်ဂိုရော့ စစ်ဦးစီး အကယ်ဒမီ (Nizhniy Novgorod Command Academy) နှင့် ကဇန် စစ်ဦးစီး အကယ်ဒမီ (Kazan Military Command Academy) တို့တွင် တွေ့နိုင်ပြီး အချို့သည် ရုရှလေတပ်တွင် အရာရှိလောင်းများအဖြစ် ထမ်းဆောင်နေကြသည်။
ယခု နောက်ဆုံးအကြိမ် စစ်အာဏာသိမ်းမှု မတိုင်မီကလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေး ရွှိုင်ဂုသည် ရုရှားလုပ် ရေဒါကိရိယာများ၊ PantsirsS1 ဝေဟင်ပစ် ဒုံးကျည်စနစ်များနှင့် Orlan-10E ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်များ မြန်မာသို့ ရောင်းချရေးအတွက် အပြီးသတ် သဘောတူစာချုပ် ချုပ်ဆိုရန် မြန်မာသို့ ရောက်လာသည်။
အာဏာသိမ်းပြီးနောက်တွင်လည်း ထိုဆက်ဆံရေး ဆက်လက် ရှိနေသည်။ လွန်ခဲ့သောနှစ် မတ်လက ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒား ဖိုမင်သည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးခြားဆွေးနွေးခဲ့ပြီး မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားတွင် ဧည့်သည်တော် ဖြစ်သည်။
မြန်မာသည် အာရှတွင် ရုရှားအတွက် မှီခိုအားထားလောက်သော မဟာမိတ်နှင့် သေနင်္ဂဗျူဟာ မိတ်ဘက်ဖြစ်ကြောင်း ဒုဝန်ကြီး ဖိုမင်က ပြောသည်ဟု ရုရှားနိုင်ငံပိုင် တက်စ် သတင်းဌာနက ကိုးကားဖော်ပြသည်။
ဒုဝန်ကြီး ဖိုမင်သည် အာဏာသိမ်းခေါင်းဆောင်ထံမှ ဆုတံဆိပ်နှင့် အဆောင်အယောင် ဓားတလက် ရှိပြီးနောက် ထိုအာဏာသိမ်း ခေါင်းဆောင်နှင့် လက်ဆွဲနှုတ်ဆက်နေသည်ကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ ရုပ်သံ Zvezda TV တွင် ပြသခဲ့သည်။
မော်စကိုနှင့် နေပြည်တော်အကြား နီးကပ်သော ဆက်ဆံရေးများကြောင့် မြန်မာ စစ်ခေါင်းဆောင်များသည် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံဘက်မှ ရပ်တည်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ဇွန်လတွင် အာဏာသိမ်းခေါင်းဆောင်သည် မော်စကိုသို့ သွားရောက်ပြီး ရုရှားအာဏာရှင် ပူတင်နှင့် တွေ့ခွင့်မရသော်လည်း ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင် ပက်ထရူးရှက်နှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆက်ဆံမှုသည် မကြာသေးမီ နှစ်များအတွင်း ကြီးထွားလာပြီး မော်စကိုက မြန်မာစစ်တပ်အတွက် သင်တန်းများနှင့် တက္ကသိုလ်ပညာသင်ဆုများ ပေးအပ်ရုံသာမက အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အနောက်နိုင်ငံ အများအပြားက အမည်ပျက်စာရင်း ထည့်ထားသော မြန်မာ စစ်တပ်သို့ လက်နက်များလည်း ရောင်းချသည်။
မော်စကို ခရီးစဉ်အတွင်း အာဏာသိမ်း ခေါင်းဆောင်သည် သူနှင့်သူ့မိသားစုက လှူထားသည့် မော်စကိုရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတွင် ဘာသာရေး အခမ်းအနားတခုကိုလည်း တက်ရောက်သည်။ ထိုဘုန်းကြီးကျောင်းသည် မော်စကိုမြို့လယ်မှ အရှေ့ဘက် ၁၄ ကီလိုမီတာသာ ကွာဝေးပြီး ရုရှားတွင် သင်တန်းတက်နေသော မြန်မာစစ်အရာရှိများအတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ထားသော ဘုန်းကြီးကျောင်း ဖြစ်သည်။
စက်တင်ဘာလ အစောပိုင်းတွင် အာဏာသိမ်းခေါင်းဆောင်၏ လက်ထောက် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သီတဂူဆရာတော်နှင့်အတူ မော်စကိုသို့ သွားရောက်သည်။ ထိုဆရာတော်သည် ယခင်က အများပြည်သူ လေးစားကြည်ညိုခံရသော်လည်း ယခုအခါတွင် စစ်တပ်၏ ရုပ်သေးရုပ် ဖြစ်နေသည်။
အာဏာသိမ်း ဒုခေါင်းဆောင် ရုရှားသို့ သွားရောက်ခြင်းမှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက နှစ်စဉ်ကျင်းပသော 2021 International Army Games စစ်ရေးလေ့ကျင့်မှု ပိတ်ပွဲတက်ရောက်ရန် ဖြစ်သည်။ သက်တော် ၈၄ နှစ် ရှိပြီဖြစ်သော သီတဂူ ဆရာတော်သည် မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတွင် သီတင်းသုံးသည်။
စစ်ကောင်စီအာဘော် Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသော ပုံများအရ အာဏာသိမ်း ဒုခေါင်းဆောင်သည် ရုရှား ထိပ်တန်း စစ်ခေါင်းဆောင်များနှင့် အတူထိုင်ကာ ရုရှား၊ တရုတ်၊ ကာဂျစ္စတန်နှင့် အဇာဘိုင်ဂျန်တို့၏ တင့်ကားပြိုင်ပွဲကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ အနာဂတ် လက်နက် အရောင်းအဝယ်များကိုလည်း ဆွေးနွေးကြမည်မှာ သေချာသည်။
မော်စကိုနှင့် နေပြည်တော်အကြား ထိုသို့ နီးကပ်သော ဆက်ဆံရေးများကြောင့် မြန်မာ စစ်ခေါင်းဆောင်များသည် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံဘက်မှ ရပ်တည်သည်မှာ အံ့သြစရာ မဟုတ်ပေ။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အမေရိကန်မှ VOA မြန်မာပိုင်းသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြောကြားရာတွင် “နံပါတ် ၁ အချက် ရုရှားက အချုပ်အခြာအာဏာ ခိုင်မာအောင်လုပ်တာ ဖြစ်တယ်။ ဒါမှန်တယ်လို့ ထင်တယ်။ နံပါတ် ၂ အချက်က ရုရှားဟာ အင်အားကြီးနိုင်ငံဖြစ်ကြောင်း ကမ္ဘာကို ပြသဖို့ဖြစ်တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စာမျက်နှာ ၂ မျက်နှာရှိသော ဆောင်းပါးတပုဒ်ပါသည်။ “မကျေညက်တဲ့ အတိတ်သမိုင်းနှင့်အတူ ယူကရိန်းကပေးတဲ့ သင်ခန်းစာ” ဟု ထိုဆောင်းပါးကို ခေါင်းစဉ်တပ်ပြီး ရေးသားသူမှာ မြင့်မြတ်ဟု ကလောင်အမည် ခံယူထားသူဖြစ်သည်။
ထိုဆောင်းပါးတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကို “ကြိုးဆွဲရာက ရုပ်သေးရုပ် ဖြစ်ရတဲ့ ခေါင်းဆောင်” အဖြစ် စွပ်စွဲပြီး ရုရှားအာဏာရှင် ဗလာဒီမာ ပူတင်ကိုမူ “ဉာဏ်ပညာအမြော်အမြင်နဲ့ ရှေ့ကို ကြိုမြင်ပြီး ကိုယ့်ရဲ့ ခွန်အားနဲ့ စစ်ရေး၊ စီးပွားရေးအင်အားကို သိုသိုသိပ်သိပ် ကြိုပြီး တည်ဆောက်ထားတဲ့ ခေါင်းဆောင်” အဖြစ် ချီးကျူးထားသည်။
ကန့်သတ်ချက်များကြောင့် မြန်မာစစ်အုပ်စုသည် ရုရှားလက်နက်များ ဝယ်ယူရေးအတွက် ငွေပေးချေရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားသည်။ တချိန်တည်းတွင် ရုရှားသည် မြန်မာစစ်အုပ်စုနှင့် မြောက်ကိုရီးယားကဲ့သို့ ကုန်ဖလှယ်သည့် စနစ်ကိုလည်း လက်ခံမည် မဟုတ်ပေ။
သို့သော် သမ္မတ ပူတင်၏ ယူကရိန်း ကျူးကျော်စစ်ကို ထောက်ခံကြောင်း ထိုသို့ ဖော်ပြခြင်းသည် ရုရှားထံမှလက်နက်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် အကျိုးရှိမည့် ပုံစံမရှိပေ။ ရုရှားကျူးကျော်စစ် စတင်ပြီးနောက် ရုရှားသည် စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများကို ခံရပြီး ရုရှားမှ အဓိကကျသည့် ဘဏ်အများအပြားသည် SWIFT ငွေကြေးလွှဲပြောင်းသည့်စနစ်မှ ထုတ်ပယ်ခံရပြီး စွမ်းအင်အတွက် ငွေပေးချေမှုများကိုသာ လက်ခံနိုင်တော့သည်။
ထိုသို့သော ကန့်သတ်ချက်များကြောင့် မြန်မာစစ်အုပ်စုသည် ရုရှားလက်နက်များ ဝယ်ယူရေးအတွက် ငွေပေးချေရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားသည်။ တချိန်တည်းတွင် ရုရှားသည် မြန်မာစစ်အုပ်စုနှင့် မြောက်ကိုရီးယားကဲ့သို့ ကုန်ဖလှယ်သည့် စနစ်ကိုလည်း လက်ခံမည် မဟုတ်ပေ။
မြောက်ကိုရီးယားသည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက မြန်မာသို့ အဓိက လက်နက်တင်ပို့သူဖြစ်ပြီး မြန်မာက ဆန်ပေးကာ မြောက်ကိုရီးယားက လက်နက်များ ပြန်လည်ပေးအပ်သည်။
ထိုသို့ လစ်ဟာသွားသော နေရာကို တရုတ်က ဝင်ယူလိမ့်မည်ဟု ပြင်ပလေ့လာသူအချို့ ခန့်မှန်းကြသော်လည်း တရုတ်လက်နက် တင်ပို့သူများက ငွေသားဖြင့်သာ လက်ခံလိုပြီး အကျပ်အတည်းဖြစ်နေသော မြန်မာနိုင်ငံတွင် ငွေမာပြတ်လပ်နေသည်။
ထိုအတွက် တရုတ်မှ ကြွေးမြီများကို အစားထိုးသုံးနိုင်သော်လည်း တရုတ်အပေါ် မှီခိုရသည် ဆိုသည့် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ပြဿနာရှိနေသည်။ မြန်မာစစ်အုပ်စုသည် တရုတ်အပေါ် မှီခိုရခြင်းကို လျှော့ချနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။
ယူကရိန်းတွင် စစ်ဖြစ်နေပြီး မြန်မာတွင် ဒေဝါလီခံရမည့် အကျပ်အတည်း ဖြစ်နေချိန်တွင် မြောက်ကိုရီးယားတို့ မြန်မာသို့ ပြန်ရောက်လာသည်၊ မြန်မာစစ်အုပ်စုသည် လက်နက်များ ရရှိရေးအတွက် ကုန်ဖလှယ်သည့်စနစ်ကို တခါပြန်လည် သုံးနိုင်တော့မည်ဆိုသည့် သတင်းများထွက်နေသည်။
၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်များက နိုင်ငံကို တံခါးဖွင့်ပြီး အနောက်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းမှာ ထိုမူဝါဒ၏ ရလဒ်ဖြစ်ပြီး ရုရှားနှင့် ယူကရိန်းထံမှ လက်နက်များကို ဖြန့်ခွဲဝယ်ယူရန် ကြိုးစားသည့် အားထုတ်မှုများသည်လည်း အလားတူ အကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
ယူကရိန်းတွင် စစ်ဖြစ်နေပြီး မြန်မာတွင် ဒေဝါလီခံရမည့် အကျပ်အတည်း ဖြစ်နေချိန်တွင် မြောက်ကိုရီးယားတို့ မြန်မာသို့ ပြန်ရောက်လာသည်၊ မြန်မာစစ်အုပ်စုသည် လက်နက်များ ရရှိရေးအတွက် ကုန်ဖလှယ်သည့်စနစ်ကို တခါပြန်လည် သုံးနိုင်တော့မည်ဆိုသည့် သတင်းများထွက်နေသည်။ အတွင်းပိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ မြောက်ကိုရီးယားနှင့် မြန်မာအကြား နွေးထွေးသော ဆက်ဆံရေးများကို လွန်ခဲ့သောနှစ်က အာဏာသိမ်းနောက် မကြာမီ စတင်ခဲ့သည်ဟု သိရသည်။
ထိုသို့ နွေးထွေးလာသော ဆက်ဆံရေးများ အကြောင်းကို ယခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Global New Light of Myanmar မှ ထူးဆန်းသော သတင်းတခုတွင် လူသိရှင်ကြား ထုတ်ပြန်ထားသည်။ ထိုသတင်းခေါင်းစဉ်တွင် ရန်ကုန် မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်တွင် နိုင်ငံခြားသံရုံး မိသားစုများ ပါဝင်ဆင်နွှဲဟု ဖော်ပြထားသည်။ သို့သော် ထိုသတင်း ခေါင်းစဉ်အောက်မှ စာနှင့် ဓာတ်ပုံတွင် သံတမန် အဖွဲ့တဖွဲ့သာ ပါဝင်သည်။
အထက်ပါ သတင်းစာ၏ အဆိုအရ မြောက်ကိုရီးယားသံအမတ် ဂျုံဟိုဘွမ်နှင့်အဖွဲ့ကို စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းက နွေးထွေးစွာ ကြိုဆိုသည်ဟု ဖော်ပြထားသည်။ ဖေဖော်ဝါရီလက သူ့ကို ထိုရာထူးတွင် ခန့်အပ်ချိန်တွင် ဦးစိုးသိန်းသည် စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒု မန်နေဂျင်း ဒါရိုက်တာ ဖြစ်သည်။ သူသည် ကာကွယ်ရေးဝန်ကြီးဌာန စာရင်းစစ်ချုပ်လည်း ဖြစ်ခဲ့ပြီး ပြည်ပနိုင်ငံများနှင့် လက်နက်ရောင်းဝယ်သည့် ကိစ္စများကို ကောင်းစွာ ကျွမ်းကျင်သူ ဖြစ်သည်။
တရားဝင် ဆက်ဆံရေး ပြန်လည် ထူထောင်ခြင်းကိုမူ ၂၀၀၇ ခုနှစ်၊ ဧပြီလရောက်မှ လုပ်ဆောင်ခဲ့သည်။ အတည်ပြုနိုင်သည့် မြောက်ကိုရီးယားမှ မြန်မာသို့ လက်နက်တင်ပို့မှုတွင် ၁၉၉၉ ခုနှစ်က တင်ပို့သည် ၁၃၀ မမ Type 59 စစ်မြေပြင် အမြောက်ကြီးများ အပါအဝင် သမားရိုးကျ လက်နက်များနှင့် နည်းပညာ လွှဲပြောင်းမှုများ ပါဝင်သည်။
မြောက်ကိုရီးယားနှင့် အသစ်တဖန် ပြန်လည် ထူထောင်ထားသော စစ်ဘက်ဆက်ဆံရေးသည် မည်သည့် အသွင်ဆောင်မည်ကို အတိအကျ မသိရသေးပေ။ ဒုံးကျည်များ ထုတ်လုပ်ရေးသည် ထိုဆက်ဆံရေးမှ နယ်ပယ်တခုဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
မြန်မာနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေး ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလအထိ နွေးနွေးထွေးထွေး ရှိသည်။ သို့သော် ထိုအချိန်တွင် မြောက်ကိုရီးယား ထောက်လှမ်းရေးများက ရန်ကုန်၊ အာဇာနည်ကုန်းတွင် ဗုံးထောင်ဖောက်ခွဲသောကြောင့် တောင်ကိုရီးယားမှ လာရောက်လည်ပတ်နေသည့် အထက်တန်းအရာရှိ ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးသည်။
သို့သော် မြန်မာနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးများ ၁၉၉၃ ခုနှစ်တွင် ပြန်လည်စတင်ပြီး နှစ်နိုင်ငံ သံတမန်များအကြား လျှို့ဝှက်ဆွေးနွေးမှု အများအပြားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည်။ ၁၉၉၉ ခုနှစ်၊ ဇွန်လတွင် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူးသည် ပြုံယမ်းသို့ သွားရောက်ပြီး ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်လည်း နောက်တကြိမ် လျှို့ဝှက် သွားရောက်သည်။
၂၀၀၃ ခုနှစ်၊ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင်အဖွဲ့တဖွဲ့ကို ရန်ကုန်၊ သံလျက်စွန်းရှိ ရေတပ်တွင် တွေ့ရပြီး မြောက်ကိုရီးယား အမျိုးသားလေကြောင်းလိုင်းဖြစ်သည့် Air Koryo မှ လေယာဉ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ဘက်လေယာဉ်ကွင်းများတွင် ဆင်းသက်ကြသည်ကို တွေ့လာရသည်။
မြောက်ကိုရီးယားတို့သည် မြန်မာနိုင်ငံတွင် မထင်မရှားသာ နေထိုင်သော်လည်း Pyongyang Koryo စားသောက်ဆိုင်တွင် စားသောက်နေသည်ကို မကြာခဏ တွေ့ရတတ်သည်။ ထိုစားသောက်ဆိုင်မှာ ၂၀၁၈ ခုနှစ်ရောက်မှ ပိတ်လိုက်သော ရန်ကုန်မှ မြောက်ကိုရီးယား စားသောက်ဆိုင်ဖြစ်သည်။
တရားဝင် ဆက်ဆံရေး ပြန်လည် ထူထောင်ခြင်းကိုမူ ၂၀၀၇ ခုနှစ်၊ ဧပြီလရောက်မှ လုပ်ဆောင်ခဲ့သည်။ အတည်ပြုနိုင်သည့် မြောက်ကိုရီးယားမှ မြန်မာသို့ လက်နက်တင်ပို့မှုတွင် ၁၉၉၉ ခုနှစ်က တင်ပို့သည် ၁၃၀ မမ Type 59 စစ်မြေပြင် အမြောက်ကြီးများ အပါအဝင် သမားရိုးကျ လက်နက်များနှင့် နည်းပညာ လွှဲပြောင်းမှုများ ပါဝင်သည်။
မြောက်ကိုရီးယားမှ လိုဏ်ခေါင်းတူးဖော်ရေး ကျွမ်းကျင်သူများသည် မြန်မာမြို့တော်သစ် နေပြည်တော်သို့ ၂၀၀၆ ခုနှစ်၊ ဇွန်လတွင် ရောက်လာကြသည်။ စစ်အုပ်စုသည် နေပြည်တော်တွင် ကျယ်ပြန့်သည့် လိုဏ်ခေါင်း ခံကတုတ်များ တည်ဆောက်ထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် မြန်မာသည် မြောက်ကိုရီးယားထံမှ ၂၄၀ မမ ထရပ်ကားတင် အတွဲလိုက်ပစ်သော ဒုံးကျည်စနစ် ၃၀ ရရှိသည်။ ထိုဒုံးကျည်များကို ကချင်ပြည်နယ် စစ်ပွဲတွင် ၂၀၁၂ ခုနှစ်က ပထမဆုံး အသုံးပြုပြီး ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်ရန် အသုံးပြုသည်။
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုစဉ်က စစ်တပ်၌ တတိယ ရာထူးအကြီးဆုံးဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်ပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ရေဒါစခန်းများကို ကြည့်ရှုသည်။
ယခုအခါ အတိုက်အခံ နိုင်ငံရေးသမား ဖြစ်နေသော ဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ပြုံယမ်းမှ ရေဒါစနစ်များ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် ပိုမိုအဆင့်မြင့်သည့် အမြောက်များကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။
တချိန်တည်းတွင် မြောက်ကိုရီးယား ကုန်တင်သင်္ဘောများသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်လာကြသည်လည်း ရှိသောကြောင့် ပိုမိုအဆင့်မြင့်သော လက်နက်များ လာရောက် ပို့ဆောင်သည်ဆိုသည့် သံသယများကို ဖြစ်စေသည်။
ထိုသို့ ပို့ဆောင်မှုများသည် မြန်မာ၏ လျှို့ဝှက် ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်နေကြောင်း ယခုအခါ အထင်အရှား သိရပြီဖြစ်သည်။ မြန်မာသည် မြောက်ကိုရီးယားထံမှ ဒုံးကျည်နည်းပညာကို ၂၀၀၈ ခုနှစ်တွင် စတင်ရရှိပြီး မြောက်ကိုရီးယား ဒုံးကျည်ပညာရှင် ၂၀ ကျော်သည် ၂၀၁၅ ခုနှစ် အစောပိုင်းအထိ မြန်မာတွင် ရှိနေကြသည်။
ယူကရိန်း စစ်ပွဲအခြေအနေနှင့် မြန်မာ၏ ပြင်းထန်သော ဘဏ္ဍာရေး အကျပ်အတည်းများကို အခြေခံ စဉ်းစားသောအခါ ဗိုလ်ချုပ်များသည် စိတ်ချရသော မိတ်ဆွေဟောင်းဖြစ်သည့် မြောက်ကိုရီးယားဘက်သို့ လှည့်သွားသည်ဟု ယူဆနိုင်သည်။
ဒုံးကျည်စီမံကိန်းအတွက် ကုန်ကြမ်းပစ္စည်း အများစုကို ပြည်တွင်းတွင် ထုတ်လုပ်ပြီး ကျန်ပစ္စည်းများကို တရုတ်မှတဆင့် မြောက်ကိုရီးယားထံမှ တင်သွင်းသည်။ မြောက်ကိုရီးယား ကျွမ်းကျင်သူများက ကျွမ်းကျင်မှု အကူအညီပေးသည်။ ထိုစီမံကိန်းတွင် ပါဝင်သည့် မည်သည့် မြန်မာအရာရှိမျှ ကိုရီးယားဘာသာစကား မပြောတတ်သော်လည်း မြောက်ကိုရီးယားအချို့သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ဖူးပြီး မြန်မာစကားကို ကောင်းစွာ ပြောကြားတတ်သည်။
၎င်းတို့သည် မြန်မာနိုင်ငံတွင် မထင်မရှားသာ နေထိုင်သော်လည်း Pyongyang Koryo စားသောက်ဆိုင်တွင် စားသောက်နေသည်ကို မကြာခဏ တွေ့ရတတ်သည်။ ထိုစားသောက်ဆိုင်မှာ ၂၀၁၈ ခုနှစ်ရောက်မှ ပိတ်လိုက်သော ရန်ကုန်မှ မြောက်ကိုရီးယား စားသောက်ဆိုင်ဖြစ်သည်။
လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းပြီးနောက်တွင် ထိုမြောက်ကိုရီးယားများ မြန်မာသို့ ပြန်ရောက်လာသည်၊ မရောက်လာသည်ကို ရှင်းလင်းစွာ မသိရသော်လည်း နည်းပညာနှင့် အတတ်ပညာ လွှဲပြောင်းမှုများ ပြုလုပ်နေသည်မှာ သေချာကြောင်း သတင်းရင်းမြစ်များက ပြောသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာစစ်တပ်မှ ပညာရှင် ၃၁ ဦးကို မြောက်ကိုရီးယားတွင် သင်တန်း ၂ လ တက်ရန် စေလွှတ်ခဲ့ကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်က မြန်မာနှင့် မြောက်ကိုရီးယားအကြား အဆက်အသွယ် ဖြတ်တောက်ထားသည်ဟု ၂၀၁၂ ခုနှစ်ကပင် ကြေညာထားသော်လည်း ထိုကာလအထိ စစ်တပ်ချင်း ဆက်ဆံရေး ရှိနေသည်။
အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အထီးကျန်ထား သပိတ်မှောက်ရေးမှ ထိတွေ့ဆက်ဆံရေးသို့ ၂၀၁၀ ပြည့်နှစ်များက ပြောင်းလဲလိုက်ရစေသည့် အကြောင်းရင်းတွင် မြန်မာစစ်တပ်နှင့် မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးအပါဆုံး ပြဿနာများတွင် ပါဝင်သည်။
မြန်မာက မြောက်ကိုရီးယားနှင့် အဆက်အသွယ် ဖြတ်မှသာလျှင် ပုံမှန်ဆက်ဆံရေးကို ထူထောင်နိုင်မည် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် ရာထူးသက်တမ်း ၂၀၁၁-၂၀၁၆ အတွင်း မြောက်ကိုရီးယားနှင့် အဆက်အသွယ် ဖြတ်လိုက်သောအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ အပစ်ပယ်ခံ နိုင်ငံအဖြစ်မှ အနောက်နိုင်ငံများ၏ အချစ်တော်နိုင်ငံ ဖြစ်လာသည်။
သွေးချောင်းစီသည့် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုသည် ခေတ်ကို နောက်ကြောင်း ပြန်လှည့်သွားစေပြီး အကြွင်းမဲ့ စစ်အုပ်ချုပ်ရေးအောက်မှ အမှောင်ဆုံးခေတ်သို့ ရောက်သွားစေသည်။ ထို့ကြောင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများ ပြန်လည် ချမှတ်လာကြသည်။
လက်နက်ဝယ်ယူရေးနှင့် ပတ်သက်လျှင် မြန်မာစစ်တပ် မည်သို့ ရည်ရွယ်သည်ကို ဟောကိန်းထုတ်ရန် ထုံးစံအတိုင်း ခက်ခဲသည်။ စစ်တပ်၏ အကျပ်အတည်းကို တရုတ်က အမြတ်ထုတ် အသုံးချပြီး ငွေလွှဲပြောင်းမှု ဘဏ္ဍာရေးအကူအညီ အရာရာပေးမည်ကို သံသယရှိရန် မလိုပေ။
သို့သော် မြန်မာ စစ်ခေါင်းဆောင်များသည် အစဉ်အလာအားဖြင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသောကြောင့် အခြားလမ်းကြောင်း ရှာမည်ဟု ယူဆနိုင်သည်။
ယူကရိန်း စစ်ပွဲအခြေအနေနှင့် မြန်မာ၏ ပြင်းထန်သော ဘဏ္ဍာရေး အကျပ်အတည်းများကို အခြေခံ စဉ်းစားသောအခါ ဗိုလ်ချုပ်များသည် စိတ်ချရသော မိတ်ဆွေဟောင်းဖြစ်သည့် မြောက်ကိုရီးယားဘက်သို့ လှည့်သွားသည်ဟု ယူဆနိုင်သည်။
ယခုအခါ မြောက်ကိုရီးယားဘက်သို့ လှည့်သွားပြီးဖြစ်ကာ မြန်မာဗိုလ်ချုပ်များသည် ထိုဆက်ဆံရေးကို မည်မျှအထိ လုပ်ဆောင်မည်နှင့် ပြုံယမ်း-နေပြည်တော် မဟာမိတ်ဖွဲ့ခြင်းကို ပြင်ပကမ္ဘာက မည်သို့ တုံ့ပြန်မည်ကို လေ့လာစောင့်ကြည့်ရန်သာ လိုအပ်တော့သည်။
(Bertil Lintner သည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားနေသည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံ ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Russia’s War in Ukraine Poses Problems for Myanmar Military ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
မြန်မာစစ်တပ် ဖျက်အားပြင်း ပဲ့ထိန်းဒုံး ထုတ်ဖို့ ကြိုးစားခဲ့သလား
လိုအင်တွေကြားက မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး
မြောက်ကိုရီးယားနှင့် မြန်မာ စစ်ဘက်ဆက်ဆံရေး ဆက်ရှိဆဲလား
ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင် ပိတ်လိုက်ရ
ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း