• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

by Scot Marciel
23 February 2023
in သူ့အတွေး သူ့အမြင်
A A
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပသည့် ASEAN ထိပ်သီးအစည်းအဝေးသို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်စဉ်

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပသည့် ASEAN ထိပ်သီးအစည်းအဝေးသို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်စဉ်

7.7k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို မြန်မာတနိုင်ငံလုံး ဆန့်ကျင်တိုက်ခိုက်မှုများ ပြေလည်မည့် အလားအလာမရှိဘဲ တတိယနှစ်အတွင်း ရောက်လာသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် ထိုအကျပ်အတည်းကို ကူညီအဆုံးသတ်ပေးရန် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် သေနင်္ဂဗျူဟာ မရှိဘဲ ဖြစ်နေသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များသည် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးနှင့် ညှိနှိုင်းအဖြေရှာရေး ဆွေးနွေးပွဲများ စတင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အဆိုပြုပြီး နိုင်ငံတကာတုံ့ပြန်မှုအား ဦးဆောင်ရန် ကြိုးစားခဲ့သည်။

သို့သော် စစ်ကောင်စီ၏ တင်းမာသော သဘောထားနှင့် အခြေခံအားဖြင့် အပြတ်ချေမှုန်းရေးစစ်ပွဲတွင် အပေးအယူလုပ်ရန် မည်သည့်ဆွေးနွေးပွဲမျှ မဖြစ်နိုင်ဆိုသည့် သံသယများကြောင့် ထိုဘုံသဘောတူညီချက် ၅ ချက်သည် မွေးဖွားစဉ်ကပင် အသက်ပါမလာခဲ့ပေ။

မြန်မာ့အရေးတိုးတက်မှုရှိစေရန် ဘုံသဘောတူညီချက် ၅ ချက်သည် အကောင်းဆုံးဖြစ်ကြောင်း ဆက်လက် အားပေးစေကာမူ တိုးတက်မှုမရှိခြင်းအတွက် စိတ်ပျက်ကြောင်း ယခုလအတွင်း ဂျကာတာတွင် ကျင်းပသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖော်ပြကြသည်။

ထက်မြက်သော ပုဂ္ဂိုလ်များပါပေ။ ထိုဘုံသဘောတူညီချက် ၅ ချက်သည် မည်သည့်ခရီးမှ ပေါက်မည်မဟုတ်ကြောင်း သိစေကာမူ အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲနေပြီး ပိုမိုကောင်းမွန်သော နည်းလမ်းအတွက် သဘောတူညီချက် မရနိုင်သောကြောင့် လက်ရှိ ဘုံသဘောတူညီချက်များသည်သာ ရှေ့ဆက်ရမည့် လမ်းကြောင်းဖြစ်ကြောင်း ထိုပုဂ္ဂိုလ်များက ဆက်လက် မိန့်ကြားနေကြခြင်း ဖြစ်သည်။

ထိုအကျပ်အတည်းကြောင့် အမေရိကန် ပြည်ထောင်စုသည် ရွေးချယ်စရာ နည်းလမ်းမရှိဖြစ်ရသည်။ ၂၀၀၀ ပြည့်နှစ်များတွင် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများနှင့် အထီးကျန်ထားရေးလမ်းစဉ်ကို ကျင့်သုံးစဉ် ထိုစဉ်ကမြန်မာစစ်အုပ်စုနှင့် ASEAN ထိတွေ့ဆက်ဆံမှုကြောင့် ဝါရှင်တန်နှင့် ASEAN ဆက်ဆံရေးတွင် အဖုအထစ် အမြဲဖြစ်ခဲ့သည်။ နှစ်ဖက်လုံးက တဖက်ဖက်၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး စိတ်ပျက်၊ စိတ်အနှောင့်အယှက် ဖြစ်ကြသည်။

၂၀၀၀ ပြည့်နှစ်များတွင် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများနှင့် အထီးကျန်ထားရေးလမ်းစဉ်ကို ကျင့်သုံးစဉ် ထိုစဉ်ကမြန်မာစစ်အုပ်စုနှင့် ASEAN ထိတွေ့ဆက်ဆံမှုကြောင့် ဝါရှင်တန်နှင့် ASEAN ဆက်ဆံရေးတွင် အဖုအထစ် အမြဲဖြစ်ခဲ့သည်။

ယခုအကျပ်အတည်းတွင်မူ ဝါရှင်တန်က ASEAN ၏ ဘုံသဘောတူညီ ၅ ချက်သည် တိုးတက်မှု မရှိသော်လည်း ထောက်ခံပြီး ASEAN ကို ပိုမိုဦးစားပေးသည်။

ထိုနည်းလမ်းသည် အမေရိကန် ပြည်ထောင်စုက ASEAN ၏ ဗဟိုကျမှုကို ထောက်ခံပြီး အမေရိကန် ပြည်ထောင်စုတွင် ထိုထက်ကောင်းသည့် အကြံအစည်မရှိဆိုသည့် အချက်ကို ဖုံးကွယ်ထားသော်လည်း ကနဦးတွင် အဓိပ္ပာယ်ရှိသည့်သဘော ဆောင်နေသည်။ သို့သော် ခြေလှမ်းနောက်ကောက်ကျနေသော အာဆီယံ၏ သဘောတူညီချက်ကို မကျော်လွှားခြင်းသည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအတွက် နှိုးဆော်ချက် ဖြစ်သင့်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးစဉ်

ASEAN ၏ မအောင်မြင်သည့်နည်းလမ်းကို အမေရိကန် ပြည်ထောင်စုက ဆက်လက်ထောက်ခံခြင်းနှင့် ငြိမ်းချမ်းသောအဖြေမရှိသည့် အကျပ်အတည်းတွင် ဝါရှင်တန်က ငြိမ်းချမ်းသော အဖြေရှာခြင်းတို့ကြောင့် “မြန်မာပြည်သူများနှင့် အတူရပ်တည်မည်” ဆိုသည့် ကတိသည် အနှစ်သာရ ကင်းမဲ့သည်။ ထိုနည်းလမ်းကို အမေရိကန် ပြည်ထောင်စုက ဆက်လက်ကျင့်သုံးလေလေ၊ အမေရိကန် ပြည်ထောင်စုအပေါ် ယုံကြည်မှု ကျဆင်းလေလေ၊ မြန်မာမှ ဖြစ်ရပ်များအပေါ် အမေရိကန် ပြည်ထောင်စု၏ သြဇာသက်ရောက်နိုင်စွမ်း ကျဆင်းလေလေပင် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက သတိထားကိုင်တွယ်နေသည့် နည်းလမ်းမှာ ခုခံတော်လှန်ရေး အင်အားစုများကို အပြည့်အဝထောက်ခံသည့် ပိုမိုရဲရင့်သော မူဝါဒချမှတ်ရမည့် အန္တရာယ်ကို အမေရိကန် အစိုးရအရာရှိများ လက်မခံလိုသောကြောင့် ဖြစ်နိုင်သည်။ ထိုသို့လုပ်ခြင်းသည် အကြမ်းဖက်မှု ပိုမိုဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သလို စစ်တပ်ကို ချေမှုန်း အောင်ပွဲခံလျှင် နိုင်ငံကို တစုတစည်းတည်းထားရှိရန် လုံးဝ မတူညီသော ခုခံတော်လှန်ရေး အင်အားစုများ၏ စွမ်းရည်ကို မေးခွန်းထုတ်နေခြင်းလည်း ဖြစ်နိုင်သည်။

တရုတ်က စစ်ကောင်စီကို ထောက်ခံမှု ပိုမိုပေးလိုက်စေသလို ဖြစ်မည်ကိုလည်း အမေရိကန်အရာရှိများ စိုးရိမ်ကောင်း စိုးရိမ်နေနိုင်သလို ယူကရိန်းပြဿနာကို လွန်စွာအာရုံစိုက်နေရသောကြောင့် သေနင်္ဂဗျူဟာအရ အရေးပါမှုနည်းသည့် မြန်မာပဋိပက္ခတွင် တစိတ်တဝမ်းတည်းဖြစ်ရန် စွမ်းအား မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

တရုတ်က စစ်ကောင်စီကို ထောက်ခံမှု ပိုမိုပေးလိုက်စေသလို ဖြစ်မည်ကိုလည်း အမေရိကန်အရာရှိများ စိုးရိမ်ကောင်း စိုးရိမ်နေနိုင်သလို ယူကရိန်းပြဿနာကို လွန်စွာ အာရုံစိုက်နေရသောကြောင့် သေနင်္ဂဗျူဟာအရ အရေးပါမှုနည်းသည့် မြန်မာပဋိပက္ခတွင် တစိတ်တဝမ်းတည်းဖြစ်ရန် စွမ်းအား မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဝါရှင်တန်၏ နည်းလမ်းကြောင့် အမေရိကန် ပြည်ထောင်စုသည် သဘောတရားအရ ခုခံတော်လှန်ရေး အင်အားစုများဘက်တွင် ရှိသော်လည်း ခုခံတော်လှန်ရေး အင်အားစုများ အောင်မြင်စေရန် ကတိကဝတ်နှင့် ရင်းမြစ်များ မပေးဘဲဖြစ်နေသည်။

ယခုအကျပ်အတည်းမှ အပြုသဘောဆောင်သော ထွက်ပေါက်မှာ ခုခံတော်လှန်ရေး အင်အားစုများက မြန်မာစစ်ကောင်စီကို အောင်မြင်စွာ ဖြုတ်ချရေးဖြစ်ကြောင်း မူဝါဒချမှတ်သူများ အသိအမှတ်ပြုသင့်သည်။ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားသမျှ နိုင်ငံအတွက် မျှော်လင့်ချက် မရှိပေ။

ခုခံတော်လှန်ရေး အင်အားစုများကို ပိုမိုပြည့်ဝစွာ ထောက်ခံခြင်းအတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ ရှိသည်။ သို့သော် လက်ရှိလမ်းကြောင်းအတိုင်း သွားနေခြင်းသည် ဆက်လက်အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုနှင့် ဒုက္ခများကို နှစ်ပေါင်းများစွာ ဖြစ်ပွားစေမည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သို့လုပ်သင့်သနည်း။ ပထမဆုံးအချက်မှာ အမေရိကန် ပြည်ထောင်စုသည် ပိုမိုပြတ်ပြတ်သားသားလုပ်ရန် ASEAN ကို နားပူနားဆာလုပ်သည့် ခေတ်ဟောင်းသို့ ပြန်မသွားသင့်ခြင်း ဖြစ်သည်။ ထိုသို့လုပ်လျှင် အကျိုးယုတ်မည်ဖြစ်သည်။ သို့သော် ဘုံသဘောတူညီချက် ၅ ချက်သည် တိုးတက်မှုဖြစ်စေမည် သို့မဟုတ် ယခုအကျပ်အတည်းတွင် ငြိမ်းချမ်းသောအဖြေရှိသည်ဟု ဟန်ဆောင်ခြင်းကို ရပ်သင့်သည်။

၂၀၂၃ ခုနှစ်အတွက် ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပိုမို ရည်မှန်းချက် ကြီးမားသော ချဉ်းကပ်မှုပေးနိုင်သည့် အတိုင်းအတာအထိ ဝါရှင်တန်သည် ဂျကာတာကို ထောက်ခံသင့်သည်။ အမေရိကန် ပြည်ထောင်စုသည် ASEAN ကို ပစ်ပယ်ထုတ်ရန် မလိုသော်လည်း ASEAN ၏ အနိမ့်ဆုံး လက်ခံနိုင်မှုတွင် မပါဝင်သင့်ပေ။

ASEAN တွင် အလုပ်ဖြစ်သော သေနင်္ဂဗျူဟာ မရှိသောကြောင့် ဘိုင်ဒင်အစိုးရသည် စစ်တပ်အာဏာ ပြုတ်ကျအောင် သို့မဟုတ် ထွက်ပေါက်ရှာရေးအတွက် အင်အားချိနဲ့သွားလောက်အောင် ခုခံတော်လှန်ရေး အင်အားစုကို များစွာ ပိုမိုထောက်ပံ့ကူညီခြင်းဖြင့် ခေါင်းဆောင်မှု ထူထောင်သင့်သည်။

ASEAN တွင် အလုပ်ဖြစ်သော သေနင်္ဂဗျူဟာ မရှိသောကြောင့် ဘိုင်ဒင်အစိုးရသည် စစ်တပ်အာဏာ ပြုတ်ကျအောင် သို့မဟုတ် ထွက်ပေါက်ရှာရေးအတွက် အင်အားချိနဲ့သွားလောက်အောင် ခုခံတော်လှန်ရေး အင်အားစုကို များစွာပိုမိုထောက်ပံ့ကူညီခြင်းဖြင့် ခေါင်းဆောင်မှု ထူထောင်သင့်သည်။

ထိုသို့လုပ်ဆောင်ရာတွင် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အခြား ခုခံတော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်တင်ခြင်း ပါဝင်သင့်သည်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လွန်ခဲ့သောအပတ်က ဝါရှင်တန်တွင် အဆင့်မြင့်တွေ့ဆုံခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ အပါအဝင် ထိုသို့ ပုံမှန် ဆက်လက် လုပ်ဆောင်သင့်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာအတွက် အထူးသံတမန်တာဝန် ထမ်းဆောင်မည့် ဝါရင့်သံတမန်တဦး ခန့်အပ်သင့်ပြီး ခုခံတော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံကာ အဓိကမိတ်ဖက်များနှင့် အရေးယူပိတ်ဆို့မှုများ ညှိနှိုင်းသင့်သည်။

ဝါရှင်တန်သည် မကြာသေးမီက အတည်ပြုခဲ့သည့် Burma Act ခေါ် ‘စစ်တပ်ကို အပြင်းအထန် အရေးယူခြင်းဖြင့် မြန်မာကို ညီညွတ်စေရေး အက်ဥပဒေ’ (Burma Unified through Rigorous Military Accountability Act) တွင် ဖော်ပြထားသည့်အတိုင်း NUG နှင့် ၎င်း၏ မိတ်ဖက်များကို အကြီးအကျယ် ထောက်ပံ့ခြင်းဖြင့် ပိုမိုပြတ်သားစွာ လုပ်ဆောင်သင့်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝါရှင်တန်ဒီစီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပစဉ် / MOFA-NUG

ထိုအကူအညီကို အပြည့်အဝ ညီညွတ်သော ခုခံတော်လှန်ရေး အင်အားစု တည်ဆောက်ရာတွင် တိုးတက်မှုကို မကြည့်ဘဲ ထိုလုပ်ငန်းစဉ်ကို အတင်းအကျပ် လုပ်မရနိုင်ဆိုသည့် အကြောင်းကိုသာ အခြေခံပေးသင့်သည်။ ခုခံတော်လှန်ရေး အင်အားစု၏ ငွေကြေးအပေါ် တာဝန်ယူနိုင်သော အတိုင်းအတာကို ဝါရှင်တန်၏ စိုးရိမ်မှုအရ အမေရိကန်အစိုးရ အေဂျင်စီများသည် ခုခံတော်လှန်ရေး အင်အားစုများကို လေ့ကျင့်ပေးသင့်ပြီး အကူအညီမပေးရခြင်းမှာ ထိုပူပန်မှုကြောင့် ဖြစ်သည်ဆိုသည့် ဆင်ခြေမပေးသင့်ပေ။

ခုခံတော်လှန်ရေး အင်အားစုများကို လက်နက်အကြီးအကျယ် ထောက်ပံ့ခြင်းသည် မဖြစ်နိုင်သလို သယ်ယူပို့ဆောင်ရေးအရလည်း ခက်ခဲသည့်တိုင် ရန်ပုံငွေပေးခြင်းကြောင့် NUG သည် လက်နက်ဝယ်ရန် ရင်းမြစ်များကို ပိုမိုအသုံးပြုလာနိုင်မည် ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
108
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
113

ခုခံတော်လှန်ရေး အင်အာစုများကို လက်နက်အကြီးအကျယ် ထောက်ပံ့ခြင်းသည် မဖြစ်နိုင်သလို သယ်ယူပို့ဆောင်ရေးအရလည်း ခက်ခဲသည့်တိုင် ရန်ပုံငွေပေးခြင်းကြောင့် NUG သည် လက်နက်ဝယ်ရန် ရင်းမြစ်များကို ပိုမိုအသုံးပြုလာနိုင်မည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ခုခံတော်လှန်ရေး အင်အားစုများ ဆက်သွယ်ရေး တိုးတက်စေရန်နှင့် အများပြည်သူ အင်တာနက်အသုံးပြုနိုင်ရေး ကနဦး အားထုတ်မှုများအတွက် ကိရိယာများ ပေးသင့်သည်။ အဆင့်မြင့်လေကြောင်း ကာကွယ်ရေးစနစ်များ ပေးအပ်ရမည်ကို စိုးရိမ်လျှင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခုခံတော်လှန်ရေး အင်အားစုများ ရင်ဆိုင်ရာတွင် ကူညီရေးအတွက် နည်းလမ်းများပေးရန် စစ်ဘက်ကျွမ်းကျင်သူများကို ဝါရှင်တန်က စုစည်းပေးနိုင်သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာ့ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်ရေးကို ထောက်ခံနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုအကျပ်အတည်းတွင် လုပ်သင့်လုပ်ထိုက်သည်ထက် များစွာလျော့နည်း လုပ်ဆောင်နေသည်။ ယခုလုပ်နေသည့် လမ်းကြောင်းသည် လက်တွေ့ကျသောလမ်းကြောင်း မဟုတ်ကြောင်း ASEAN တွင် ပါဝင်သူများ လက်ခံ အသိအမှတ်ပြုလာအောင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရင်း ယခုအချိန်တွင် လွန်စွာလိုအပ်နေသည့် ခေါင်းဆောင်မှုကို အမေရိကန် ပြည်ထောင်စုက ပေးနိုင်သလို ပေးလည်းပေးသင့်သည်။

(Nikkei Asia မှ Scot Marciel ၏ With ASEAN stuck, it is up to U.S. to lead on Myanmar ကို ဘာသာပြန် ဖော်ပြသည်။ စကော့ မာစီရယ်သည် စတန်းဖို့ဒ်တက္ကသိုလ် Shorenstein အာရှ-ပစိဖိတ် သုတေသနဌာနမှ Oksenberg-Rohlen သုတေသီနှင့် ASEAN, အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းဖြစ်သည်။ သူသည် စာအုပ်သစ်ဖြစ်သော “ပြီးပြည့်စုံခြင်းမရှိသည့် မိတ်ဖက်များ – အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှ” (Imperfect Partners: The United States and Southeast Asia) ကို ရေးသားသူလည်း ဖြစ်သည်။)

You may also like these stories:

“တတ်နိုင်သမျှ အတိုက်အခံအင်အားစုကို အကူအညီပေးနေတယ်”

မြန်မာအကျပ်အတည်း အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်း ကယ်နိုင်မည် မဟုတ်

အမေရိကန် ပူးတွဲသဘာပတိလုပ်မည့် အာရှစစ်ဘက်အစည်းအဝေး မြန်မာကို ဖိတ်ထား

ဘယ်ဘက်ကနိုင်နေပြီလဲ

ရှင်းလင်းပြတ်သားသည့် နိုင်ငံရေး စီမံချက်က ခုခံတော်လှန်ရေးအတွက် အထောက်အကူပြုမည်

Your Thoughts …
Tags: AseanBurma ActNUGခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်ထောက်ပံ့ရေးနိုင်ငံခြားရေးဝန်ကြီးဌာနဘုံသဘောတူညီချက် ၅ ချက်ရန်ပုံငွေလေကြောင်းတိုက်ခိုက်မှုအင်ဒိုနီးရှားအမေရိကန် ပြည်ထောင်စုအရေးယူပိတ်ဆို့မှု
Scot Marciel

Scot Marciel

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မကွေးတိုင်း၊ မြိုင်-ပခုက္ကူကားလမ်းမပေါ်ရှိ PDF စစ်ဆေးရေးဂိတ်တခု / CJ

အခွန်ငွေခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို NUG ဘယ်လို ကိုင်တွယ်မလဲ

၂၀၂၃ ဖေဖေါ်ဝါရီ ၂၀ရက်နေ့က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း မိုင်းလားမြို့သို့ ရောက်ရှိလာကာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစဉ်

မြောက်ပိုင်း ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ် ဘာတွေဆွေးနွေးခဲ့လဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved