• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာအကျပ်အတည်း အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်း ကယ်နိုင်မည် မဟုတ်

by ဧရာဝတီ
11 February 2023
in ဆောင်းပါး
A A
အင်ဒိုနီးရှား သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုနှင့် သူ၏ညာလက်ရုံး မစ္စတာ လူဟတ် ပန်ဂျိုင်တန်  / Bloomberg

အင်ဒိုနီးရှား သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုနှင့် သူ၏ညာလက်ရုံး မစ္စတာ လူဟတ် ပန်ဂျိုင်တန် / Bloomberg

2.4k
VIEWS
Share on FacebookShare on Twitter

အင်ဒိုနီးရှား သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၏ ညာလက်ရုံး ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်း မစ္စတာ လူဟတ် ပန်ဂျိုင်တန်သည် “ပြဿနာများကို ဖြေရှင်းပေးမည့်သူ” ဟု နာမည်ကောင်းထွက်သော်လည်း မြန်မာစစ်ကောင်စီက အင်ဒိုနီးရှား စစ်တပ်အပေါ် ယခင်လို မြင့်မြင့်မားမား အလေးထားမှုမျိုး မရှိတော့သောကြောင့် မြန်မာအထူးကိုယ်စားလှယ်အဖြစ် သူထမ်းဆောင်မည့် အခန်းကဏ္ဍသစ်သည် မဖြေရှင်းနိုင်သည့် ပြဿနာဖြစ်ဖွယ်ရှိကြောင်း သုတေသီများက ပြောသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ၏ ယခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖန်တီးထားသည့် ASEAN အထူးကိုယ်စားလှယ်ခန့်ရန် အထူးအခွင့်အရေးရသည်။ ထိုရာထူးကို လွန်ခဲ့သော ၂ နှစ်အတွင်း ASEAN ဥက္ကဋ္ဌများဖြစ်သည့် ဘရူနိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများက ထမ်းဆောင်ခဲ့သည်။

သမ္မတ ဂျိုကို ဝီဒိုဒို၏ အစီအစဉ်များနှင့် ပတ်သက်ပြီး ဒေသတွင်းလေ့လာသူများအကြား ဆွေးနွေးမှုများ ရှိနေစဉ် သူ၏ နံပါတ် ၂ ခေါင်းဆောင် မစ္စတာ လူဟတ်ကို ASEAN အထူးသံတမန်အဖြစ် ခန့်အပ်ဖွယ်ရှိသည်ဟု Bloomberg သတင်းဌာနက အမည်မဖော်ပြထားသည့် သတင်းရင်းမြစ်ကို ကိုးကားရေးသားသည်။

မစ္စတာ လူဟတ်သည် အထူးကိုယ်စားလှယ်လောင်း အများအပြားအနက် တဦးဖြစ်သည်ဟု Bloomberg သတင်းဌာနက ပြောကြားသော်လည်း ထိုရာထူးခန့်အပ်မှုနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို သူမသိကြောင်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ရေကြောင်းညှိနှိုင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီး မစ္စတာ လူဟတ်ကပြောသည်ဟု ဖော်ပြခဲ့သည်။

ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် စစ်တပ်ဦးဆောင်သည့် အာဏာရှင်စနစ်မှ ၁၉၉၈ ခုနှစ်တွင် အောင်မြင်စွာ အသွင်ကူးပြောင်းခဲ့သည့် သတင်းစကားပေးပို့ရေး မြန်မာသို့ ထိပ်တန်းဗိုလ်ချုပ်တဦးကို စေလွှတ်ရန် ရည်ရွယ်ကြောင်း ယခုလအစောပိုင်းက Reuters သတင်းဌာနနှင့် တွေ့ဆုံရာတွင် မစ္စတာ ဝီဒိုဒိုက ပြောကြားခဲ့သည်။ သို့သော် ထိုဗိုလ်ချုပ်ကို ASEAN ၏ အထူး ကိုယ်စားလှယ်အဖြစ် စေလွှတ်မည် သို့မဟုတ် သူ၏ကိုယ်စားလှယ်အဖြစ် စေလွှတ်မည် စသည့် အသေးစိတ်များနှင့် ပတ်သက်ပြီး သမ္မတ ဝီဒိုဒိုက ပြောကြားခြင်း မရှိပေ။

ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် စစ်တပ်ဦးဆောင်သည့် အာဏာရှင်စနစ်မှ ၁၉၉၈ ခုနှစ်တွင် အောင်မြင်စွာ အသွင်ကူးပြောင်းခဲ့သည့် သတင်းစကားပေးပို့ရေး မြန်မာသို့ ထိပ်တန်းဗိုလ်ချုပ်တဦးကို စေလွှတ်ရန် ရည်ရွယ်ကြောင်း ယခုလအစောပိုင်းက Reuters သတင်းဌာနနှင့် တွေ့ဆုံရာတွင် မစ္စတာ ဝီဒိုဒိုက ပြောကြားခဲ့သည်။

မစ္စတာ ဝီဒိုဒိုက မြန်မာသို့ စေလွှတ်မည့် ဗိုလ်ချုပ်သည် အထူးသံတမန်ရာထူးကို ယူမည်မဟုတ်ဟု South China Morning Post သတင်းစာ၏ This Week in Asia ကဏ္ဍက နားလည်ထားသည်။

မစ္စတာ လူဟတ် ပန်ဂျိုင်တန်၏ ပြောခွင့်ရသူ ဂျိုဒီ မာဟာဒီက လတ်တလော တစုံတရာ ဝေဖန်ပြောကြားခြင်း မရှိပေ။

မည်သူ့ကို အထူးသံတမန်အဖြစ် ခန့်အပ်သည်ဖြစ်စေ Reuters သတင်းဌာနသို့ သမ္မတ ဂျိုကို ဝီဒိုဒို ပြောကြားသည့်အတိုင်း ဗိုလ်ချုပ်တယောက်ကို စေလွှတ်ဖွယ်ရှိနေသည်။

ASEAN ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး မြန်မာဗိုလ်ချုပ်များကို ဖျောင်းဖျပြောဆိုရန် စစ်အရာရှိတဦး၏ အားထုတ်မှုသည် ရလဒ်အနည်းငယ် ရှိလာနိုင်ကြောင်း လေ့လာသူများက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
754
မြန်မာစစ်ဗိုလ်ချုပ်များအား ပြုပြင်ပြောင်းလဲရေးလုပ်ရန် နားချခဲ့ဖူးသော ဗိုလ်ချုပ်အဂတ်စ် ဝစ်ဒ်ဂျိုဂျို

“မြန်မာစစ်ကောင်စီက ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် သဘောထားတွေကို ကျနော်တို့ မနှစ်က လေ့လာခဲ့ပြီး သူတို့က အင်ဒိုနီးရှားစစ်တပ်ကို အလေးထားမှု အနည်းဆုံးဆိုတာ တွေ့ရတယ်။ အထူးသဖြင့်ကတော့ ၁၉၉၀ ပြည့်နှစ်တွေမှာ နိုင်ငံရေးအာဏာကို စွန့်လွှတ်ခဲ့တာကြောင့် အလေးထားမှု နည်းတယ်” ဟု စင်ကာပူအခြေစိုက် သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာအင်စတီကျု (IISS) သုတေသန အဖွဲ့မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ သုတေသီ အာရွန် ကော်နယ်လီက ပြောသည်။

“ABRI (အင်ဒိုနီးရှားစစ်တပ်၏ အမည်ဟောင်း) က လုပ်ငန်းတာဝန် နှစ်ရပ်ကို စွန့်လွှတ်လိုက်တဲ့အခါ အင်ဒိုနီးရှားစစ်တပ်နဲ့ ထိတွေ့ဆက်ဆံရမယ့်အကြောင်း မရှိတော့ဘူး။ အဲဒီလို ဆုံးဖြတ်ချက်ဟာ လုံးဝနားမလည်နိုင်တဲ့ အမှားလို့ မြန်မာစစ်တပ်က မြင်တယ်” ဟုလည်း သူကပြောသည်။

အာဏာရှင် သမ္မတ ဆူဟာတိုခေတ်က မြန်မာစစ်အုပ်စုသည် အင်ဒိုနီးရှားစစ်တပ်ကို “အကိုကြီး” ဟု မြင်ပြီး နိုင်ငံရေးနှင့် စီးပွားရေးကို စစ်တပ်ကလွှမ်းမိုးကာ နိုင်ငံကိုကာကွယ်ရန် ခွင့်ပြုသည့် လုပ်ငန်းတာဝန်နှစ်ရပ်ကို လေ့လာလိုသည်။

အာဏာရှင် သမ္မတ ဆူဟာတိုခေတ်က မြန်မာစစ်အုပ်စုသည် အင်ဒိုနီးရှားစစ်တပ်ကို “အစ်ကိုကြီး” ဟု မြင်ပြီး နိုင်ငံရေးနှင့်စီးပွားရေးကို စစ်တပ်ကလွှမ်းမိုးကာ နိုင်ငံကိုကာကွယ်ရန် ခွင့်ပြုသည့် လုပ်ငန်းတာဝန်နှစ်ရပ်ကို လေ့လာလိုသည်။

သူကိုယ်တိုင်လည်း ဗိုလ်ချုပ်တဦးဖြစ်သော ဆူဟာတို လက်အောက်တွင် အစိုးရဆန့်ကျင်ခြင်းကို ပိတ်ပင်တားမြစ်ထားပြီး ဂျကာတာကို ဝေဖန်သည့် မည်သူ့ကိုမဆို နှုတ်ပိတ်ပစ်သည်။

စစ်အုပ်စုနှင့်ဆွေးနွေးရန် ဂျကာတာက မြန်မာသို့ အဆင့်မြင့်စစ်အရာရှိတဦး စေလွှတ်သည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၀၇ ခုနှစ်က သမ္မတနှင့် ဗိုလ်ချုပ်ဟောင်း ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနိုသည် ဝန်ကြီးချုပ်ဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်း၏ နာရေး တက်ရောက်ရန် အငြိမ်းစားဗိုလ်ချုပ်နှင့် စစ်တပ်အတွင်းမှ ပြုပြင်ပြောင်းလဲရေး လိုလားသောခေါင်းဆောင် အဂတ်စ် ဝစ်ဒ်ဂျိုဂျိုကို မြန်မာသို့ စေလွှတ်ဖူးသည်။

မြန်မာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လက်ခံရန်အတွက် စစ်အုပ်စုခေါင်းဆောင်များကို ဖျောင်းဖျရန်လည်း မစ္စတာ ဝစ်ဒ်ဂျိုဂျိုကို တာဝန်ပေးအပ်ခဲ့သည်။ မစ္စတာ ယူဒိုယိုနိုသည် စစ်အုပ်စုနှင့် ပုဂ္ဂလိက ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အထူးသဖြင့် ၂၀၁၁ ခုနှစ်က မြန်မာတွင် ဒီမိုကရေစီဖော်ဆောင်ရန် အစီအစဉ်ကို ထုတ်ဖော်ကြေညာပြီးနောက် ထိုစဉ်က သမ္မတ ဦးသိန်းစိန်နှင့် အဆက်အသွယ်ရှိသည်။

သမ္မတဦးသိန်းစိန်နှင့် သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးပြီးနောက် အင်ဒိုနီးရှားတွင် အဆင်ပြေကြောင်းနှင့် စစ်တပ်ကလည်း အဆင်ပြေကြောင်း ပြလိုပါက” မစ္စတာ လူဟတ်သည် သမ္မတ ဝီဒိုဒိုကိုယ်စား နေပြည်တော်သို့ စေလွှတ်သင့်သည့် မှန်ကန်သောရွေးချယ်မှုဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (SCIS) မှ သုတေသီ အန်ဒရူး မန်တောင်က ပြောသည်။

“ဒါပေမယ့် ကျနော်တို့ အတွေ့အကြုံကို မြန်မာစစ်ကောင်စီက ယုံကြည်မလား။ ကျနော်တို့ လိုချင်တာမျိုးကို သူတို့လိုချင်သလား။ အကြမ်းဖက်မှုတွေရပ်တန့်ပြီး နိုင်ငံရေးအရ အဖြေရှာဖို့ မြန်မာက သက်ဆိုင်သူအားလုံး စိတ်အားထက်သန်မှု ရှိ၊ မရှိ ဆိုတာကို ခုချိန်ကစတင်ပြီး လေ့လာရတော့မှာပဲ” ဟုလည်း သူကပြောသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ပေါ်ရန် အင်ဒိုနီးရှား နိုင်ငံအနေဖြင့် “ပိုမိုရှင်းသော လုပ်ငန်းစီမံချက်နှင့် သေနင်္ဂဗျူဟာ” ကို ပြသရန်လိုကြောင်း သုတေသီ မန်တောင်က ဂျကာတာကို တိုက်တွန်းသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ပေါ်ရန် အင်ဒိုနီးရှား နိုင်ငံအနေဖြင့် “ပိုမိုရှင်းသော လုပ်ငန်းစီမံချက်နှင့် သေနင်္ဂဗျူဟာ” ကို ပြသရန်လိုကြောင်း သုတေသီ မန်တောင်က ဂျကာတာကို တိုက်တွန်းသည်။

“မြန်မာအတွက် ကျနော်တို့ အောင်မြင်မှုကို ဒီနှစ်အတွင်း ဘာလုပ်နိုင်တယ်ဆိုတဲ့ အချက်သာမက ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ မြန်မာအပေါ် ရေရှည်သက်ရောက်မှု ကျနော်တို့မှာ ရှိ၊ မရှိက အဆုံးအဖြတ်ပေးမယ်” ဟုလည်း သူကပြောသည်။

အထူးသံတမန်ရုံး

လွန်ခဲ့သောလတွင် နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက အင်ဒိုနီးရှားသည် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်ရုံးကို တည်ထောင်ပြီး သံတမန်အများအပြားကို တာဝန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ASEAN ၏ မြန်မာဆိုင်ရာ သေနင်္ဂဗျူဟာ “ရေရှည်တည်တံ့ပြီး စနစ်တကျ အခြေခိုင်မာရေး” အတွက် အထူးသံတမန်ရုံးသည် ASEAN အတွင်း ထူထောင်ထားသော အဖွဲ့အစည်းဖြစ်ရန် မျှော်လင့်ကြောင်း အင်ဒိုနီးရှား SCIS မှ သုတေသီ မန်တောင်က ပြောသည်။

စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ဟောင်း ငုရာ ဆွာဂျယာသည် ASEAN အထူးသံတမန်ရာထူးကို ရမည်ဆိုသည့် သတင်းများထွက်နေသည်။

ယခင်ဥက္ကဋ္ဌများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့နှင့်မတူဘဲ နိုင်ငံခြားရေးဝန်ကြီးကို ထိုရာထူးတွင် မခန့်ရန် အင်ဒိုနီးရှား၏ လုပ်ဆောင်မှုမှာ နိုင်ငံခြားရေးဝန်ကြီး၏ အခြားလုပ်ငန်းများကို ထိုကိစ္စက အနှောင့်အယှက် မဖြစ်စေလိုသောကြောင့် ဖြစ်နိုင်သည်ဟု သုတေသီ ကော်နယ်လီက ပြောသည်။

(South China Morning Post ၏ This Week in Asia ကဏ္ဍမှ Resty Woro Yuniar ၏ Can an Indonesian general help Asean move Myanmar peace plan along? No sir, analysts say ကို ဘာသာပြန်သည်။)

You may also like these stories :

အမေရိကန် ပူးတွဲသဘာပတိလုပ်မည့် အာရှစစ်ဘက်အစည်းအဝေး မြန်မာကို ဖိတ်ထား

စစ်ကောင်စီက “အသွင်ကူးပြောင်းရေး” လုပ်ခဲ့ရင်

အင်ဒိုနီးရှား ဥက္ကဋ္ဌဖြစ်သည့် ၂၀၂၃ တွင် ASEAN သည် ခေတ်နှင့် ကိုက်ညီလာမည်လား

ASEAN ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ မြန်မာ့မျှော်လင့်ခြင်း ၂၀၂၃

မြန်မာဗိုလ်ချုပ်တွေကို အင်ဒိုနီးရှားမှာ တရားစွဲနိုင်မလား

Your Thoughts …
Tags: Aseanဂျိုကိုဝီဒိုဒိုစစ်ကောင်စီစစ်အာဏာသိမ်းမှုဒီမိုကရေစီဘုံသဘောတူညီချက် ၅ ချက်ရက်နို မာဆူဒီလူဟတ် ပန်ဂျိုင်တန်အင်ဒိုနီးရှားအထူးကိုယ်စားလှယ်အထူးသံတမန်ရုံးအသွင်ကူးပြောင်းရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းနိုင်ငံသို့ အန်ဝါ တရားဝင် လာရောက်သည့် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည် / AFP

မြန်မာအကျပ်အတည်းတွင် ထိုင်းကြားဝင်ရန် မလေးရှား ဝန်ကြီးချုပ်တိုက်တွန်း

စစ်ခေါင်းဆောင် အိပ်မက်နေသော နျူကလီးယား စက်ရုံ ပုံစံငယ်

တပတ်အတွင်း သတင်းစုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved