• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပတ်အတွင်း သတင်းစုံ

by ထက်မြက်ငြိမ်းချမ်း
26 November 2022
in သတင်း
A A
ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေရွှိုင်ဂုဟာ စစ်တပ်အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ  နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းဖို့ အခါပေးခဲ့လို့ ဒီစည်သူဆိုတဲ့ ဘွဲ့ကို ပေးလေသလား

ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေရွှိုင်ဂုဟာ စစ်တပ်အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းဖို့ အခါပေးခဲ့လို့ ဒီစည်သူဆိုတဲ့ ဘွဲ့ကို ပေးလေသလား

8.8k
VIEWS
Share on FacebookShare on Twitter

ဒီတပတ် သတင်းစုံကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမလား၊ ဆိုးဆိုးဝါးဝါး အခြေအနေတွေ ရင်ဆိုင်ရဦးမယ့် လျှပ်စစ်မီးနဲ့ စစ်ကောင်စီရဲ့ ဗုံးပေါလအော ဘွဲ့ထူး ဂုဏ်ထူးများ အကြောင်းတွေကို ရွေးချယ်တင်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမလား

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

15 July 2025
67
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
883

မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို ကြားဝင်ဖြေရှင်းပေးမယ်လို့ဆိုတဲ့ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ အခု တတိယ အကြိမ်လာရောက်မယ့် မြန်မာပြည် ခရီးစဉ်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါပြီ။

ကိုမြအေး၊ ရွှေညဝါဆရာတော်၊ စာရေးဆရာ မောင်သာချို၊ ဒေါက်တာမျိုးညွန့်တို့အပါ နိုင်ကျဉ်း ၄၀၀ လောက် လွှတ်ပေးလို့ အာဆီယံ အထူးကိုယ်စားလှယ်က စစ်ကောင်စီဟာ ပူးပေါင်းဆောင်ရွက်မယ့်လမ်းကို ရွေးချယ်လိုက်သယောင် ရွှန်းရွှန်းဝေအောင် ချီးကျူးထားတာမို့ ဒီတကြိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ခွင့်ပြုမလား စဉ်းစားစရာပါ။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ပထမနဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်တွေမှာ စစ်ကောင်စီရဲ့တရားရင်ဆိုင်နေရတဲ့သူတွေကို ဘယ်သူ့မှ တွေ့ခွင့်မရှိဘူးဆိုတဲ့ မူအရ တွေ့ဆုံခွင့်ရဖို့ ကြိုးစားမှုတွေ အရာမထင်ခဲ့ပါဘူး။

အခုတကြိမ်မှာတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာဖိအား ပိုဆိုးလာတာနဲ့ ၂၀၂၃ မှာ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ချင်တဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိ အခြေအနေတွေအပေါ်မှာ သဘောထားနဲ့ သူတို့ ရွေးကောက်ပွဲ ထပ်လုပ်ရင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ရှုမြင်မလဲဆိုတာ သိချင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့သဘောထားကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ဆိုရင် NLD စီးအီးစီ အစည်းအဝေး ထိုင်ပြီးမှသာ ပြောဆိုနိုင်မှာ ဖြစ်တယ်လို့ RFA သတင်းတပုဒ်မှာ ဖော်ပြထားတဲ့အတွက်ကြောင့် စစ်ကောင်စီအနေနဲ့ ဒီအခြေအနေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဆိုလိုတာကတော့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့် ရခဲ့ရင်တောင် သူ့ရဲ့ သဘောထားဟာ NLD ပါတီကို ကိုယ်စားမပြုနိုင်ဘူးဆိုတာကို ကြိုပြီး လေသံပစ်တာလည်း ဖြစ်ပါတယ်။

မြန်မာ့အရေးပြဿနာ ဖြေရှင်းရေးအတွက် နိုင်ငံတကာ ကိုယ်စားလှယ်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်ရေးလမ်းစရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ် ကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန် ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ မလုံခြုံမှုတွေ၊ သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ အထွေထွေ အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြဿနာတွေ ဖြေရှင်းရေး အတွက် ပြေလည်ရေး လမ်းစဖြစ်လာနိုင်မလားဆိုတာကို နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဆွေးနွေးမှုတွေ ရှိနေပါပြီ။

ဒါပေမယ့် တဖက်မှာလည်း ထင်ရှားတဲ့ နိုင်ငံရေး အတိုက်အခံတွေ ဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ကြိုးပေးသတ်တာ၊ လူ ၃၀၀၀ နီးပါးလောက်ကို တရားလက်လွတ် သတ်ဖြတ်ခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲကို ပို့လိုက်တာတွေကြောင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

စစ်တပ်က နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ တရားမဝင်သိမ်းပိုက်ပြီး လူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်း တွေနဲ့ တိုက်ခိုက်သတ်ဖြတ်နေတဲ့အပေါ် နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေး အစိုးရတရပ်အဖြစ် တည်ရှိနေတဲ့ မျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်တွဲပြီး တော်လှန်စစ် ဆင်နွှဲနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ် ဗဟိုပြုတဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ အမှန်တကယ် ပြဿနာ ပြေလည်စေရေးလမ်းစ ဟုတ်မဟုတ် အငြင်းပွားဖွယ် ဖြစ်နေပြန်ပါတယ်။

နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးမှ ပြေလည်ရေးလမ်းစလို့ NLD က ထုတ်ပြန်ထားပါတယ်

ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက တောင်းဆိုခဲ့တဲ့ စု၊ ရွေး၊ လွှတ် ကို ကျော်ပြီး စဉ်းစားနေကြပြီလို့ ပြောဆိုမှုတွေလည်း ရှိပေမယ့် လက်တွေ့မှာ နှစ်ပေါင်း ၇၀ လောက် အချိန်ယူ တည်ဆောက်ထားတဲ့ မြန်မာ စစ်တပ်ကို လွယ်လွယ်နဲ့ ချေမှုန်းပစ်ဖို့ မရနိုင်တာကြောင့် စေ့စပ်ညှိနှိုင်းရေးသာ လက်တွေ့ကျတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။

ဒီလို အချိန်မှာ အာဆီယံ ခေါင်းဆောင်တွေ တောင်းဆိုထားတဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခြေအနေကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အပါအဝင် သဘော တူညီချက်ငါးရပ်ကိုလည်း စစ်ကောင်စီဘက်က အကောင်အထည် မဖော်ပေးတာကြောင့် အာဆီယံ ကိုယ်တိုင် ရှေ့မတိုး နောက်မဆုတ်နိုင် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။

အဲဒါကြောင့် နောက်ဆုံး အကြိမ် ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့၊ အာဆီယံဘက်က သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့၊ အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ စစ်ကောင်စီ အဆင့်မြင့်ကိုယ်စားလှယ်ကို တက်ခွင့် မပြုဖို့ပါ။

တခြားအစည်းအဝေးတွေမှာပါ မြန်မာရဲ့ ကိုယ်စားပြုမှုကို ထပ်မံ သုံးသပ်ဖို့၊ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် သက်ဆိုင်သူအားလုံးက တင်းမာမှုတွေကို လျှော့ချဖို့၊ လက်နက်ကိုင် ပဋိပက္ခတွေမှာ တရားမျှတမှုရှိရှိ တာဝန်ခံဖို့၊ ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ စတဲ့အချက်တွေကိုလည်း ဆက်လက် တောင်းဆိုခဲ့ပါတယ်။

အဲဒီမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ သူဟာ အခုချိန်မှာ စစ်ကောင်စီရဲ့ ဝှက်ဖဲ တချပ်လည်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူးဆိုတဲ့ စကားကို စစ်ကောင်စီဘက်က ထုတ်ပြောထားတာကြောင့် ဒီအကြပ်အတည်းမှာ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ကစားနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက မှန်းဆထားကြပါတယ်။

ဆိုးဆိုးဝါးဝါး အခြေအနေတွေ ရင်ဆိုင်ရဦးမယ့် လျှပ်စစ်မီး

မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေး အပါအဝင် တောရော မြို့ပါ မကျန် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် နွေရာသီကစလို့ လျှပ်စစ်မီး မမှန်တော့ပါဘူး။ ခေတ်အဆက်ဆက်ကလည်း လျှပ်စစ်မီး မမှန်ခဲ့ဘူးပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပြီး လာမယ့် နွေရာသီဆိုရင် တကယ့် အဆိုးဆုံး အခြေအနေတခုအထိ ရောက်ရှိသွားတော့မှာလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် ချက်ချင်းဆိုသလို မြန်မာနိုင်ငံ မီးလင်းရေး စီမံကိန်းတွေအတွက် ငွေစိုက်ထုတ် ချေး ပေးနေတဲ့ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့လို အဖွဲ့အစည်းတွေက ချက်ချင်း နောက်ဆုတ်သွားခဲ့ပါတယ်။

မြင်းခြံမှာ တည်ဆောက်နေတဲ့ လျှပ်စစ်မီးထုတ်လုပ်ရေး အမေရိကန် GE ကုမ္ပဏီကလည်း စာချုပ် ဖျက်သိမ်းပြီး မြန်မာနိုင်ငံ ကနေ ချက်ချင်း ထွက်ခွာသွားခဲ့ပါတယ်။ ရေအားလျှပ်စစ်ထုတ်ဖို့ ရင်းနှီးမြှုပ်နှံမယ့် ပြင်သစ်ကုမ္ပဏီကလည်း မလာတော့ပါဘူး။ ဆိုလာစွမ်းအင်ထုတ်မယ့် တရုတ်ကုမ္ပဏီတွေတောင် နောက်ဆုတ်သွားပါတယ်။

စစ်ကောင်စီက လျှပ်စစ်ကို တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတွေဆီကနေ ဝယ်ယူဖို့ ကြိုးစားနေပေမယ့် ယုံကြည်မှု မရသေးတာကြောင့် ကြန့်ကြာနေတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ လျှပ်စစ်မီးတွေ ပြတ်တောက်မှု ဆိုးဝါးလာရတာဟာ မီးတာဝါတိုင်တွေကို တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတွေ၊ NUG ၊ PDF တွေက မီးတာဝါတိုင်တွေကို ချိုးဖျက်နေလို့ မီးပေးနိုင်မှု လျော့နည်းခဲ့ရတယ်လို့ အကြောင်းပြထားပါတယ်။

ဘီလူးချောင်း ရေအားလျှပ်စစ်ကနေ လွှတ်လိုက်တဲ့ တာဝါတိုင်တွေ တိုက်ခိုက်ခံရဲတဲ့ လျှပ်စစ် မဂ္ဂါဝပ် ၇၀ ခန့် ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘယ်လိုပဲ ပြောပြော ဒီပြဿနာရဲ့ အရင်းအမြစ်ကတော့ စီမံခန့်ခွဲမှု ပြဿနာပါ။ လျှပ်စစ်မီးကို ဘယ်လို ရအောင် လုပ်ပေးမလဲဆိုတာ ရေတို ရေရှည် စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်နိုင်မှုတွေ မရှိတော့ဘဲ ရေတိုဖြေရှင်းနေကြလို့ပဲ ဖြစ်ပါတယ်။

နွေရာသီ မရောက်သေး၊ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေမှာ တနေ့ ပုံမှန် လျှပ်စစ်မီးက ကြာချိန် ၅ နာရီကနေ ၁၀ နာရီအထိ ပျက်နေပါပြီ

နွေရာသီ မရောက်သေးတဲ့ အခုချိန်မှာတောင် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေမှာပါ တနေ့ ပုံမှန် လျှပ်စစ်မီးက ကြာချိန် ၅ နာရီကနေ ၁၀ နာရီအထိ ပျက်လေ့ရှိပြီး ပုံမှန် အခြေအနေ မဟုတ်ဘူးဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မီး ၄ ၊ ၅ ရက် ပြတ်နေတဲ့ မြို့တွေ ရှိခဲ့ပါတယ်။

ရန်ကုန်မှာတောင် ၃ ရက်တိတိမှာ လျှပ်စစ်မီး ၂ နာရီသာ ရရှိသူတွေ ရှိခဲ့ပါတယ်။ အိမ်မှာ ချိုးစရာရေ မရှိတော့လို့ ဘုန်းကြီး ကျောင်းပြေးရသူတွေ ရေဝယ်ချိုးရသူတွေအထိ ဖြစ်ခဲ့တာပါ။
အခုချိန်မှာလည်း လျှပ်စီးမီးဟာ ပြတ်ချင်သလို ပြတ်နေပြီး ပြည်သူလူထုကို ဘယ်လို ကြိုတင် အသိပေး အကြောင်းကြားချက်မှ မရှိပါ။

လျှပ်စီးမီးမမှန်တဲ့အတွက် ပြည်သူလူထုက ပုံမှန် အသုံးစရိတ်ထက် ပိုမိုကုန်ကျစရိတ်တွေ ပေါ်လာပြီး နဂိုကတည်းက စစ်အာဏာသိမ်းမှုကြောင့် အထွေထွေ အကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ တပူပေါ် နှစ်ပူဆင့် ဖြစ်ရတာပါ။

မြန်မာနိုင်ငံရဲ့ တဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ၂၀၂၀ ခုနှစ်မှာ ၄၂၉ ယူနစ်ရှိပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အ များဆုံးဝန်အား သုံးစွဲမှုက ၄၀၀၀ မဂ္ဂါဝပ်အထိ သုံးစွဲမှု ရှိပါတယ်။ မြန်မာပြည်က ရေအားလျှပ်စစ်ကနေ ထုတ်ယူနိုင်တာက မဂ္ဂဝါပ် ၃၀၀၀ ကျော်ပဲ ရှိပါတယ်။ နွေရာသီရေအားနည်းချိန်ဆိုရင် အခြေအနေတွေက ပိုဆိုးလေ့ ရှိပါတယ်။

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)အရ ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီး အသုံးပြုနိုင်ရန် စီမံလျက်ရှိပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဒီပုံစံအတိုင်း ဖြစ်ဖို့ မလွယ်တော့ပါဘူး။

တိုင်းပြည်ရဲ့ လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက်တွေအရ ၂၀၂၅ ခုနှစ်မှာ မဂ္ဂါဝပ် ၈၀၀၀ အထိ လိုအပ်ချက် ရှိနေရာ အရင်ကတည်းက ပုံမှန်ထုတ်လုပ်နေတဲ့ စီမံကိန်းတွေက ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေတဲ့အတွက် ရေတိုအတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်တဲ့ NLD အစိုးရလက်ထက်က စခဲ့တဲ့ LNG to Power ၅ နှစ် စီမံကိန်းတွေ၊ နေရောင်ခြည်စွမ်း အင်သုံး ဆိုလာ ပါဝါ စီမံကိန်းတွေဟာလည်း အကောင်အထည်ပေါ်လာဖို့ မဖြစ်နိုင်တော့ပါဘူး။

NLD အစိုးရတက်ခါစ ၂၀၁၆ ခုနှစ်၊ နွေရာသီမှာ မီးမမှန်ခဲ့ပေမယ့် နောက်ပိုင်း ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ရန်ကုန် မြို့ အပါအဝင် တစ်နိုင်ငံလုံးကို မီးမှန်အောင် ကြိုးစားပြီး ပေးနိုင်ခဲ့တာမျိုး တွေ့ရပါတယ်။ နိုင်ငံတကာ အကူအညီတွေနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် ထိုက်သင့်သလောက် မီးမှန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စွမ်းအင် ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်ကနေ ၃၈ ရာခိုင်နှုန်း၊ ဓာတ်ငွေ့သုံးလျှပ်စစ်ကနေ ၂၀ ရာ ခိုင်နှုန်း၊ ကျန်တဲ့ ၉ ရာခိုင်နှုန်းက နေရောင်ခြည်နဲ့ ကျောက်မီးသွေးမှ ၁ ရာခိုင်နှုန်း ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးပေါလအော ဘွဲ့ထူး ဂုဏ်ထူးများ

သေရွာက လူကိုတောင် ဘွဲ့တံဆိပ်ပေးတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အမျိုးသားနေ့က လာမည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုတဲ့ အနေနဲ့လို့ ဆိုပြီး ဘွဲထူး ဂုဏ်ထူးတွေ ဗုံးပေါလအော ပေးလိုက်ပြန်ပါတယ်။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်တုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ “မိမိကိုယ်ကို မိမိနိုင်ငံသားတွေအတွက် ကောင်းကျိုးဆောင်သူ” ရယ်လို့ အမွှန်းတင်ကာ ဆုတံဆိပ် နှစ်ခုယူခဲ့တာကြောင့် “ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော”ဆိုသလို အခုလည်း ရှေ့နေ ဦးကိုနီကို သတ်တဲ့ လူသတ်သမားကိုမှ ကျေးဇူးတင်တယ်လို့ လူသိရှင်ကြားပြောခဲ့တဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော် ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ)ကို သီရိပျံချီဘွဲ့ပေးလိုက် ပြန်ပါပြီ။

၂၀၂၂ ဇန်နဝါရီ ၄ ရက် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌက သူ့နောက်လိုက်များအား ဘွဲ့ထူးဂုဏ်ထူးများ ပေးခဲ့စဉ်

“နိုင်ငံအတွက် အဘက်ဘက်က အကျိုးဆောင်သူတွေ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မဟာသရေစည်သူ တဦး၊ သီရိပျံချီ ၄၅ ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ ဇေယျကျော်ထင် ၁၉ ဦး ချီးမြှင့်ရာမှာ ဒီတခါမှာတော့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး သာမက အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ခဲ့သူတွေဆိုကာ မဘသ ဘုန်းကြီးတွေကိုလည်း အရပ်သား ဘွဲ့တွေ ထည့်သွင်း ချီးမြှင့်ခဲ့ပါတယ်။

ပြည်ပနိုင်ငံအနည်းငယ်နဲ့သာ ဆက်ဆံနေရတဲ့ စစ်ကောင်စီဟာ သူရဲ့ လက်ရင်းဆရာဖြစ်တဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေရွှိုင်ဂုကိုလည်း မမေ့မလျော့ ပြည်ထောင်စု စည်သူ သင်္ဂဟဘွဲ့ ငါးမျိုးထဲက အောက်ဆုံးဘွဲ့ ဖြစ်တဲ့ စည်သူဘွဲ့ကို ပေးအပ်လိုက်ပါသေးတယ်။

ယူကရိန်းစစ်မျက်နှာမှာ အရေးမလှဖြစ်နေတဲ့ ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေရွှိုင်ဂုဟာ စစ်တပ်အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းဖို့ အခါပေးခဲ့လို့ ဒီဘွဲ့ကို ပေးလေသလား စဉ်းစားစရာပါ။

အခု စည်သူဘွဲ့တွေ သီရိပျံချီဘွဲတွေ ရတဲ့အထဲမှာ နဝတ၊ နအဖလက်ထက်က စစ်ဗိုလ်ချုပ်ကြီးတွေအပြင် လက်ရှိ စစ်ကောင်စီ အကြံပေးတွေဖြစ်တဲ့ ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့ ဆလိုင်းငွန်ကျုံးလျန်တို့ကိုလည်း “အများပြည်သူအကျိုး အတွက် ထူးထူးကဲကဲ ဆောင်ရွက်တဲ့သူ”တွေဆိုကာ ဇာတ်မင်းသားကြီး စိန်အောင်မင်းလို “ဝဏ္ဏကျော်ထင်ဘွဲ့” ပေးခဲ့ပါ တယ်။

သူတို့သာမက တမလွန်ရောက် ဖဆပလ ဒု ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းကို မဟာစည်သူ၊ ဗိုလ်ခင်မောင်လေး၊ ဦးအုန်း၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်စိန်မှန်၊ ဦးညိုထွန်း၊ ဦးဘစော၊ သခင်လွင်၊ ဦးအောင်ဇံေ၀ စတဲ့ လွတ်လပ်ရေးကြိုးပမ်းရာမှာ ပါသူတွေကိုလည်း သီရိပျံချီဘွဲ့ ပေးပြန်တော့ တိုင်းပြည်အတွက် မငဲ့ကွက်ပဲ လုပ်လာခဲ့တဲ့ အနှီပုဂ္ဂိုလ်ကြီးတွေခမျာ ကိုယ်ကျိုးရှာ ငို့ဘတွေက ပေးတဲ့ ဘွဲထူးဂုဏ်ထူးမလို့ ငိုရမလို ရယ်ရမလိုများ ဖြစ်နေမလား ဆိုတာတွေးမိပါ သေးတယ်။

စစ်ကောင်စီလိုလားသူတွေကတော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ ဒီလိုဘွဲ့ထူး ဂုဏ်ထူးတွေကို ဗလာချီပေးတာမဟုတ်ဘူး သေချာစဉ်းစားပြီးမှ ပေးတာ၊ အမျိုးသားမော်ကွန်းတိုက်နဲ့ တိုက်ဆိုင်ညှိနှိုင်းပေးတာ၊ အများ ဝေဖန်နေသလို ပစ္စလက်ခတ်ပေးတာ မဟုတ်ဘူးလို့ ဆိုပေမယ့် တချိန်က လူထုကို နှိပ်စက်လို့ နာမည်ပျက်ခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့က ထောက်လှမ်းရေးလူထွက် ရဲမိုးလို လူကို လူမှုထူးချွန်ဆုပေးတာဟာလည်း ဝေဖန်စရာတွေ အများကြီးထဲက ပြောစမှတ်တွင်စရာတခု ဖြစ်နေပါတယ်။

သူ့ကို ကိုးကန့်နဲ့ ရခိုင်စစ်ပွဲတုန်း စစ်တပ်နဲ့အတူ သတင်းလိုက်ယူ ပေးလို့လား ဒါမှမဟုတ် လူမှုကွန်ရက် ပေါ်ကနေ စစ်တပ်ကောင်းကြောင်း NLD မကောင်းကြောင်း ဝါဒဖြန့် ရေးပေးလို့ လူမှုထူးချွန်ဆု ရသလား ဆိုတာကတော့ ဆုပေးတဲ့သူတွေကသာ အသိဆုံးနေမှာပါ။

ဒါ့အပြင် စစ်ကောင်စီက အနုပညာနဲ့ ပတ်သက်ရင်လည်း ပထမ၊ ဒုတိယ၊ တတိယဆိုပြီး ဆုပေးရာမှာ ဟိုတုန်းက မြန်မာ့အသံမှာ “စနေနေ့ည ကိုးနာရီ” လို ခေတ်ပေါ် ရေဒီယိုသီချင်းကို ဆိုခဲ့တဲ့ အဆိုတော်ကြီး မျိုးမြင့်လေးက အနုပညာ ထူးချွန်ဆု ပထမဆင့်တဲ့၊ စစ်ကြိုခေတ်က ဗိုလ်အောင်ဒင်လို ဇတ်ကားကြီးကို ရိုက်ခဲ့ပြီး ဒေါက်တာ အောင်ကျော်ဦး ဇတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆုရခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီရဲ့ ပထမဆုံး ဥက္ကဋ္ဌ ဒါရိုက်တာ ရွှေဒုံးဘီအောင်ကိုတော့ အနုပညာထူးချွန်ဆု ဒုတိယအဆင့် ဆိုပြီး ရွေးချယ်တာကတော့ အတော်လေး ညံ့ဖျင်းပြီး ကိုးရိုးကားယားနိုင်တယ်လို့ ဆိုရမှာပါ။

တကယ်တော့ စစ်ကောင်စီရဲ့ အလင်္ကာကျော်စွာဘွဲ့ ပေးခံရတဲ့သူတွေနဲ့ ရွှေဒုံးဘီအောင်လို ဒါရိုက်တာကြီးတို့ကြား နှိုင်းယှဉ်ရင် မိုးနဲ့ မြေ ဒါမှမဟုတ် တေးထပ်စာဆို ဦပုည စကားငှားသုံးရရင် “အီးနဲ့ နံသာဆီ”လို ခြားနားတယ် ဆိုတာမျိုး အခု ဆုရွေးချယ်သူတွေ သေချာသိကြမှာပါ။

တကယ်လို့သာ ဒါရိုက်တာ ရွှေဒုံးဘီအောင် သက်ရှိထင်ရှား ရှိနေသေးရင် ဖဆပလခေတ်စလို့ အခုခေတ်တိုင် ဘွဲ့ထူး ဂုဏ်ထူးတွေ တသီကြီး ဗုံးပေါလအော ပေးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကြည့်ပြီး ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည် လိုများ “နေရင်းထိုင်ရင်း ကံဆိုးပြီး ထီက ထပေါက် နေသေးတယ်” လို့ ညည်းတွားလေမလား မသိကြောင်းပါ။

You may also like these stories:

အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် ဆု ပြန်ပေး

ကွယ်လွန် အနုပညာရှင်များအား ဘွဲ့တံဆိပ်ပေးမှု နောက်ကွယ်မှာဘာရှိမလဲ

အဓိပ္ပာယ်ပြည့်ဝသည့် အပြောင်းအလဲဖြစ်စေရန် NUG က ASEAN ကို အကြံပြု

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ASEAN အစည်းအဝေး တက်ခွင့်မရ

Your Thoughts …
Tags: Aseanစစ်ကောင်စီဆိုးဆိုးဝါးဝါး လျှပ်စစ်မီးတပတ်အတွင်း သတင်းစုံဒေါ်အောင်ဆန်းစုကြည်ဗုံးပေါလအော ဘွဲ့ထူး ဂုဏ်ထူးများအာဆီယံ အထူးကိုယ်စားလှယ်
ထက်မြက်ငြိမ်းချမ်း

ထက်မြက်ငြိမ်းချမ်း

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကမ္ဘာကြီး ငြိမ်းချမ်းဖို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့လိုတယ် (ရုပ်/သံ)

ကမ္ဘာကြီး ငြိမ်းချမ်းဖို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့လိုတယ် (ရုပ်/သံ)

AA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

AA နှင့် အာဏာသိမ်း စစ်တပ် ယာယီ အပစ်ရပ်

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.3k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate