အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ တာဝန်ကို ဇန်နဝါရီလတွင် လွှဲပြောင်းလက်ခံမည် ဖြစ်သော်လည်း ထိုဒေသဆိုင်ရာအဖွဲ့သည် မြန်မာအကျပ်အတည်း ပြီးဆုံးရန် အဆုံးအဖြတ်ကျသည့် မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ASEAN ၏ အခြေခံမူ နှစ်ခုဖြစ်သော ဘုံသဘောတူညီချက်ယူရေးနှင့် ဝင်ရောက်မစွက်ဖက်ရေးတို့ကြောင့် ထိုအဖွဲ့သည် မအောင်မြင်သည့် အဖွဲ့ဖြစ်နေသည်။
သို့သော် အင်ဒိုနီးရှားမှ ဥပဒေပညာရှင်များက တင်ပြထားသည့် အစီအစဉ်တခုသည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက နေပြည်တော်တွင် အာဏာသိမ်းထားသည့် စစ်ကောင်စီ၏ ကံကြမ္မာအပေါ် လေးနက်သော ရိုက်ခတ်မှု ဖြစ်စေနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံသားများက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အပြစ်ပေးရန် ကန့်သတ်ထားသည့် ၂၀၀၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေကို ပြင်ဆင်ရန် ထိုဥပဒေပညာရှင်များက အဆိုပြုထားသည်။ အဆိုပြုချက်ကို အင်ဒိုနီးရှား အခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံပါက မြန်မာဗိုလ်ချုပ်များကို အင်ဒိုနီးရှားတွင် တရားစီရင်နိုင်မည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသားများက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အပြစ်ပေးရန် ကန့်သတ်ထားသည့် ၂၀၀၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေကို ပြင်ဆင်ရန် ဥပဒေပညာရှင်များက အဆိုပြုထားသည်။ အဆိုပြုချက်ကို အင်ဒိုနီးရှား အခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံပါက မြန်မာဗိုလ်ချုပ်များကို အင်ဒိုနီးရှားတွင် တရားစီရင်နိုင်မည်
ဒုတိယကမ္ဘာစစ် အကုန်၊ အမျိုးသားခေါင်းဆောင်များဖြစ်သော ဆူကာနိုနှင့် မိုဟာမက် ဟက်တာတို့ ဒတ်ချ်ကိုလိုနီ အုပ်ချုပ်ရေးထံမှ လွတ်လပ်ရေးကြေညာစဉ်က ရေးဆွဲခဲ့သော အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ (က) သို့မဟုတ် Chapter XA က ‘လူတိုင်းအတွက်’ လူ့အခွင့်အရေးကာကွယ်ပေးရန် အာမခံချက်ပေးထားသည်။ သို့သော် ၂၀၀၀ ပြည့်နှစ် အက်ဥပဒေ အပိုဒ် ၅ တွင် အင်ဒိုနီးရှား လူ့အခွင့်အရေးတရားရုံးသည် အင်ဒိုနီးရှားသမ္မတနိုင်ငံ နယ်နိမိတ်ပြင်ပတွင် အင်ဒိုနီးရှားနိုင်ငံသားများက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြားနာစီရင်နိုင်စေသည်။
ဥပဒေပညာရှင်များဖြစ်သည့် ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရပ်စ်မင်း၊ နိုင်ငံတွင် အကြီးမားဆုံး မွတ်ဆလင်ပရဟိတ လုပ်ငန်းဖြစ်သည့် မူဟမ်မက်ဒီယာ၏ ဥပဒေရေးရာဌာန အကြီးအကဲ ဘတ်စီယို မက်ကော့ဒက်စ်နှင့် အင်ဒိုနီးရှားသတင်းသမားများ လွတ်လပ်သော မဟာမိတ်အဖွဲ့ (AJI) ဥက္ကဋ္ဌ ဆက်စ်မီတို မက်ဒရင်တို့က ၁၉၄၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံသည် နိုင်ငံသားကိစ္စကို ဖော်ပြထားခြင်း မရှိသောကြောင့် လူ့အခွင့်အရေးကာကွယ်ရာတွင် အကြွင်းမဲ့သည်ဟု ဆွေးနွေးသည်။ ထို့ကြောင့် ၂၀၀၀ ပြည့်နှစ် အက်ဥပဒေမှ ‘အင်ဒိုနီးရှားနိုင်ငံသားများက’ (by Indonesian citizens) ဆိုသည့်စကားသည် မူလဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း ၎င်းတို့က ပြောကြားထားသည်။
THEMIS ဥပဒေအတိုင်ပင်ခံလုပ်ငန်း၊ မူဟမ်မက်ဒီယာ ဥပဒေအထောက်အကူပြု အင်စတီကျူးရှင်းနှင့် AJI တို့က အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်သည့်ကြေညာချက်တွင် “အင်ဒိုနီးရှား လူ့အခွင့်အရေး တရားရုံးနှင့် ပတ်သက်သော ဥပဒေ၌ ပြင်ဆင်ချက်တခုပြုလုပ်ရန် တောင်းဆိုမှုကို ဒုတိယအကြိမ် ကြားနာသည်။ ထိုသို့ လုပ်ဆောင်လုပ်ပါက မြန်မာတွင် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို အင်ဒိုနီးရှားတွင် ကြားနာရန် ခွင့်ပြုလိမ့်မည် ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
အွန်လိုင်းမှကြားနာမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး အဖွဲ့ဝင် ကိုးဦးအနက် သုံးဦးက ကြားနာခဲ့ပြီး ထိုတရားသူကြီးများက အဆိုပြုသူများ၏ ဆွေးနွေးချက်များကို လွန်စွာကြိုဆိုသည်ဟု ဖော်ပြကြသည်။ ထိုကိစ္စကို ပြန်လည် သုံးသပ်နေဆဲဖြစ်ပြီး တရားသူကြီးအဖွဲ့ဝင် ၉ ဦးလုံး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ စုံညီခုံရုံးက တတိယအကြိမ်တွင် ကြားနာမည်ဖြစ်သည်။
အထက်ပါ အွန်လိုင်းမှကြားနာမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး အဖွဲ့ဝင် ကိုးဦးအနက် သုံးဦးက ကြားနာခဲ့ပြီး ထိုတရားသူကြီးများက အဆိုပြုသူများ၏ ဆွေးနွေးချက်များကို လွန်စွာကြိုဆိုသည်ဟု ဖော်ပြကြသည်။ ထိုကိစ္စကို ပြန်လည် သုံးသပ်နေဆဲဖြစ်ပြီး တရားသူကြီးအဖွဲ့ဝင် ၉ ဦးလုံး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ စုံညီခုံရုံးက တတိယအကြိမ်တွင် ကြားနာမည်ဖြစ်သည်။
ထို့နောက် အဆိုပါကိစ္စကို အင်ဒိုနီးရှားလွှတ်တော်က ကြားနာနိုင်ပြီး အထက်ပါ ဥပဒေပညာရှင်များ ဆွေးနွေးသည့် ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၀၀ ပြည့်နှစ် အက်ဥပဒေ အပိုဒ် ၅ ပြင်ဆင်ရေးကို မဲခွဲဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်သည်။ သို့သော် အဓိကအချက်မှာ ထိုကိစ္စကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ကြားနာလိုက်သဖြင့် အင်ဒိုနီးရှားတွင် အများက အာရုံစိုက်မိသွားခြင်း ဖြစ်သည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ဝေသည့် ဂျကာတာပို့စ် သတင်းစာ အတွေးအမြင်ဆောင်းပါးတွင် ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဒုတိယဒါရိုက်တာ Salai Za Uk Ling, Legal Action Worldwide မှ အမှုဆောင်ဒါရိုက်တာ အန်တိုနီယာ မယ်လ်ဗီနှင့် Myanmar Accountability Project မှ ဒါရိုက်တာ ခရစ်ဂန်းနက်စ်တို့က ဒေသတွင်းနှင့် အရှေ့အာရှပြင်ပတွင် ကောင်းမွန်သော စီးပွားရေးနှင့် သံတမန်ရေးအတွက် အားထုတ်နေသော ဒေသအတွက် မြန်မာဗိုလ်ချုပ်များ၏ လုပ်ရပ်များသည် အရှက်ရစရာဖြစ်နေကြောင်း ASEAN ၏ တောင်းဆိုမှုများကို လျစ်လျူရှုနေသော ထိုဗိုလ်ချုပ်များသို့ ပြင်းထန်သော သတင်းစကား ပေးပို့လိုက်သည်။
အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ထိုကိစ္စကို ကြားနာလျှင် အင်ဒိုနီးရှားနိုင်ငံ တရားဥပဒေအတွက် အောင်ပွဲတခု၊ အင်ဒိုနီးရှား သံတမန်ရေးအတွက် အောင်ပွဲတခု၊ ASEAN အတွက် အောင်ပွဲတခုနှင့် အရေးအကြီးဆုံးမှာ မြန်မာပြည်သူ ၅၅ သန်းအတွက် အောင်ပွဲတခု ဖြစ်ကြောင်း အထက်ပါ စာရေးသူများက ရေးသားခဲ့သည်။
ထိုအားထုတ်မှုများမှ မည်သို့သောရလဒ်များ ထွက်ပေါ်လာမည်ကို ပြောရန်စောနေသေးပြီး အရှေ့တောင်အာရှတွင် သက်ဝင်လှုပ်ရှားမှု အရှိဆုံး ဒီမိုကရေစီနိုင်ငံ မဖြစ်မီက စစ်အာဏာရှင်စနစ် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သော အင်ဒိုနီးရှားမှ ဖြစ်ရပ်များကို နေပြည်တော်မှ ဗိုလ်ချုပ်များသည် တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
ထိုအားထုတ်မှုများမှ မည်သို့သောရလဒ်များ ထွက်ပေါ်လာမည်ကို ပြောရန်စောနေသေးပြီး အရှေ့တောင်အာရှတွင် သက်ဝင်လှုပ်ရှားမှု အရှိဆုံး ဒီမိုကရေစီနိုင်ငံ မဖြစ်မီက စစ်အာဏာရှင်စနစ် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့သော အင်ဒိုနီးရှားမှ ဖြစ်ရပ်များကို နေပြည်တော်မှ ဗိုလ်ချုပ်များသည် တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
သို့သော် အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်း၊ လက်မထပ်ဘဲ အတူနေခြင်းနှင့် လိင်တူချစ်သူများ၊ သမ္မတကို အသရေဖျက်ခြင်း၊ ပန်ကက်စီလာအမည်ရှိ အမျိုးသားအတွေးအခေါ်ကို ဆန့်ကျင်သည့် အမြင်များကို ဖော်ထုတ်ခြင်းတို့အား တားမြစ်သည့် ရာဇဝတ် ဥပဒေတို့ကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် အတည်ပြုလိုက်သောကြောင့် အထက်ပါ ပုံရိပ်ကို ထိခိုက်စေသည်။ ပန်ကက်စီလာ အမျိုးသားအတွေးအခေါ် ဆိုသည်မှာ အင်ဒိုနီးရှားနိုင်ငံထူထောင်သည့် အခြေခံမူ ၅ ချက်ဖြစ်ပြီး အမျိုးမျိုးဖွင့်ဆိုနိုင်သော အခြေခံမူများဖြစ်သည့် ဘာသာတရား၊ လူသားပီသမှု၊ ညီညွတ်မှု၊ ဒီမိုကရေစီနှင့် လူမှုတရားမျှတမှုတို့ကို ဆိုလိုသည်။
ထိုဥပဒေသစ်ကို လူထုဆန့်ကျင်မှုများ ပေါ်ပေါက်နေပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ အင်ဒိုနီးရှား ဝါရင့်သုတေသီ အန်ဒရီရပ်စ် ဟာဆိုနိုက အဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဒီဇင်ဘာလ ၈ ရက်နေ့က အောက်ပါအတိုင်း ရေးသားခဲ့သည်။ “ထိုအချက်တချက်တည်းဖြင့် အင်ဒိုနီးရှား လူ့အခွင့်အရေး အခြေအနေသည် အဆိုးဘက်သို့ သိသိသာသာပြောင်းလဲသွားပြီး အင်ဒိုနီးရှားမှ ပြည်သူသန်းပေါင်းများစွာသည် ထိုအကြီးအကျယ် ချို့ယွင်းသော ဥပဒေအရ ရာဇဝတ်ကြောင်း တရားစီရင်ခံရနိုင်စေသည်” ဟု ရေးသားခဲ့သည်။
သို့သော် အင်ဒိုနီးရှား အရပ်ဘက် လူမှုအဖွဲ့အစည်းသည် လူ့အခွင့်အရေး အဖွဲ့အစည်းများစွာနှင့် သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းများစွာဖြင့် ခိုင်မာတက်ကြွစွာ ဆက်လက်ရှိနေသဖြင့် ထိုဥပဒေကို အကောင်အထည် ဖော်နိုင်မည်ဆိုသည့်အချက်မှာ သံသယရှိစရာ ကောင်းနေသည်။ လုံးဝ အစွန်းအထင်းမရှိသော ဂုဏ်သတင်းရှိသည့် ထင်ရှားသော အင်ဒိုနီးရှားနိုင်ငံသား သုံးဦး၏ အစီအစဉ်ဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးသို့ တင်သွင်းထားသည့် တောင်းဆိုချက်ကိုလည်း သက်ရောက်မှုရှိမည် မဟုတ်ပေ။
လာမည့်နှစ်တွင် အင်ဒိုနီးရှားသည် ASEAN ဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်သောကြောင့် ထိုဥပဒေကိစ္စကို အခြားအဖွဲ့ဝင် နိုင်ငံများကလည်း ဆွေးနွေးကြမည် ဖြစ်သည်။
လာမည့်နှစ်တွင် အင်ဒိုနီးရှားသည် ASEAN ဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်သောကြောင့် ထိုဥပဒေကိစ္စကို အခြားအဖွဲ့ဝင် နိုင်ငံများကလည်း ဆွေးနွေးကြမည် ဖြစ်သည်။ လက်ရှိအချိန်အထိ ASEAN ၏ မြန်မာ အကျပ်အတည်းဖြေရှင်းရေး အားထုတ်မှုသည် ဘုံသဘောတူညီချက် ၅ ချက်သာ ဖြစ်သည်။ ဘုံသဘောတူညီချက် ၅ ချက်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က ဂျကာတာသို့ ခဏတာ သွားရောက်စဉ် ချမှတ်ခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ် ဖြစ်ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းရန်နှင့် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးရန် တောင်းဆိုထားသည်။
ဆွေးနွေးပွဲလုပ်ငန်းစဉ်များကို ကြားဝင်ချောမွေ့စွာ ဆောင်ရွက်ရန်အတွက် အထူးသံတမန် တဦးကို ASEAN ဥက္ကဋ္ဌက ခန့်အပ်ပြီး ASEAN သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးဌာန (AHA) မှတဆင့် အကူအညီပေးရန်ကိုလည်း ဆုံးဖြတ်ခဲ့သည်။ အဖွဲ့က ချမှတ်ထားသည့် ထိုဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ယန္တရား ASEAN တွင် မရှိသောကြောင့် ထိုဆုံးဖြတ်ချက်များ အကောင်အထည် ပေါ်လာခြင်း မရှိပေ။
ASEAN သည် စစ်ကောင်စီအဖွဲ့ဝင်များ အရေးပါသည့်အစည်းအဝေးများ မတက်ရန်သာ တားမြစ်နိုင်ခဲ့သည်။ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို လက်ရှိ ASEAN ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာလနှောင်းပိုင်းက ကျင်းပသည့် အရှေ့တောင်အာရှ ကာကွယ်ရေးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခွင့် မပေးခဲ့ပေ။
ဂျကာတာမှ တောင်းဆိုမှု ဆက်လက် ရှေ့ဆက်ပြီး စစ်ခေါင်းဆောင် မင်းအာင်လှိုင်နှင့် အပေါင်းအပါများကို အင်ဒိုနီးရှား တရားရုံးတွင် စီရင်နိုင်ပါက လက်ရှိအချိန်တွင် ဆွေးနွေးချက်များသာ ဖြစ်နေသေးသောကိစ္စသည် ASEAN မူဘောင်ပြင်ပမှ ကြီးမားသော အလှည့်အပြောင်း ဖြစ်လာနိုင်သည်။
ASEAN သည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ယခုနှစ်အစောပိုင်းက ကျင်းပသည့် အစည်းအဝေး နှစ်ခုသို့လည်း တက်ရောက်ခွင့်မပေးသလို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ထိပ်သီး ဆွေးနွေးပွဲများသို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းပြုခဲ့ပေ။ ASEAN က ပြုလုပ်သည့် ထိုလျှော့လျှော့ပေါ့ပေါ့ အရေးယူမှုများကိုပင် စစ်ကောင်စီက ဒေါသတကြီး တုံ့ပြန်သည်။
နောက်ဆုံးတကြိမ် ပိတ်ပင်ပြီးနောက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ASEAN ကို ပြစ်တင်ဝေဖန်သည်။ ASEAN သည် ပြင်ပဖိအားကို ရင်ဆိုင်နေရချိန်တွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဆိုသည့် အဖွဲ့၏မူကို ချိုးဖောက်နေကြောင်း သူကပြောသည်။ သို့သော် ဂျကာတာမှ တောင်းဆိုမှု ဆက်လက် ရှေ့ဆက်ပြီး စစ်ခေါင်းဆောင် မင်းအာင်လှိုင်နှင့် အပေါင်းအပါများကို အင်ဒိုနီးရှား တရားရုံးတွင် စီရင်နိုင်ပါက လက်ရှိအချိန်တွင် ဆွေးနွေးချက်များသာ ဖြစ်နေသေးသောကိစ္စသည် ASEAN မူဘောင်ပြင်ပမှ ကြီးမားသော အလှည့်အပြောင်း ဖြစ်လာနိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bertil Lintner ၏ Myanmar’s Generals Could be Brought to Justice in Indonesia ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လစ်တနာသည် ကျော်ကြားသော သတင်းစာဆရာနှင့် မြန်မာရေးရာအထူးပြု စာရေးဆရာ ဖြစ်သည်။)
You may also like these stories :
အင်ဒိုနီးရှား ဘာကြောင့် အရေးပါသလဲ
အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးကို အားလုံးစောင့်ကြည့်နေပြီ
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်