အဝေးရောက်များသည် ယနေ့ခေတ် ဖရိုဖရဲ ကမ္ဘာတွင် ရေပန်းစားသည်။ မြန်မာတွင်လည်း အဝေးရောက် အမျိုးမျိုးရှိသည်။ အချို့မှာ ရိုဟင်ဂျာများကဲ့သို့ လူမျိုးစု သုတ်သင်မှုကြောင့် မောင်းထုတ်ခံရသူများ ဖြစ်သည်။ အချို့မှာ တဦးချင်း လုံခြုံမှုတောင်းခံသည့် ၂၀၀၁ ခုနှစ်နောက်ပိုင်း စစ်တပ်ဆန့်ကျင်သူများဖြစ်သည်။ ထို့နောက် အလုပ်အကိုင်ရှာရန် အထူးသဖြင့် ထိုင်းနိုင်ငံသို့ရောက်နေသူ သန်းပေါင်းများစွာဖြစ်သည်။
ကမ္ဘာတဝန်း နိုင်ငံရေးတွင် အဝေးရောက်အစိုးရ အရေအတွက် မနည်းလှပေ။ သို့သော် တနိုင်ငံတည်းတွင် မျိုးဆက်တဆက်အတွင်း အဝေးရောက်အစိုးရ ၂ ခုရှိခြင်းသည် စံနှုန်းသတ်မှတ်ချက်များကို ကျော်လွန်ရုံသာမက ခေတ်သစ်တွင် ထူးခြားမှုလည်းဖြစ်သည်။ ထိုသို့သော ဖြစ်ရပ် ၂ ခုတည်းဖြင့် ဖြစ်လေ့ဖြစ်ထရှိသော ပုံစံတခုကိုဖော်ထုတ်ရန် ခက်ခဲသော်လည်း မြန်မာရှိ ထိုအတွေ့အကြုံများမှ သင်ခန်းစာများ၊ လက်တွေ့ကျ သို့မဟုတ် မကျသည့် မျှော်မှန်းချက်များသည် အနာဂတ်ကို အလင်းရောင်ပေးပြီး ပြည်တွင်းပြည်ပ မူဝါဒများကို ကူညီလမ်းညွှန်ပေးနိုင်သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဝင်ဒီ ရှားမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဝါရှင်တန်အခြေစိုက် NUG ဌာနချုပ်သစ်တွင် တွေ့ဆုံသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ထူထောင်သော NUG တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ရွေးကောက်ခံရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိမီ စစ်တပ်က ဖြုတ်ချလိုက်သည့် လွှတ်တော်ဖြစ်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များ၊ တိုင်းရင်းသား လူနည်းစုနှင့် အခြား အာဏာသိမ်းမှု ဆန့်ကျင်ရေးအင်အားစုများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။
NUG ရုံးသို့ မစ္စဝင်ဒီရှားမင်း သွားရောက်လည်ပတ်ခြင်း၊ အမေရိကန် ပြည်ထောင်စု၏ အခြားသော ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ကျယ်ကျယ်ပြန့်ပြန့် အရေးယူဆောင်ရွက်ခြင်းများသည် NUG ကို သံတမန်ရေးအရ အသိအမှတ်ပြုခြင်း မဟုတ်လျှင်ပင် စိတ်ဓာတ်ရေးရာအရ တရားဝင်ခွင့်ပြုခြင်းဖြစ်သည်။
NUG ရုံးသို့ မစ္စဝင်ဒီရှားမင်း သွားရောက်လည်ပတ်ခြင်း၊ အမေရိကန် ပြည်ထောင်စု၏ အခြားသော ဥပဒေပြုအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ကျယ်ကျယ်ပြန့်ပြန့် အရေးယူဆောင်ရွက်ခြင်းများသည် NUG ကို သံတမန်ရေးအရ အသိအမှတ်ပြုခြင်း မဟုတ်လျှင်ပင် စိတ်ဓာတ်ရေးရာအရ တရားဝင်ခွင့်ပြုခြင်းဖြစ်သည်။ တရားဝင် သံတမန်ဆက်ဆံရေးသည် စစ်ကောင်စီနှင့် ဆက်လက်ဆက်ဆံနေခြင်းသာ ဖြစ်သော်လည်း နှစ်နိုင်ငံအကြား သံတမန် အစားထိုးခန့်အပ်မှုများကို အတည်ပြုခြင်း မရှိသေးပေ။

NUG ၏ အပြင်းအထန် စည်းရုံးသိမ်းသွင်းမှုများနှင့်အတူ ကျယ်ပြန့်သော စီးပွားရေး၊ နိုင်ငံရေးနှင့်လူမှုရေး အရေးယူမှုများကို စစ်တပ် ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများနှင့် စစ်အရာရှိများအပေါ် ချမှတ်သည်။ စစ်အုပ်စုကို ထောက်ခံသည်ဟုမြင်သည့် မည်သည့်လုပ်ရပ်ကိုမဆို အနောက်နိုင်ငံများက အပြင်းအထန် ဆန့်ကျင်မှုနှင့်အတူ အမေရိကန် ပြည်ထောင်စုနှင့် မြန်မာစစ်တပ်အကြား ဆွေးနွေးမှု မရှိပေ။
ခေတ်သစ်မြန်မာ့သမိုင်းကို ခြေရာကောက်သည့် နိုင်ငံခြားသား အနည်းငယ်အတွက်မူ ယခု အာဏာသိမ်းမှုသည် ယခင်က ဖြစ်ရပ်ဟောင်းတခု ထပ်မံဖြစ်ပွားခြင်း ဖြစ်နေပုံရသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှ စတင်ပြီး မြန်မာ့သမိုင်းတွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုများအကြားတွင် အရေးပါသော ကွဲပြားခြားနားမှုများ ရှိနေသည်။ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု သုံးခုလုံးသည် ထိုစဉ်က မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးနှင့် စီးပွားရေး အစိတ်အပိုင်းများ အားလုံးအပေါ် စစ်တပ်ထိန်းချုပ်မှု သက်ဆိုးရှည်စေရန် ပြုလုပ်ခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများသည် အဝေးရောက်အစိုးရများကို ဖွဲ့စည်းဖြစ်ပေါ်စေခဲ့သော်လည်း ၎င်းတို့၏ သက်ရောက်မှုများနှင့် မျှော်မှန်းချက်များသည် အတော်အတန် ကွဲပြားခြားနားနေသည်။
လွန်ခဲ့သောမျိုးဆက်တခုတွင် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်အုပ်စုက ပါတီစုံ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကတိပြုသည်။ ထိုစစ်အုပ်စုသည် ရွေးကောက်ပွဲများကို ၁၉၉၀ ပြည့်နှစ်၊ မေလတွင် ကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရကာ စစ်အုပ်စုက ထိုရလဒ်ကို ဗြောင်ကျကျ လျစ်လျူရှုသည်။ စစ်အုပ်စုဖမ်းဆီးမှုများမှ လွတ်မြောက်လာပြီးနောက် ရွေးကောက်ခံရပြီးသော်လည်း တာဝန်မထမ်းဆောင်ရသေးသော ကိုယ်စားလှယ်များသည် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို စစ်အုပ်စု မထိန်းချုပ်ရသေးသော နယ်မြေတွင် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းပြီးနောက် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့သည်။
သံတမန်ရေးရာ အသိအမှတ်ပြုမှုရန် NCGUB ဖျောင်းဖျပြောဆိုသော်လည်း အမေရိကန် ပြည်ထောင်စုက မည်သည့်အခါကမှ မပေးခဲ့ဘဲ အရပ်သားများ၏ ကံကြမ္မာဆိုးကိုသာ အာရုံစိုက်ကာ နိုင်ငံတကာစာနာမှုရအောင် လုပ်ဆောင်သည်။
သံတမန်ရေးရာ အသိအမှတ်ပြုမှုရန် ဖျောင်းဖျပြောဆိုသော်လည်း အမေရိကန် ပြည်ထောင်စုက မည်သည့်အခါကမှ မပေးခဲ့ဘဲ အရပ်သားများ၏ ကံကြမ္မာဆိုးကိုသာ အာရုံစိုက်ကာ နိုင်ငံတကာစာနာမှုရအောင် လုပ်ဆောင်သည်။ ၁၉၉၅ ခုနှစ်၊ မေလတွင် NCGUB သည် ဆွီဒင်နိုင်ငံ၊ ဘွန်းမားစ်ဗစ်တွင် အစည်းအဝေးတခု ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်၏ မောင်နှမတဝမ်းကွဲ ဒေါက်တာ စိန်ဝင်းကို အဝေးရောက်အစိုးရ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်သည်။ အနှစ်သာရအားဖြင့်ဆိုရပါက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီးခံရပြီးနောက် သူ၏အမြင်များဟု ယူဆရသည်များသာ အမေရိကန်မူဝါဒ ဖြစ်သည်။
NCGUB ပိုမိုထိရောက်စွာ ဖျောင်းဖျပြောဆို ဆွေးနွေးနိုင်ရေးအတွက် ၎င်း၏ရုံးများကို ဝါရှင်တန်ဒီစီသို့ ပြောင်းရွှေ့သည်။ ဝါရှင်တန်မှ အာဏာစနစ်တခုလုံးသို့ ထိတွေ့ဆက်ဆံခွင့် သိသိသာသာရရှိသည်။ သို့သော် စစ်တပ်က နှေးကွေးပြီး ပြီးပြည့်စုံခြင်း မရှိသော်လည်း အားရစရာကောင်းသည့် ပြုပြင်ပြောင်းလဲရေး ပုံစံ စတင်လိုက်သည်။ ထိုသို့ တိတ်ဆိတ်သည့် အချက်ပြမှုများကို အမေရိကန် ပြည်ထောင်စုက တုံ့ပြန်လိုက်သောအခါ ဆက်ဆံရေး တိုးတက်လာသည်။ ထိုအပြောင်းအလဲများအပြီး NCGUB ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဖျက်သိမ်းလိုက်သည်။
၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် စစ်တပ်၏ကတိများ၊ လုပ်ရပ်များနှင့် ပြည်သူလူထု တုံ့ပြန်မှုများတွင် ထူးခြားသော ကွဲပြားခြားနားမှုများ ရှိသည်။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ၂၀၂၃ ခုနှစ်၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ကနဦးတွင် ကတိပေးသည်။ စစ်ကောင်စီအုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ကျယ်ပြန့်သော မထေမဲ့မြင် လှောင်ပြောင်မှု၊ နက်ရှိုင်းသော တော်လှန်ရေးနှင့် လူမှုမငြိမ်သက်မှုများကြောင့် အထွေထွေ ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၄ ခုနှစ်ဟု ကတိပေးလာသည်။
၁၉၈၈ နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများတွင် အဓိကတူညီမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခြင်းဖြင့်ဖြစ်စေ၊ နေအိမ်တွင် ဖမ်းဆီးထားခြင်းဖြင့်ဖြစ်စေ၊ အသက်အရွယ်အရဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် အခန်းကဏ္ဍတခုမှ မပါဝင်စေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ထိန်းချုပ်လှည့်စားသည့် ၂၀၁၀ ရွေးကောက်ပွဲများသည် စစ်တပ်ကို နိုင်ငံရေးဖြစ်စဉ်တခုလုံးတွင် အာဏာကို ဆက်လက်ထိန်းသိမ်းထားရန် ခွင့်ပြုခဲ့သောကြောင့် လက်ရှိစစ်ကောင်စီသည် လာမည့် နိုင်ငံရေးနယ်ပယ်တွင် အလားတူတုံ့ပြန်မှုတခုကို စီစဉ်ထားသည့် လက္ခဏာရှိသည်။ စစ်တပ်က ကာကွယ်စောင့်ရှောက်မည်ဟု ကျိန်ဆိုထားသည့် စစ်တပ်ကရေးဆွဲသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထူးခြားသော အပြောင်းအလဲ လုပ်ပြီး နိုင်ငံရေးဖြစ်စဉ်များကို စစ်တပ်က ဆက်လက်လွှမ်းမိုးရေး ယခုအဆင်သင့်ရှိမည်ဆိုလျှင်ပင် ထိုအပြောင်းအလဲသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် စစ်တပ်၏ အရေးပါသော အခန်းကဏ္ဍကို ပိုမိုခိုင်မာစေအောင် ကြိုးစားအားထုတ်မှုသာ ဖြစ်သည်။

၁၉၈၈ နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများတွင် အဓိကတူညီမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခြင်းဖြင့်ဖြစ်စေ၊ နေအိမ်တွင် ဖမ်းဆီးထားခြင်းဖြင့်ဖြစ်စေ၊ အသက်အရွယ်အရဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် အခန်းကဏ္ဍတခုမှ မပါဝင်စေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားခြင်းဖြစ်သည်။
အဓိကကျသည့် ကွဲပြားခြားနားမှုမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လိုလားသည်။ ထိုအချက်သည် မြန်မာနိုင်ငံအခြေအနေတွင် လက်တွေ့ကျ မကျကို အငြင်းပွားဖွယ်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် NUG က မြန်မာစစ်ကောင်စီကို စစ်ကြေညာခဲ့သည်။ စစ်ကောင်စီ၏ ရာဇဝတ်မှုမြောက်သော မတရားသည့်လုပ်ရပ်များသည် NUG နှင့် ၎င်း၏ အမျိုးမျိုးသော အတိုက်အခံအင်အားစုများ ပြုလုပ်သည့် အကြမ်းတိုက်နည်းလမ်းများထက် များစွာဆိုးရွားပြီး စိတ်ဓာတ်ရေးရာ အသာစီးရမှုကို တစိတ်တပိုင်း ဆုံးရှုံးသွားပြီးဖြစ်သည်။
နိုင်ငံမှသယံဇာတများနှင့် ရုရှား၊ တရုတ်တို့နှင့် ရင်းနှီးသောဆက်ဆံရေးတို့ ပေါင်းစပ်ထားခြင်းကြောင့် ၎င်းတို့သည် အနောက်နိုင်ငံများကို မလိုအပ်ဟု စစ်တပ်ထိပ်တန်းခေါင်းဆောင်များ ယူဆနေသည်မှာ ကြာပြီဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လူထုတုံ့ပြန်မှုသည် ခေတ်သစ်မြန်မာ့သမိုင်းတွင် မကြုံစဖူးထူးကဲသည်။ ယခင်ကပင်ဖြစ်ပွားနေသော တိုင်းရင်းသားလူနည်းစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲနှင့် လွန်ခဲ့သော ဆယ်နှစ်အတွင်း လွတ်လပ်ခွင့်နှင့် လူငယ်များ ထိတွေ့ခဲ့ခြင်းတို့ ပေါင်းစည်းလိုက်သောအခါ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံရသည်။ စစ်တပ်ဆန့်ကျင်ရေး ပုန်ကန်မှုသည် ယခင်က မတည်ငြိမ်မှု မဖြစ်ဖူးသည့် ဗမာဒေသများတွင်ပင် အထင်အရှားတွေ့နေရပြီး ထိုဒေသမှလူများကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည်လည်း မကြုံစဖူးဖြစ်လာသည်။
၂၀၁၂ ခုနှစ်မှ စစ်အာဏာသိမ်းသည့် ကာလအထိ နိုင်ငံတွင်းမှ လူငယ်များသည် ပြီးပြည့်စုံခြင်း မရှိသော်လည်း ၁၉၆၂ ခုနှစ်နောက်ပိုင်း မည်သည့်အချိန်ထက်မဆို များစွာပိုမိုကြီးမားသည့် လွတ်လပ်မှုအဆင့်တခုကို တွေ့ကြုံခဲ့သည်။ ၎င်းတို့သည် အာဏာရှင်အောက်မှ လွတ်လပ်ခွင့် နည်းသည်ကို လက်မခံလိုကြပေ။ NUG သည် ပိုမိုကွဲပြားစုံလင်သည့် တိုင်းရင်းသားခေါင်းဆောင်မှုဖြင့် တိုင်းရင်းသား မကျေနပ်မှုများကို ပြေငြိမ်းစေရန် ကြိုးစားသော်လည်း မျိုးဆက်နှင့်ချီရှိခဲ့သော သံသယများ ရှိနေဆဲဖြစ်ပြီး ကျော်လွှားရန် ပိုမိုခက်ခဲနေသည်။ တနိုင်ငံလုံးတွင် ပြည်သူ့ကာကွယ်တပ်များကို ဖွဲ့စည်းထားပြီး စစ်တပ်အာဏာကို တိုက်ခိုက်ကြသော်လည်း ၎င်းတို့သည် ညှိနှိုင်းဆောင်ရွက်မှုနှင့် ခုခံတော်လှန်ရေးအတွက် လိုအပ်သည့် ထိရောက်သောလက်နက် မရှိပေ။
သို့သော် အမည်ခံ တရားဝင်မှုပေးမည့် လိမ်လည်သောရွေးကောက်ပွဲ ကျင်းပရန် စစ်တပ်၏ စီမံကိန်းများသည် တစိတ်တပိုင်းအားဖြင့် ထင်ယောင်ထင်မှားဖြစ်မှုကို အခြေခံနိုင်သည်။ နိုင်ငံမှသယံဇာတများနှင့် ရုရှား၊ တရုတ်တို့နှင့် ရင်းနှီးသောဆက်ဆံရေးတို့ ပေါင်းစပ်ထားခြင်းကြောင့် ၎င်းတို့သည် အနောက်နိုင်ငံများကို မလိုအပ်ဟု စစ်တပ်ထိပ်တန်းခေါင်းဆောင်များ ယူဆနေသည်မှာ ကြာပြီဖြစ်သည်။ တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့၏ ဗီတိုအာဏာမှတဆင့် မြန်မာကို ကုလသမဂ္ဂတွင် အကာအကွယ်ပေးပြီး ဂျပန်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့က မြန်မာကို ပိတ်ဆို့အရေးယူရန် စိတ်အားထက်သန်ခြင်း မရှိသောကြောင့် ထိုသို့ယူဆနေခြင်းဖြစ်သည်။
ဗိုလ်ချုပ်များသည် အနောက်တိုင်းအရေးယူပိတ်ဆို့မှု ဆယ်စုနှစ်တခုစာ ဘေးထွက်နေရန် ပြင်ဆင်ထားပြီး ထိုနောက်ပိုင်းတွင် မြန်မာစစ်ကောင်စီအတွင်း နိုင်ငံရေးအဖတ်ဆယ်သော အပြောင်းအလဲများကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်အစိုးရက အလျှော့ပေးမှု ပြုလုပ်လာမည်ဟု ယူဆသည်။ အကျပ်အတည်းမှာ အစိုးရအုပ်ချုပ်ရေး၏ ကျောရိုးအများစုသည် စစ်အရာရှိဟောင်းများနှင့် စစ်အရာရှိများလက်တွင်သာ ရှိနေမည်ဆိုသည့် အချက်ဖြစ်သည်။ မြန်မာတွင် စစ်တပ်၏ အနာဂတ်အခန်းကဏ္ဍသည် ခေတ်သစ် အနောက်နိုင်ငံများတွင် ပုံမှန်အဖြစ်သတ်မှတ်ထားသည့် အခြေအနေထက် ကျော်လွန်နေသည်။
မိမိတို့သည် ဘက်ပေါင်းစုံမှ ပြင်းထန်သော ဝါဒဖြန့်ချိမှုများကို ရင်ဆိုင်နေရသည်။ ထိန်းချုပ်ထားသည့် ဒေသနှင့် ပြည်သူ၊ သေဆုံးမှုနှင့် စီးပွားရေးအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသော်လည်း အငြင်းပွားဖွယ် ဖြစ်သည်။ သို့သော် ပြည်တွင်းမှ လုပ်ကိုင်နေသူများနှင့် နိုင်ငံခြားသားများ၏ မူဝါဒ ဆုံးဖြတ်ချက်များသည် သံသယဖြစ်ဖွယ် အချက်အလက်များကို အခြေခံနေပြီး အကျပ်အတည်းကို ပိုမိုဆိုးရွားစေမည့် သဘောဖြစ်သည်။
နိုင်ငံတော် ဝေခြမ်းရေးကို တိုင်းရင်းသားအုပ်စုအချို့က ထောက်ခံနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ထိုသို့လုပ်ပါက နိုင်ငံနှင့်ဒေသတွင်းတွင် ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ပိုမိုဆိုးရွားစေမည့် ဘော်လ်ကန်ပုံစံ ဒေသတွင်း မလုံခြုံမှုဖြစ်စေမည့် သဘောရှိသည်။
ယခုအခါ ပြည်ပမှ လေ့လာသူများသည် ၎င်းတို့၏ သဘောထားများကို ပြန်လည်သုံးသပ်နေသည်။ အချို့က NUG ကို သံတမန်ရေးအရ ထောက်ခံပြီး ထိုသို့လုပ်ရာတွင် မြန်မာမှ အနောက်နိုင်ငံသံရုံးများ ပိတ်ပစ်ခြင်းနှင့် အတိုက်အခံများကို ဗြောင်ကျကျဖြစ်စေ၊ လျှို့ဝှက်၍ဖြစ်စေ လက်နက်တပ်ဆင်ခြင်းလည်း ပါဝင်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပါက ရုရှားနှင့် ပိုမိုဝေးကွာပြီး တရုတ်တို့နှင့် အနောက်အုပ်စုအကြား ပဋိပက္ခကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။
လေ့လာသူ အချို့ကမူ ထိုဖိအားများကို လျှော့ချရန် နိုင်ငံတော် ဝေခြမ်းရေးကို အပြုသဘော ပြန်လည်စဉ်းစားသုံးခြင်းအား တောင်းဆိုကြသည်။ ယင်းကို တိုင်းရင်းသားအုပ်စုအချို့က ထောက်ခံနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ထိုသို့လုပ်ပါက နိုင်ငံနှင့်ဒေသတွင်းတွင် ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ပိုမိုဆိုးရွားစေမည့် ဘော်လ်ကန်ပုံစံ ဒေသတွင်း မလုံခြုံမှုဖြစ်စေမည့် သဘောရှိသည်။
မြန်မာ၏ များပြားလှသော အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သည့် လွယ်ကူသောအဖြေ မရှိသလို စစ်တပ်ထိန်းချုပ်မှုစနစ်ကို ရှင်းရှင်းလင်းလင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် ခေါင်းဆောင်မှု အပြောင်းအလဲမရှိဘဲ ထိုအကျပ်အတည်းများအပေါ် ပြည်ပတုံ့ပြန်မှုလည်း မရှိပေ။ ၎င်းတို့ကို လွန်စွာလိုအပ်သော်လည်း ထိုအပြောင်းအလဲများသည် လွန်စွာကြီးမားသည့် မျှော်လင့်ချက်ဖြစ်နေသည်။ ကံမကောင်း အကြောင်းမလှသော အချက်မှာ လာမည့် နှစ်အနည်းငယ်သည် ယခင် ၂ နှစ်ထက်ပင် ပိုမိုဆိုးရွားလာမည်ဆိုသည့် အချက်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ David I. Steinberg ၏ Myanmar’s History of Governments in Exile https://www.irrawaddy.com/opinion/guest-column/myanmars-history-of-governments-in-exile.html ကို ဘာသာပြန် ဖော်ပြသည်။ ဒေးဗစ် စတိန်းဘတ်သည် ဂျော့တောင်းတက္ကသိုလ် အာရှလေ့လာရေး ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်သည်။)
You may also like these stories:
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး
ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်
“တတ်နိုင်သမျှ အတိုက်အခံအင်အားစုကို အကူအညီပေးနေတယ်”
အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အားကိုးလွန်းသတဲ့လား