စစ်အာဏာရှင် တွန်းလှန်ရေးမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU က ပြောပါတယ်။
KNU အနေနဲ့ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဘယ်လိုမူဝါဒတွေ ထားရှိထားလဲ၊ ဗဟိုကော် မတီမှာရော အမျိုးသမီးတွေကို ဘယ်လောက်ထိ နေရာပေးထားလဲ၊ KNU ထိန်းချုပ် နယ်မြေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် စစ်သည်ကျင့်ဝတ်၊ စည်းကမ်း ဥပဒေ ချမှတ်ထားမှုတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးကို ဧရာ၀တီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup