• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိတ်ပူ

by လင်းသန့်
29 June 2012
in သတင်း
A A
မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိတ်ပူ

၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှာ မြန်မာပြည်ကို လာလည်သွားတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပတ်အွီချွန်း (ဓာတ်ပုံ - Reuters)

6.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ – အမေရိကန် ဆက်ဆံရေး ပုံမှန် ပြန်ရောက်ဖို့အတွက် မြောက်ကိုရီးယားနဲ့ မြန်မာတို့ရဲ့ ပွင့်လင်း မြင်သာမှု မရှိတဲ့ စစ်ရေး ဆက်ဆံရေး လုပ်နေတာကို မြန်မာက အခိုင်အမာ အဆက်ဖြတ်စေလိုတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှာ မြန်မာပြည်ကို လာလည်သွားတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပတ်အွီချွန်း (ဓာတ်ပုံ – Reuters)

“မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား လျှို့ဝှက်ဆက်ဆံမှုတွေ ရှိတယ်ဆိုပြီး ကျနော်တို့ အမေရိကန် ပြည်ထောင်စုဘက်က စိတ် ကသိကအောင့် ဖြစ်နေတဲ့အတွက် မြောက်ကိုရီယားနဲ့ ဆက်ဆံမှုကို မြန်မာအနေနဲ့ ချက်ချင်း ရှင်းရှင်းလင်းလင်း အဆုံး မသတ်သေးရင် မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးဟာ ပုံမှန်အခြေအနေကို ရာနှုန်းပြည့် ဖြစ်လာမှာ မဟုတ်သေးဘူး” လို့ မကြာခင်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းမယ့် မစ္စတာ ဒဲရစ် မစ်ချယ် က ပြောသွား တာပါ။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး သံတမန်အဆင့် ပုံမှန် ပြန်ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် မကြာခင်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ရေး အတည်ပြုချက် ရယူဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့က ကြားနာပွဲမှာ ဒဲရက်မစ်ချယ်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“မြောက် ကိုရီးယားနဲ့ မြန်မာရဲ့ စစ်ရေး ဆက်ဆံမှုဟာ ပွင့်လင်းမြင်သာမှု မရှိတာကို ကျနော်တို့ တလျှောက်လုံး စိုးရိမ်မကင်း ဖြစ်နေတယ်ဆိုတာ လူသိရှင်ကြားရော၊ သီးခြား လူမသိ သူမသိရော ကျနော်တို့ အခိုင်အမာ ထုတ်ပြောပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာ အစိုးရအနေနဲ့ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာ လက်နက် မပြန့်ပွားရေး သဘော တူညီချက် စာချုပ်ကို လေးစားလိုက်နာဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်တဲ့အတိုင်း သူ သံအမတ်ကြီးဖြစ်တဲ့ အချိန်မှာ ဒီကိစ္စကို ဦးစားပေး ပြောဆိုမယ်လို့ မစ္စတာ ဒဲရစ် မစ်ချယ်က ဆက်ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို သံသယဖြစ်ခဲ့တာ ၂၀၀၄ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်က ဒီ ၂ နိုင်ငံ ဆက်ဆံရေးကို မျက်ခြေမပြတ် စောင့်ကြည့်နေတာပါ။

၂၀၀၉ ခုနှစ်တုန်းက နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့လို့ မြောက်ကိုရီးယား နိုင်ငံရဲ့ မသင်္ကာဖွယ်ရာကောင်းတဲ့ ဘယ် ယာဉ်၊ ဘယ် သင်္ဘော တွေကိုမဆို အချိန်မရွေး စစ်ဆေးပိုင်ခွင့်ရှိတယ် ဆိုတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ် ခဲ့တာကြောင့် ဒီဆုံးဖြတ်ချက်ကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေက လေးစားလိုက်နာဖို့ အမေရိကန် ပြည်ထောင်စုက တလျှောက်လုံး ပြောဆို တိုက်တွန်းလာခဲ့တာပါ။

၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကလည်း မြန်မာကို ဦးတည်မောင်းနှင်လာတယ်လို့ ယူဆရပြီး နျူကလီယား ဆက်စပ်ပစ္စည်းတွေနဲ့ တာဝေးပစ် ဒုံးကျည် လက်နက်တွေ တင်ဆောင် လာတယ်လို့ သံသယဖြစ်စရာ မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ရေတပ် ဖျက်သင်္ဘော McCompbell က သက်ဆိုင်ရာ နိုင်ငံက ခွင့်ပြုချက်ရလို့ ၄ ကြိမ် တိုင်တိုင် တက်ရောက်ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ သင်္ဘောကို နောက်ကြောင်းပြန်လှည့် သွားစေခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရ တက်လာပြီး ပထမဆုံး သံသယဖြစ်မှုပါ။ သမ္မတ ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂရဲ့ ချမှတ်ချက်တွေကို တသွေမတိမ်း လိုက်နာပြီး ညူကလီးယားစီမံကိန်းအတွက် မြောက်ကိုရီးယားနဲ့ လုံးဝမပတ်သက်တော့ဘူးလို့ မေလတုန်းက လာလည်တဲ့ တောင်ကိုရီးယား သမတအပါအဝင် နိုင်ငံခြားအစိုးရတွေကို ကတိခံထားပါတယ်။

မြန်မာအစိုးရဟာ မြောက်ကိုရီးယားထံက နျူကလီးယားလက်နက်ဆိုင်ရာ အကူအညီယူခဲ့တယ်လို့ အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ရစ်ချတ် လူဂါ က ပထမဆုံး အကြိမ် အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလက ထုတ်ပြောခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက သတင်း အချက် အလက်တွေ လက်ခံ ရရှိထားပြီး သက်ဆိုင်ရာ အရာရှိတွေဆီ လွှဲပြောင်းပေးခဲ့ပေမယ့် လူသိရှင်ကြား ထုတ်ပြန်တာတွေ မလုပ်ခဲ့ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးရာ ကော်မတီ ရုံးအဖွဲ့ဝင် မစ္စတာ ကိသ် လုစ် က မနှစ်က ထုတ်ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် မကွေးတိုင်း အနောက်ခြမ်း မလွန်ဒေသက အမည်မသိစက်ရုံတရုံမှာ မြောက်ကိုရီးယား ပညာရှင်တွေနဲ့ မြန်မာ စစ်တပ်တို့ လျှို့ဝှက် စီမံကိန်းတွေ လုပ်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြဖူးပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်စက်ရုံ ဒု စက်ရုံမှူး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း မြန်မာအစိုးရရဲ့ လျှို့ဝှက်လုပ် ဆောင်နေတဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ၂၀၀၉ ခုနှစ်က ဖွင့်ချခဲ့ပါသေးတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

မကြာသေးခင် နှစ်ပိုင်းက ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန် လှျှို့ဝှက်ဆက်သွယ်မှုဆိုင်ရာ ဝီကီလိခ် ကြေးနန်းမှာလည်း မြန်မာ တောတွင်းက စစ်တပ်အခြေစိုက် စခန်းတွေမှာ ရာနဲ့ ချီတဲ့ မြောက်ကိုးရီးယား နိုင်ငံသားတွေ လာရောက် လုပ်ကိုင်နေပြီး သူတို့ အကူညီနဲ့ မြေအောက် ဥမင် လိုဏ်ခေါင်းတွေ တူးနေတယ်လို့ ပြောဆိုထားတာတွေလည်း ပါဝင်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်အွီချွန်းဟာ ၂၅ နှစ်တာ အတွင်း ပထမဆုံးအကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လက အလည်လာရောက်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် နေပြည်တော် ထိပ်ပိုင်း အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးမှာလည်း အလေးအနက် ပြောခဲ့သလို ဂျွန်မက်ကိန်းအပါအဝင် ထင်ရှားတဲ့ အမေရိကန် အမတ်တွေ မြန်မာနိုင်ငံ လာတုန်းကလည်း အစိုးရ ထိပ်တန်း အရာရှိတွေကို မြန်မာ – မြောက်ကိုရီးယား စစ်ရေး ဆက်ဆံရေးအပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုကို အတိအလင်း ပြောခဲ့ကြပါတယ်။

အမေရိကန်က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ပိတ်ဆို့မှုတွေ လျှော့ချမှာ ဖြစ်တဲ့အပြင် မြန်မာစစ်တပ်ကိုလည်း အကူအညီ ပေးမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ ဥပဒေတွေအပေါ် မြန်မာစစ်တပ်က ဘယ်လိုတုန့်ပြန် ဆောင်ရွက်မလဲ ဆိုတာကို မူတည်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းမွန် အခြေခိုင်လာမယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

Your Thoughts …
Tags: North Korea
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ရန်ကုန်ကို ခြေဆန့်လာတဲ့ ပြုံယမ်း

by ကျော်ခ
6 October 2012
43.1k

သူတို့ကို ဘယ်လောက် အထိ မြန်မာ စကားကို လေ့ကျင့် ပေးထားလဲ၊ ဘယ်အချိန် ကတည်းက သင်ပေးထားလဲ၊ လစာငွေ ဘယ်လောက် ရလဲ၊ ဖွင့်လှစ်သူ ဆိုင်ရှင် ဘယ်သူလဲ စတဲ့ အကြောင်း အရာတွေကို မေးတဲ့...

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

by လင်းသန့်
17 July 2013
3.4k

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေးမှ လွဲ၍ စစ်ရေးဆက်သွယ်မှု အားလုံးဖြတ်တောက် ထားသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

မြောက်ကိုရီးယား အမျိုးသမီး အသင်းအတွက် အလံမှား ဖော်ပြ

မြောက်ကိုရီးယား အမျိုးသမီး အသင်းအတွက် အလံမှား ဖော်ပြ

by ဆောင်းဦးလင်း
26 July 2012
7.2k

ကစားသမားတွေကို လူစာရင်းကြေညာရာမှာ တောင်ကိုရီးယားအလံနဲ့ မှားယွင်းပြီး ပူးတွဲကြေညာခဲ့တာကြောင့် မြောက်ကိုရီးယား အသင်းအတွက် ဒေါသူပုန်ထစရာ ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်, မြောက်ကိုရီးယား လူမျိုး, မဲခေါင်မြစ်, တရုတ်

မြောက်ကိုရီးယားက ထွက်ပြေးလာသူ ၁၃ ဦး ထိုင်း မြောက်ပိုင်းတွင် ဖမ်းမိ

by လင်းသန့်
9 June 2014
7.2k

ယင်း မြောက်ကိုရီးယား တွေကို ထိုင်းနိုင်ငံ ပိုင်နက် မဲခေါင် မြစ်ကမ်း လာအိုလှေ တစီးပေါ်က ဖမ်းဆီး ရမိတာ ဖြစ်ပြီး သူတို့ဟာ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက လှေကို ချဉ်းကပ် လာချိန်မှာ အဖမ်းခံရခြင်း...

မြောက်ကိုရီးယား, စစ်လက်နက် ပစ္စည်း, ကမ္ဘာ့ ကုလသမဂ္ဂ, အမေရိကန်, ကွန်ဂရက် လွှတ်တော်

မြောက်ကိုရီးယား လက်နက်တွေ မြန်မာ ဝယ်ယူနေဆဲလို့ အမေရိကန် ပြော

by လင်းသန့်
6 March 2014
6.1k

မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံဆီက တားမြစ် ပိတ်ပင်ထားတဲ့ စစ်လက်နက် ပစ္စည်းတွေကို အခုအထိ ဝယ်ယူနေဆဲ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆို လိုက်ပါတယ်။

မြောက်ကိုရီးယား

မြန်မာ ဂျာနယ်လစ်များကို လာလည်ရန် မြောက်ကိုရီးယား ဖိတ်ခေါ်

by ကျော်ဖြိုးသာ
22 July 2014
3.4k

ဇူလိုင်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းသို့ ရန်ကုန်မြို့ရှိ မြောက်ကိုရီးယား သံရုံးမှ တာဝန်ရှိ သူများ လာရောက် လည်ပတ်ရင်း ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Next Post
ဘုန်းကြီးကျောင်းအတွက် ကျီးပင်ရွာသူ/သားများ သင်ဖျူးဖျာ ယက်လုပ်လှူဒါန်း (ရုပ်/သံ)

ဘုန်းကြီးကျောင်းအတွက် ကျီးပင်ရွာသူ/သားများ သင်ဖျူးဖျာ ယက်လုပ်လှူဒါန်း (ရုပ်/သံ)

Burma မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံသတိပေးခံရ

Burma မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံသတိပေးခံရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved