• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား

by ဧရာဝတီ
5 October 2022
in သတင်း
A A
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ / CJ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ / CJ

2.7k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ၆ ဦးအား ဖမ်းဆီးကာ သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို သွေးသောက် စာတန်းပါ ကတ်ပြားများ ချိတ်ဆွဲကာ စွန့်ပစ်ထားကြောင်း ဒေသ သတင်းရင်းမြစ်များ ထံက သိရှိရသည်။

အောက်တိုဘာလ ၃ ရက် ညပိုင်းတွင် နွားထိုးကြီး မြို့နယ်အတွင်းရှိ ဒေသခံ ၅ ဦးကို စစ်ယူနီဖောင်း ဝတ်ဆင်ထားသူ များအပြင် အရပ်ဝတ်များဖြင့်ပါ လာရောက် ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာ ၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နွားထိုးကြီးမြို့ အနောက်ဘက်ရှိဇရပ်၌ ၁ လောင်း၊ နွားထိုးကြီး – မြစ်သားလမ်းပေါ်ရှိ ထန်းဂွရွာလမ်းဆုံတွင် ၄ လောင်း တွေ့ခဲ့ရ ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

သေဆုံးခဲ့သူ ၅ ဦးအနက် နွားထိုးကြီးမြို့ခံ ဦးကျော်ဆန်း (၅၅ နှစ်) ကို မြို့အနောက်ဘက်ရှိ ဇရပ်အနီးတွင် တွေ့ရှိခဲ့ပြီး ထန်းဂွရွာလမ်းဆုံတွင် နွားထိုးကြီး မြို့ခံများ ဖြစ်သည့် ဦးသိန်းလွင် (၄၇ နှစ်)၊ ဦးကျော်ဆန်း (၅၅ နှစ်)၊ ဦးလှစိုး (၅၆ နှစ်)၊ ထန်းဂွရွာခံများ ဖြစ်သည့် ဦးဇင်မင်း (၃၈ နှစ်) နှင့် ဦးကျော်မင်း (၄၂ နှစ်) တို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

အလောင်းများတွင် လည်ပင်း လှီးဖြတ်ထားသည့် ဒဏ်ရာများ၊ ဝမ်းဗိုက်တွင် အချွန်ဖြင့် ထိုးသွင်းဒဏ်ရာများကို တွေ့ရှိခဲ့ သည့်အပြင် သွေးသောက် စာတန်းပါ ကတ်ပြားများကို အလောင်းအနီး၌ တွေ့ရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

နွားထိုးကြီးမြို့နယ် PDF တပ်ဖွဲ့ဝင်တဦး က “ညက လာဖမ်းတာ စစ်ကောင်စီ ယူနီဖောင်းတွေနဲ့ ဖမ်းတာ။ အလောင်းကို မျက်မြင်တွေ့ ရတဲ့လူ ပြောတာက ၅ ယောက်လုံး လည်ပင်းကို လှီးထားတာတွေက ဆင်တူတယ်။ နောက်ပြီး စကေပါ နဲ့ ဗိုက်တွေကို ထိုးထားလို့ ဒဏ်ရာတွေ ရထားတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်က နွားထိုးကြီး- မြင်းခြံလမ်းပေါ် ပျော်ဘွယ်ရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အိမ် ကို PDF က ဝင်ရောက် တိုက်ခိုက်၍ သေနတ် ၇ လက် ယူဆောင်သွားခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့နယ် တွင်း ရှာဖွေမှုများလုပ်ဆောင်လျက်ရှိကာ ယခု ဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံး သပ်ကြသည်။

သို့သော် သေဆုံးသူများသည် PDF များနှင့် အချိတ်အဆက် မရှိသည့် သာမန်ပြည်သူများသာ ဖြစ်ကြောင်း ဒေသခံ များက ဆိုကြသည်။

နွားထိုးကြီးမြို့နယ် PDF က “မြို့ကို ခြောက်တဲ့ ပုံစံမျိုးပေါ့။ PDF တွေကို စစ်တပ်က ဖမ်းမိဆိုတာ ရှားတယ်။ ခြေရာခံလို့ လည်း မရဘူးလေ။ သူတို့ (စစ်ကောင်စီ) က ဘယ်သူ့ကိုမှ လုပ်စရာ မရှိတော့ ဒါမျိုး ပြည်သူကို လုပ်တာ” ဟု ပြော သည်။

စက်တင်ဘာလ ၃၀ ရက်က စပြီး တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၄၀၀ ခန့်သည့် နွားထိုးကြီးမြို့နယ် အတွင်းသို့ ရောက်ရှိလာပြီး နွားထိုးကြီး- တောင်သာ၊ နွားထိုးကြီး- မြင်းခြံ၊ နွားထိုးကြီး- ငါန်းဇွန်နှင့် နွားထိုးကြီး- မလှိုင် မြို့နယ် အစပ်များတွင် စီးနင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

သတ်ဖြတ်ခံရသည့် အလောင်းများအနီးတွင် ထားခဲ့သည့် သွေးသောက် စာတန်းပါ ကတ်ပြား (ဓာတ်ပုံ-CJ)

နွားထိုးကြီးမြို့နယ်တွင် ပြည်သူများကို ဖမ်းဆီးပြီး သွေးသောက်တံဆပ်ကပ် သတ်ဖြတ်မှုမှာ ယခုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

အလားတူပင် တောင်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဝင် ဦးထွန်းဇော်ကို အောက်တိုဘာလ ၃ ရက် ည၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အိမ်သို့ လာရောက် ဖမ်းဆီးသွားပြီး နောက်တရက်တွင် အလောင်းကို စွန့်ပစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

တောင်သာ မြို့ခံတဦးက “လက်ရှိ သွေးသောက်တို့၊ ပျူတို့ ဆိုတာလည်း သူတို့ (စစ်ကောင်စီ) ပဲ။ အမည်ခံဖို့ သက် သက် လုပ်ထားတာမျိုးပဲ။ ဒီ သွေးသောက်တွေ၊ ပျူတွေကို ဘယ်သူ သေနတ်ချပေးတာလဲ၊ သူတို့ (စစ်ကောင်စီ) ပဲ ချ ပေးတာလေ။ အဲဒီတော့ သူတို့ သတ်ခိုင်းတဲ့ လူကို သတ်လိုက်တယ်၊ ပြီးတော့ သွေးသောက်ကို လွှဲချတယ်။ ဒါက အမည်ခံ သက်သက်ပဲ။ စစ်တပ်နဲ့ ကင်းရာကင်းကြောင်း ဘာမှ မရှိဘူး” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ဧရာဝတီက စုံစမ်း သိရှိရသည့် အချက်အလက်များအရ အနီရောင်စစ်ဆင်ရေး အမည်ဖြင့် NLD ပါတီဝင်များနှင့် နိုင်ငံ ရေး တက်ကြွ လှုပ်ရှားသူများအား ပစ်မှတ်ထား တိုက်ခိုက်နေသော သွေးသောက်အဖွဲ့တွင် စစ်တပ် လိုလားသော နိုင်ငံ ရေး ပါတီ ခေါင်းဆောင်အချို့၊ စစ်တပ် ထောက်ခံပွဲများကို ဦးဆောင်သူတချို့နှင့် စစ်မှုထမ်းဟောင်းများ တချို့ ပါဝင်နေ ကြောင်း တွေ့ရသည်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ သွေးသောက်အဖွဲ့သည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ယခုနှစ် ဧပြီလက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆိုထားသည်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “သူတို့ (စစ်ကောင်စီ) ဗြောင်လိမ်နေတာပေါ့။ သူတို့ သတ် တယ်ဆိုတာမျိုး ချပြရင် နိုင်ငံတကာကနေ ဖိအားတွေ ပိုရနိုင်တော့ ပြည်သူ အချင်းချင်း သတ်တယ် သူတို့ကပဲ ကြား ထဲကနေ ဝင်ဖြန်ဖြေတဲ့ ပုံစံမျိုး လုပ်တာ” ဟု ဆိုသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလက ပေါ်ပေါက်လာသည့် သွေးသောက်အဖွဲ့နှင့် စွန်ရဲအဖွဲ့ လက်ချက်ကြောင့် ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အတွင်း ၁၈ ဦး သတ်ဖြတ်ခံရပြီး ဆက်လက် သတ်ဖြတ်မှုများလည်း ရှိနေဆဲဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက် တရက်တည်းတွင် မန္တလေးမြို့၌ သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး သွေးသောက်အဖွဲ့ ဆိုသည့် စာတန်းပါ ကတ်များ ထားရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အောက်တိုဘာလ ၂ ရက်က စဉ့်ကူ တောင်လက်ရွာသို့ ဧည့်စာရင်း စစ် မည် ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် NLD ပါတီဝင်များအပါဝင် ဒေသခံ ၅ ဦး အဖမ်းခံ ခဲ့ရကာ ၄ ဦး၏ ရုပ်အလောင်းကို စဉ့်ကူ တိုက်နယ်ဆေးရုံရှေ့ စွန့်ပစ်ခဲ့ပြီး သေဆုံးသူအနက် အမျိုးသမီး ၁ ဦးမှာ အဓမ္မ ပြုကျင့်ခံထားရကြောင်း ဒေသခံများကဆိုကြသော်လည်း ဧရာဝတီအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

You may also like these stories:

လုံခြုံမှုကို ခြိမ်းခြောက်လာတဲ့ အငြိုးထားသတ်ဖြတ်မှုများ

ခင်ဦးမြို့နယ်တွင် ၅ ရက် ဒေသခံ ၅ ဦး သတ်ဖြတ်ခံရ

ဝက်လက်မြို့နယ် ရွာသာကြီးရွာ စီးနင်းခံရမှု ရွာသား ၅ ဦးသေဆုံး

Your Thoughts …
Tags: စစ်ကောင်စီတပ်နွားထိုးကြီးသွေးသောက်ကတ်ပြား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
9.4k

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရပြီ

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

by ဧရာဝတီ
1 April 2024
7.2k

KIA ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အနီးကပ် စစ်တပ်စခန်းကြီးများ အားလုံး သိမ်းပိုက်နိုင်ပြီဖြစ်သည့်အတွက် လက်နက်ကြီးပစ်ခတ်ခံရမှု နည်းပါးလာသော်လည်း လေကြောင်းတိုက်ခိုက်မှု စိုးရိမ်နေရဆဲဖြစ်ကြောင်း

Next Post
ကဗျာဆရာ ကြည်ဇော်အေး  /  Kyi Zaw Aye

ကဗျာတွေအတွက် မွေးဖွားလာတဲ့ ကြည်ဇော်အေး

တော်လှန်ရေးတပ်များသည် မြန်မာစစ်ရဟတ်ယာဉ်များကို ခြိမ်းခြောက်နိုင်သည့် စွမ်းရည်ရှိပါက မြေပြင်တွင် အနေအထား ပြောင်းလဲသွားနိုင်သည်

တော်လှန်ရေးအင်အားစုများအတွက် ရဟတ်ယာဉ်ပစ် ဒုံးများ လိုသည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved