“နိုင်ငံတကာ အကူအညီပေးတဲ့ အလှူရှင်ဆိုလို့ရှိရင် စစ်တပ်နဲ့ အလုပ်လုပ်တဲ့ အဖွဲ့တွေ အများကြီး ရှိတယ်။ ဒါတွေက ခံရတဲ့ အမျိုးသမီးတွေကို ပိုပြီးတော့ လုံခြုံမှုမရှိဖြစ်စေတယ်။ တဖက်မှာလည်း စစ်တပ်ကို ပိုပြီးတော့ တရားဝင်ဖြစ်အောင် လုပ်နေတဲ့ အတွက်ကြောင့်မလို့ ပြည်သူတွေကို တရားဝင် သတ်ဖို့အတွက် ထောက်ပံ့မှုတွေလုပ်နေသလိုဖြစ်တယ်”
နိုဝင်ဘာ ၂၅ ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်က တိုင်းပြည် အာဏာကို အဓမ္မသိမ်းယူပြီးတဲ့နောက်မှာ စစ်တပ်က အမျိုးသမီး ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို အမျိုးသမီးတွေအပေါ်မှာ နည်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေပိုများလာပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီ ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup