• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

by ဧရာဝတီ
11 March 2021
in သတင်း
A A
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့သည် / ဧရာဝတီ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့သည် / ဧရာဝတီ

16k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့ပြီး လုံးဝ ချုပ်တည်းရန် စစ်ကောင်စီကို တိုက်တွန်းလိုက်သည်။

အဖွဲ့ဝင် ၁၅ နိုင်ငံလုံး၏ သဘောတူ ထုတ်ပြန်ကြေညာချက်တွင် ကောင်စီအနေဖြင့် “အမျိုးသမီးများ၊ လူငယ်များ၊ ကလေးသူငယ်များအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲခြင်းအား ပြင်းထန်စွာ ရှုတ်ချသည်”ဟု ရေးသားထားသည်။

“ကောင်စီအနေဖြင့် စစ်တပ်အား လုံးဝ ချုပ်တည်းထားရန် တောင်းဆိုပြီး နောက်ဆက်တွဲ အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း အလေးပေးပြောလိုသည်” ဟုလည်း ကြေညာချက်က ဆိုသည်။

ထိုကြေညာချက်စာသားများကို နောက်ဆုံး အပြီးသတ်ချိန် အင်္ဂါနေ့နှောင်းပိုင်းတွင် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တို့က ဗြိတိန်က မူကြမ်းရေးဆွဲသည့် ကြေညာချက်တွင် အာဏာသိမ်းမှုအား ရည်ညွှန်းခြင်းနှင့် နောက်ထပ်အရေးယူမှုများ စဉ်းစားသုံးသပ်ရန် ခြိမ်းခြောက်ခြင်း စသည်တို့ကို ဖယ်ရှားခြင်းအပါအဝင် ပြင်ဆင်ချက်များ ထည့်သွင်းကြသည်။

စစ်ကောင်စီက ချမှတ်သည့် အရေးပေါ်အခြေအနေအပေါ် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက လွန်ခဲ့သောလက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်တောင်းဆိုသော်လည်း တရုတ်နှင့် ရုရှားတို့က ကန့်ကွက်သောကြောင့် စစ်အာဏာသိမ်းမှုကို ရှုတ်ချနိုင်ခြင်း မရှိပေ။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
7
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
28

ယခု ထုတ်ပြန်ကြေညာချက်တွင်လည်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများ လွှတ်ပေးရန် တောင်းဆိုသည်။

“ကောင်စီအနေဖြင့် မြန်မာပြည်သူလူထုနှင့် အချုပ်အခြာအာဏာ၊ နိုင်ငံရေး လွတ်လပ်မှု၊ နယ်မြေထိန်းချုပ်ခွင့်၊ မြန်မာနိုင်ငံ စည်းလုံးညီညွတ်မှုတို့အပေါ် ၎င်းတို့၏ အင်အားရှိသော သစ္စာတရားကို ထောက်ပံ့ကူညီရန် ထပ်မံခိုင်မာစေသည်”ဟုလည်း ရေးသားဖော်ပြသည်။

ဆေးဝန်ထမ်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ သတင်းသမားများနှင့် မီဒီယာ အလုပ်သမားများကို ကန့်သတ်ခြင်းအပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ချိုးဖေါက်ခြင်းအတွက် စိုးရိမ်ကြောင်းလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတဦးနှင့် နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့က လုံခြုံရေးကောင်စီအနေဖြင့် ကမ္ဘာ့လက်နက်ပိတ်ဆို့မှု ချမှတ်ရန်နှင့် စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူရန် တောင်းဆိုကြသည်။

သို့သော် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီအတွင်း ညီညွတ်မှုရရန် အားထုတ်မှုအနေဖြင့် အရေးယူပ်ိတ်ဆို့မှုများကို မကြာမီ စဉ်းစားသုံးသပ်နိုင်ဖွယ် မရှိကြောင်း၊ ထိုကိစ္စကို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်မည်ဖြစ်ကြောင်း သံတမန်များပြောသည်။ တရုတ်နှင့် ရုရှားသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်တို့နှင့်အတူ ဗီတိုအာဏာရသော လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်သည်။

You may also like these stories:

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီတွင် သဘောတူညီမှု မရ

နိုင်ငံခြားရေး ဝန်ကြီးဟု သုံးစွဲခြင်းသည် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း ဂျပန်ပြော

မြန်မာ့အရေး တရုတ်က အချက် ၃ ချက် အဆိုပြု တင်ပြ

Your Thoughts …
Tags: ကုလသမဂ္ဂ လုံခြုံရေးကောင်စီစစ်တပ်နှင့် ရဲစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြသူများရှုတ်ချအကြမ်းဖက်နေခြင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ၏ နောက်ဆုံးခံတပ် နေပြည်တော်

စစ်ကောင်စီ၏ နောက်ဆုံးခံတပ် နေပြည်တော်

by ဒေးဗစ်အောင်
7 February 2023
23.9k

လက်ရှိ အာဏာသိမ်းခေါင်းဆောင်များသည် ၎င်းတို့အတွက် ခံတပ်မြို့ကြီး တည်ဆောက်ပေးခဲ့သည့် အာဏာရှင်ဟောင်း ဦးသန်းရွှေကို သူ၏ဉာဏ်အမြော်အမြင်အတွက် ကျေးဇူးတင်သင့်သည်။

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ

by ဧရာဝတီ
14 July 2023
4.9k

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

တနင်္ဂနွေနေ့က သံလျင်မြို့တွင် စစ်တပ်နှင့် ရဲက ပစ်ခတ်၍ ဒဏ်ရာရသွားသူတဦး

ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဗုဒ္ဓဟူးတွင် ဆွေးနွေးမည်

by ဧရာဝတီ
30 March 2021
9.8k

ကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အစီရင်ခံ တင်ပြမည်ဖြစ်သည်။

သရုပ်ဆောင် ဒေါင်းဝေ / Daung Wai's Facebook

Mask တွေနဲ့ Sexy ဓာတ်ပုံရိုက်တဲ့ မော်ဒယ်ကို ရှုတ်ချလိုက်တဲ့ ဒေါင်းဝေ

by ချစ်ပိုး
12 May 2020
15.9k

ကိုယ့်အတွက် အသုံး မလိုရင် မဝယ်ပါနဲ့။ အဲ့လိုတွေလည်း မလုပ်ကြပါနဲ့။ ဒီလိုပုံတွေ တက်လို့လည်း ကျနော်တို့ နိုင်ငံ သိက္ခာကျပါတယ်။

မုံရွာတွင် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ တွေ့ရသည့် ကိုဝေမိုးနိုင်

ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက သေဒဏ်ပေးနိုင်သည့် ပုဒ်မ တပ်

by ဧရာဝတီ
15 September 2022
12.6k

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် အဖမ်းဆီးခံ ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်အား သေဒဏ်ပေးနိုင်သည့် စွဲချက်တခုကို စစ်ကောင်စီက စွဲတင်ခဲ့သည်။

ရက္ခိုင့်တပ်တော် (Arakan Army - AA) ၏ လက်မောင်းတံဆိပ် / ဧရာဝတီ

စစ်အာဏာသိမ်းမှုကို AA ရှုတ်ချ

by ဧရာဝတီ
24 March 2021
19.7k

AA ပြောခွင့်ရသူ ခိုင်သုခက ၎င်းတို့အဖွဲ့သည် ပြည်သူများနှင့်အတူ ရှိကြောင်း ဆိုသည်။

Next Post
၂၀၁၆ ခုနှစ်က ကချင်ပြည်နယ် မိုင်ဂျာယန် တွင်ပြုလုပ်ခဲ့သည့် ညီလာခံသို့ တက်ရောက်သည့် AA အဖွဲ့များ / ဧရာဝတီ

AA ကို အကြမ်းဖက်အုပ်စုမှ စစ်ကောင်စီပယ်ဖျက်

Viber အခမဲ့ စာတိုပို့ Application

Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံး ရပ်တန့်ထားမည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved