• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
11 February 2023
in သတင်း
A A
စစ်ခေါင်းဆောင် အိပ်မက်နေသော နျူကလီးယား စက်ရုံ ပုံစံငယ်

စစ်ခေါင်းဆောင် အိပ်မက်နေသော နျူကလီးယား စက်ရုံ ပုံစံငယ်

2.8k
VIEWS
Share on FacebookShare on Twitter

ဒီတပတ် သတင်းစုံကဏ္ဍမှာ စစ်ခေါင်းဆောင်ရဲ့ နျူကလီးယား အိပ်မက်၊ နေပြည်တော် လူကြမ်းတွေ ပိုကြမ်းရမ်းပြတော့မည်နဲ့ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲထည့်စက် သုံးမှာလား တို့ကို ရွေးချယ်တင်ပြလိုက်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ နျူကလီးယား အိပ်မက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ခေတ်အမြင် ခေတ်အတွေးရှိသူလို့ ထင်သွားနိုင်လောက်အောင် ရည်မှန်းချက်ကြီးသူပါ။ လျှပ်စစ်စွမ်းအင်သုံး ခရီးသွားယာဉ်တွေ ပြီးရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နောက်ထပ်စီမံကိန်းက နျူကလီးယား စွမ်းအင်သုံးရေးပါ။ သူ့လက်ထက်မှာ စလုပ်နိုင်တော့မှာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပီတိတွေ ဖြာနေတယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး နျူးကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာကို ဖွင့်လှစ်ခဲ့ပါတယ်။

ဖွင့်ပွဲမှာ ရုရှားနိုင်ငံရဲ့ အဓိက ကူညီပံ့ပိုးမှုနဲ့ ဆောင်ရွက်မယ့် နျူကလီးယား စွမ်းအင် စီမံကိန်းကို နျူကလီးယားနဲ့ ဓာတ်ရောင်ခြည် နည်းပညာကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ နယ်ပယ်တွေမှာ အသုံးချနိုင်ရေး လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။

တချိန်တည်းမှာ အရွယ်အစား သိပ်မကြီးတဲ့ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တခုကို တည်ဆောက်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်မှုတွေနဲ့ စတင်ချင်နေပါပြီ။

အရင်လို နိုင်ငံတကာထောက်ပံ့ကူညီမှုတွေ မရတော့လို့ သူ့လက်ထက်မှာ မီးပိုပျက်လာနေတဲ့ ပြသနာကိုလည်း ဒီစီမံကိန်းက ထွက်လာမယ့် လျှပ်စစ်မီးနဲ့ အလျင်အမြန် အစားထိုးဖြေရှင်းပေးနိုင်လိမ့်မယ်လို့ စစ်ခေါင်းဆောင် စိတ်ကူးထားပုံပါ။

စစ်ခေါင်းဆောင်ကိုယ်တိုင် နျူကလီးယား၊ နျူကလီးယားနဲ့ ဖြစ်နေတာကြောင့် သူ့ရဲ့ စိတ်အားထက်သန်မှုအရ ရုရှားဘက်ကလည်း ကုန်ကျစရိတ်နည်းနိုင်တဲ့ စက်ရုံတခုကို ဆောက်ပေးဖို့ ဆိုတာ ဖြစ်နိုင်တယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မဂ္ဂါဝပ် ၂၀၀ ထိ ထုတ်နိုင်တဲ့ အသေးစား ဓာတ်အားပေး စက်ရုံ Small Modular Reactor (SMR) စက်ရုံတရုံကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၅ သန်းလောက် ကုန်မှာပါ။

နေရာ အကျယ်အဝန်းများစွာ မလိုတာ၊ ဓာတ်အားခ ဈေးနှုန်းသက်သာစေမှာ၊ အချိန်တို ကာလ အတွင်း တည်ဆောက်နိုင်မှာ၊ ဝေးလံခေါင်သီတဲ့ နေရာတွေအထိ ဓာတ်အားပေးနိုင်မှာနဲ့ စက်မှုဇုန်တွေအတွက် သီးခြား ဓာတ်အားပေး ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အားသာချက်တွေကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလွန်စိတ်ဝင်စားနေပါတယ်။

လောလောဆယ်မှာတော့ စီမံကိန်း ဧရိယာကို လုံခြုံရေးအရ စိတ်ချရတဲ့ နေပြည်တော် အနီးတဝိုက်မှာပဲ သတ်မှတ်ဖို့ လျာထားတယ်လို့ သိရပါတယ်။ နေရာ သုံးနေရာအထိ ရွေးချယ်ရမှာ ဖြစ်ပြီး အဲဒီအဆိုပြုချက်တွေကို တကယ်တည်ဆောက် ပေးမယ့် ရုရှားအစိုးရပိုင် Rosatom နျူကလီးယားစွမ်းအင် ကော်ပိုးရေးရှင်းနဲ့ ပြန်လည်ညှိနှိုင်းမှုတွေ ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။

Rosatom နျူကလီးယားစွမ်းအင် ကော်ပိုးရေးရှင်း ညွှန်ကြားရေးမှူးချုပ်ကတော့ မြန်မာပြည်မှာ နျူကလီးယား နည်းပညာကို အသုံးပြုလိုက်တဲ့အတွက် မြန်မာရဲ့စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနဲ့ စီးပွားတို့မှာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပြီးတော့ သဘာဝသိပ္ပံ၊ ပညာရေးနဲ့ နည်းပညာသင်ကြားရေးတို့မှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကောင်းတဲ့ တွန်းအားတခု ဖြစ်လာလိ့မ်မယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး နျူးကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာကို ဖွင့်လှစ်စဉ်

နျူကလီးယား စွမ်းအင်စက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေကိုလည်း ရုရှားက အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုသလို ရလဒ်နဲ့ အရည်အသွေး စိတ်ကျေနပ်မှု ရရှိအောင် ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။

နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာဖွင့်ပွဲလုပ်တဲ့နေ့မှာပဲ ရန်ကုန်မြို့မှာ မြန်မာနဲ့ ရုရှား နျူကလီးယား ဆက်လက် ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ် သဘောတူစာချုပ်တစ်ခုကို ဆက်လက်ချုပ်ဆိုခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သုံးကြိမ်သွားရောက်ပြီး တတိယအကြိမ်ခရီးစဉ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာမှာတော့ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို တခု တည်ဆောက်ရေးနဲ့ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ရေးဆွဲရေးကိစ္စတွေကို နှစ်ဖက် သ ဘောတူ လက်မှတ်ရေးထိုးခဲ့ ပါတယ်။

မြန်မာဟာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်ကို ၂၀၁၆ ခုနှစ်မှာ လက် မှတ်ရေးထိုးထားသလို နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်ကိုလည်း ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေး ထိုးထားတာကြောင့် လက်တွေ့ စီမံကိန်း စတင်ခဲ့ရင် IAEA လို အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာကိုလည်း ဝင် ရောက် အစစ်ဆေးခံဖို့လည်း အဆင်သင့်ရှိတယ်လို့ သိရပါတယ်။

နျူကလီးယား အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှတော့ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေး ပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို လေ့လာဆန်းစစ်ပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ သတ်မှတ်ချက်တွေအတိုင်း အကောင်အထည်ဖော်မယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

နွေရာသီ အပါအဝင် ပုံမှန်အချိန်တွေမှာပါ လျှပ်စစ်မီးရဖို့ ရုန်းကန်နေရတဲ့ မြန်မာပြည်ဟာ စစ်ခေါင်းဆောင်ရဲ့ နျူကလီးယား စီမံကိန်းကနေ တနိုင်ငံလုံး မီးလင်းတော့မယ်ဆိုတဲ့ စည်းရုံးမှုနဲ့ ပြည်သူလူထု ထောက်ခံအောင် လုပ်ကြဖို့ စစ်ခေါင်း ဆောင်တွေက ညွှန်ကြားထားပါသေးတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
527
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
45
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
92

နေပြည်တော် လူကြမ်းတွေ ပိုကြမ်းရမ်းပြတော့မည်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကာ/လုံ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရဲ့ တဝက်လောက်ကို စစ်ကောင်စီက မထိန်းနိုင်တော့ဘူးဆိုတာ ဝန်ခံခဲ့ရပါတယ်။

တစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်က ၁၉၈ မြို့နယ်၊ လုံခြုံရေး အလေးထား ဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ် ရှိ ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

စကားလှအောင် သုံးထားတဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ ခုလို့ ပြောပေမယ့် စစ်ကောင်စီ လုံးဝ မထိန်းချုပ်နိုင်တော့တဲ့ မြို့နယ်တွေပါ။ အဲဒီမှာ NUG ကနေ ရဲတပ်ဖွဲ့၊ တရားရုံးတွေနဲ့ တခြား ကဏ္ဍတွေမှာပါ အထိုင်ချပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်နေပါပြီ။

ဆက်ပြီးတော့ ထုတ်ပြန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေဟာလည်း စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တာကို ပြသနေတယ်။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ က ရင်၊ ကယားနဲ့ ချင်းဒေသက မြို့နယ်ပေါင်း ၃၇ ခုမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားရပြီး သိပ်မကြာမီ အတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာခံရမယ့် မြို့နယ်တွေလည်း ရှိနေပါတယ်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဟာ ပျူစောထီးတွေကို တရားဝင် လက်နက်တပ်ဆင်ပိုင်ခွင့်ပေးတာ

စစ်ကိုင်းတိုင်းထဲမှာဆိုရင် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင် ဦး၊ တန့်ဆည်၊ ရေဦး၊ မကွေးတိုင်းမှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်၊ ပဲခူးတိုင်းမှာ ထန်းတပင်၊ ချင်းပြည်နယ်မှာ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါး စတဲ့ မြို့နယ် ၂၄ ခုမှာ ညမထွက်ရအမိန့်တွေနဲ့ စီတန်းလှည့်လည်တာတွေ မလုပ်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့တာဝန်တွေကို မနှောက်ယှက်ဖို့တွေ ထပ်မံ ထုတ်ပြန်လာပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့ ဒီနေရာတွေမှာ စစ်တိုင်းမှူးနဲ့ အောက်ခြေအဆင့်ဆင့်ကို ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်ဖို့နဲ့ တရားဝင် လူသတ်ခွင့် ပေးလိုက်တာ ဖြစ်လို့ လူထုမှာ ပိုပြီး ဒုက္ခရောက်ကြလိမ့်မယ်လို့ ဆိုပါတယ်။ ရွာတွေ မီးရှို့တာ ပိုခံရနိုင်သလို အကြောင်းမဲ့ သတ်ဖြတ်မှုတွေလည်း ပိုများနိုင်တာကြောင့် ပြည်သူတွေကို ပိုဂရုစိုက်ကြဖို့ တိုက်တွန်းထားကြပါတယ်။

ဥပမာအားဖြင့်ဆိုရင် ဒီရက်ပိုင်းထဲမှာပဲ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်ကို ယာယီ ထိန်း ချုပ်ထားနိုင်ခဲ့တဲ့ PDF တွေက မြို့ကို စွန့်ခွာ သွားပြီးနောက် စစ်တပ်က အင်အား အများအပြားနဲ့ ဝင်ရောက်လာပြီး ဒေသခံ တွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်နေပါတယ်။ အဲဒါကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေ အိမ်မပြန်ရဲကြသေးပါဘူး။

စစ်အာဏာသိမ်း ၂ နှစ်ကျော်လာတဲ့ အခါမှာ မြန်မာပြည်သူတွေဟာ စစ်ငရဲခန်းထဲကို ပိုမိုကျရောက်လာပြီး တရား ဥပဒေ မရှိ၊ ကယ်ဆယ်မယ့်သူတွေ မရှိတော့တဲ့ အခြေအနေမှာ စစ်တပ်က စစ်ဘက်နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်၊ သတ်ဖြတ်လာပြီးတော့ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အခြေအနေတွေက ဖန်တီးထားပြီးနေပါပြီ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ရင်း သေဆုံးခဲ့ရသူ ၃၀၀၀ နီးပါး ရှိသွားပြီးသလို သေဒဏ်ချမှတ်ခံထားရသူ ၁၅၀ နီးပါး ရှိပါတယ်။ တနိုင်ငံလုံးမှာ နေအိမ် အဆောက်အအုံ ၅ သောင်းခန့် မီးရှို့ဖျက်ဆီးခံထားရပါတယ်။

ဒီလို အခြေအနေတွေမှာတောင် ခိုင်ခိုင်မာမာနဲ့ ပြန်ခုခံနေတဲ့ ပြည်သူလူထုကို ဒီထက်ပိုပြီးတော့ ဖိနှိပ်ဖို့ အကြောက်တရားနဲ့ ဆက်လက်အုပ်ချုပ်ဖို့ စစ်ကောင်စီဘက်က စီစဉ်နေတာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာပြီးတော့ ဒီ ၆ လတာ ကာလအတွင်းမှာ နယ်မြေစိုးမိုးမှု ပြန်ရရှိအောင် ဆောင်ရွက်မှာ ဖြစ်ပေမယ့် မြေပြင်မှာ ပြည်သူရဲ့ ထောက်ခံမှု မရရှိတာကြောင့် လက်တွေ့မှာ မလွယ်ပါဘူး။

လူထုရဲ့တော်လှန်ရေးကို စနစ်တကျ ဖြိုခွဲနိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလည်း ဖြစ်လို့ အဲဒီနေရာမှာ တာဝန်ထမ်းရတဲ့ စစ်ကောင်စီ အောက်ခြေအဆင့်ဆင့်ကို လုပ်ပိုင်ခွင့် (လူသတ်ခွင့်ထိ) အပြည့်အဝ ပေးထားပြီးလည်း ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

တချိန်တည်းမှာ အာဏာသိမ်းစစ်ကောင်စီက လက်နက်ခဲယမ်းတွေ ကိုင်ဆောင်ခွင့်ကို လိုင်စင်နဲ့ ပါမစ်တွေနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။

ယခု လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဟာ ပြည်သူ့စစ်အသွင် အကောင်အထည်ဖော်နေသော ပျူစောထီးတွေကို တရားဝင် လက်နက်တပ်ဆင်ပေးသလို စစ်ဗိုလ်ချုပ်ဟောင်းတွေကိုလည်း လက်နက်ကိုင်ခွင့်ပြုတာလို့ ဥပဒေရေးရာအကြံပေး ရှေ့နေတဦးက ဧရာဝတီကို ပြောပါတယ်။ “စစ်ကောင်စီက သူ့အတွက် လက်နက်ကိုင်အရန်အင်အားတရပ် ဖွဲ့တဲ့သဘောပါပဲ”။

အဲဒီတော့ ပြည်သူတွေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာတဲ့နေရာမှာ ကိုယ့်ဒေသတွေ ပါလာပြီဆိုရင် အသွားအလာ ဂရုစိုက်ကြဖို့နဲ့ အသိ၊ သတိရှိကြဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။

ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲထည့်စက် သုံးမှာလား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်လွှမ်းမိုးရေးကို ပိုခိုင်မြဲစေဖို့ ရည်ရွယ်ပြီး ဒီနှစ်ထဲမှာ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ အတုအယောင် အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ကြာသပတေးနေ့က အီလက်ထရောနစ် မဲထည့်စက် Electronic Voting Machine (EVM) ကို စမ်းသပ်ခဲ့ကြတယ်။။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက စစ်ခေါင်းဆောင်ကို မဲပေးစက်အကြောင်း ရှင်းပြစဉ်

အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေက EVM ရဲ့ လည်ပတ်ပုံကို စစ်ဗိုလ်ချုပ်တွေကို ရှင်းပြခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီမဲထည့်ပုံစနစ် ဘယ်လို မြှင့်တင်ရမလဲလို့လည်း လမ်းညွှန်ပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ မီဒီယာတွေက ဖော်ပြကြပါတယ်။။

နိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့သူတို့ မိုဘိုင်းလ်ဖုန်းတွေကို ပါဝါဘဏ်တွေအပေါ် မှီခိုအားထားနေရပြီး ဓာတ်အားပြတ်တောက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန်မှာ ဒီလို လျှပ်စစ်စွမ်းအင်သုံး မဲပေးစက်တွေကို မိတ်ဆက်ခဲ့တာပါ။ မဲဆန္ဒရှင်အများစုဟာ ရွေးကောက်ပွဲအတွက် ကော်မရှင်က အဆိုပြုထားတဲ့ အချိုးကျကိုယ်စားပြုစနစ်အကြောင်း မသိကြသေးတဲ့ တချိန်တည်းမှာ ဒီစက်ကို ဘယ်လိုသုံးရမယ်ဆိုတဲ့ လမ်းညွှန်ချက်လည်း ထွက်ပေါ်လာပြန်ပါပြီ။

ဒီစက်တွေကို ရွေးကောက်ပွဲမှာ ကူညီဆောင်ရွက်ပေးလိုတယ်လို့ လောကွတ်တွေ ပိုနေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ထောက်ပံ့ပေးခဲ့တယ်လို့ ယူဆရပါတယ်။

အီလက်ထရွန်းနစ် မဲပေးစက်ကို ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ ဒါပေမယ့် ၂၀၂၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ လူ ၂၇ သန်းရဲ့ ဆန္ဒမဲတွေကို ပြောင်ပြောင်တင်းတင်း ခိုးယူသွားတဲ့ အာဏာသိမ်းစစ်တပ်အတွက် ဒီစက်တွေက နောက်ထပ် ဘယ်လို မဲခိုးမဲလိမ်လို့ ရဦးမလဲဆိုတဲ့ အခွင့်အလမ်းကိုလည်း ဖန်တီးပေးပါလိမ့်ဦးမယ်။

You may also like these stories:

မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ

တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံအစည်

ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော

မြန်မာ သေမင်းတမန် စစ်လက်နက်စက်ရုံများကို ပစ်မှတ်ထားခြင်း

မြန်မာကတဆင့် အာရှမှာ ရုရှားခြေကုပ်ရနိုင်သလား

Your Thoughts …
Tags: စစ်ခေါင်းဆောင်ရဲ့ နျူကလီးယား အိပ်မက်တပတ်အတွင်း သတင်းစုံနေပြည်တော် လူကြမ်းတွေအီလက်ထရောနစ် မဲထည့်စက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၁၉ ဇန်နဝါရီလအတွင်း ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲ

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
28 January 2023
5.8k

ဒီတပတ် သတင်းစုံကဏ္ဍမှာ ကာလုံခေါ်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ခေါင်းဆောင် ပြောဦးမယ်၊ ကျပ် သုံးသောင်းတန် စစ်တပ်ထောက်ခံပွဲများ လာဦးမည်နဲ့ ကျနေတဲ့ စီးပွားရေး စစ်ကောင်စီကြောင့် ပြန်ဦးမော့သတဲ့လား စတဲ့အကြောင်းတွေကို ရွေးထုတ်တင်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးခါစကတည်းက ဒီလိုဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုပြီး လူထုကြား ထင်ယောင်ထင်မှားဖြစ်အောင် စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး မကြာခဏလုပ်လေ့ရှိပါတယ်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
7 January 2023
8.2k

ဒီတပတ် သတင်းစုံကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမလား၊ နှစ်သစ်ကူးနေ့မှာ မြန်မာတွေ မပျော်ခဲ့ကြပါ၊ မင်းအောင်လှိုင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ပါတီတွေ စုဆုံကြတဲ့ သတင်းတွေကို ဖော်ပြလိုက်ပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေရွှိုင်ဂုဟာ စစ်တပ်အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ  နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းဖို့ အခါပေးခဲ့လို့ ဒီစည်သူဆိုတဲ့ ဘွဲ့ကို ပေးလေသလား

တပတ်အတွင်း သတင်းစုံ

by ထက်မြက်ငြိမ်းချမ်း
26 November 2022
8.8k

ဒီတပတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမလား၊ ဆိုးဆိုးဝါးဝါး အခြေအနေတွေ ရင်ဆိုင်ရဦးမယ့် လျှပ်စစ်မီးနဲ့ စစ်ကောင်စီရဲ့ ဗုံးပေါလအော ဘွဲ့ထူး ဂုဏ်ထူးများ အကြောင်းတွေကို ရွေးချယ်တင်ပြလိုက်ပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်လွန်မှာလည်း သူတို့ ၂ ဦး တွဲလိမ်ကြဦးမည်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
31 December 2022
7.7k

ဒီတပတ် သတင်းစုံကဏ္ဍမှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်လွန် စစ်ကောင်စီ ဆက်လက် ကလိမ်ခြုံဦးမည်၊ သမ္မတအိမ်တော်နဲ့ မတန်မရာ ဝင်နေတဲ့ စစ်ခေါင်းဆောင်နဲ့ တိုက်ပွဲတွေကြား ထိုင်း- မြန်မာ အမှတ် ၁ ချစ်ကြည်ရေး တံတား ဖွင့်နိုင်ပါ့မလားတို့ကို...

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တယောက် လျှပ်စစ်ရထား၊ လျှပ်စစ်ကား အိပ်မက်ကို စွဲလန်းတမ်းတနေပေမယ့် မြန်မာပြည်မှာ မီးမလာတာ များပါတယ်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
12 November 2022
5.6k

လျှပ်စစ်ကား အိပ်မက်တွေကြားက အမှောင်ကျနေတဲ့ လျှပ်စစ်မီး၊ ဟန်ဆောင်မှုများကြားက တန်ဆောင်တိုင်ပွဲတော်များ၊ အာလူးလာ မပေးနဲ့ လေကို နည်းနည်းလျှော့ စတာတွေကို ရွေးချယ်တင်ပြမှာပါ။

“လျှပ်စစ်ဓာတ်အား ချွေတာခြင်းဖြင့် တိုင်းပြည်ကို ချစ်ပါ” လို့ မြဝတီ သတင်းစာရဲ့ ဇန်နဝါရီ ၁၀ ရက် အယ်ဒီတာ့အာဘော်က တိုက်တွန်းရေးသားပါတယ်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
14 January 2023
4.1k

စစ်ကောင်စီ အာဘော် မြဝတီနေ့စဉ်သတင်းစာက“လျှပ်စစ်ဓာတ်အား ချွေတာခြင်းဖြင့် တိုင်းပြည်ကို ချစ်ပါ” လို့ ဇန်နဝါရီ ၁၀ ရက် အယ်ဒီတာ့အာဘော်က တိုက်တွန်းရေးသားပါတယ်။

Next Post
“စစ်အာဏာရှင် စနစ်ပြုတ်ကျမှ ဖက်ဒရယ် အခွင့်အရေးရမှာ”(ရုပ်/သံ)

"စစ်အာဏာရှင် စနစ်ပြုတ်ကျမှ ဖက်ဒရယ် အခွင့်အရေးရမှာ"(ရုပ်/သံ)

သမိုင်းဝင် ပင်လုံကျောက်တိုင် / ကျော်ခ / ဧရာဝတီ

ရှမ်းအမျိုးသားနေ့နှင့် ဖက်ဒရယ်အရေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved