လန်ဒန်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်၏ ရာထူးကို ကြားဖြတ် သံရုံးယာယီတာဝန်ခံ အဆင့်သို့ လျှော့ချကာ သံတမန်သစ်ကို စေလွှတ်လိုက်သောကြောင့် သံတမန်ရေးပြဿနာဖြစ်ပြီး ၄ လကြာသောအခါ စစ်ကောင်စီက ထိုသံအမတ်ကို လက်ခံရန် ငြင်းဆိုလိုက်သည်။
ထိုသို့ စေလွှတ်ထားသော သံတမန် မစ္စတာ ပိဗိုဝဲလ်ကို လက်မခံကြောင်းနှင့် အခြားသူတဦးဦးကို စဉ်းစားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဗြိတိန်သို့ ဧပြီလနှောင်းပိုင်းတွင်အကြောင်းပြန်ကြားလိုက်သည်။
နိုင်ငံအများအပြားသည် သံအမတ်များကို သံရုံးယာယီ တာဝန်ခံအဆင့် လျှော့ချခြင်းနှင့် သံအမတ်နေရာတွင် အစားထိုး ခန့်အပ်ခြင်း မရှိတော့ဘဲ မြန်မာနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချနေသည့်အချိန်တွင် ယခုအငြင်းပွားမှုသည် နေပြည်တော်၏ သံတမန်ရေး အထီးကျန်မှုကို မီးမောင်းထိုးပြနေသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် နေရပ်စွန့်ခွာမှု မြင့်မားနေသောကြောင့် အနောက်နိုင်ငံအများစုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အရပ်သားများကို ဆက်လက် တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချကြသည်။ ထိုစစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် လူပေါင်း ၁၄,၀၀၀ နီးပါးကို ထောင်ချထားပြီး ထောင်ချီအသတ်ခံရကာ လူ ၅ သိန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
နိုင်ငံအများအပြားသည် သံအမတ်များကို သံရုံးယာယီ တာဝန်ခံအဆင့် လျှော့ချခြင်းနှင့် သံအမတ်နေရာတွင် အစားထိုး ခန့်အပ်ခြင်း မရှိတော့ဘဲ မြန်မာနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချနေမှုသည် နေပြည်တော်၏ သံတမန်ရေး အထီးကျန်မှုကို ပိုဆိုးလာစေသည်။
နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးက သူ့ကို ဗြိတိန် ဘုရင်မကြီး၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ကြောင်း ကြေညာလိုက်ပြီးနောက် မစ္စတာ ဗိုဝဲလ်သည် မြန်မာသို့ လွန်ခဲ့သော သြဂုတ်လက ပြောင်းရွှေ့လာခဲ့ပြီး စစ်ကောင်စီက အကြိမ်ကြိမ် တောင်းဆိုသည့်ကြားမှ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခြင်း မရှိခဲ့ပေ။
ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဒေသတွင်း အစည်းအဝေး တက်ရန် မြန်မာမှ ထွက်ခွာခဲ့ပြီးနောက် စစ်ကောင်စီက သူ့ကို မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့် မပေးတော့ပေ။ သူ၏ရာထူးကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး အကြီးအကဲအဆင့်သို့ ယခုနှစ်အစောပိုင်းက လူမှုကွန်ရက်တွင် ပြန်လည် ပြင်ဆင်သတ်မှတ်ခဲ့သည်။
ထိုပြဿနာကို အဆုံးသတ်ရန် မစ္စတာ ဗိုဝဲလ်သည် မြန်မာသို့ ပြန်လည် သွားရောက်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သည်။ မြန်မာသံရုံး အကြီးအကဲရာထူးကို ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ကြော်ငြာထားဆဲဖြစ်သည်။
အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေသည်မှာ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကိစ္စနှင့် ပတ်သက်သည့် ဗြိတိန်နှင့် မြန်မာအကြား ရှည်ကြာသော သံတမန်ရေး အငြင်းပွားမှုဖြစ်သည်။ စစ်ကောင်စီကို ဝေဖန်ပြီး အဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုသော သံအမတ် ဦးကျော်စွာမင်းကို သံရုံးဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ ဧပြီလမှစတင်ပြီး သံရုံးအတွင်း ဝင်ရောက်ခွင့် မပေးတော့ပေ။
စစ်ကောင်စီက အကြိမ်ကြိမ် တောင်းဆိုသော်လည်း ဦးကျော်စွာမင်းသည် လန်ဒန် အနောက်မြောက်ပိုင်းရှိ သံအမတ်နေအိမ်မှ ဖယ်ရှားပေးခြင်း မရှိပေ။ ပေါက်ကြားလာသော ပုဂ္ဂလိက ပေးစာတစောင်တွင် ဗြိတိန်က ဦးကျော်စွာမင်း အနေဖြင့် အခြားနေထိုင်စရာ နေရာရှာရန် တိုက်တွန်းခဲ့သော်လည်း သူ့ကို အတင်းအကျပ် မောင်းထုတ်ပေးရန်ကိုလည်း ဗြိတိန်က ယခုတိုင် ငြင်းဆန်နေသည်။
ရွေးကောက်ခံ အမျိုးသား ဒီမိကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချသည့် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြု သကဲ့သို့ ဖြစ်စေမည့် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ရှောင်ရှားရန် မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေသည့် အစိုးရများ၏ လုပ်ရပ်ကို ယခုဗြိတိန် သံအမတ် ကိစ္စက မီးမောင်းထိုးပြနေသည်။
ရွေးကောက်ခံ အမျိုးသား ဒီမိကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချသည့် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြု သကဲ့သို့ ဖြစ်စေမည့် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ရှောင်ရှားရန် မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေသည့် အစိုးရများ၏ လုပ်ရပ်ကို ယခုဗြိတိန် သံအမတ် ကိစ္စက မီးမောင်းထိုးပြနေသည်။
မြန်မာတွင် သံရုံး ဆက်လက်ဖွင့်ထားသည့် နိုင်ငံများတွင် ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီနှင့် တောင်ကိုရီးယားတို့က သံတမန်ဆက်ဆံရေး အဆင့်အတန်းကို လျှော့ချထားသည်၊ သို့မဟုတ် လျှော့ချရန် လုပ်ဆောင်နေဆဲဖြစ်ပြီး သံတမန်ဆက်ဆံရေးအဆင့်မှာ သံရုံးယာယီတာဝန်ခံ သို့မဟုတ် သံရုံးအကြီးအကဲ အဆင့်သာ ရှိတော့သည်။
စစ်ကောင်စီအတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်စေသည်မှာ ဥရောပသမဂ္ဂ နိုင်ငံများသည် မြန်မာသို့ သံအမတ်များ စေလွှတ်ခြင်းမပြုရန် အလွတ်သဘော သဘောတူထားခြင်းဖြစ်ကြောင်း ဘရပ်ဆဲလ်အခြေစိုက် သံတမန်များ၏ အဆိုအရ သိရသည်။ တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်တို့က မြန်မာတွင် သံအမတ်များကို ၎င်းတို့ တာဝန်သက်တမ်းအတိုင်း ထားရှိကြသည်။
မြန်မာတွင် မနေထိုင်ဘဲ ပူးတွဲသံအမတ်များသာ ခန့်ထားသည့် နိုင်ငံအများအပြားသည် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရာထူးသက်တမ်း ကုန်ဆုံးသွားသည့် သံအမတ်နေရာများတွင် သံအမတ်သစ် ခန့်အပ်ခြင်း မရှိတော့ပေ။
ထိုသို့သော နိုင်ငံများတွင် သြစတြီးယား၊ အိုင်ယာလန်နှင့် စပိန်တို့ ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဘန်ကောက်အခြေစိုက် သံအမတ်များကို ပူးတွဲခန့်ထားသော နိုင်ငံများဖြစ်သည်။
သံအမတ်ကို ပြန်လည် ခေါ်ယူထားသောနိုင်ငံ အနည်းဆုံး တနိုင်ငံရှိပြီး ထိုနိုင်ငံသည် ဘရူနိုင်းနိုင်ငံ ဖြစ်သည်။ ထိုသံအမတ်သည် ယခုနှစ်အစောပိုင်းတွင် မြန်မာသို့ ရောက်လာပြီးနောက် သံတမန်အဆင့်အတန်း လျှော့ချခြင်းမရှိဘဲ သံရုံး ဒုတိယအကြီးအကဲထံ သံအမတ်တာဝန်များကို လွှဲပြောင်းပေးခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များတွင် ၄ နိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကို လက်ရှိအချိန်တွင် ခန့်ထားခြင်းမရှိပေ။ ထိုနိုင်ငံများမှာ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများ ဖြစ်သည်။
ထိုင်းနိုင်ငံသည် စစ်ကောင်စီနှင့် နွေးထွေးသော ဆက်ဆံရေး ဆက်လက် ထားရှိသော်လည်း မကြာမီက ရာထူးသက်တမ်း ကုန်ဆုံးသည့် သံအမတ်ကို အစားထိုးခန့်ရေးအတွက် အချိန်ယူရမည်ဖြစ်ကြောင်း ထိုင်းအရာရှိတဦးက ပြောသည်။ ထိုင်းနိုင်ငံသည် မြန်မာသံအမတ်သစ်ကို မကြာသေးမီက လက်ခံခဲ့သည်။
ထိုသံအမတ်သည် ယခင် ဘန်ကောက်အခြေစိုက် စစ်သံမှူးဖြစ်သည်။ ထိုင်းတွင် မြန်မာသံအမတ်နေရာ လစ်လပ်နေသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။ သို့သော် ထိုသံအမတ်သစ်သည် ထိုင်းဘုရင်ထံသို့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်း မရှိသေးပေ။ သံအမတ်ခန့်အပ်လွှာကို ထိုင်းဘုရင်ထံ သွားရောက်ပေးအပ်ရန် အစဉ်အလာအရ လိုအပ်သော်လည်း ထိုင်းဘုရင်အတွက် အဆင်မပြေဖြစ်နိုင်ကြောင်း သံတမန်တဦးက ပြောသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များတွင် ၄ နိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကို လက်ရှိအချိန်တွင် ခန့်ထားခြင်းမရှိပေ။ ထိုနိုင်ငံများမှာ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများ ဖြစ်သည်။
အထက်ပါ အာဆီယံ ၄ နိုင်ငံတွင် လွန်ခဲ့သောနှစ်က အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့သော ဘရူနိုင်းနိုင်ငံသည် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနိုင်ကြောင်း ဒေသတွင် သံတမန်များ၏ အဆိုအရ သိရသည်။
မလေးရှားက ဧပြီလနှောင်းပိုင်းတွင် ၎င်းတို့၏ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သည်။ ထိုသံအမတ်သည် စစ်ကောင်စီနှင့် နီးစပ်သည်ဟု လူသိများပြီး သူ၏နိုင်ငံခြားရေးဝန်ကြီး ပြောသည့် စကားအတိုင်း မပြောကြောင်း သံတမန်တဦးက မှတ်ချက်ချသည်။
မလေးရှားအစိုးရသည် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘော ဆက်ဆံရေးထားရှိရန် အာဆီယံကို မကြာသေးမီက လူသိရှင်ကြား တိုက်တွန်းခဲ့သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာက သူသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုသည်။ ထိုသို့ပြောဆိုလိုက်ခြင်းသည် အာဆီယံအသင်းဝင် နိုင်ငံတခုက အမျိုးသားညီညွတ်ရေး အစိုးရနှင့် အဆင်မြင့် တိုက်ရိုက်ဆက်သွယ်ခြင်းကို ပထမဆုံး ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် အနောက်နိုင်ငံ သံတမန်ဆက်ဆံရေးတွင် သြစတြေးလျ၊ နယူးဇီလန်တို့ ဆက်ဆံရေးနှင့် ပတ်သက်သည့် မေးခွန်းတခု မေးစရာရှိနေသည်။ ထိုသံအမတ် နှစ်ဦးလုံးသည် ရာထူးသက်တမ်း ကုန်ဆုံးသောအခါ ထွက်ခွာသွားကြသည်။
နယူးဇီလန်က သံအမတ်အစားထိုးခန့်ရန် မရည်ရွယ်သည့် သဘောဖော်ပြနေသော်လည်း သြစတြေးလျက သံအမတ်သစ် စေလွှတ်ရန် စဉ်းစားနေသည်ဟု ဆိုသည်။ တာဝန်ပြီးဆုံးသွားသော သြစတြေးလျ သံအမတ်သည် အနောက်နိုင်ငံ သံတမန်များတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပထမဆုံး လူကိုယ်တိုင်တွေ့ဆုံသည့် သံအမတ်ဖြစ်သည်။ ထိုသံအမတ်သည် ဧပြီလအတွင်းက စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီခန့် ဝန်ကြီး အနည်းဆုံး နှစ်ဦးကို တွေ့ဆုံခဲ့သည်။
စစ်ကောင်စီနှင့် အနောက်နိုင်ငံ သံတမန်ဆက်ဆံရေးတွင် သြစတြေးလျ၊ နယူးဇီလန်တို့ ဆက်ဆံရေးနှင့် ပတ်သက်သည့် မေးခွန်းတခု မေးစရာရှိနေသည်။ ထိုသံအမတ် နှစ်ဦးလုံးသည် ရာထူးသက်တမ်း ကုန်ဆုံးသောအခါ ထွက်ခွာသွားကြသည်။
ဆော်ဒီအာရေးဗီးယားနှင့် အိန္ဒိယနိုင်ငံတို့သာ သံအမတ်သစ်များ စေလွှတ်ပြီး စစ်ကောင်စီခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာများ သွားရောက်ပေးအပ်ကြသည်။
ထိုနိုင်ငံများ၏ တုံ့ပြန်မှုသည် ရုရှား၊ တရုတ်တို့နှင့် ကွဲပြားနေသည်။ ဘေဂျင်းသည် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လွန်ခဲ့သောလက တရုတ်သို့ ဖိတ်ခေါ်ပြီး စစ်ကောင်စီကို ထောက်ခံသည်။
မြန်မာမှ လက်ရှိအုပ်ချုပ်သူများ အသိအမှတ်မပြုရန် ကြိုးစားနေသည့် တချိန်တည်းတွင် ရန်ကုန်အခြေစိုက် သံတမန်များသည် ခုခံရေးအင်အားစုများ သို့မဟုတ် အမျိုးသားညီညွတ်ရေး အစိုးရနှင့် ထိတွေ့ဆက်ဆံခြင်း ကဲ့သို့သော ကိစ္စများတွင် နိုင်ငံမှ နှင်ထုတ်ခံရမည့် အန္တရာယ်ကို မီးမောင်းထိုးပြနေသည်။
(Nikkei Asia မှ Gwen Robinson ၏ Diplomatic snubs isolate Myanmar’s military regime ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက် NUG ကြိုဆို
အထူးသံတမန် ခန့်ခြင်းဖြင့် မြန်မာအကျပ်အတည်း ထိုင်းကိုင်တွယ်မည်
ချင်းမိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ CDM အမျိုးသမီး အသရေဖျက် ခြိမ်းခြောက်ခံနေရ
ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်