• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူထုက ရင်မခုန်ဘူး” လို့ ပြောတဲ့ ဒေါက်တာတေဇာစန်း

by ဧရာဝတီ
21 October 2022
in အင်တာဗျူး
A A
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူထုက ရင်မခုန်ဘူး" လို့ ပြောတဲ့ ဒေါက်တာတေဇာစန်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူထုက ရင်မခုန်ဘူး" လို့ ပြောတဲ့ ဒေါက်တာတေဇာစန်း

4.5k
VIEWS
Share on FacebookShare on Twitter

မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၃ ခုနှစ်သည် စစ်အာဏာသိမ်းဆန့်ကျင်ရေး “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” ဟု ပြောကြားခဲ့သလို မြန်မာ့အရေး ဖြေရှင်းရန်ကြိုးပမ်းနေသော အာဆီယံအသင်းတွင် အင်ဒိုနီးရှားနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာရန် ရှိသဖြင့် ဒေသတွင်းသံတမန်ရေး၌ မြန်မာ့အရေး ပိုမိုရှေ့တန်းရောက်လာဖွယ် ရှိသည်။ ထို့ပြင် လတ်တလောကျင်းပနေသည့် တရုတ်ကွန်မြူနစ်ပါတီညီလာခံသို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

အထက်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရကို မူဝါဒ လမ်းညွှန်ချက်များ ပေးရေး ဖွဲ့စည်းထားသည့် NUCC တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် ဒေါက်တာတေဇာစန်းနှင့် ဧရာဝတီ ဆက်သွယ်မေးမြန်းထားပါသည်။

အသက် ၃၃ နှစ်အရွယ် ဆရာဝန် ဒေါက်တာတေဇာစန်းသည် ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်များမကြာမီ ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို မန္တလေးတွင် ဦးဆောင်ခဲ့သည်။ အာဏာသိမ်း စစ်အုပ်စု၏ အလိုရှိဆုံးသူများထဲမှ တဦးဖြစ်ပြီး ဆုကြေးငွေ သိန်း ၁၀၀ ဖြင့်ပင် ဖမ်းဝရမ်းထုတ် ကြေညာထားခံရသူလည်း ဖြစ်သည်။

လတ်တလော အာဏာသိမ်း စစ်တပ်ကို ပြင်းပြင်းထန်ထန် တော်လှန်ပုန်ကန်နေသော အညာဒေသ အပါအဝင် နေရာအနှံ့အပြားသို့ ခရီးထွက်ပြီး စစ်ဘေးသင့် ပြည်သူများ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ နေထိုင်နေသူလည်း ဖြစ်သည်။

မေး ။ ။ NUG ဝန်ကြီးတွေက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ တနှစ်အတွင်း တိုက်မယ်လို့ ပြောတာတွေက ဖြစ်နိုင်ပါ့မလား။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကိုယ်တိုင်ကိုက မဟာမိတ်ခိုင်ခိုင်မာမာလုပ်ကြဖို့ အင်အားတည်ဆောက်ကြဖို့ မှာကြားတာကို တွေ့ရတာကိုး။ နောက်ပြီး ကိုတေဇာစန်းလည်း မြေပြင်မှာသိတဲ့အတိုင်း PDF တွေက အခုမှ တနှစ်ပဲရှိသေးတဲ့အခါမှာ စစ်ပုံမကျသေးတဲ့အခြေအနေမှာ တနှစ်အတွင်းက ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ အရင်ဆုံးကတော့ ကျနော့်ရဲ့ နားလည်ချက်ပေါ့။ NUG ရဲ့တနှစ်စီမံချက်အပေါ် ကျနော့်နားလည်ချက်က သူတို့သုံးသွားတဲ့စကားကတော့ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်အဖြစ် ၂၀၂၃ ကို သတ်မှတ်ထားတယ်။ ဒါနဲ့ပတ်သက်ပြီး ၂ မျိုး ခွဲခြားပြီး ပြောလိုပါတယ်။ တပိုင်းကတော့ လူထုအခြေအနေ။ တပိုင်းကတော့ နိုင်ငံရေးအရ ဦးဆောင်မှုပေးနေတဲ့ ဦးဆောင်မှုတာဝန်လည်း ရှိတယ်။ NUG ၊ NUCC ၊ CRPH တွေရဲ့ အခန်းကဏ္ဍပေါ့။

လူထုက ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့အတွက်ကို ဘာကိုပဲပေးဆပ်ရ ပေးဆပ်ရ ဘယ်လိုပဲ ပါဝင်ရ ပါဝင်ရ လုံးဝ စိတ်ပိုင်းဖြတ်ထားတာကို ကျနော်တို့ ကောင်းကောင်းကြီးပြောနိုင်တယ်။ ကောင်းကောင်းကြီး တွေ့ရမှာဖြစ်ပါတယ်။ ကျရာတာဝန်က ပါမယ်။ နိုင်ရာတာဝန် ထမ်းမယ်ဆိုတာကတော့ လုံးဝသေချာပါတယ်။

လူထုရဲ့အခြေအနေကို ကျနော့်ရဲ့နားလည်တွေ့ရှိချက်အရ ပြောရမယ်ဆိုရင်တော့ လူထုက ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့အတွက်ကို ဘာကိုပဲပေးဆပ်ရ ပေးဆပ်ရ ဘယ်လိုပဲ ပါဝင်ရ ပါဝင်ရ လုံးဝ စိတ်ပိုင်းဖြတ်ထားတာကို ကျနော်တို့ ကောင်းကောင်းကြီးပြောနိုင်တယ်။ ကောင်းကောင်းကြီး တွေ့ရမှာဖြစ်ပါတယ်။ ကျရာတာဝန်က ပါမယ်။ နိုင်ရာတာဝန် ထမ်းမယ်ဆိုတာကတော့ လုံးဝသေချာပါတယ်။

တချိန်ထဲမှာပဲ တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် တော်လှန်ရေးရဲ့ တပ်ဦး ဦးဆောင်မှုတာဝန်မှာရှိနေကြတဲ့ NUG ၊ NUCC ၊ CRPH တနည်းပြောရရင်တော့ နိုင်ငံရေးအရ တပ်ဦးအင်အားစုတွေရဲ့ တပ်ပေါင်းစု ညီညွတ်မှု ဘယ်လောက်ထိ တည်ဆောက်နိုင်ကြမလဲ။ လက်ရှိ NUG ၊ NUCC ၊ CRPH ပါဝင်နေပြီးသား အင်အားတွေရှိလိမ့်မယ်။ မဟာမိတ်အင်အားစုတွေပေါ့။ တချိန်ထဲမှာပဲ မပါသေးတဲ့အင်အားတွေ ကျန်ပါသေးတယ်။ NUCC ထဲမှာ မပါသေးသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ အများကြီးကျန်သေးတယ်။

ဒေါက်တာတေဇာစန်းသည် ၂၀၂၁ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်များမကြာမီ ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို မန္တလေးတွင် ဦးဆောင်ခဲ့သည်

တော်လှန်ရေးအမြန်အောင်ဖို့ NUG ကြေညာသလို ၂၀၂၃ ကို အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်ဖို့ဆိုရင်တော့ ကျနော်ထင်တယ် နိုင်ငံရေးတပ်ပေါင်းစု တည်ဆောက်နိုင်ရေးသည် အင်မတန်အရေးကြီးပါတယ်။ လက်ရှိအခြေအနေကတော့ ရာခိုင်နှုန်းပြည့် ပြီးပြည်စုံတဲ့အခြေအနေမှာ ရှိမနေသေးဘူးလို့ ကျနော့်အနေနဲ့ ရှုမြင်ပါတယ်။

ဒီထက် ပိုမိုကောင်းမွန်တဲ့ တပ်ပေါင်းစု ဒီထက် ပိုမိုစည်းလုံးသော ညီညွတ်သော ရေပက်မဝင်သော ညီညွတ်ရေး တည်ဆောက်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူတွေ လိုချင်တဲ့ NUG ပြောသွားတဲ့ ၂၀၂၃ သည် အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်ဆိုတာ ဖြစ်နိုင်ချေရှိတယ်လို့ ယူဆတယ်။ ကျနော်တို့အားလုံး NUG၊ NUCC၊ CRPH စတဲ့ နိုင်ငံရေးတပ်ဦးအင်အားစုတွေအနေနဲ့ ဆထက်ထမ်းပိုး ပြည်သူ့အကျိုးအတွက် ကြိုးစား ရုန်းကန် တိုက်ပွဲဝင် အလုပ်လုပ်ကြဖို့အချိန်က ရောက်လာပြီလို့ ကျနော်ပြောချင်တယ်။ အပြောတွေထက် အလုပ်နဲ့ သက်သေပြရတော့မယ့် အချိန်ရောက်ရတော့မယ်လို့ ပြောကြားလိုပါတယ်။

မေး ။ ။ NUCC က နွေဦးတော်လှန်ရေးမှာ အရပ်သားအဖွဲ့အစည်းတွေရော CDM လုပ်ကြတဲ့အဖွဲ့တွေရော နိုင်ငံရေးပါတီတွေ (ဒီထဲကမှ လူ့ဘောင်သစ်ပါတီပဲ ကျန်တော့တယ်။ NLD က ထွက်သွားပြီ) အဲဒီလိုမျိုး ဖွဲ့စည်းထားပေမယ့် လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တော်တော်များများ ဝင်မပါကြဘူး။ သူတို့က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုယ်စီနဲ့ နောက်ပြီး နိုင်ငံရေးနဲ့ စစ်ရေးမှာ ဘုံမဟာမိတ်ကိုယ်စီ ဖွဲ့ပြီးသွားနေတဲ့ အခင်းအကျင်းမှာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတို့က ဘယ်လိုပေါင်းစပ်ပြီးတော့ မဟာမိတ်ဖွဲ့နိုင်မလဲ။ နောက်တဆင့်က ဘာလို့ မြင်လဲ။

ဖြေ ။ ။ ကျနော့်ရဲ့ ရှုမြင်ပုံကတော့ ကျနော်တို့ နွေဦးတော်လှန်ရေးသည် လွတ်လပ်ရေးရပြီး သမိုင်းတလျှောက်မှာ နှစ်ပေါင်း ၇၀ ကျော်တောင်းဆိုခဲ့တဲ့ စစ်မှန်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ နိုင်ငံအသစ်တခု နိုင်ငံရေးစကားအရ ပြောမယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်ဖို့ရာအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်တယ်လို့ရှုမြင်ပါတယ်။ ဒီတော့ ဒီရည်မှန်းချက်ပန်းတိုင်အတွက် ကိုယ်စီတိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ရှိကြပါတယ်။ တချို့တွေ နှစ်ပေါင်း ၇၀ ကျော်တော်လှန်ရေး လုပ်ခဲ့ကြတယ်။ တချို့ဆို နှစ်ပေါင်း ၆၀ ကျော် ၊ တချို့တွေ ၅၀ပေါ့။

ကျနော်တို့ နိုင်ငံရဲ့ လူအများစုဖြစ်တဲ့ အချိုးအစားအရလည်းများတဲ့ ဗမာတိုင်းရင်းသားတွေ ကျနော်အပါအဝင် အညာသားတွေကိုယ်တိုင်က တိုက်ပွဲဝင်နေကြပြီ။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် အခက်အခဲတွေဖြစ်သလို အခွင့်အရေးတွေဖြစ်တယ်လို့လည်း ပြောလိုပါတယ်။ ဒီအခွင့်အရေးကောင်းကြီးကို မိမိရရ ဖမ်းဆုပ်ရယူနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ကျနော်တို့ နိုင်ငံရဲ့ လူအများစုဖြစ်တဲ့ အချိုးအစားအရလည်းများတဲ့ ဗမာတိုင်းရင်းသားတွေ ကျနော်အပါအဝင် အညာသားတွေကိုယ်တိုင်က တိုက်ပွဲဝင်နေကြပြီ။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် အခက်အခဲတွေဖြစ်သလို အခွင့်အရေးတွေဖြစ်တယ်လို့လည်း ပြောလိုပါတယ်။ ဒီအခွင့်အရေးကောင်းကြီးကို မိမိရရ ဖမ်းဆုပ်ရယူနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကြောင့် ကျနော်တို့ NUG ၊ NUCC ၊ CRPH အင်အားစုတွေ အနေနဲ့လည်းပဲ မိတ်ဖက်ဖြစ်နိုင်ချေရှိတဲ့ အင်အားစုတွေ အားလုံးကို ချိတ်ဆက်နိုင်ဖို့ စည်းရုံးနိုင်ဖို့ ထိတွေ့ကြဖို့ စကားပြောကြဖို့ စုစည်းညီညွတ်ကြဖို့ နွေဦးတော်လှန်ရေးကြီးမှာ ဖြစ်လာနိုင်ဖို့ မျှော်လင့်တယ်။ အဲဒီလိုဖြစ်လာနိုင်ဖို့လည်း ဖြစ်အောင်လည်း လုပ်ရမယ်။

ဒီနိုင်ငံမှာ ဒီနေ့အချိန်မှာ ဘက် ၂ ဘက်ပဲ ရှိရမှာဖြစ်ပါတယ်။ တဖက်ကတော့ အကြမ်းဖက်စစ်အာဏာသိမ်းအုပ်စုဖြစ်ပါတယ်။ တဖက်က ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီကို အစစ်အမှန်လိုလားတဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်ရပါတယ်။ ဒါကြောင့် ဒီအတွက်ဆိုရင် အမျိုးသားညီညွတ်ရေး သရုပ်သဏ္ဍာန်အဖြစ် ပြောလို့ရသလို အမျိုးသားညီညွှတ်ရေးကို အဓိကလုပ်နေတဲ့ အမျိုးသားညီညွှတ်ရေးကောင်စီဆိုတာ ရှိတယ်။ NUCC ကနေ ရေးဆွဲချမှတ်ထားတဲ့ ဖက်ဒရယ်ပဋိညဉ် အစိတ်အပိုင်းတွေကို ပြဌာန်းထားပြီးသားဖြစ်တယ်။ ဒါသည် ကျနော်တို့ တိုင်းပြည်ရဲ့ တန်ဖိုးကြီးတဲ့ ရလဒ်ကြီးဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စု၏ အလိုရှိဆုံးသူများထဲမှ တဦးဖြစ်ပြီး ဆုကြေးငွေ သိန်း ၁၀၀ ဖြင့်ပင် ဖမ်းဝရမ်းထုတ် ကြေညာထားခံရသူလည်း ဖြစ်သည်

အချုပ်ပြောရရင် မပါသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေအနေနဲ့ နွေဦးတော်လှန်ရေးသည် ကျနော်တို့ အားလုံးရဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ ဒီတိုင်းပြည်ကို နှစ်ပေါင်း ၇၀ ကျော် ဒုက္ခပေးခဲ့တဲ့ အာဏာရှင်ကို လဲဖြိုတိုက်ပွဲဝင်နိုင်ဖို့ဆိုရင် ဒီအခွင့်အရေးကို မိမိရရ ဖမ်းဆုပ်နိုင်ဖို့ လိုပါတယ်။ တချိန်ထဲမှာပဲ NUG၊ NUCC၊ CRPH ခေါင်းဆောင်ကြီးတွေကိုလည်း ကျနော့်အနေနဲ့ တိုက်တွန်းတင်ပြရမယ်ဆိုရင်တော့ ဒီထက်ပိုများသော မိတ်ဖက်တွေဖြစ်ဖို့ ပိုလိုအပ်လာပါပြီ။ မဟာမိတ်ဖြစ်နိုင်ချေရှိတဲ့ အင်အားစုတွေနဲ့ စကားပြောဖို့ လိုပါပြီ။ လက်တွဲနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ ကျနော်ပြောကြားလိုပါတယ်။

မေး ။ ။ ကျနော်တို့က သတင်းမီဒီယာသမားဆိုတော့ NUG ရဲ့ သတင်းပြန်ကြားဆက်သွယ်ရေးပိုင်းကို အားမရဘူး။ ယူကရိန်းနဲ့ယှဉ်ရင် ဟိုက သမ္မတနဲ့ အစိုးရဟာ မီဒီယာတွေနဲ့ အမြဲဆိုသလို ထိတွေ့ဆက်ဆံပြီး ဆိုရှယ်မီဒီယာမှာ နေ့စဉ်ဆိုသလို တွေ့နေရတယ်။ ကိုတေဇာစန်းအနေနဲ့ မြေပြင်မှာရှိပြီး PDF တွေနဲ့ တွေ့နေရတော့ သူတို့တွေ NUG အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ပြည်သူတွေရဲ့ အမြင်လို့ပြောရင် PDF တွေ စစ်သည်တော်အပါအဝင်ပေါ့။ နံပါတ်တစ်ကတော့ ကျနော်တို့ မြန်မာနိုင်ငံလူထုရဲ့ ပင်ကိုယ်စိတ်အတိုင်းပဲ အစိုးရတရပ်အဖြစ် အားကိုးတယ်။ တိုင်းပြည်မှာ စစ်အာဏာရှင်ကို လဲဖြိုနိုင်ပြီးတော့ ဒီမိုကရေစီအရေးတွေ ဆောင်ကြဉ်းပေးနိုင်မယ့် အစိုးရတရပ်အဖြစ် အားကိုးတဲ့ ယုံကြည်တဲ့စိတ်က ရှိပါတယ်။ တချိန်ထဲမှာပဲ အားကိုးစိတ်နဲ့အတူ ဖြစ်ချင်တဲ့အတိုင်း အပြည့်အဝမဖြစ်တဲ့အခါမှာ အားမလိုအားမရစိတ်ရှိပါတယ်။

ကျနော်တို့ တော်လှန်ရေးသည် ကိုယ်ထူကိုယ်ထဖြစ်ပါတယ်။ ပြည်သူတွေဆီက အလှူငွေနဲ့ပဲ အဓိကရပ်တည်နေတာဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒအတိုင်း မဖြစ်တဲ့အခါမှာ အားမလိုအားမရမှုတွေ ဖြစ်ကြတာဖြစ်ပါတယ်။

ကျနော်တို့ PDF တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာဆိုရင် လိုအပ်ချက်ကို တနိုင်ငံလုံးသိတယ်။ လက်နက်မီးယမ်းကျောက်ပေါ့။ ဒါနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ NUG အစိုးရကို အားကိုးသလို လိုသလောက်မရသေးတဲ့အခါမှာ အားမလိုအားမရစိတ်ဖြစ်ကြတယ်။ ကျနော်တို့ တော်လှန်ရေးသည် ကိုယ်ထူကိုယ်ထဖြစ်ပါတယ်။ ပြည်သူတွေဆီက အလှူငွေနဲ့ပဲ အဓိကရပ်တည်နေတာဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒအတိုင်း မဖြစ်တဲ့အခါမှာ အားမလိုအားမရမှုတွေ ဖြစ်ကြတာဖြစ်ပါတယ်။

မေး ။ ။ NUCC အနေနဲ့ တရုတ် ကွန်မြူနစ်ပါတီ ကွန်ဂရက်ကို သဝဏ်လွှာပေးပို့တာ တွေ့ရပါတယ်။ တရုတ်ကို မြန်မာစစ်တပ်ကို လက်နက်ရောင်းပေးနေတဲ့သူ လုံခြုံရေးကောင်စီမှာ အကာအကွယ်ပေးနေတဲ့လူလို့ မမြင်ဘူးလား။

ဖြေ ။ ။ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးပြောရရင် တရုတ်သည် မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၁ထောင်ကျော် နယ်နိမိတ်ချင်းထိကပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆိုလိုချင်တာက ကျနော်တို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုတာ ကမ္ဘာတည်သ၍ ယှဉ်တွဲပြီး အိမ်နီးချင်းနိုင်ငံအဖြစ် နေသွားကြရမှာဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး အေးချမ်းရေးသည် တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအစိုးရရဲ့ မြန်မာ့အရေးသဘောထားတွေကလည်း ကျနော်တို့ မြန်မာနိုင်ငံဒီမိုကရေစီအရေးအပေါ်မှာ အများကြီးသက်ရောက်မှုရှိတယ်ဆိုတာ ပြည်သူအားလုံးနားလည်ကြပါတယ်။ ပြောချင်တာကတော့ ကျနော်တို့ ပြည်သူတရပ်လုံးတိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေး အကျိုးစီးပွားသည် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှသာလျှင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်အစိုးရ ပြည်သူတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံသဘောထားကို နားထောင်ကြဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံသမိုင်းကို ကြည့်လိုက်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးမှာ အကောင်းဆုံးအခြေအနေသည် မြန်မာနိုင်ငံမှာ ပြည်သူ့အစိုးရတက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဦးနုခေတ်ကြည့်မလား NLD လက်ထက်ကြည့်မလား။ ပြည်သူကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးစနစ်ရှင်သန်မှသာလျှင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဖြစ်ပါလိမ့်မယ်။

အဲဒီလိုမဟုတ်ဘဲ လက်တဆုပ်စာ စစ်အုပ်စုနဲ့ပဲ ထိတွေ့မယ်။ စိတ်အုပ်စုအလိုကျပဲ ရပ်တည်နေမယ်ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကျိုးစီးပွားပါ ဆုံးရှုံးနစ်နာရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံသမိုင်းကို ကြည့်လိုက်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးမှာ အကောင်းဆုံးအခြေအနေသည် မြန်မာနိုင်ငံမှာ ပြည်သူ့အစိုးရတက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဦးနုခေတ်ကြည့်မလား NLD လက်ထက်ကြည့်မလား။ ပြည်သူကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးစနစ်ရှင်သန်မှသာလျှင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဖြစ်ပါလိမ့်မယ်။ တရုတ်နဲ့ မြန်မာဆိုတာ ကမ္ဘာတည်သ၍ အတူယှဉ်တွဲနေထိုင်ရမယ့် နိုင်ငံ ၂နိုင်ငံဖြစ်ပါတယ်။

မေး ။ ။ လာမယ့်နှစ်ဆိုရင် အာဆီယံဥက္ကဌက အင်ဒိုနီးရှားဖြစ်လာတော့မှာဆိုတော့ မြန်မာ့အရေးကိုင်တွယ်တဲ့နေရာမှာ ပိုပြီးတက်ကြွလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ပြည်သူတွေက အာဆီယံနဲ့ ပတ်သက်ရင် အများကြီးမျှော်လင့်ချက်မရှိပါဘူး။ စပြီးဖွဲ့ကတည်းက ဒီနေ့အချိန်ထိ ၂ နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတာမျိုးတွေနဲ့ ရပ်တည်ခဲ့တယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲမှာလည်း အာဏာရှင်နိုင်ငံတွေ တပါတီကြီးစိုးတဲ့ နိုင်ငံတွေ ပါတယ်။ ရှေ့မှာ ဥက္ကဌဖြစ်မယ့် အင်ဒိုနီးရှားနိုင်ငံကတော့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ရင် ရပ်တည်ချက်မှန်မှန်ကန်ကန်နဲ့ ရှိခဲ့တာကို သတိပြုမိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အာဆီယံဥက္ကဖြစ်မယ့်နှစ်ကို တစုံတရာမျှော်လင့်ချက်ရှိတယ်။

မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး ၊ အေးချမ်းရေးသည် အာဆီယံရဲ့ ဘုံအကျိုးစီးပွားနဲ့လည်း အများကြီးပတ်သက်ပါတယ်။ တိုက်ရိုက်အချိုးကျပါတယ်။ မြန်မာနိုင်ငံက အခုလို အာဏာရှင်သက်ဆိုးရှည်နေမယ် ပြဿနာတွေက ထပ်ပြီးတော့ အာဆီယံအတွက် ကောင်းကျိုးရှိမှာမဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတရပ်ဖြစ်ဖို့ဆိုရင် အာဏာရှင်စနစ် စစ်အုပ်စု မရပ်တည်နိုင်မှဖြစ်မယ်။ ကျနော်တို့ ပြည်သူကိုယ်စားပြု ဒီမိုကရေစီစနစ် ဆောင်ကြဉ်းနိုင်မှသာလျှင် အာဆီယံရဲ့ အကျိုးစီးပွားကိုက်ညီမှာ ဖြစ်တယ်လို့ပြောချင်တယ်။

အညာဒေသ အပါအဝင် နေရာအနှံ့အပြားသို့ ခရီးထွက်ပြီး စစ်ဘေးသင့် ပြည်သူများ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ နေထိုင်နေသူလည်း ဖြစ်သည်

အဲဒီတော့ မြန်မာပြည်သူတွေရဲ့ အရေးဟာ အာဆီယံတွေရဲ့ အရေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေ နှိပ်စက်ခံနေရတယ်။ သတ်ဖြတ်ခံနေရတယ်ဆိုတာ အာဆီယံအတွက် အရေးကြီးတယ်ဆိုတာကို သတင်းစကားပြောချင်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲကျင်းပဖို့ ပြင်နေကြတာ တွေ့တယ်။ UEC တင်ဒါခေါ်တာတွေ ရှိတယ်။ ကြံ့ခိုင်ရေးပါတီကလည်း ညီလာခံခေါ်ပြီး ပြင်ဆင်ဖွဲ့စည်းတာတွေ နောက်ပြီး လတ်တလောဆိုရင် ဦးကိုကိုကြီးတို့ ပြည်သူ့ပါတီ ရုံးခန်းတွေ ဖွင့်တာတွေရှိတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို ဖမ်းထားပြီး လုပ်မယ့် ရွေးကောက်ပွဲက ဘယ်လိုရွေးကောက်ပွဲဖြစ်မလဲ။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
183
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.4k

ဖြေ ။ ။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ပထမတချက်အနေနဲ့ ဖြစ်နိုင်ချေ ရှိမရှိက ကျနော် နွေဦးတော်လှန်ရေးအတွင်း ဒေသတွေ အများကြီးရောက်တယ်။ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းတခွင်ပေါ့။ တော်တော်များများမှာ NUG ဦးဆောင်တဲ့ စိုးမိုးနယ်မြေတွေ ထိန်းချုပ်နယ်မြေတွေ ဖြစ်နေပြီ။ ဒေသခံပြည်သူတွေက ဒီရွေးကောက်ပွဲကို စိတ်ကိုမရောက်ဘူး။ ရင်ကိုမခုန်ဘူး။ ရှင်းရှင်းလေးပဲ။

ဒီရွေးကောက်ပွဲက ဘာကြောင့်လုပ်လဲ။ စစ်အုပ်စုအနေနဲ့ လက်နက်ရှိတယ်ဆိုရုံနဲ့ အုပ်ချုပ်လို့ မရတော့ဘူး။ ရွေးကောက်ပွဲလုပ်မှ ရတော့မယ်။ အတုအယောင် ဟန်ပြ ကလိမ်စေ့ဉာဏ်ဆင်ပြီးတော့ ဗျူဟာအနေနဲ့ လုပ်တယ်ဆိုတာ ပြည်သူကကောင်းကောင်းသိတယ်။ ရင်ကိုမခုန်ဘူး။

ဒီရွေးကောက်ပွဲက ဘာကြောင့်လုပ်လဲ။ စစ်အုပ်စုအနေနဲ့ လက်နက်ရှိတယ်ဆိုရုံနဲ့ အုပ်ချုပ်လို့ မရတော့ဘူး။ ရွေးကောက်ပွဲလုပ်မှ ရတော့မယ်။ အတုအယောင် ဟန်ပြ ကလိမ်စေ့ဉာဏ်ဆင်ပြီးတော့ ဗျူဟာအနေနဲ့ လုပ်တယ်ဆိုတာ ပြည်သူကကောင်းကောင်းသိတယ်။ ရင်ကိုမခုန်ဘူး။

ဒီရွေးကောက်ပွဲကို မြေပြင်မှာ ကျေးရွာအများစုဟာလည်း NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက စိုးမိုးထားတာဖြစ်တယ်။ စစ်ကောင်စီက လက်နက်အားကိုးပြီး စိုးမိုးထားတဲ့နေရာတွေရှိတယ်။ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေ တချို့သောနေရာ အနည်းစုပေါ့။ အဲဒီလိုနေရာတွေကိုလည်း ကျနော်ယုံကြည်တယ်။ တကယ့် ပြည်သူစစ်စစ်တွေက ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ ထောက်လည်း မထောက်ခံဘူး။ အားလည်း အားမပေးဘူး။ စစ်အုပ်စုကတော့ သူ့ရဲ့ထွက်ပေါက်တရပ်အဖြစ် ဟန်ပြလုပ်ပြလိမ့်မယ်။ နိုင်ငံတကာကို မျက်လှည့်ပြချင်တာပေါ့။

ကျနော်တို့ မဲပေးမယ့် ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှာလည်း မဟုတ်ဘူး။ ထောက်ခံမှာလည်း မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ မြေပြင်မှာ လက်တွေ့ကျင်းပနိုင်စရာ အကြောင်းမရှိဘူးလို့ပြောချင်တယ်။။ ပြည်သူတွေအနေနဲ့ လုံးဝစိတ်ဝင်စားမှာ မဟုတ်ဘူးလို့ အတိအလင်းပြောလိုပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးမျက်လှည့်ပြပွဲ နိုင်ငံရေးဂျင်းသာဖြစ်တယ်။ လူထုအနေနဲ့ကတော့ ရင်မခုန်ဘူးလို့ ပြောချင်ပါတယ်။

မေး ။ ။ ထပ်ဖြည့်ပြောချင်တာ ရှိရင် ပြောပါ။

ဖြေ ။ ။ ကျနော်တို့ ဒီတော်လှန်ရေးဘာကြောင့် ဆင်နွှဲရလဲ။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတော်မတရားမှုကို လက်မခံနိုင်တဲ့အတွက် နည်းလမ်းမျိုးစုံနဲ့ အခုလိုဆန့်ကျင်နေတာဖြစ်တယ်။ အဆုံးသတ်တဲ့တနေ့မှာ ဓမ္မဘက်ကသာ မုချအောင်ပွဲဆင်ရမှာဖြစ်တယ်။ တော်လှန်ရေးခရီးတို့မည်သည် ပန်းခင်းလမ်းမဟုတ်တဲ့အတွက် အခက်အခဲတွေ ရှိပါလိမ့်မယ်။ လွတ်မြောက်မှုကို လိုချင်ရင် အလကားမရပါဘူး။ လွတ်မြောက်မှုနဲ့ ထိုက်တန်တဲ့ တန်ရာတန်ကြေး အရင်းအနှီးတွေ ပေးဆပ်ရမှာက ဓမ္မတာပါ။ ဒါကြောင့် ကျနော်တို့ ပြည်သူအားလုံးက ပြည်သူ့တော်လှန်ရေးဖြစ်တာနဲ့အညီ လုံးဝသွေးမအေးဘဲ သွေးမကွဲဘဲ တော်လှန်ရေးကို ဆက်လက်ချီတက်ကြပါစို့လို့ ပြောလိုပါတယ်။

You may also like these stories :

သမ္မတ ဦးဝင်းမြင့်ကို နိုင်ငံတကာက မေ့လျော့နေ

စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ

“တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့”

စစ်အာဏာရှင်လက်အောက် ပါတီနိုင်ငံရေးကို လက်ပြနှုတ်ဆက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး

မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်

Your Thoughts …
Tags: AseanCRPHNUCCNUGစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဒေါက်တာတေဇာစန်းလူထုက ရင်မခုန်ဘူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အင်းစိန် အကျဉ်းထောင် / ဧရာဝတီ

အင်းစိန်ထောင်တွင်း အထူးတရားရုံးစစ်ဆေးမှု နှစ်ပတ်ခန့်ပိတ်

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မံယူးကြီး ကျေးရွာရှိ ဆေးရုံ

ဗန်းမောက်မြို့နယ်က ဆေးရုံ ၂ ရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved