• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင် ပိတ်လိုက်ရ

by လဝီဝမ်
2 June 2018
in သတင်း
A A
ပိတ်သွားပြီဖြစ်သော ပြုံယမ်းကော်ယို စားသောက်ဆိုင် / ဧရာဝတီ

ပိတ်သွားပြီဖြစ်သော ပြုံယမ်းကော်ယို စားသောက်ဆိုင် / ဧရာဝတီ

36.6k
VIEWS
Share on FacebookShare on Twitter

မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် တခုကိုလေးစားရန် အမေရိကန်က မြန်မာနိုင်ငံကို မေတ္တာရပ်ခံခဲ့ပြီးနောက် ရန်ကုန်မြို့မှ မြောက်ကိုရီးယားသံရုံးနှင့် ဆက် နွယ်နေသော စားသောက်ဆိုင်တခုကို ပိတ်ပစ်ရန် မြန်မာအစိုးရက မကြာသေးမီက အမိန့်ထုတ်လိုက်ကြောင်းသိရသည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အညီလိုက်နာဆောင်ရွက်ရန် အမေရိကန်နိုင်ငံက မြန်မာအစိုးရကို တိုက်တွန်း ခဲ့သည်ဟု အမေရိကန်သံရုံး ပြည်သူ့ရေးရာဌာနမှ လက်ထောက်ပြောရေးဆိုခွင့် ရှိသူ Aryani Manring က ဧရာဝတီသို့ ပြောသည်။

AryaniManring က “ရန်ကုန်မှာရှိတဲ့ DPRK (ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံ) စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ DPRK အလုပ် သမားတွေကို ပြန်နှင်ထုတ်ခြင်းက DPRK နဲ့ ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် နဲ့ အညီ မြန်မာ နိုင်ငံ က လိုက်နာဆောင်ရွက်ခြင်း တစိတ်ပိုင်း ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင် ရုံးသုံးအမည်ကို ရည်ညွှန်း၍ ပြောသည်။

စားသောက်ဆိုင် ပိတ်သိမ်းခြင်းနှင့် ပတ်သက်သည့် နောက်ထပ်မေးခွန်းများကို မြန်မာအစိုုးရထံ မေးမြန်းရန်လည်း သူက ပြောသည်။

ပြုံယမ်းကော်ယို အမည်ရ မြောက်ကိုရီယား စားသောက်ဆိုင်ကို ဗဟန်းမြို့နယ် အတွင်းရှိ ဆရာစံလမ်းတွင် မြန်မာ နှင့် မြောက်ကိုရီးယားတို့ ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သည့် အချိန်ဖြစ်သော ၂၀၁၁ ခုနှစ်ကဖွင့်လှစ်ခဲ့သည်။

တူညီဝတ်စုံ ဝတ်ဆင်ထားသော မြောက်ကိုရီးယား အမျိုးသမီးငယ် တဒါဇင်က စားသောက်ဆိုင်မှ စားပွဲဝိုင်းများတွင် ဝန်ဆောင်မှု ပေးကြသည်။ သူတို့က မြန်မာစကား အနည်းငယ် ပြောတတ်ပြီး မြန်မာသီချင်းများကိုပင် သီဆိုနိုင်ကြသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထိုစားသောက်ဆိုင်ကို ပိတ်ပစ်ရန် လွန်ခဲ့သည့် ၂ လ ခန့်က အမိန့်ထုတ်ခဲ့ကြောင်း ဗဟန်းမြို့နယ်မှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးတင်စိုးက ဘီဘီစီရေဒီယို (မြန်မာပိုင်း) သို့ မေလ ၃၁ ရက်နေ့က ပြောထားသည်။

စားသောက်ဆိုင်သည် ပိုင်ရှင် အသစ်တဦးထံသို့ ရောက်ရှိသွားပြီး ယခုအခါ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေသည်ဟု သူကပြောသည်။

သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးသို့ ဧရာဝတီမှမေးမြန်းသည့် အခါတွင် စားသောက်ဆိုင် ပိတ်ပစ်ရန် အစိုးရ၏ ဆုံး ဖြတ်ချက်နှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်းပြောသည်။ သတင်းထောက်များ အနေဖြင့် ရန်ကုန်တိုင်းအစိုးရသို့ ဆက်သွယ်မေးမြန်းရန် သူကအကြံပြုခဲ့သည်။

မြန်မာအစိုးရက အမေရိကန်နိုင်ငံ၏ မေတ္တာရပ်ခံချက်ကို သဘောတူခဲ့ခြင်းမှာ မြန်မာနိုင်ငံသည် အမေရိကန် နိုင်ငံ၏ မိတ် ဆွေကောင်းတဦး ဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစားကြောင်း ပြသလို၍ ဖြစ်သည်ဟု လေ့လာ ဆန်းစစ်သူများက ခန့်မှန်းခဲ့ကြသည်။

၂ နိုင်ငံဆက်ဆံရေးကောင်းမွန်ခဲ့သည့် အတိတ်ကာလတွင် မြန်မာ့တပ်မတော်ကမြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူခဲ့ကြသည်။ အဆိုပါ အရောင်းအဝယ် ကိစ္စ ပေါက်ကြားခဲ့သည့် အခါ အမေရိကန် နှင့် အခြားနိုင်ငံများ၏ ဝေဖန် ပြစ် တင်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ယနေ့အချိန်တွင်မူ မြန်မာ နိုင်ငံက ၎င်းတို့နှင့် မြောက်ကိုရီးယားကြားတွင် နီးကပ်သော ဆက်ဆံရေးမရှိတော့ကြောင်း ပြသရန် ဆန္ဒ ရှိနေသည့် အသွင် ရှိပါသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော North Korean Restaurant in Yangon Ordered to Close its Doors ကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း

Your Thoughts …
Tags: မြောက်ကိုရီးယား စားသောက်ဆိုင်
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မန္တလေး ဗဟို အကျဉ်းထောင်မှ အကျဉ်းသားများ စာမေးပွဲဖြေဆိုနေကြစဉ် / အကျဉ်းဦးစီးဌာန

ဆယ်တန်းအောင် အကျဉ်းသား ၄၇ ဦးတွင် ဂုဏ်ထူးရှင် ၂၈ ဦးပါဝင်

မန္တလေးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သည့်နေရာများအား ရှင်းလင်း (ရုပ်/သံ)

မန္တလေးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သည့်နေရာများအား ရှင်းလင်း (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved