• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

by ဧရာဝတီ
5 October 2022
in ဆောင်းပါး
A A
အသက် ၄၄နှစ်အရွယ်ရောက်နေသည့် ဦးဇော်ဝင်းရှိန်သည် မြန်မာခရိုနီများထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။

အသက် ၄၄နှစ်အရွယ်ရောက်နေသည့် ဦးဇော်ဝင်းရှိန်သည် မြန်မာခရိုနီများထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။

20.3k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များထဲတွင် အသက်အငယ်ဆုံး ဘဏ်လုပ်ငန်းရှင်က ဦးဇော်ဝင်းရှိန် ဖြစ်ပြီး မကြာမီ ကာလတွင် မြန်မာပြည်၏ အကြီးဆုံးသော ဆက်သွယ်ရေး လုပ်ငန်းကြီးတခုကို နောက်ကွယ်က ပိုင်ဆိုင်သူတဦးအဖြစ် သတင်း ပြေးနေသူလည်း ဖြစ်သည်။

ထိုသို့ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခြင်းက စစ်အစိုးရ အဆက်ဆက်၊ ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရ၊ ဒီမိုကရေစီ အစိုးရ NLD ခေတ်နှင့် အာဏာသိမ်း စစ် ကောင်စီလက်ထက်အထိ ရှေ့မှ စီနီယာခရိုနီများ၏ သင်ခဏ်းစာကို အောက်သက်ကျေအောင် လေ့လာပြီး ကိုယ်ပိုင်အင်ပါယာကို မြန်မြန်သွက်သွက် တည်ဆောက်လာနိုင်ခဲ့သောကြောင့် ဖြစ်သည်။

အသက် ၃၈ နှစ် အရွယ်နှင့် A Bank ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည့် ဦးဇော်ဝင်းရှိန်က ဧရာဝတီတိုင်း ဟင်္သာတမြို့ဇာတိဖွား ဖြစ်သည်။ လက်ရှိ အသက် ၄၄နှစ်အရွယ်ရောက်နေသည့် သူသည် မြန်မာခရိုနီများထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။

အသက် ၃၈ နှစ် အရွယ်နှင့် A Bank ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည့် ဦးဇော်ဝင်းရှိန်က ဧရာဝတီတိုင်း ဟင်္သာတမြို့ဇာတိဖွား ဖြစ်သည်။ လက်ရှိ အသက် ၄၄နှစ်အရွယ်ရောက်နေသည့် သူသည် မြန်မာခရိုနီများထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။

လက်ရှိ ဦးဇော်ဝင်းရှိန် ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဧရာဟင်္သာကုမ္ပဏီသည် စိုက်ပျိုးရေး၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဆေးရုံလုပ်ငန်း(ဝိတိုရိယဆေးရုံ)၊ စက်မှုဇုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ပြည်ပမှ မှန်တင်ပို့ခြင်း လုပ်ငန်းနှင့် Suzuki ကားတင်သွင်းရောင်းချခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ဦးဇော်ဝင်းရှိန်လို့ ဆိုလိုက်သည်နှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များကြား “ရှစ်လုံးကြီး၏လူ” ဟု မှတ်ချက်ပြု ပြောဆိုလေ့ ရှိသည်။

ယခင်စစ်အစိုးရ လက်ထက်ကတည်းက စစ်ဗိုလ်ချုပ်များအပြင် ယခု အာဏာသိမ်းစစ်ကောင်စီနှင့်ပါ နီးကပ်သည့် ဆက်ဆံရေးရှိသော ဦးဇော်ဝင်းရှိန်

ရှစ်လုံးကြီးဆိုသည်မှာ ယခင် အာဏာသိမ်း စစ်အုပ်စုလက်ထက် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ် ထောက်ချုပ် (စစ်တပ်ပိုင် MEC ဥက္ကဌ) ၊ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဒုတိယ သမ္မတ ဝန်ထမ်းဆောင်ခဲ့သူ သီဟသူရ တင်အောင်မြင့်ဦးကို ခေါ်ဆိုခြင်း ဖြစ်သည်။

ရှစ်လုံးကြီးဟု ခေါ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦး၏ သားဖြစ်သူ ဦးတေဇစောဦးနှင့် ဦးဇော်ဝင်းရှိန်တို့သည် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းများကိုလည်း အကျိုးတူ လုပ်ဆောင်ခဲ့ကြသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။ အထူးသဖြင့် နအဖ စစ်ကောင်စီ လက်ထက် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းကို ဦးဇော်ဝင်းရှိန်ပိုင်သော ဧရာဟင်္သာ ကုမ္ပဏီက လက်ဝါးအုပ်ထားခဲ့သည်ဟု မူဆယ်ဒေသခံ ကုန်သည် အချို့က ဆိုသည်။

လက်ရှိ ဧရာဟင်္သာကုမ္ပဏီနှင့် A Bank တို့ ၂ခုလုံးတွင် ဒုဥက္ကဋ္ဌဖြစ်သူတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးအာယုမှာ ဦးတင်အောင်မြင့်ဦး၏ ယုံကြည်စိတ်ချရသော လူရင်းတဦးဖြစ်သည်။

ဧရာဟင်္သာကုမ္ပဏီကို ၂၀၀၆ ခုနှစ်တွင် စတင် တည်ထောင်ပြီး မြန်မာနိုင်ငံတွင် ခေတ်မီဆန်စက်ကြီးများကိုလည်း အစောဆုံး တည်ဆောက်နိုင်သော ကုမ္ပဏီ ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.7k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
179
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k

၂၀၀၇ ခုနှစ် နိုဝင်ဘာတွင် ကုန်သွယ်ရေးကောင်စီဟု လူသိများသော နအဖစစ်ကောင်စီ၏ စီးပွားရေးအပေါ် စီမံကွပ်ကဲရသည့် အဖွဲ့ ခေါင်းဆောင်အဖြစ် သီဟသူရ တင်အောင်မြင့်ဦးကို ဦးသန်းရွှေက ခန့်အပ်ပြီးနောက် စစ်တပ်နှင့် ပတ်သက်သည့် လုပ်ငန်းများ လုပ်ပိုင်ခွင့် ပိုမိုရလာကာ ထိုအချိန်ကတည်းကပင် ဦးဇော်ဝင်းရှိန်သည် မြန်မာနိုင်ငံ၏ အငယ်ဆုံးထိပ်တန်း လုပ်ငန်းရှင် တဦး ဖြစ်လာခဲ့သည်။

ဦးသန်းရွှေ စစ်အစိုးရလက်ထက်တွင် (နအဖ ) အတွင်းရေးမှူး ၁ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး (ငြိမ်း) သီဟသူရတင်အောင်မြင့်ဦး

လက်ရှိ ဧရာဟင်္သာကုမ္ပဏီနှင့် A Bank တို့ ၂ခုလုံးတွင် ဒုဥက္ကဋ္ဌဖြစ်သူတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးအာယုမှာ ဦးတင်အောင်မြင့်ဦး၏ ယုံကြည်စိတ်ချရသော လူရင်းတဦးဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ “စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး” ခေါင်းစဉ်အောက်တွင် ဧရာဟင်္သာကုမ္ပဏီသည် ခြေလှမ်းသွက်သွက်ဖြင့် အင်ပါယာကို ချဲ့ထွင်တည်ဆောက်လာနိုင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဝိတိုရိယ ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်း ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းဒေါင့်ရှိ ၉ ဧကခန့်ကျယ် သော စစ်သမိုင်းပြတိုက်နေရာအား ဧရာဟင်္သာ ကုမ္ပဏီ အုပ်စုအောက်မှာ ရှိသော Yangon Technical and Trading ကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် ငှားရမ်းခွင့် ရရှိခဲ့သည်။ အဆိုပါနေရာတွင် ဂျပန်ကုမ္ပဏီများ ပူးပေါင်းကာ ဟိုတယ်နှင့် ရုံးခန်းများတည်ဆောက်ရန် ခွင့်ပြုချက်လည်း ရရှိခဲ့သည်။ သို့သော် စစ်အာဏာသိမ်းအပြီး နိုင်ငံရေးဖိအားများကြောင့် ဂျပန်ကုမ္ပဏီများက ရှေ့မဆက်နိုင်သေးဘဲ စီမံကိန်း ရပ်တံ့နေရသည်။

အကျိုးအမြတ်များစွာရှိသော ဘဏ်လုပ်ငန်းမှာ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တိုင်း လုပ်ကိုင်ချင်သည့် လုပ်ငန်း ဖြစ်သော်လည်း အာဏာပိုင်များနှင့် အလွန်ရင်းနှီးသူများကိုသာ ခေတ်အဆက်ဆက် အစိုးရများက လုပ်ပိုင်ခွင့်ပေးကြသည်။

ဦးဇော်ဝင်းရှိန်သည် စစ်တပ်ခေါင်းဆောင်များနှင့် ရင်းနှီးသလို သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် စီးပွားရေး တာဝန်ယူခဲ့ သော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သည်။ ဦးသိန်းစိန် လက်ထက် စီးပွားရေးလုပ်ပိုင်ခွင့်များ ရရှိခဲ့သည်အနက် ထင်ရှားသော လုပ်ငန်းတခုမှာ ဧရာဟင်္သာ ကုမ္ပဏီအား ၂၀၁၄ ခုနှစ်တွင် ဘဏ်လုပ်ငန်းလိုင်စင်ချပေးခဲ့ခြင်း ဖြစ်သည်။

အကျိုးအမြတ်များစွာရှိသော ဘဏ်လုပ်ငန်းမှာ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တိုင်း လုပ်ကိုင်ချင်သည့် လုပ်ငန်း ဖြစ်သော်လည်း အာဏာပိုင်များနှင့် အလွန်ရင်းနှီးသူများကိုသာ ခေတ်အဆက်ဆက် အစိုးရများက လုပ်ပိုင်ခွင့်ပေးကြသည်။

A Bank ဟု လူသိများသော ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်

ထို့ပြင် ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း၊ ပုသိမ် – ငပုတောကားလမ်းဘေးတွင် မြေဧက ၆၇၀၀ ကျော် အကျယ်အဝန်းရှိ သော ပုသိမ် စက်မှုမြို့တော်စီမံကိန်းကို လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ သမ္မတဦးသိန်းစိန်လက်ထက်တွင် စီမံကိန်း၏ အစိတ်အပိုင်း ၁ ကို လုပ်ကိုင်ခွင့်ရခဲ့ပြီး အာဏာသိမ်းပြီးနောက် စီမံကိန်းအပိုင်း ၂ ကို လုပ်ပိုင်ခွင့် ရရှိခဲ့သည်။

အဆိုပါ စီမံကိန်းအတွက် တောင်သူများ၏ လယ်ယာများအား ဖိအားပေးရောင်းချရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဖိအားပေးသဖြင့် ရောင်းချခဲ့ရသော တောင်သူများက မကျေနပ်သည့်အတွက် NLD အစိုးရတက်လာသည့်အခါ တိုင်တန်းမှုများ ရှိခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် စီမံကိန်း အပိုင်း ၂ အား ခွင့်ပြုမိန့်ပေးခဲ့ပြီး လက်ရှိစီမံကိန်းအပိုင်း ၁ တွင် တရုတ် နိုင်ငံသားများ လာရောက်ရင်းနှီးမြှုပ်နှံနေပြီဟု လုပ်ငန်းရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံတွင် ထိပ်တန်းကုမ္ပဏီကြီးများသာ လုပ်ပိုင်ခွင့်ရလေ့ရှိသော အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ကုန်ကျမည့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ် ရေကာတာ စီမံကိန်း အပိုင်း ၃ ကိုလည်း ဧရာဟင်္သာကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားသည်။ သို့သော် ပြင်သစ်မှ ရင်းနှီးမြှုပ်နှံမည့် EDF ကုမ္ပဏီက စစ်အာဏာသိမ်းမှုကြောင့် စီမံကိန်း ရပ်ဆိုင်းထားသည်။

အူရီဒူးမြန်မာကို အမေရိကန် ဒေါ်လာ သန်း ၅၇၆ သန်းဖြင့် စင်ကာပူအခြေစိုက် Nine Communications ကုမ္ပဏီကို ရောင်းချလိုက်သည့် အရောင်းအဝယ်နောက်ကွယ်တွင် ဦးဇော်ဝင်းရှိန် ပါဝင်သည်။

ဦးဇော်ဝင်းရှိန်သည် လက်ရှိ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံ စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နေပြည်တော်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့နှင့်လည်း ခင်မင်ရင်းနှီးသူ ဖြစ်သည်။ ဦးဇော်ဝင်းရှိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ ရင်းနှီးမှု ရရှိစေရန် ဘုန်းကြီး အရှင်ဆေကိန္ဒက မိတ်ဆက် ပေးခဲ့သည်။

ယခုအခါ ကာတာအခြေစိုက် အူရီဒူးက မြန်မာပြည်ရှိ လုပ်ငန်းခွဲ အူရီဒူးမြန်မာကို အမေရိကန် ဒေါ်လာ သန်း ၅၇၆ သန်းဖြင့် စင်ကာပူအခြေစိုက် Nine Communications ကုမ္ပဏီကို ရောင်းချလိုက်သည့် အရောင်းအဝယ်နောက်ကွယ်တွင် ဦးဇော်ဝင်းရှိန် ပါဝင်ကြောင်း ဧရာဝတီက ဖော်ထုတ်ရေးသားထားပြီး ဖြစ်သည်။

Nine Communications ၏ အကြီးအကဲဖြစ်သော ဦးဉာဏ်ဝင်းဆိုသူသည် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သော ဧရာဟင်္သာလုပ်ငန်းစု၏ ရှယ်ယာအများဆုံးဖြင့် ထူထောင်ထားသော Horizon Telecom အင်တာနေရှင်နယ်၏ ဒုဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြင့် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိတွင်လည်း ဒါရိုက်တာအဖွဲ့ဝင်တဦး ဖြစ်နေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ၏ စာရင်းအရ သိရသည်။

You may also like these stories:

အူရီဒူးမြန်မာ ပိုင်ရှင်အသစ်၏ နောက်ကွယ်မှ လက်များ

၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း

စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

Your Thoughts …
Tags: A Bankစစ်ကောင်စီဘဏ်လုပ်ငန်းလုပ်ငန်းရှင်ဦးဇော်ဝင်းရှိန်ဧရာဟင်္သာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ / CJ

စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား

ကဗျာဆရာ ကြည်ဇော်အေး  /  Kyi Zaw Aye

ကဗျာတွေအတွက် မွေးဖွားလာတဲ့ ကြည်ဇော်အေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved