• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာအကြမ်းဖက်မှုများကို အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ

by ဧရာဝတီ
14 July 2023
in သတင်း
A A
ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို တိုက်တွန်းသည်။

4.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ဇူလိုင်လ ၁၃ ရက်နေ့တွင် ရှုတ်ချလိုက်သည်။ မြန်မာမှပြင်းထန်လာသော ပဋိပက္ခသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း ညီညွတ်ရေးကို စမ်းသပ်နေသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံအနက် တနိုင်ငံဖြစ်သော မြန်မာတွင် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားသော အတိုက်အခံများကို သွေးချောင်းစီးနှိမ်နင်းသောကြောင့် တိုက်ပွဲများ ပတ်ပတ်လည်ဖြစ်နေပြီး ခုခံတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်နေသည်။

“လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များနှင့် ပစ်ခတ်မှုများ၊ အများပြည်သူနှင့် ပတ်သက်သော နေရာများကို ဖျက်ဆီးမှုများအပါအဝင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မိမိတို့ အပြင်းအထန် ရှုတ်ချသည်” ဟု ASEAN နိုင်ငံခြားရေး ဝန်ကြီးများက ကြာသပတေးနေ့တွင် ရှင်းမပြနိုင်သော နှောင့်နှေးမှု ဖြစ်ပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။

အစည်းအဝေး ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာတွင် အကြမ်းးဖက်မှုမြင့်မားနေခြင်းကို ကိုင်တွယ်ရာတွင် ဆက်လက်ညီညွတ်ရန် အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများကို ဗုဒ္ဓဟူးနေ့က တိုက်တွန်းသည်။

မြန်မာစစ်ခေါင်းဆောင်များသည် အာဏာသိမ်းပြီး မကြာမီ ၎င်းတို့ သဘောတူထားသည့် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် အားလုံးပါဝင်သော ဆွေးနွေးပွဲကျင်းပရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်ရန် ငြင်းဆန်နေပြီး မလေးရှားက ပိုမိုပြင်းထန်သော ပြစ်တင်ရှုတ်ချခြင်းကို တောင်းဆိုသည်။

ASEAN ဝန်ကြီးများက ပါဝင်ပတ်သက်သူများအားလုံးအနေဖြင့် သိမ်းကြုံးအကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုလုပ်ရန်၊ မည်သည့် တင်းမာမှု မြင့်မားအောင်လုပ်ခြင်းကိုမဆို ရှုတ်ချရန်၊ လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် အားလုံးပါဝင်သည့် အမျိုးသားဆွေးနွေးပွဲများအတွက် အဆင်ပြေသော ပတ်ဝန်းကျင် ဖန်တီးရန်လည်း တောင်းဆိုကြသည်။

အဖွဲ့ဝင်နိုင်ငံအများအပြားနှင့် ဒေသတွင်းတွင် သြဇာပိုမိုကြီးမားလာနေသည့် တရုတ်နှင့် ရေကြောင်း ပိုင်နက် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ကိစ္စကိုလည်း ဆွေးနွေးကြကြောင်း ၎င်းတို့ပြောသည်။

တရုတ် ထိပ်တန်း သံတမန် ဝမ်ယိသည်လည်း ယခုအပတ် ဂျကာတာတွင် ကျင်းပသည့် ASEAN နှင့် ပတ်သက်သည့် အစည်းအဝေးများတက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဘရော့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန် တို့နှင့် နှစ်ဘက် ဆွေးနွေးပွဲများ ကျင်းပသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

တရုတ်နိုင်ငံအမည်ကို ဖေါ်ပြခြင်းမပြုဘဲ ASEAN နိုင်ငံခြားရေးဝန်ကြီးများက ထိုဒေသတွင် အားလုံးကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များ အပါအဝင် ပိုင်နက်မြေ ပြန်သတ်မှတ်ရေး လှုပ်ရှားမှု၊ ထိပ်တိုက်တွေ့မှုများကို စိုးရိမ်ကြောင်း ဖေါ်ပြသည်။

ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီနှင့် ပြန်လည်ထိတွေ့ဆက်ဆံရေး အားထုတ်မှုများအကြား မြန်မာစစ်အရာရှိများကို လွန်ခဲ့သောလက အစည်းအဝေးတခုသို့ ဖိတ်ခေါ်လိုက်သောအခါ မြန်မာကိစ္စအပေါ် ASEAN အတွင်း အကွဲအပြဲများကို မီးမောင်းထိုးပြစရာ ဖြစ်ခဲ့သည်။

ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖေါ်ရာတွင် တိုးတက်မှု မရှိသောကြောင့် မြန်မာစစ်ကောင်စီအရာရှိများကို ASEAN ၏ အဆင့်မြင့် ဆွေးနွေးပွဲများသို့ မဖိတ်ကြားတော့ပေ။

ASEAN အဖွဲ့ဝင်အများစုက ထိုင်းအစည်းအဝေးသို့ တက်ရောက်ခြင်း မရှိပေ။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်က ထိုအစည်းအဝေးကို ခုခံကာကွယ်ပြီး သူ၏ နိုင်ငံသည် နယ်စပ်၊ ကုန်သွယ်ရေးနှင့် ဒုက္ခသည် ပြဿနာများကြောင့် ထိခိုက်ကြောင်း ပြောသည်။

သူသည် ထောင်ချခံမြန်မာခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက တွေ့ခဲ့ကြောင်း ဒွန်က ဗုဒ္ဓဟူးနေ့တွင်ပြောသောကြောင့် လွန်ခဲ့သော ၂ နှစ်ကျော်က အဖမ်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး တွေ့ခွင့်ရသည့် နိုင်ငံခြားအရာရှိ ဖြစ်လာသည်။

ထိုင်းနိုင်ငံက ၎င်းတို့ကို မြန်မာနှင့်ပတ်သက်သည့် မကြာသေးမီက လုပ်ဆောင်မှုများ ရှင်းပြကြောင်း ASEAN ဝန်ကြီးများပြောသည်။ ထိုဖြစ်ရပ်များသည် အပြုသဘောဆောင်သည်ဟု ASEAN အဖွဲ့ဝင်များပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူများ ပါဝင် ဦးဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံရေး အကျဉ်းသားများ အားလုံးလွှတ်မပေးလျှင် မြန်မာ စစ်ကောင်စီနှင့် မဆက်ဆံရန် ASEAN ကို တောင်းဆိုသည်။

You may also like these stories:

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုချက်အပေါ် နိုင်ငံရေးနယ်ပယ်မှ တုံ့ပြန်မှုများ

မြန်မာ့ငြိမ်းချမ်းရေး နောက်ဆုံးအားထုတ်မှုအပေါ် အာဆီယံ သဘောထား ကွဲနေ

အရှေ့အလယ်ပိုင်းနှင့် စစ်ကောင်စီ ဆက်ဆံရေး တိုးမြှင့်နေ

ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ

ထိုင်းနိုင်ငံရေး မြန်မာများ မပါရန် အလုပ်သမားအရေးဆောင်ရွက်သူများ သတိပေး

Your Thoughts …
Tags: Aseanမြန်မာအကြမ်းဖက်မှုများရှုတ်ချအင်ဒိုနီးရှားနိုင်ငံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အင်ဒိုနီးရှားနိုင်ငံက Prambanan Temple

အင်ဒိုနီးရှားနိုင်ငံက အထင်ကရနေရာများ

by ညီညီသူ
5 March 2019
10k

Borobudur ကတော့ ဗုဒ္ဓဘာသာ ကျောင်းတကျောင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓသာသနိက အဆောက်အဦတွေပါ။ စေတီရုပ်ပွားတော်ပေါင်း အများအပြား ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများက မင်းအောင်လှိုင်အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုးကိုင်ထားပုံ သရုပ်ဖော်ပုံကို ကိုင်ဆောင်ထားစဉ် / AFP

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

by Igor Blazevic
28 March 2023
13.7k

တရုတ်၏ ရည်မှန်းချက်များ၊ အခြားနိုင်ငံတကာဇာတ်ဆောင်များက မြန်မာအကျပ်အတည်းတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်တို့ကို ဆွေးနွေးထားသည်။

အင်ဒိုနီးရှားနိုင်ငံက နာမည်ကြီး အစားအစာများ

အင်ဒိုနီးရှားနိုင်ငံကို သွားလည်တဲ့အခါ မဖြစ်မနေ စားသင့်တဲ့ အစားအစာ ၅ မျိုး

by ဟယ်လ်သင်
25 August 2019
6.5k

Nasi Goreng ဟာဆိုရင် အင်ဒိုနီးရှားရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အသား၊ အသီးအရွက်ချဉ်တွေနဲ့ ခပ်စပ်စပ် အရသာမျိုး ကြော်လှော်ထားတာ ဖြစ်ပြီး မစားမဖြစ် စားသင့်ပါတယ်။

...

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

by အောင်ဇော်
1 April 2023
42.6k

စစ်ကောင်စီက တနိုင်ငံလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း ဝန်ခံသည့်တိုင် ထိုစီမံကိန်းများကို ပြန်လည်စတင်လိုသည့် လက္ခဏာများကို တရုတ်က ပြသနေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်း

တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ

by သက်ထားမောင်
7 March 2023
12.2k

တရုတ်အထူးသံလှုပ်ရှားမှုနှင့် မြန်မာပြည်တွင်း တရုတ်သံအမတ်၊ ကောင်စစ်ဝန်တို့၏ လှုပ်ရှားမှုနှင့်အတူ တရုတ်ရင်းနှီးမြှုပ်နှံမှုအချို့ပြန်လည် သက်ဝင်လှုပ်ရှားလာသည်ကို တွေ့ရ၏။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝါရှင်တန်၌ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဝင်ဒီ ရှားမင်းသည် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံသည် / NUG Foreign Ministry

မြန်မာအဝေးရောက်အစိုးရများသမိုင်း

by David I. Steinberg
27 February 2023
6.7k

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လူထုတုံ့ပြန်မှုသည် ခေတ်သစ်မြန်မာ့သမိုင်းတွင် မကြုံစဖူး ထူးကဲသည်။

Next Post
မြန်မာနယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန် (ဓာတ်ပုံ- ဧရာဝတီ)

ပို့ကုန်ရငွေလဲလှယ်နှုန်း လျှော့ချပေးသော်လည်း အလုပ်မဖြစ်ဟု လုပ်ငန်းရှင်များဆို

၂၀၂၃ ဇူလိုင် ၁၃ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး(CINCDS)

အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ စစ်ခေါင်းဆောင် လေသံပစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved