• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံအစည်

by ခင်မမ
3 February 2023
in သူ့အတွေး သူ့အမြင်
A A
၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မဲဆွယ်လှုပ်ရှားခဲ့စဉ်

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မဲဆွယ်လှုပ်ရှားခဲ့စဉ်

6k
VIEWS
Share on FacebookShare on Twitter

တရားဥပဒေအထက်တွင် မည်သူမျှ မရှိရ၊ တရားဥပဒေနှင့်အညီဟု ပါးစပ်က တဖွဖွပြောနေကြသော်လည်း မြန်မာစစ်ဗိုလ်များသည် တရားဥပဒေလိုက်နာမှု မဆိုထားနှင့် တရားဥပဒေ ရေးဆွဲပြဌာန်းရာတွင်ပင် ကလိမ်ကကျစ်ကျနေသည်။

၁၉၆၂ ခုနှစ်မှစပြီး ယနေ့ကာလအထိ မြန်မာပြည်၏ အခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေ အားလုံးကို ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို စစ်ဗိုလ်များ စိတ်ကြိုက်ပြုနေသည်။

ထိုဥပဒေအားလုံးသည် တိုင်းပြည်အတွက် လက်တွေ့အခြေအနေနှင့် မကိုက်ညီသည့် ဥပဒေများဖြစ်သည့်အပြင် စစ်ဗိုလ်များ ကိုယ်တိုင် နောက်ဆုံးအချိန်၌ မလိုက်နာနိုင်သော ဥပဒေများ ဖြစ်သွားခဲ့သည်။

ဥပဒေကို ရေးဆွဲ၊ ပြင်ဆင် ပြဌာန်းစဉ်ကတည်းက စစ်တပ်အာဏာခိုင်မြဲရေးကို ရှေ့ရှု၍လည်းကောင်း၊ ၎င်းတို့အနေနှင့် အမြဲတမ်း အသာစီးရမည်ဟု ယူ‌ဆထားကြသည့် အခြေခံပေါ်မှလည်းကောင်း ရေးဆွဲကြသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီက ပြဌာန်းလိုက်သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ဆိုသည်မှာလည်း စစ်တပ်အာဏာ တည်မြဲရေးအတွက် ဆင်ခြင်တုံတရားမရှိဘဲ ကလိမ်ကကျစ် ရေးဆွဲပြဌာန်းထားသည့် ဥပဒေ ဖြစ်သည်ကို နိုင်ငံရေး လေ့လာသူများ၊ ဥပဒေ ပညာရှင်များ မဆိုထားနှင့် ကလေးကအစ သိနိုင်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီက ပြဌာန်းလိုက်သည့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ဆိုသည်မှာလည်း စစ်တပ်အာဏာ တည်မြဲရေးအတွက် ဆင်ခြင်တုံတရားမရှိဘဲ ကလိမ်ကကျစ် ရေးဆွဲပြဌာန်းထားသည့် ဥပဒေ ဖြစ်သည်ကို နိုင်ငံရေး လေ့လာသူများ၊ ဥပဒေ ပညာရှင်များ မဆိုထားနှင့် ကလေးကအစ သိနိုင်သည်။

ပြည်ထောင်စု ပါတီတရပ်သည် ပါတီရံပုံငွေ သိန်းတထောင်ကို ငွေစာရင်းဖွင့်လှစ်ရမည်။ ပါတီဝင်တသိန်းကို ၃ လအတွင်း စည်းရုံးနိုင်ရမည်။ ပြည်ထောင်စုတဝှမ်းရှိ မြို့နယ်အားလုံး၏တဝက် (၁၆၅ မြို့နယ်) တွင် ပါတီရုံးခန်းဖွင့်နိုင်ရမည်။ ရွေး ကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလည်နေရာများ၏ တဝက်တိတိ ဝင်ရောက် ယှဉ်ပြိုင်ရမည်။ ကြားဖြတ်ရွေးကောက်ပွဲများတွင် မပျက်မကွက် ဝင်ရောက်ယှဉ်ပြိုင်ရမည်။ ထိုအချက်များ ပျက်ကွက်ပါက နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းခံရမည်ဟု ဆိုထားသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
378
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
181
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.3k

ပါတီရံပုံငွေ သိန်းတထောင်စာရင်း ဖွင့်ရမည်ဆိုသည်ကတော့ ငွေကြေးဖောင်းပွနေသောကာလတွင် ပြဿနာ မကြီးလှပေ။ သို့သော် ၃ လအတွင်း ပါတီဝင်တသိန်း သိမ်းသွင်းခြင်း၊ မြို့နယ်အားလုံး၏ တဝက်ဖြစ်သော ၁၆၅ မြို့နယ်တွင် ရုံးခန်းဖွင့်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ တဝက် (အမျိုးသားလွှတ်တော်တွင် ၇၂ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၁၆၅ နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ၃၃၀ နေရာ စုစုပေါင်း ၅၆၇ နေရာနှင့် တိုင်းဒေသနှင့် ပြည်နယ်များရှိ တိုင်းရင်းသားရေးရာများပါ ပေါင်းပါက အနည်းဆုံး ကိုယ်စားလှယ်နေရာ ၅၈၀ အထက်) ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုပါတီတရပ်အဖြစ် ရပ်တည်ရန်မှာ အင်အားနည်းသော ပါတီများ မဖြစ်နိုင်တော့ပေ။

NLD ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခြေအနေ မရှိသည့်အောက်တွင် စစ်တပ် လက်ဝေခံ ကြံဖွံ့ပါတီကို တခုသော ပြည်ထောင်စုပါတီအဖြစ် သတ်မှတ်ပေးပြီး စစ်တပ်နှင့် သူ၏ လက်ဝေခံပါတီ ကြံဖွံ့ ပေါင်းပြီး ရာသက်ပန် အာဏာယူရန် ရည်ရွယ်သည့် စစ်ဗိုလ်များ၏ ကလိမ်ကကျစ်အကြံဟု အများက ထင်းကနဲမြင်လိုက်ကြရသည်။

NLD ကိုထိုးနှက်ပြီး ကြံ့ဖွံ့ နှင့် စစ်တပ်ပေါင်း၍ ရာသက်ပန်အာဏာယူရန် ကြံသော်လည်း NLD သာမက လက်ရှိ စစ်ကောင်စီ ဥက္ကဌ ဖြစ်နေသော မင်းအောင်လှိုင်အား သွားရောက်ငိုပြ၊ တိုင်တန်းကြသည့် ကြံ့ဖွံ့နှင့် ၃၄ ပါတီအနက် ကြံ့ဖွံ့မှအပ ကျန် ၃၄ ပါတီကလည်း မြောင်းထဲပို့ခံထိသွားရသည်။

NLD ကိုထိုးနှက်ပြီး ကြံ့ဖွံ့ နှင့် စစ်တပ်ပေါင်း၍ ရာသက်ပန်အာဏာယူရန် ကြံသော်လည်း NLD သာမက လက်ရှိ စစ်ကောင်စီ ဥက္ကဌ ဖြစ်နေသော မင်းအောင်လှိုင်အား သွားရောက်ငိုပြ၊ တိုင်တန်းကြသည့် ကြံ့ဖွံ့နှင့် ၃၄ ပါတီအနက် ကြံ့ဖွံ့မှအပ ကျန် ၃၄ ပါတီကလည်း မြောင်းထဲပို့ခံထိသွားရသည်။

နိုင်ငံရေး ဆက်လုပ်လိုပါက ကြံ့ဖွံ့ ပါတီ နောက်ဖေးပေါက်မှ လေးဘက်ထောက်ဝင်ရန်သာ။ စစ်ကောင်စီနှင့် ပူး ပေါင်းနေသည့် သိန်းညွန့်၊ ခင်မောင်ဆွေ၊ သက်သက်ခိုင်တို့၏ ပါတီများလည်း အလားတူ ဖြစ်သည်။ ကျားကို ယဉ်ပါးအောင်လုပ်ရင်း ကျားစားခံလိုက်ရပြီ ဖြစ်သည်။

ဤရွေးကောက်ပွဲဥပဒေအရ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီပိုင် ပစ္စည်းများကို အစိုးရက သိမ်းမည်ဟု ဆိုထား၏။ ပါတီဝင်များ၏ ချွေးနှဲစာ၊ ရံပုံငွေ၊ အလှူငွေများ စသည့်တရားနည်းလမ်းတကျဖြင့် ရရှိထားသည့် ပါတီပိုင်ပစ္စည်းများကို မတရားသင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်တတန်းတည်းထား၍ သိမ်းဆည်းမည်ဆိုသည်က NLD ပါတီရုံးများကို သိမ်းဆည်းလိုသည့် စစ်ဗိုလ်များ၏ ကလိမ်ကကျစ်စိတ်ထားပင်။

စစ်ဗိုလ်လူထွက် ဗိုလ်ရွှေမန်းကတော့ မြွေမြွေချင်း ခြေမြင်ပုံရသည်။ သူ့ပါတီကို စောစီးစွာ ဖျက်သိမ်းထား၍ ပါတီပိုင်ပစ္စည်းများ အသိမ်းခံရမည့် ဘေးက ရှောင်ထွက်သွားနိုင်ခဲ့သည်။

ဤဥပဒေအရ ပြည်နယ်များရှိ တိုင်းရင်းသားပါတီများကိုမူ အတော့်ကို လျှော့ပေါ့ပေးထားသည်။ ပြည်နယ်များတွင် နိုင်ငံရေးပါတီဖွဲ့ ပါက ရံပုံငွေ သိန်းတရာ၊ ၃ လအတွင်း ပါတီဝင် တထောင်၊ ပြည်နယ်အတွင်း ရုံး ၅ ရုံးနှင့် လွှတ်တော်ကိုယ်စားလှယ် တနေရာ ဝင်ပြိုင်လျှင် ရပြီဟု ဆိုသည်။ ပြည်ထောင်စု အာဏာကို ထိန်းချုပ်သည့်အပြင် ပြည်နယ်များတွင် ဩဇာရှိသော တိုင်းရင်းသားပါတီများကို ယှဉ်ပြိုင်ရန် စစ်တပ်လက်ဝေခံ ပါတီငယ်များကို မွေးထုတ်ပြီး ပြည်နယ်အာဏာကို ထိန်းချုပ်ရန် ရည်ရွယ်သည်ဟု ဆိုရမည်။

ပြည်ထောင်စု အာဏာကို ထိန်းချုပ်သည့်အပြင် ပြည်နယ်များတွင် ဩဇာရှိသော တိုင်းရင်းသားပါတီများကို ယှဉ်ပြိုင်ရန် စစ်တပ်လက်ဝေခံ ပါတီငယ်များကို မွေးထုတ်ပြီး ပြည်နယ်အာဏာကို ထိန်းချုပ်ရန် ရည်ရွယ်သည်ဟု ဆိုရမည်။

သို့သော် ဤအချက်သည်လည်း လက်တွေ့အခြေအနေနှင့် ကိုက်ညီလှသည် မဟုတ်ပေ။ ပြည်နယ်အလိုက် ပြည်နယ်အမည်ရ လူမျိုးများ အနေနှင့် မထောင်းတာလှသော်လည်း ဝ၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ နာဂ စသည့် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၆ ခုတွင် ဝ တခုသာ မြို့ နယ် ၆ ခုရှိပြီး ကျန် ၅ ခုမှာ မြို့နယ် ၂ ခု မှ ၃ ခုသာ ရှိသည်။

သို့ဖြစ်ရာ ထိုလူမျိုး ကိုယ်စားပြုရမည့် ပါတီများသည် ၅ မြို့နယ် ပြည့်မှီရန် ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ပြင်ပ မြို့နယ်များပါ မဖြစ်မနေ ရုံးခန်းဖွင့်ရပေတော့မည်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းတွင် ၆ မြို့နယ်ရှိသော်လည်း ဟိုပန်နှင့် မက်မန်း ၂ မြို့နယ်သာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသည်။ ကျန် ၄ မြို့နယ်မှာ UWSA ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ကျန်ပါတီများ မဆိုထားနှင့် ကြံ့ဖွံ့သည်ပင်လျင် UWSA ထိန်းချုပ်ရာ ၄ မြို့နယ်တွင် ရုံးမဖွင့်နိုင်ပေ။ ဖွင့်ပါက UWSA က ထိပ်ခေါက်လွှတ်လိုက်ပေလိမ့်မည်။

၅ မြို့နယ်ပြည့်အောင် အခြားမြို့နယ်များတွင် ရုံးခန်းဖွင့်ရပေလိမ့်မည်။ ထို့ပြင် လီဆူး၊ လားဟူ၊ အာခါ စသည့် လူဦးရေ နည်းသည့်ပါတီငယ်များအဖို့လည်း မဖြစ်မနေ ၅ မြို့နယ်ရုံးခန်းဖွင့်ရပါက မလိုအပ်သည့် ကုန်ကျစားရိတ်များနှင့် ကြုံရပြီး သဘာဝကျလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ရှမ်းနီကဲ့သို့ ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ၂ ခုတွင် နေထိုင်သော ရှမ်းနီလူမျိုးများကို စည်းရုံးရမည့် ပါတီများမှာလည်း ပြည်နယ်ပါတီမက ပြည်ထောင်စု ပါတီမကျဖြင့် စကောစက ဖြစ်နေပေလိမ့်မည်။

ထို့ပြင် ပြည်နယ်/တိုင်းဒေသကြီး အခြေစိုက်ပါတီများသည် မိမိအခြေစိုက်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း၌သာ စည်းရုံးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ရာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာကို ဝင်ရောက်အရွေးခံခွင့် မရှိတော့ပေ။ တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ ပြည်ထောင်စုပါတီကြီးဆိုသည်၏ လက်ဝါးကြီးအုပ်မှုကို ရယူလိုက်သည့် စစ်ဗိုလ်များ၏ ကလိမ်ကကျစ် အကြံအစည်ဟု ဆိုရပါမည်။

အကယ်၍ NLD ပါတီလက်ထက်ကသာ ဤဥပဒေမျိုး ထုတ်ပါက ကြံ့ဖွံ့နှင့် ၃၄ ပါတီသည် မင်းအောင်လှိုင်‌ ခြေသလုံး ပြေး ဖက်၍ ‌NLD ပါတီ၏ အနိုင်ကျင့်ခံနေရပါပြီဟု တိုင်တောငိုကြွေးကြပေလိမ့်မည်။ အခုမူ အသံမထွက်ရဲကြဘဲ ကျိတ်ခံနေပုံရသည်။

အကယ်၍ NLD ပါတီလက်ထက်ကသာ ဤဥပဒေမျိုး ထုတ်ပါက ကြံ့ဖွံ့နှင့် ၃၄ ပါတီသည် မင်းအောင်လှိုင်‌ ခြေသလုံး ပြေး ဖက်၍ ‌NLD ပါတီ၏ အနိုင်ကျင့်ခံနေရပါပြီဟု တိုင်တောငိုကြွေးကြပေလိမ့်မည်။ အခုမူ အသံမထွက်ရဲကြဘဲ ကျိတ်ခံနေပုံရသည်။

စစ်ဗိုလ်များသည် ဥပဒေများကို ရေးဆွဲရာတွင် ရာသက်ပန်ကိုယ် အသာစီးရမည်ဟု ယူဆကာ ကလိမ်ကကျစ် ဉာဏ်အပြည့်နှင့် ရေးဆွဲကြသော်လည်း ၎င်းတို့ထင်သလို မဖြစ်လာလျှင် သူတို့ရေးသည့် ဥပဒေကို သူတို့လိုက်နာနိုင်ခြင်း မရှိပေ။

၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ အဆုံးအဖြတ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သည် အတည်ဟု ပြဌာန်းထားသော်လည်း စစ်ဗိုလ်များသည် လိုက်နာခြင်း မရှိခဲ့ပေ။ ထို့ပြင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရတဖွဲ့လုံးကို ဖမ်းဆီးပြီး ကာလုံနှင့် အရေးပေါ်အခြေအနေကို ကြေညာသည်ဟုဆိုကာ ကလိမ်ကကျစ်ပြုလုပ်ခဲ့၏။

ပြောရလျှင် ဤရွေးကောက်ပွဲ ဥပဒေတွင်လည်း ဟာကွက်ရှိသည်။ ပြည်ထောင်စုပါတီအဖြစ် ဖွဲ့စည်းခွင့် ကန့်သတ်ထားသည်ကို ကျော်လွှား၍ ရသည်။ နိုင်ငံရေးအင်အားစုတခုသည် ပြည်ထောင်စုပါတီအဖြစ် သက်တောင့်သက်သာ ရပ်တည်လိုပါက ပြည်ထောင်စုပါတီ အနေနှင့် မှတ်ပုံမတင်ဘဲ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးပါတီများ အဖြစ် ခွဲ၍ မှတ်ပုံတင်ပါက ပါတီကြေး သိန်း ၁၄၀၀ ကုန်ကျမည်ဖြစ်ရာ ငွေကြေးအရ သိန်း ၄၀၀ ပိုကုန်ကျမည်။

သို့သော် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် ပါတီဝင် ၁၀၀၀ နှုန်းဖြင့် ၁၄၀၀၀ သာ လိုအပ်သည်။ တိုင်းနှင့်ပြည်နယ် ၁၄ ခုလျှင် တခုလျှင် ရုံးခန်း ၅ ခုနှင့် ရုံးခန်း ၇၀ သာဖွင့်ရန် လိုသည်။
လွှတ်တော်ကိုယ်စားလှယ်နေရာလည်း အနည်းဆုံး ၁၄ နေရာ အထိသာ ဝင်ပြိုင်၍ ရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိရာ ပါတီ ၁၄ ခုအား မဟာမိတ်တပ်ပေါင်းစုအဖြစ် ပြန်လည်ဖွဲ့ပြီး တစုတစည်းထဲ ပြန်လည်ကွပ်ကဲ၍ ရသည်။

ပါတီများ တပ်ပေါင်းစု မဖွဲ့ရဆိုသည့် ဥပဒေ မရှိပေ။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပါတီများအားလည်း အမျိုးသား၊ ပြည်သူ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စသည့် လွှတ်တော်ကိုယ်စားလည်နေရာအားလုံးတွင် ဝင်ရွေးခွင့်အား ကန့် သတ်နိုင်ခြင်း မရှိပေ။ ထို့ပြင် အပြန်အလှန်နားလည်မှု ယူကြပြီး တသီးပုဂ္ဂလလည်း ဝင်ပြိုင်၍ ရသေးသည်။

စစ်ဗိုလ်များက ကိုယ်အသာရဖို့ ကလိမ်စေ့ငြမ်းဆင်ပြီး ကလိမ်ကကျစ်ရေးဆွဲထား၍ ၂၀၀၈ အခြေခံဥပဒေရော စစ်ကောင်စီ တရားမဝင် ရေးဆွဲလာသော နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေတွင်ပါ ဟာကွက်များ ရှိနေသည်။

ဆိုလိုသည်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် တိုက်တွန်းနေခြင်း မဟုတ်ဘဲ ဥပဒေတွင် ဟာကွက်ရှိနေကြောင်း ဆိုလိုခြင်း ဖြစ်သည်။ စစ်ဗိုလ်များက ကိုယ်အသာရဖို့ ကလိမ်စေ့ငြမ်းဆင်ပြီး ကလိမ်ကကျစ်ရေးဆွဲထား၍ ၂၀၀၈ အခြေခံဥပဒေရော စစ်ကောင်စီ တရားမဝင် ရေးဆွဲလာသော နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေတွင်ပါ ဟာကွက်များ ရှိနေသည်။

မည်သို့ဆိုစေ စစ်တပ်က ဥပဒေအထက်ကနေပြီး စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်စေရန် စစ်ကောင်စီက ကြံရွယ်လုပ်ဆောင်နေသည့် ရွေးကောက်ပွဲဆိုသည်ကို ပြည်သူအများက အယုံအကြည်မရှိ၊ ပူးပေါင်းပါဝင်ကြမည် မဟုတ်သည်ကို စစ်အာဏာသိမ်း ၂ နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အသံတိတ်သပိတ်က သက်သေပြပြီး ဖြစ်လေတော့သည်။

You may also like these stories:

စစ်ကောင်စီ သက်တမ်းတိုးမှု အကြမ်းဖက်မှုသာ တိုးလာနိုင်ဖွယ်ရှိ

စစ်ကောင်စီ ကြောက်နေရဆဲဖြစ်သည့် လေးကြိမ်မြောက် အသံတိတ်သပိတ်

တိုင်းရင်းသားပါတီတွေ ပြည်ထောင်စုအဆင့်မှာ ရပ်တည်မရအောင် တင်းကျပ်လိုက်တာ

စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား

Your Thoughts …
Tags: စစ်ကောင်စီစစ်ဗိုလ်များတရား ဥပဒေနိုင်ငံရေးပါတီဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ခင်မမ

ခင်မမ

ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ခိုးမယ့်ခိုးတော့ စစ်တပ်ကပဲ မဲခိုးတာပါ (ရုပ်/သံ)

ခိုးမယ့်ခိုးတော့ စစ်တပ်ကပဲ မဲခိုးတာပါ (ရုပ်/သံ)

၄ နှစ်ပြည့်မည့် MoU အလုပ်သမားများ AAC မဟာမိတ်ရုံးသို့ လာရောက်ကြစဉ် /  AAC

၄ နှစ်ပြည့် MoU လုပ်သားများ မြန်မာပြည် မပြန်လိုကြဟုဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved