• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း

by ကျော်ခ
6 October 2012
in ဆောင်းပါး
A A
North Korean reataurant in Rangoon,
North Korean reataurant in Rangoon,
North Korean reataurant in Rangoon
north-korean-reataurant-003
north-korean-reataurant-004
north-korean-reataurant-005
north-korean-reataurant-006
north-korean-reataurant-007
north-korean-reataurant-008
north-korean-reataurant-009
north-korean-reataurant-011
43.1k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


“ပြုံယမ်းကော်ယို” လို့ အမည်ရတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ ရန်ကုန်မြို့ ဆရာစံလမ်းထဲမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကတည်းက ဖွင့်လှစ်ခဲ့တာ အခုဆိုရင် နှစ်နှစ် နီးပါး ရှိခဲ့ပါပြီ။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
593

မြန်မာနိုင်ငံက စားသောက်ဆိုင်တွေက အများအားဖြင့် လမ်းမကြီးတွေရှိတဲ့ ဘက်ကို မျက်နှာမူထားပြီး ရောင်းချကြပေမယ့် “ပြုံယမ်းကော်ယို” ကတော့ ဆရာစံလမ်းမကြီးကို ကျောခိုင်းပြီး နှစ်ထပ်အိမ်ကို ဆိုင်အဖြစ်နဲ့ ဖွင့်ထားတာပါ။

မြောက်ကိုရီးယားတို့ အရှေ့တောင်အာရှမှာ ခြေဆန့်လာခဲ့ရာ ၂၀၀၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ စီယန်ရိမြို့မှာ ပထမဆုံး ဆိုင်ကိုဖွင့်လှစ်ခဲ့ပြီး ဒုတိယဆိုင်ကို ဖနွမ်းပင်မြို့မှာ ထပ်ဖွင့်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တတိယမြောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး အခုရန်ကုန်က ဆိုင်ဟာ စတုတ္ထမြောက် ဆိုင်ဖြစ်ပါတယ်။

အပေါ်ထပ်၊ အောက်ထပ် နှစ်ထပ်လုံးမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နှစ်သက်တဲ့ နေရာတွေမှာ ရွေးထိုင်လို့ရပါတယ်။ အောက်ထပ် မှာတော့ ဖျော်ဖြေရေးအတွက် စင်တင် တေးဂီတလည်း ပါဝင်သလို အေးအေးဆေးဆေး သီးသန့် စားသောက်ရင်း စကားပြော လိုသူတွေ အတွက်တော့ သီးသန့် ခန်းတွေလည်း ပါဝင်တာကိုတွေ့ရတယ်။

ဆိုင်ကတော့ ရောင်းကောင်းတဲ့ စားရင်းထဲမှာ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ တနင်္လာလို အလုပ်ဖွင့်ရက် ညဦးပိုင်းမှာတောင် ဆိုင်ရဲ့ စားပွဲဝိုင်း ၃ ပုံမှာ ၂ ပုံလောက်မှာ စားသုံးသူတွေ ရှိနေပါတယ်။

ဆိုင်ထဲမှာ လာစားသောက်ကြတဲ့ ဧည့်သည် ၈၀ ရာခိုင်နှုန်းကတော့ ကိုရီးယား လူမျိုးတွေပါ။ တောင်ကိုရီးယားလူမျိုး ဘယ်လောက်၊ မြောက်ကိုရီးယားလူမျိုး ဘယ်လောက်ဆိုတာ မသိရသလို ဘယ်နေရာမှာ ဘာလုပ်ငန်း လုပ်နေတဲ့လူတွေလဲ ဆိုတာတော့ မသိပါဘူး။ ကျန်တဲ့ ရာခိုင်နှုန်း အနည်းငယ်ရှိတဲ့ ဧည့်သည်တွေကတော့ ငွေကြေးလည်ပတ်မှု ကောင်းတဲ့ မြန်မာနိုင်ငံသားတွေလို့ ဆိုနိုင်ပါတယ်။

ဟင်းပွဲတွေက သေသေသပ်သပ် ရှိသလို အရှေ့တိုင်း၊ အနောက်တိုင်းသားတွေ အားလုံး စားသုံးနိုင်တဲ့ အရသာမျိုးတွေပါ။ ဟင်းပွဲတပွဲကို မြန်မာကျပ်ငွေ ပျမ်းမျှအားဖြင့် ကျပ် ၁၅၀၀၀ နှုန်း ဝန်းကျင်မှာရှိနေတဲ့အတွက် သာမန်စီပွားရေးသမားတွေနဲ့ အခြေခံ လူတန်းစားတွေ သွားစားနိုင်ဖို့ မလွယ်ပါဘူး။

“ပြုံယမ်း ကော်ယို” ဆိုင်ဟာ ၂၀၀၇ ခုနှစ် ဧပြီလာအတွင်းက နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး တရားဝင် ပြည်လည် တည်ဆောက် ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၉ နှစ်က ရန်ကုန်မြို့ အာဇာနည် ဗိမ္ဗာန်ကို အလည်အပတ် ရောက်လာတဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နဲ့အဖွဲ့ဝင်တွေကို မြောက်ကိုရီးယား ကွန်မန်ဒို ၃ ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ သမ္မတ ချန်ဒူးဝမ် အသက်မသေဘဲ လွတ်မြောက်ခဲ့ပေမယ့် တောင်ကိုရီးယား ဝန်ကြီး လေးဦး အပါအဝင် စုစုပေါင်း ၂၁ ဦး သေဆုံးမှု ဖြစ်ပွားသွားခဲ့တဲ့နောက် မြန်မာနဲ့ မြောက်ကိုရီးယား တို့အကြား သံတမန် ဆက်ဆံရေး ပြတ်တောက်သွားခဲ့တာပါ။

ဒါပေမယ့် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်က စပြီး နှစ်နိုင်ငံအကြား လျှို့ဝှက် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည် ပြုလုပ်ခဲ့ပြီး မြန်မာစစ်တပ် အဆင့်မြှင့်တင်ရေးအတွက် မြောက်ကိုရီးယားက လူနဲ့ နည်းပညာ အကူအညီတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

“ပြုံယမ်းကော်ယို” ဟာ မြန်မာပြည်မှာ ဖွင့်ထားပေမယ့် မြန်မာအလုပ်သမားတွေ မတွေ့ရပါဘူး။ ဆိုင်မန်နေဂျာက စပြီး ဖျော်ဖြေရေး တီးဝိုင်းအဖွဲနဲ့ စားပွဲထိုးအဆုံး မြောက်ကိုရီးယား လူမျိုးတွေကိုပဲ အလုပ်ပေးထားတာ တွေ့ရပါတယ်။ ဒီဆိုင်ဟာ မြောက်ကိုရီးယား လူမျိုးတွေ သီးသန့် ဦးစီးဖွင့်လှစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဆိုင်ထဲမှာတော့ ဧည့်သည်တွေ အနှောက်အယှက် ဖြစ်မှာစိုးတဲ့ အတွက်လား၊ ဆိုင်ရဲ့ ပြင်ဆင်ပုံတွေကို မသိစေလိုတဲ့ အတွက်လားတော့ မဆိုနိုင်ဘူး၊ ဓာတ်ပုံမရိုက်ဖို့ တားမြစ်ထားတဲ့ စာရွက်တွေကို ကပ်ထားတာ တွေ့မြင်ရပါတယ်။ ဒါပေမယ့် အဆိုတော်တွေ ဖျော်ဖြေတဲ့ အချိန်မှာတော့ တယ်လီဖုန်းနဲ့ တဖုံ၊ ကင်မရာနဲ့ တမျိုး ဓာတ်ပုံ ရိုက်သူတွေ ရှိကြပါတယ်၊ အဲလိုရိုက်ရင် လာရောက် တားမြစ်တာတော့ မတွေ့ရပါဘူး။

ကွယ်လွန်သွားပြီ ဖြစ်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ်ရဲ့ အထုပ္ပတ္တိကို ဘာသာပြန် ရေးသားခဲ့တဲ့ စာရေးဆရာ ဦးဟိန်းလတ်ကတော့ “ပြုံယမ်းကော်ယို” ဟာ ရန်ကုန်မှာရှိတဲ့ မြောက်ကိုရီးယား သံရုံးရဲ့ အထောက်အကူနဲ့ ဖွင့်လှစ်ထားတဲ့ ဆိုင်ဖြစ်တယ်လို့ အဲဒီဆိုင်ဖွင့်စတုန်းက ပြောဆိုခဲ့ဖူးပါတယ်။

“ပြုံယမ်း ကော်ယို” ကို မြောက်ကိုရီးယား သံရုံးအသိုင်းအဝန်းက လူတွေ၊ လုပ်ငန်းရှင်တွေနဲ့ ထောက်လှမ်းရေး လုပ်ငန်းအတွက် ဆုံရပ်နေရာတခုလို့လည်း တချို့ပြောဆိုနေကြတာတွေ ရှိပါတယ်။

ဒီဆိုင်မှာ တေးဂီတ တီးခတ်တဲ့ အဖွဲ့၊ အကမယ်တွေနဲ့ စားပွဲထိုးတွေ အားလုံးဟာ မြန်မာပြည်ဖွားတွေ မဟုတ်ကြပါဘူး၊ “ပြုံယမ်းကော်ယို” ဆိုင်အတွက် မြောက်ကိုရီးယားကနေ သီးသန့် ခေါ်ယူလာသူတွေ ဖြစ်တယ်လို့ စားပွဲထိုး မိန်းကလေးတွေ ပြောပြချက်အရ သိရပါတယ်။

တေးဂီတအဖွဲ့က သူတို့ဖျော်ဖြေတဲ့ အချိန်အတွင်းမှာ မြောက်ကိုရီးယား သီချင်းတွေ၊ သူတို့ရိုးရာ အကတွေနဲ့ ဖျော်ဖြေသလို ဖျော်ဖြေချိန် တဝက်လောက်ကိုလည်း စိုင်းဆိုင်မောဝ်၊ ဝိုင်ဝိုင်း တို့ရဲ့ မြန်မာသီချင်းတွေကို ကိုယ်တိုင် တီးခတ် ဖျော်ဖြေ ကြပါတယ်။

စားပွဲထိုးတွေကလည်း မြန်မာစကားကို တော်တော်လေး ပြောနိုင်ကြပါတယ်။ သူတို့ကို ဘယ်လောက်အထိ မြန်မာစကားကို လေ့ကျင့် ပေးထားလဲ၊ ဘယ်အချိန်ကတည်းက သင်ပေးထားလဲ၊ လစာငွေဘယ်လောက်ရလဲ၊ ဖွင့်လှစ်သူ ဆိုင်ရှင် ဘယ်သူလဲ စတဲ့ အကြောင်းအရာတွေကို မေးတဲ့ အခါမှာ “အဲဒါတွေ မမေးပါနဲ့” လို့ ခပ်ပြတ်ပြတ်ပဲ ပြန်ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံ အကြားမှာ နျူကလီးယား လက်နက် ထုတ်လုပ်ရေး၊ စစ်ဘက်ဆိုင်ရာ မြေအောက် လိုဏ်ဂူတွေ ဖောက်လုပ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံကြီးတချို့က ပြောဆိုမှုတွေ ရှိနေတဲ့ ကြားက ရှားရှားပါးပါး ရန်ကုန်မှာလာပြီး ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

အရင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်တုန်းက မြောက်ကိုရီးယား နိုင်ငံက ရန်ကုန်မှာ ဆိုင်ဖွင့်ဖို့ ခွင့်ပြုချက် တောင်းဆိုခဲ့ပေမယ့် နိုင်ငံတကာရဲ့ ငြိုငြင်မှုကို မခံလိုတဲ့အတွက် အဲဒီတုန်းက ဖွင့်ခွင့် မပေးဖြစ်ခဲ့ဘူး ဆိုတဲ့အကြောင်း စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။

Your Thoughts …
Tags: North KoreaReataurant
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

by လင်းသန့်
17 July 2013
3.4k

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေးမှ လွဲ၍ စစ်ရေးဆက်သွယ်မှု အားလုံးဖြတ်တောက် ထားသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိတ်ပူ

မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိတ်ပူ

by လင်းသန့်
29 June 2012
6.5k

မြောက် ကိုရီးယားနဲ့ မြန်မာရဲ့ စစ်ရေး ဆက်ဆံမှုဟာ ပွင့်လင်းမြင်သာမှု မရှိတာကို ကျနော်တို့ တလျှောက်လုံး စိုးရိမ်မကင်း ဖြစ်နေတယ်ဆိုတာ လူသိရှင်ကြားရော၊ သီးခြား လူမသိ သူမသိရော

မြောက်ကိုရီးယား အမျိုးသမီး အသင်းအတွက် အလံမှား ဖော်ပြ

မြောက်ကိုရီးယား အမျိုးသမီး အသင်းအတွက် အလံမှား ဖော်ပြ

by ဆောင်းဦးလင်း
26 July 2012
7.2k

ကစားသမားတွေကို လူစာရင်းကြေညာရာမှာ တောင်ကိုရီးယားအလံနဲ့ မှားယွင်းပြီး ပူးတွဲကြေညာခဲ့တာကြောင့် မြောက်ကိုရီးယား အသင်းအတွက် ဒေါသူပုန်ထစရာ ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်, မြောက်ကိုရီးယား လူမျိုး, မဲခေါင်မြစ်, တရုတ်

မြောက်ကိုရီးယားက ထွက်ပြေးလာသူ ၁၃ ဦး ထိုင်း မြောက်ပိုင်းတွင် ဖမ်းမိ

by လင်းသန့်
9 June 2014
7.2k

ယင်း မြောက်ကိုရီးယား တွေကို ထိုင်းနိုင်ငံ ပိုင်နက် မဲခေါင် မြစ်ကမ်း လာအိုလှေ တစီးပေါ်က ဖမ်းဆီး ရမိတာ ဖြစ်ပြီး သူတို့ဟာ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက လှေကို ချဉ်းကပ် လာချိန်မှာ အဖမ်းခံရခြင်း...

မြောက်ကိုရီးယား, စစ်လက်နက် ပစ္စည်း, ကမ္ဘာ့ ကုလသမဂ္ဂ, အမေရိကန်, ကွန်ဂရက် လွှတ်တော်

မြောက်ကိုရီးယား လက်နက်တွေ မြန်မာ ဝယ်ယူနေဆဲလို့ အမေရိကန် ပြော

by လင်းသန့်
6 March 2014
6.1k

မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံဆီက တားမြစ် ပိတ်ပင်ထားတဲ့ စစ်လက်နက် ပစ္စည်းတွေကို အခုအထိ ဝယ်ယူနေဆဲ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆို လိုက်ပါတယ်။

မြောက်ကိုရီးယား

မြန်မာ ဂျာနယ်လစ်များကို လာလည်ရန် မြောက်ကိုရီးယား ဖိတ်ခေါ်

by ကျော်ဖြိုးသာ
22 July 2014
3.4k

ဇူလိုင်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းသို့ ရန်ကုန်မြို့ရှိ မြောက်ကိုရီးယား သံရုံးမှ တာဝန်ရှိ သူများ လာရောက် လည်ပတ်ရင်း ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Next Post
မသန်စမ်းသူများအတွက် ဆွေးနွေးပွဲ (ရုပ်/သံ)

မသန်စမ်းသူများအတွက် ဆွေးနွေးပွဲ (ရုပ်/သံ)

ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် – ဦးဇင်ဝိုင်းနှင့် အင်တာဗျူး

ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် - ဦးဇင်ဝိုင်းနှင့် အင်တာဗျူး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved