• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

NLD ပါတီတွင်းသပ်လျှိုရန် စစ်ကောင်စီကြိုးစားနေ

by ဧရာဝတီ
27 December 2022
in ဆောင်းပါး
A A
၂၀၂၀ ပြည့်နှစ်က ရန်ကုန်တွင် NLD ထောက်ခံသူများ  / AFP

၂၀၂၀ ပြည့်နှစ်က ရန်ကုန်တွင် NLD ထောက်ခံသူများ / AFP

9.9k
VIEWS
Share on FacebookShare on Twitter

လာမည့်နှစ်တွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဖမ်းဆီးထောင်ချခံ နိုင်ငံတော် အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံလာစေရန် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် နှစ်ဦးကို စေလွှတ်လိုက်သည်။

ရန်ကုန်တိုင်း NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့သည် နေပြည်တော်ရှိ အချုပ်ထောင်တွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် လွန်ခဲ့သောလက တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေါသထွက်သွားပုံရပြီး အဆိုပြုချက်များကို ပယ်ချသည်ဟု ဆိုသည်။

ဒေါ်စန္ဒာမင်း NLD လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူစဉ်

တရားဝင်မှုရအောင် ကြိုးစားနေသော စစ်ကောင်စီနှင့် NLD က ထိုကိစ္စကို လူသိရှင်ကြား မပြောကြားသော်လည်း NLD က ၎င်းတို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မည်သူ့ကိုမျှ တာဝန် မပေးအပ်ထားကြောင်း ထုတ်ပြန်ကြေညာသောကြောင့် NLD အဖွဲ့ဝင်များအကြား သင်းကွဲများရှိနေကြောင်း ဖော်ပြနေသည်။

NLD လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော်သည် လွှတ်တော်သက်တမ်း ကုန်သောအခါ ကိုယ်စားလှယ်များကို ပေးအပ်သည့် နိုင်ငံရေးပင်စင်များကို စစ်ကောင်စီထံမှ လက်ခံခဲ့သည်။ NLD အဖွဲ့ဝင်နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့သည် စစ်ကောင်စီနှင့် ရပ်တည်ကြောင်းလည်း စစ်ကောင်စီက သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောသည်။

ဒေါ်စန္ဒာမင်းသည် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၊ အခြား အဆင့်မြင့်အရာရှိများနှင့် နီးစပ်သည်ဟု သိရသည်။ သူသည် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD အဖွဲ့ဝင် ၁၀ ဦးခန့်အနက် တဦးဖြစ်သည်။ ထိုအဆိုပြုထားသည့် ရွေးကောက်ပွဲကို ပြည်သူအများစုနှင့် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆန့်ကျင်ရှုတ်ချသည်။

တရားဝင်မှုရအောင် ကြိုးစားနေသော စစ်ကောင်စီနှင့် NLD က ထိုကိစ္စကို လူသိရှင်ကြား မပြောကြားသော်လည်း NLD က ၎င်းတို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မည်သူ့ကိုမျှ တာဝန် မပေးအပ်ထားကြောင်း ထုတ်ပြန်ကြေညာသောကြောင့် NLD အဖွဲ့ဝင်များအကြား သင်းကွဲများရှိနေကြောင်း ဖော်ပြနေသည်။

စစ်အာဏာသိမ်းပြီးနောက် NLD အဖွဲ့ဝင်အများစု ပုန်းအောင်းနေရပြီး အများအပြားကိုလည်း စစ်ကောင်စီက သတ်ဖြတ်ထားသည်။

NLD အတွင်း သွေးကွဲစေရန်အတွက် စစ်တပ်က ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများကို အသုံးပြုသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။

စစ်တပ်က မြန်မာကို ဆက်လက် ထိန်းချုပ်နိုင်စေမည့် ကိရိယာတခုဖြစ်သည့် စစ်တပ်ကရေးဆွဲသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင်စေရန် ယခင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသောအခါ NLD အဖွဲ့ဝင် အနည်းငယ်သည် ထိုရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဟံသာဝတီဦးဝင်းတင်တို့ အပါအဝင် အဖွဲ့ဝင်အများစုက ထိုရွေးကောက်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208
ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ယောက်ဖ ဒေါက်တာ သန်းငြိမ်း (ကွယ်လွန်) တို့သည် ပါတီမှထွက်သွားပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို ထူထောင်သည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့သည် စစ်ကောင်စီတွင် ပါဝင်ကြသည်။

ထိုစဉ်က လူမှုအခြေပြုအဖွဲ့အစည်း Myanmar Egress ကို တည်ထောင်သူ၊ စစ်အုပ်စုနှင့် ကျေအေးလိုသူ ဒေါက်တာ နေဝင်းမောင် (ကွယ်လွန်)က ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ စည်းမျဉ်းအတိုင်း လုပ်ဆောင်ပြီး မဲဆန္ဒနယ် ၅၀ ရာခိုင်နှုန်းတွင်သာ ယှဉ်ပြိုင်ပါက ပျော်ရွှင်စရာနိဂုံး ဖြစ်လာမည်ဟု ဝါဒဖြန့်ခဲ့သည်။

NLD အတွင်း သွေးကွဲစေရန်အတွက် စစ်တပ်က ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများကို အသုံးပြုသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁,၁၅၄ နေရာအတွက် စစ်အုပ်စုလိုလားသော နိုင်ငံရေးပါတီ ၃၇ ခု ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၈၈၂ နေရာ အနိုင်ရပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) က ၆၄ နေရာရကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ၅၇ နေရာနိုင်သည်။ NDF က ၁၆ နေရာ အနိုင်ရသည်။ ထိုရွေးကောက်ပွဲတွင် USDP အကြီးအကျယ် မဲလိမ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရသည်။

NDF ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ကြောင့် မဲဆန္ဒရှင်များသည် NDF ကို NLD နှင့် မှားယွင်းမဲပေးခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ခမောက်သည် NLD ၏ အမှတ်တံဆိပ် ဖြစ်သည်။

ကိုယ်ယုံကြည်သည်ကို ကိုယ်လုပ်ပါက သီးခြားလုပ်ဆောင်ခြင်းသာ ကောင်းကြောင်းနှင့် အခြားအဖွဲ့အစည်းများ သို့မဟုတ် အင်အားစုများကို အတုခိုးခြင်းသည် ကောင်းသောလုပ်ရပ် မဟုတ်ကြောင်း ထိုစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ထိုစဉ်က NDF ပထမဆုံးနှင့် နောက်ဆုံးအကြိမ် အနိုင်ရသောအချိန် ဖြစ်သည်။

NDF ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ကြောင့် မဲဆန္ဒရှင်များသည် NDF ကို NLD နှင့် မှားယွင်းမဲပေးခဲ့သည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ခမောက်သည် NLD ၏ အမှတ်တံဆိပ် ဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခု ယှဉ်ပြိုင်သည်။ NLD က အပြတ်အသတ် အနိုင်ရပြီး စုစုပေါင်း ၄၅ နေရတွင် ၄၃ နေရာ အနိုင်ရသည်။ NDF သည် တနေရာမျှ အနိုင်မရပေ။ NDF မှ ထပ်မံခွဲထွက်သည့် အမျိုးသားဒီမိုကရေစီသစ်ပါတီ (NNDP) လည်း တနေရာမျှ အနိုင်မရပေ။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၁ ပါတီ ပါဝင်ယှဉ်ပြိုင်သည်။ NLD က ထိုရွေးကောက်ပွဲတွင် အပြတ်အသတ်နိုင်ပြီး ကိုယ်စားလှယ်နေရာအားလုံး၏ ၇၇ ရာခိုင်နှုန်းအနိုင်ရကာ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး အရပ်သားအစိုးရကို ဖွဲ့စည်းခဲ့သည်။

ထိုအခါ NDF နှင့် NDDP တို့သည် USDP နှင့် နီးစပ်လာသည်။ USDP ၏ ဦးဆောင်မှုဖြင့် NDF နှင့် NNDP အပါအဝင် နိုင်ငံရေးပါတီ ၃၄ ခုတို့သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့ကြသည်။

NLD သည် အကြီးအကျယ် ထပ်မံအနိုင်ရပြီး ကိုယ်စားလှယ်နေရာ အားလုံး၏ ၈၂ ဒသမ ၄ ရာခိုင်နှုန်း အနိုင်ရသည်။ NDF နှင့် NNDP သည် တနေရာမျှ အနိုင်မရပေ။

NDF နှင့် NDDP တို့သည် USDP နှင့် နီးစပ်လာသည်။ USDP ၏ ဦးဆောင်မှုဖြင့် NDF နှင့် NNDP အပါအဝင် နိုင်ငံရေးပါတီ ၃၄ ခုတို့သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အကြောင်းပြကာ လွန်ခဲ့သောနှစ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းသောအခါ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်ကို စစ်ကောင်စီတွင် ခန့်အပ်ခဲ့သည်။

စစ်အာဏာမသိမ်းမီကပင် ၎င်းတို့ နှစ်ဦးလုံး၏ နိုင်ငံရေးဘဝများ သေဆုံးသွားပြီးဖြစ်သည်။ သို့သော် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်လိုက်များလုပ်ရန် ရွေးချယ်ခဲ့ပြီး ပြည်သူက စက်ဆုပ်ရွံရှာစရာ ဖြစ်လာသည်။

ထိုဖြစ်ရပ်များသည် စစ်ကောင်စီနှင့် ပူးပေါင်းရန် စဉ်းစားနေသည့် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များအတွက် သင်ခန်းစာဖြစ်သည်။ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း NDF က လွန်ခဲ့သောအပတ်တွင် ကြေညာပြီး ထိုရွေးကောက်ပွဲသည် နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းမှ ထွက်ပေါက်ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပြုထားသည့် ရွေးကောက်ပွဲသည် အကြီးအကျယ် လိမ်လည်မည်ဖြစ်ကြောင်း၊ ဆက်လက် အကြမ်းဖက်မည့် နည်းလမ်းဖြစ်ကြောင်း NUG နှင့် နိုင်ငံတကာ အသိုက်အဝန်းက ပြောသော်လည်း NDF က အပြင်းအထန် မဲဆွယ်မည်ဖြစ်ကြောင်း ပြောသည်။

NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုဆဲ ဖြစ်ပါက ၎င်းတို့သည် နိုင်ငံရေးအရ ကိုယ့်ကိုကိုယ် သေကြောင်းကြံခြင်းသာဖြစ်သည်။

မြန်မာတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၀ ကျော်တွင် စစ်ကောင်စီက NLD တခုကိုသာ ပစ်မှတ်ထားပြီး ရွေးကောက်ပွဲအောင်မြင်မှုကို ပယ်ဖျက်သည်။ NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။ ပါတီရုံးများကို ဖျက်ဆီးကာ ပါတီဝင်များ၏ နေအိမ်များကို ချိတ်ပိတ်သည်။

NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုဆဲ ဖြစ်ပါက ၎င်းတို့သည် နိုင်ငံရေးအရ ကိုယ့်ကိုကိုယ် သေကြောင်းကြံခြင်းသာဖြစ်ပြီး စက်ဆုပ်စရာကောင်းသော ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ရရှိသည့် ခံစားမှုမျိုးကိုသာ ခံစားရမည်ဖြစ်သည်။

စစ်ကောင်စီကျင်းပသည့် မည်သည့် ရွေးကောက်ပွဲကိုမျှ အသိအမှတ်ပြုမည် မဟုတ်ကြောင်း NLD က ကြေညာထားသည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းမှ Recruiting Renegade NLD Members is Myanmar Regime’s Tactic to Divide the Party ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories :

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် နှစ်ဦး တွေ့ခွင့်ရ

ဦးခင်ရီကို USDP လုပ်ဖော်ကိုင်ဘက်ဟောင်းများ ထောက်ခံ

စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်မှာ ရွေးကောက်ပွဲမဟုတ်

စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ

“စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူထုက ရင်မခုန်ဘူး” လို့ ပြောတဲ့ ဒေါက်တာတေဇာစန်း

Your Thoughts …
Tags: NDFNLDNNDPNUGUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲဦးခင်မောင်ဆွေဦးသိန်းညွန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အမျိုးသမီး ခေါင်းဆောင်မှု မပါရင် လူ့အဖွဲ့အစည်းက မပြည့်စုံနိုင်ဘူး (ရုပ်/သံ)

အမျိုးသမီး ခေါင်းဆောင်မှု မပါရင် လူ့အဖွဲ့အစည်းက မပြည့်စုံနိုင်ဘူး (ရုပ်/သံ)

၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ ပတ်တယားမြို့ လမ်းဘေးရှိ နိုက်ကလပ်တခု/AFP

ရှမ်းမှာ စစ်ရှောင်၊ ထိုင်းမှာ လိင်အလုပ်သမ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved