• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီတွင် သဘောတူညီမှု မရ

by ဧရာဝတီ
10 March 2021
in သတင်း
A A
စစ်ကောင်စီက ချမှတ်သည့် အရေးပေါ်အခြေအနေအပေါ် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက လွန်ခဲ့သောလက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်/ ဧရာဝတီ

စစ်ကောင်စီက ချမှတ်သည့် အရေးပေါ်အခြေအနေအပေါ် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက လွန်ခဲ့သောလက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်/ ဧရာဝတီ

24.5k
VIEWS
Share on FacebookShare on Twitter

အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး စစ်တပ်အနေဖြင့်အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တောင်းဆိုကာ နောက်ထပ်အရေးယူမှုများဖြင့် ခြိမ်းခြောက်သည့် ကြေညာချက်နှင့် ပတ်သက်ပြီး သဘောတူညီမှု မရပေ။ သို့သော် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ဖွယ်ရှိကြောင်း သံတမန်များပြောသည်။

ထိုကြေညာချက်စာသားများကို နောက်ဆုံး အပြီးသတ်ချိန် အင်္ဂါနေ့နှောင်းပိုင်းတွင် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တို့က ဗြိတိန်က မူကြမ်းရေးဆွဲသည့် ကြေညာချက်တွင် အာဏာသိမ်းမှုအား ရည်ညွှန်းခြင်းနှင့် နောက်ထပ်အရေးယူမှုများ စဉ်းစားသုံးသပ်ရန် ခြိမ်းခြောက်ခြင်း စသည်တို့ကို ဖယ်ရှားခြင်းအပါအဝင် ပြင်ဆင်ချက်များ ထည့်သွင်းကြသည်။

ထိုကဲ့သို့သော အဖွဲ့ဝင် ၁၅ နိုင်ငံလုံး၏ ကြေညာချက်ကို အားလုံးက သဘောတူရန် လိုသည်။

စစ်ကောင်စီက ချမှတ်သည့် အရေးပေါ်အခြေအနေအပေါ် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက လွန်ခဲ့သောလက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်တောင်းဆိုသော်လည်း တရုတ်နှင့် ရုရှားတို့က ကန့်ကွက်သောကြောင့် စစ်အာဏာသိမ်းမှုကို ရှုတ်ချနိုင်ခြင်း မရှိပေ။

“အဖွဲ့ဝင်နိုင်ငံ အားလုံးအနေနဲ့ တနိုင်ငံခြင်းဖြစ်စေ စုပေါင်းပြီးတော့ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍတခု ရှိတယ်။ အားလုံးစုပေါင်းပြီးတော့ လုံခြုံရေးကောင်စီကနေ ခိုင်မာတဲ့ အသံနဲ့ ခိုင်မာတဲ့ လုပ်ဆောင်မှုကို ကျနော်တို့ အမြဲတမ်း ရှာကြတယ်” ကုလလသမဂ္ဂပြောခွင့်ရသူ စတက်ဖိန် ဒူဂျားရစ်က သတင်းထောက်များကို အင်္ဂါနေ့ အစောပိုင်းတွင် ပြောသည်။

Reuters သတင်းဌာနက အင်္ဂါနေ့တွင် ကြည့်ရှုခွင့်ရခဲ့သည့် ကြေညာချက်မူကြမ်းတွင် စစ်တပ်အနေဖြင့် လုံး၀ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တောင်းဆိုပြီး အခြေအနေကို အနီးကပ်စောင့်ကြည်နေကြာင်းနှင့် နောက်ထပ်အရေးယူနိုင်သော အစီအမံများကို စဉ်းစားသုံးသပ်နေကြောင်း ဖေါ်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတဦးနှင့် နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့က လုံခြုံရေးကောင်စီအနေဖြင့် ကမ္ဘာ့လက်နက်ပိတ်ဆို့မှု ချမှတ်ရန်နှင့် စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူရန် တောင်းဆိုသည်။

သို့သော် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီအတွင်း ညီညွတ်မှုရရန် အားထုတ်မှုအနေဖြင့် အရေးယူပ်ိတ်ဆို့မှုများကို မကြာမီ စဉ်းစားသုံးသပ်နိုင်ဖွယ် မရှိကြောင်း၊ ထိုကိစ္စကို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်မည်ဖြစ်ကြောင်း သံတမန်များပြောသည်။ တရုတ်နှင့် ရုရှားသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်တို့နှင့်အတူ ဗီတိုအာဏာရသော လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
42
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
17
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
41

သောကြာနေ့က တံခါးပိတ်အစည်းအဝေးအပြီး စတင်ဆွေးနွေးနေသည့် ကြေညာချက်မူကြမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲခြင်းအား ပြင်းထန်စွာ ရှုတ်ချထားသည်။

ဆေးဝန်ထမ်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ သတင်းသမားများနှင့် မီဒီယာ အလုပ်သမားများကို ကန့်သတ်ခြင်းအပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ချိုးဖေါက်ခြင်းအတွက် စိုးရိမ်ကြောင်းလည်း ထိုကြေညာချက်မူကြမ်းတွင် ဖေါ်ပြထားပြီး ဖမ်းဆီးထားသူများကို ချက်ခြင်းလွှတ်ပေးရန်လည်း တောင်းဆိုသည်။

ကိုးကား။ ။ Reuters

You may also like these stories:

နိုင်ငံခြားရေး ဝန်ကြီးဟု သုံးစွဲခြင်းသည် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း ဂျပန်ပြော

မြန်မာ့အရေး တရုတ်က အချက် ၃ ချက် အဆိုပြု တင်ပြ

မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း

Your Thoughts …
Tags: ကုလသမဂ္ဂ လုံခြုံရေးကောင်စီစစ်အာဏာသိမ်းမှုတရုတ်ရုရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့သည် / ဧရာဝတီ

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

၂၀၁၆ ခုနှစ်က ကချင်ပြည်နယ် မိုင်ဂျာယန် တွင်ပြုလုပ်ခဲ့သည့် ညီလာခံသို့ တက်ရောက်သည့် AA အဖွဲ့များ / ဧရာဝတီ

AA ကို အကြမ်းဖက်အုပ်စုမှ စစ်ကောင်စီပယ်ဖျက်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved