• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

မြောက်ကိုရီးယား လက်နက်တွေ မြန်မာ ဝယ်ယူနေဆဲလို့ အမေရိကန် ပြော

by လင်းသန့်
6 March 2014
in Politics
A A
မြောက်ကိုရီးယား, စစ်လက်နက် ပစ္စည်း, ကမ္ဘာ့ ကုလသမဂ္ဂ, အမေရိကန်, ကွန်ဂရက် လွှတ်တော်

သူရ ဦးရွှေမန်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တချို့ (ဓာတ်ပုံ – nknews)

6.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံဆီက တားမြစ်ပိတ်ပင်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို အခုအထိ ဝယ်ယူနေဆဲဖြစ် တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာအခြေအနေနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်ကို မနေ့က တင်သွင်းတဲ့ အစီရင် ခံစာ တစောင်မှာ အဲဒီလို ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။

RelatedPosts

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
2
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
17
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
1.5k

လျှို့ဝှက်မှုတွေလုပ်နေတဲ့ မြောက်ကိုရီးယားဟာ သူ့ရဲ့စစ်လက်နက် ပစ္စည်းတွေ ရောင်းချနိုင်ရေး အတွက် ကမ္ဘာလုံးဆိုင်ရာ ကွန် ရက်တခုကို အသုံးချနေတယ်လို့လည်း အေပီ သတင်းတပုဒ်က ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား လက်နက်ရောင်းချတဲ့ နိုင်ငံတွေထဲမှာ အီရန်၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံတို့က အမာခံ ဝယ်လက်တွေ ဖြစ်တယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံကတော့ မြောက်ကိုရီးယားနဲ့ ခပ်ဝေးဝေးနေပြစ ပြုလာနေကြောင်း၊ မြောက်ကိုရီယား ဆီက လက်နက်ဝယ်တဲ့ နိုင်ငံ တွေထဲက အမာခံ ဝယ်လက်တွေ တဖြည်းဖြည်းလျော့နည်းလာနေကြောင်းလည်း အေပီ သတင်းမှာ ပါရှိ ပါတယ်။

မြောက်ကိုရီးယားရဲ့ လက်နက်တွေ မဝယ်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှု ကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း မြန်မာက ငြင်းတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို တာဝေးပစ် ဒုံးကျည်နည်းပညာတွေ ထောက်ပံ့ပေးနေတယ်လို့ အရင်က သံသယဖြစ်ခဲ့ တာ ကြောင့် တားမြစ်ပိတ်ပင်ထားတဲ့ လက်နက်တွေ မြောက်ကိုရီးယား ဆီက ဝယ်ယူတာရပ်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ မြန်မာ အစိုးရကို အမေရိကန်က ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

နျူကလီးယား အစီအစဉ်နဲ့ တာဝေးပစ် စစ်လက်နက် ပစ္စည်းတွေကနေ ငွေအလုံးအရင်းရနေတဲ့ မြောက်ကိုရီးယားရဲ့လက်နက် တင်ပို့ ရောင်းချမှု အပေါ် အမေရိကန်က အလွန် စိုးရိမ်ပူပန်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်လည်း မြန်မာက မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုတွေ ဆက်လုပ်နေတာကြောင့် ကုမ္ပဏီ တချို့ နဲ့ မြန်မာ တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး တို့ကို အမေရိကန် က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းမှာ နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် က အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား မြန်မာပြည်လာစဉ်နဲ့ အမေရိကန်မှာ သူနဲ့တွေ့ဆုံ စဉ် တွေမှာ မြန်မာအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ထားတယ်လို့ ပြောဆိုခဲ့သလို အရင်နှစ် ဇူလိုင်လက ဗြိတိန် ခရီးစဉ်အတွင်းမှာလည်း အလားတူ တရားဝင် ထုတ်ပြောခဲ့ပါတယ်။

တဖက်ကလည်း မြန်မာ-အမေရိကန် ၂ နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေးတိုးမြှင့်ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိပြီး အထူး သဖြင့် မြန်မာ့ တပ်မတော်ကို နိုင်ငံတကာ အဆင့်မီ(Professional) တပ်မတော် ဖြစ်လာစေရေး၊ နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ တပ်မတော်ဖြစ်စေရေးကိစ္စတွေ အလေးထားပြီး အမေရိကန်ဘက်က ပြောဆိုနေတာ ရှိပါတယ်။

အရင် စစ်အစိုးရ လက်ထက်မှာ မြောက်ကိုရီးယား ပညာရှင်တွေ အကူအညီနဲ့ မြန်မာပြည်အလယ်ပိုင်း၊ မကွေးတိုင်း အတွင်းက အမည်မသိ စက်ရုံတခုမှာ လျှို့ဝှက် သုတေသန အစီအစဉ်တွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်စက်ရုံ ဒု စက်ရုံမှူး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ကလည်း မြန်မာအစိုးရရဲ့ လျှို့ဝှက် လုပ်ဆောင် နေတဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ၂၀၀၉ ခုနှစ်က ဖွင့်ချခဲ့ပါသေးတယ်။

မကြာသေးခင်နှစ်ပိုင်းက ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန် လှျှို့ဝှက်ဆက်သွယ်မှုဆိုင်ရာ ဝီကီလိခ် ကြေးနန်းမှာလည်း မြန်မာ တောတွင်းက စစ်တပ်အခြေစိုက် စခန်းတွေမှာ ရာနဲ့ချီတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေ လာရောက် လုပ်ကိုင်နေပြီး သူတို့ အကူညီနဲ့ မြေအောက် ဥမင် လိုဏ်ခေါင်းတွေ တူးနေတယ်လို့ ပြောဆိုထားတာတွေလည်း ပါဝင်ပါတယ်။

အဲဒီအပြင် မြောက်ကိုရီးယား ကုန်သင်္ဘော တွေဖြစ်တဲ့ Kang Nam 1 နဲ့ Bongwhasan တို့ဟာ လောင်စာဆီ၊ စားနပ်ရိက္ခာ စတဲ့ အရေးပေါ် ဖြည့်တင်းမှု လုပ်တာဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ မြန်မာနိုင်ငံကို ဆိုက်ကပ်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘောတွေဟာ မြန်မာ ရေပိုင်နက်ထဲ ဝင်လာတဲ့ အခါ တခြား နိုင်ငံ အလံတင်ပြီး ပုံမှားရိုက် လျှို့ဝှက် လက်နက်ရောင်းဝယ်မှုတွေ ရှိတယ်လို့ ဝါရှင်တန် အခြေစိုက် မြောက်ကို ရီးယားအရေး စောင့်ကြည့် သတင်း ထုတ်ပြန်နေတဲ့ NK news သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာဟာ ၁၉၈၃ ခုနှစ်က အာဇာနည်ဗိမ္မာန် ဗုံးခွဲမှုမှာ မြောက်ကိုရီးယား အစိုးရ လက်ချက်ဖြစ်တာကို ထုတ် ဖော်တွေ့ရှိလိုက်ရတာကြောင့် သံတမန် ဆက်သွယ်ရေး ဖြတ်တောက်ထားခဲ့ရာကနေ ၂၀၀၇ ခုနှစ်မှာ ပြန်လည် ဆက်သွယ်ခဲ့ကြ တာပါ။

အခု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက လည်း ဖြစ်ပြီး အရင်တုန်းက တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း ဟာ တရုတ်နိုင်ငံကတဆင့် မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်း မြို့တော်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ၇ ရက်ကြာခရီး လျှို့ဝှက် သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်းမှာ ၂ နိုင်ငံ နားလည်မှု စာချွန်လွှာတချို့ကို လက်မှတ် ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အီချွန်းဟာ ၂၅ နှစ်တာ အတွင်း ပထမဆုံးအကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လက အလည်လာရောက်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် အစိုးရ ထိပ်ပိုင်း အရာ ရှိ တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

Your Thoughts …
Tags: North Korea
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း

by ကျော်ခ
6 October 2012
43k

သူတို့ကို ဘယ်လောက် အထိ မြန်မာ စကားကို လေ့ကျင့် ပေးထားလဲ၊ ဘယ်အချိန် ကတည်းက သင်ပေးထားလဲ၊ လစာငွေ ဘယ်လောက် ရလဲ၊ ဖွင့်လှစ်သူ ဆိုင်ရှင် ဘယ်သူလဲ စတဲ့ အကြောင်း အရာတွေကို မေးတဲ့...

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

by လင်းသန့်
17 July 2013
3.4k

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေးမှ လွဲ၍ စစ်ရေးဆက်သွယ်မှု အားလုံးဖြတ်တောက် ထားသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

မြောက်ကိုရီးယား အမျိုးသမီး အသင်းအတွက် အလံမှား ဖော်ပြ

မြောက်ကိုရီးယား အမျိုးသမီး အသင်းအတွက် အလံမှား ဖော်ပြ

by ဆောင်းဦးလင်း
26 July 2012
7.2k

ကစားသမားတွေကို လူစာရင်းကြေညာရာမှာ တောင်ကိုရီးယားအလံနဲ့ မှားယွင်းပြီး ပူးတွဲကြေညာခဲ့တာကြောင့် မြောက်ကိုရီးယား အသင်းအတွက် ဒေါသူပုန်ထစရာ ဖြစ်ခဲ့ပါတယ်။

မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိတ်ပူ

မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိတ်ပူ

by လင်းသန့်
29 June 2012
6.5k

မြောက် ကိုရီးယားနဲ့ မြန်မာရဲ့ စစ်ရေး ဆက်ဆံမှုဟာ ပွင့်လင်းမြင်သာမှု မရှိတာကို ကျနော်တို့ တလျှောက်လုံး စိုးရိမ်မကင်း ဖြစ်နေတယ်ဆိုတာ လူသိရှင်ကြားရော၊ သီးခြား လူမသိ သူမသိရော

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်, မြောက်ကိုရီးယား လူမျိုး, မဲခေါင်မြစ်, တရုတ်

မြောက်ကိုရီးယားက ထွက်ပြေးလာသူ ၁၃ ဦး ထိုင်း မြောက်ပိုင်းတွင် ဖမ်းမိ

by လင်းသန့်
9 June 2014
7.2k

ယင်း မြောက်ကိုရီးယား တွေကို ထိုင်းနိုင်ငံ ပိုင်နက် မဲခေါင် မြစ်ကမ်း လာအိုလှေ တစီးပေါ်က ဖမ်းဆီး ရမိတာ ဖြစ်ပြီး သူတို့ဟာ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက လှေကို ချဉ်းကပ် လာချိန်မှာ အဖမ်းခံရခြင်း...

မြောက်ကိုရီးယား

မြန်မာ ဂျာနယ်လစ်များကို လာလည်ရန် မြောက်ကိုရီးယား ဖိတ်ခေါ်

by ကျော်ဖြိုးသာ
22 July 2014
3.4k

ဇူလိုင်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းသို့ ရန်ကုန်မြို့ရှိ မြောက်ကိုရီးယား သံရုံးမှ တာဝန်ရှိ သူများ လာရောက် လည်ပတ်ရင်း ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Next Post
အရုပ်စစ်သားတွေကြည့်ဖို့ … “ဖိတ်ကြားထားသူများသာ”

အရုပ်စစ်သားတွေကြည့်ဖို့ … “ဖိတ်ကြားထားသူများသာ”

ပုံနှိပ်ထုတ်ဝေရေး ဥပဒေ, သတင်းမီဒီယာ ဥပဒေ, ပြန်ကြားရေး ဝန်ကြီးဌာန, လွှတ်တော်, စာနယ်ဇင်း ကောင်စီ

မီဒီယာဆိုင်ရာ ဥပဒေနှစ်ရပ် တပြိုင်တည်း အတည်ပြု

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.8k
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

1 day ago
5.7k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate