• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့”

by ဧရာဝတီ
17 October 2022
in အင်တာဗျူး
A A
တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက် ပထမနေ့

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက် ပထမနေ့

9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အင်အားကြီးနိုင်ငံ တခုဖြစ်သော တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက်ကို အောက်တိုဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ မြို့တော် ဘေဂျင်းတွင် ကျင်းပနေသည်။

ကွန်ဂရက်တွင် လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၊ အစိုးရနှင့် တပ်မတော်ကို နောက်ထပ် ဦးဆောင်ခွင့်ရကြောင်း လေ့လာသူများက ဆိုသည်။

တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှုနှင့် မူဝါဒအပြောင်းအလဲဖြစ်နိုင်သည့် အကြိမ် ၂၀ မြောက် ကွန်ဂရက်ကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများအပါအဝင် လေ့လာသူများက သတိထား စောင့်ကြည့်နေသည်။

သို့ဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက်သည် မည်သည့် ထူးခြားမှုများရှိပြီး မြန်မာနိုင်ငံအပေါ် မည်သည့် သက်ရောက်မှုများရှိနိုသည်ကို သိရှိနိုင်ရန် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

ထူးခြားတာက နိုင်ငံတကာအခြေအနေက အတော်ထူးခြားတယ်ပေါ့။ သူတို့ရဲ့ လုပ်ဟန်မှာလည်း ထူးခြားမှုတွေရှိတယ်။ နိုင်ငံတကာအခြေအနေက ခါတိုင်းလို ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်း မဟုတ်ဘူးပေါ့။ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် လုပ်မရဘဲနဲ့ ပြဿနာတွေဖြစ်နေတယ်ပေါ့။

မေး ။ ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ကွန်ဂရက် အောက်တိုဘာ ၁၆ ရက်မှာ ပြုလုပ်မယ်လို့ ကြားပါတယ်။ ဘာတွေ ထူးခြားနိုင်ပါသလဲ။ ဘာတွေ အပြောင်းအလဲဖြစ်နိုင်ပါသလဲ။

ဖြေ ။ ။ သူက သမားရိုးကျ အစည်းအဝေးလည်း ဖြစ်တယ်၊ ထို့အတူ ထူးခြားချက်တွေလည်း ရှိတယ်။ သမားရိုးကျအစည်းအဝေး ဆိုတာက သူတို့ပါတီက ၅ နှစ် ၁ ကြိမ်လုပ်တာဖြစ်တာကိုး။ တပြည်လုံးမှာရှိတဲ့ ပါတီဝင်ကိုယ်စားလှယ်တွေက အဲဒီမှာ တက်တာပေါ့။ တက်ပြီးတော့ ၅ နှစ်က လုပ်ခဲ့တဲ့ ဗဟိုကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို အရင်တင်ပြရတာပေါ့။ သူတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ တင်ပြပြီး နောင်လည်း ဘာတွေလုပ်မယ်ဆိုတာ ဝိုင်းဆွေးနွေးကြပေါ့။ နောင် ၅ နှစ်အတွက် ခေါင်းဆောင်ကိုလည်း ရွေးတာပေါ့။ ဗဟိုကော်မတီတို့ ၊ နိုင်ငံရေးဦးဆောင်အဖွဲ့တို့ပေါ့။ ဒါတွေက သမားရိုးကျလုပ်ဟန်ပေါ့။ ထူးခြားတာက နိုင်ငံတကာအခြေအနေက အတော်ထူးခြားတယ်ပေါ့။ သူတို့ရဲ့ လုပ်ဟန်မှာလည်း ထူးခြားမှုတွေရှိတယ်။ နိုင်ငံတကာအခြေအနေက ခါတိုင်းလို ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်း မဟုတ်ဘူးပေါ့။ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် လုပ်မရဘဲနဲ့ ပြဿနာတွေဖြစ်နေတယ်ပေါ့။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
184
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.4k
တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက် ဖွင့်ပွဲတွင် ရှီကျင့်ဖျင် မိန့်ခွန်းပြောရန် အလာ

ကိုဗစ်ဖြစ်တာကလည်း ၃ နှစ်ရှိပြီ။ ကိုဗစ်ကြောင့် စီးပွားရေးအကျကလည်း အခုထိ နာလန်မထူနိုင်သေးဘူး။ ဒုတိယကတော့ နိုင်ငံတကာ ဆက်ဆံရေးပေါ့။ ယူကရိန်းနှင့် ရုရှား ဖြစ်နေတာ၊ အမေရိကန်နဲ့ တရုတ်တင်းမာမှု။ ထိုင်ဝမ်အရေးပေါ့။ ဒီဟာတွေဖြစ်နေတဲ့ကာလပေါ့။ သမာရိုးကျနဲ့ကင်းကွာတာက တိန့်ရှောင်ဖိန်ခေတ်မှာ တံခါးဖွင့်ပေါ်လစီနဲ့ ယဉ်ကျေးမှုတော်လှန်ရေးဘက်က အဖြစ်အပျက်တွေကို နိဂုံးချုပ်ပြီးတော့ ခေါင်းဆောင်တွေဟာ အသက်အတိအကျ အပိုင်းအခြားနဲ့ ၆၈ နှစ်မှာ တာဝန်က ရပ်နားရတာပေါ့။ တာဝန် ၂ ကြိမ်ပေါ့။ ၁၀ နှစ်ထက်ပိုပြီး အမြင့်ဆုံးတာဝန်ကို မယူရဘူးလို့ သတ်မှတ်တယ်။ အဲဒါကို ၂၀၁၇ လား၊ ၂၀၁၈ မှာလားတော့မသိဘူး။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီက ဖျက်လိုက်တယ်။ အမှန်ဆို ရှီကျင့်ဖျင်က ၁၀ နှစ်ပြည့်သွားပြီ။ နေရာဖယ်ပေးပြီး အသစ်ကို တင်ရမှာပေါ့။ ဒါပေမယ့် သူက ဆက်ပြီးတော့ တတိယအကြိမ် လုပ်မယ့်သဘောရှိတာပေါ့။ အဲဒါကတော့ ထူးခြားချက်ပေါ့။

ဒီမှာဘာတွေ ဆုံးဖြတ်ကြမလဲဆိုတော့ ရှေ့ ၅ နှစ်မှာ ဘာတွေလုပ်ကြမလဲ။ စီးပွားရေးအရ ၊ လူမှုရေးအရ ဘာတွေလုပ်ကြမလဲပေါ့။ အခု ရှီကျင့်ဖျင်လုပ်နေတဲ့ လမ်းတခုရှိတယ်။ ကမ္ဘာကြီးမှာရှိတဲ့ Globalization မှာ၊ လူ့အဖွဲ့အစည်းကြီးမှာ တနိုင်ငံတည်းကပဲ ဖြေရှင်းလို့မရဘူး။ အားလုံး စုပေါင်းဖြေရှင်းမှရမယ်။ ဒါကြောင့် တကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ၊ ဖွံ့ဖြိုးရေး ၊ လုံခြုံရေးကို သူ့အတွေးအခေါ်နဲ့ တင်လာတာပေါ့။ အဲဒီမှာ သူပြောတာကတော့ အနာဂတ်တွေမျှဝေထားတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ ဆိုတာပေါ့။ အဲဒီဟာနဲ့ တဆက်တည်း ပိုးလမ်းစီမံကိန်းကိစ္စတွေလည်း ပါမှာပေါ့။ ပါတီဖွဲ့စည်းပုံ ပြင်မယ့်ကိစ္စလည်း လုပ်မယ့်အခြေအနေ ရှိပါတယ်။

မေး ။ ။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ရော တရုတ်နိုင်ငံရဲ့ မူဝါဒက တစုံတရာ အပြောင်းအလဲဖြစ်နိုင်သလား။ ဘယ်လိုထင်လဲ။

ဖြေ ။ ။ မြန်မာပြည်နဲ့ ပတ်သက်ရင်တော့ ထူးထူးခြားခြား ပြောင်းလဲစရာမရှိဘူး။ သူက စီးပွားရေး ပြန်လည်ဦးမော့အောင်လုပ်ဖို့ အာရှ တတိုက်လုံးကို သူက ကြည့်နေတာပေါ့။ အလယ်ပိုင်း အာရှက ဥဇဘက်ကစ္စတန်တို့ ဘာတို့ကို ရှီကျင့်ဖျင်ကိုယ်တိုင် သွားတာရှိတယ်။ အာဆီယံ ၁၀ နိုင်ငံနဲ့ ပေါင်းပြီး ARCEP (Asean Regional Comprehensive Economic Partnership) ဆိုတာ လုပ်နေတာရှိတယ်။ အာရှတိုက်တခုလုံးကို သူက ထောက်ပံ့ရေးလမ်းကြောင်းကြီးလို ဖြစ်အောင် လုပ်မှာဆိုတော့ ဗမာပြည်ကိုလည်း ဒီထဲမှာ ဆွဲထည့်ထားပုံရပါတယ်။ ဗမာပြည်အတွက် ပေါ်လစီအပြောင်းအလဲကတော့ သိပ်ထူးခြားမှု ရှိမယ်မထင်ပါဘူး။

အာဏာသိမ်းပြီးပြီးချင်းတုန်းကလည်း တရုတ်က ကိုယ်စားလှယ်လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့တာပဲ။ တရုတ်ကတော့ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကနေ ငြိမ်းချမ်းရေးလုပ်ဖို့တော့ တွန်းနေတာပဲ။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း တရုတ်က ထောက်ခံပုံရပါတယ်။ တရုတ်က အလုပ်လုပ်ရင် Low Profile ပုံစံနဲ့ လုပ်လေ့ရှိတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ သူလည်း တတ်နိုင်သလောက်တော့ ကြိုးစားနေတာပဲ။ အာဏာသိမ်းပြီးပြီးချင်းတုန်းကလည်း တရုတ်က ကိုယ်စားလှယ်လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့တာပဲ။ တရုတ်ကတော့ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကနေ ငြိမ်းချမ်းရေးလုပ်ဖို့တော့ တွန်းနေတာပဲ။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း တရုတ်က ထောက်ခံပုံရပါတယ်။ တရုတ်က အလုပ်လုပ်ရင် Low Profile ပုံစံနဲ့ လုပ်လေ့ရှိတယ်။ ဆိုတော့ သူနောက်ကနေ ကြိတ်ပြီး လုပ်နေတာတွေ ရှိကောင်းရှိနိုင်ပါတယ်။

ဒေါက်တာ လှကျော်ဇော

မေး ။ ။ ကွန်ဂရက် ကျင်းပနေစဉ်ကာလမှာ တရုတ်-မြန်မာ နယ်စပ်တလျှောက် သေနတ်မပေါက်ဖို့ တရုတ်အာဏာပိုင်တွေက မြန်မာပြည် မြောက်ပိုင်း EAO တွေကို ပြောထားတယ်ကြားပါတယ်။ ဒီကိစ္စကရော ဖြစ်နိုင်ခြေရှိလား။ ဘာကြောင့် တရုတ်ဘက်က ပြောတာလဲ။

ဖြေ ။ ။ ဒါကတော့ အခုမှ မဟုတ်ပါဘူး။ အစောကြီးကတည်းက ပြောထားတာပါ။ ၂၀၁၅၊ ၂၀၁၇ ကိုးကန့်အရေးအခင်း ဖြစ်ပြီးကတည်းက တရုတ်က ပြောထားပြီးသားပါ။ သူတို့နယ်စပ်မှာ နောက်တခါ သေနတ်သံပေါ်လာရင် ပေါ်လာတဲ့အဖွဲ့ကို အရေးယူမယ်ပြောပြီးသား။ သူတို့နိုင်ငံကို ထိပါးလာရင်ပေါ့။ ကိုယ့်အချင်းချင်းကြား ဖြစ်ရင်ဖြစ်ပေါ့။ သူ့နိုင်ငံကို ထိပါးလာရင်ပေါ့။ သေနတ်သံမပေါက်ရေး ဆိုတာကတော့ တောက်လျှောက်ပြောနေတာပဲ။ ဒီကိစ္စက မြန်မာစစ်တပ်ကိုရော EAO တွေကိုရော သူက တင်းတင်းမာမာ သတိပေးထားတယ်။ ကိုးကန့်အရေးမှာ ထင်တယ်။ သူ့နိုင်ငံထဲကို ဗုံးကျတာလား။ အမြောက်ဆံကျတာလား၊ တခါဖြစ်တော့ အဲဒီကတည်းက သတိပေးထားတာပါ။

အမေရိကန်မှာက ဒီမိုကရက်ပဲဖြစ်ဖြစ် ၊ ရီပတ်ဘလစ်ကန်ပဲဖြစ်ဖြစ် ကျန်တဲ့နေရာမှာသာ ကွဲလွဲမယ်။ တရုတ်ကို တိုက်ခိုက်ရေးမှာတော့ တူကြတယ်။ အခု ယူကရိန်းနဲ့ ရုရှားဖြစ်နေပေမယ့် သူတို့ရဲ့ အဓိက ရန်သူဟာ တရုတ်ပဲဆိုတာက ရာသီစာပေါ့။ သူတို့ရွေးကောက်ပွဲ အနိုင်ရဖို့ တရုတ်ကို ချနေတာပေါ့။

မေး ။ ။ မကြာသေးတဲ့ အောက်တိုဘာလ ၁၂ ရက်ကပဲ အမေရိကန်သမ္မတက စာမျက်နှာ ၄၈ မျက်နှာရှိတဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံကို ကာလရှည်စိန်ခေါ်မှု၊ ထိပ်ဆုံးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပါတယ်။ ဆိုတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ကွန်ဂရက်မှာ အမေရိကန်ကို တုံ့ပြန်တာတွေ ရှိလာနိုင်သလား။

ဖြေ ။ ။ တရုတ်ကတော့ အဲဒါကို အမေရိကန်နိုင်ငံရေးရဲ့ ရာသီစာလို့ သဘောထားတယ်။ ရာသီစာဆိုတာက နိုဝင်ဘာလ ဒုတိယပတ်ထဲမှာ အမေရိကန်မှာလုပ်မယ့် Mid-term Election အတွက် ဘိုင်ဒန်က မီးရှူးမီးပန်းလွှတ်တာပေါ့။ အမေရိကန်မှာက ဒီမိုကရက်ပဲဖြစ်ဖြစ် ၊ ရီပတ်ဘလစ်ကန်ပဲဖြစ်ဖြစ် ကျန်တဲ့နေရာမှာသာ ကွဲလွဲမယ်။ တရုတ်ကို တိုက်ခိုက်ရေးမှာတော့ တူကြတယ်။ အခု ယူကရိန်းနဲ့ ရုရှားဖြစ်နေပေမယ့် သူတို့ရဲ့ အဓိက ရန်သူဟာ တရုတ်ပဲဆိုတာက ရာသီစာပေါ့။ သူတို့ရွေးကောက်ပွဲ အနိုင်ရဖို့ တရုတ်ကို ချနေတာပေါ့။ အဲဒီလိုပဲ ရှုမြင်ကြပါတယ်။

မေး ။ ။ အမေရိကန်နဲ့ တရုတ်ကြားက ပွတ်တိုက်မှုတွေ ပိုများလာနိုင်သလား။ အလားအလာ ဘယ်လိုရှိသလဲ။ အမေရိကန်နဲ့ တရုတ်ကြားက ပွတ်တိုက်မှုတွေ ပိုများလာရင် လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းအပေါ် ဘာတွေ သက်ရောက်နိုင်ပါသလဲ။

ဖြေ ။ ။ တရုတ်နဲ့ အမေရိကန်က ပွတ်တိုက်မှုလည်း ရှိတယ်။ ပူးပေါင်းမှုလည်းရှိတယ်။ နိုင်ငံရေးအရ ပွတ်တိုက်မှုကတော့ တောက်လျှောက်ရှိပါတယ်။ စီးပွားရေးအရကတော့ တရုတ်ကို အမေရိကန်က လုံးဝ သစ်စိမ်းချိုး ချိုးလို့မရဘူး။ စီးပွားရေးအရ အပြန်အလှန် ဆက်စပ်နေတာကိုး။ အမေရိကန်ကုမ္ပဏီတွေကလည်း တရုတ်ပြည်မှာ အများကြီးလေ။

ထိုင်ဝမ်က လွတ်လပ်ရေး မကြေညာမချင်းတော့ တရုတ်က ဘာမှ လုပ်စရာအကြောင်း မရှိဘူး။ ဒါပေမယ့် ဒီတိုင်းလွှတ်ထားတာတော့ မဟုတ်ဘူး။ သေချာစောင့်ကြည့်နေတာပေါ့။ အခုက ထိုင်ဝမ် လွတ်လပ်ရေး ကြေညာတာနဲ့ တက်သိမ်းလို့ရအောင် ဘက်ပေါင်းစုံက ပြင်ဆင်ထားတဲ့ အနေအထားပေါ့။

တရုတ်ပညာရှင်တွေကတော့ ဒီနိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲပြီးရင်တော့ အမေရိကန်နဲ့ သူတို့ တစုံတရာ ဆက်ဆံရေး ပြန်ကောင်းလာမလားပေါ့။ အဲဒီလို စဉ်းစားနေတာတော့ ရှိတယ်။ အမေရိကန်ကတော့ ထိုင်ဝမ်ကိစ္စ ထုတ်ကစားတာတွေ၊ ဘာတွေ အကုန်လုပ်နေတာပဲ။ တရုတ်ကလည်း သိပ်တော့ ပူပန်ပုံမရဘူး။ တရုတ်က ထိုင်ဝမ်ကို လေတပ်ရော၊ ရေတပ်နဲ့ပါ တော်တော် ခြိမ်းခြောက်ထားနိုင်တယ်ပေါ့။ ထိုင်ဝမ်က လွတ်လပ်ရေး မကြေညာသရွေ့တော့ တရုတ်က ဝင်တိုက်မှာမဟုတ်ဘဲ ဒီလိုပဲ ထိန်းချုပ်ထားမှာပေါ့။

မေး ။ ။ ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်က မူဝါဒ ပြောင်းလဲတာ ရှိနိုင်လား။ အင်အားသုံးသိမ်းတာတွေ လုပ်နိုင်ပါသလား။

ဖြေ ။ ။ ထိုင်ဝမ်ကိစ္စကတော့ တရုတ်ရဲ့ ယေဘုယျမူကတော့ ငြိမ်းချမ်းစွာပေါင်းစည်းရေးပေါ့။ ရေလက်ကြား ၂ ဖက်က တရုတ်ပြည်သူတွေ ငြိမ်းချမ်းစွာပေါင်းစည်းရေးပေါ့။ ဒါပေမယ့် အဲဒီလို ပေါင်းစည်းရေးအတွက် နည်းသဏ္ဍာန်ပေါင်းစုံ အသုံးပြုမယ်လို့ ဆိုထားတယ်။ အကြမ်းဖက်နည်းနဲ့ လိုအပ်ရင်လည်း လုပ်မယ်ဆိုတာမျိုး ပြောထားတယ်။ အကြမ်းဖက်နည်းကို မစွန့်လွှတ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်ဝမ်မှာ လွတ်လပ်ရေး လိုလားတဲ့ အုပ်စုက တချို့နိုင်ငံ အကူအညီနဲ့ လှုပ်ရှားနေလို့ပေါ့။ အဓိပ္ပာယ်ကတော့ ထိုင်ဝမ်က လွတ်လပ်ရေး မကြေညာမချင်းတော့ တရုတ်က ဘာမှ လုပ်စရာအကြောင်း မရှိဘူး။ ဒါပေမယ့် ဒီတိုင်းလွှတ်ထားတာတော့ မဟုတ်ဘူး။ သေချာစောင့်ကြည့်နေတာပေါ့။ အခုက ထိုင်ဝမ် လွတ်လပ်ရေး ကြေညာတာနဲ့ တက်သိမ်းလို့ရအောင် ဘက်ပေါင်းစုံက ပြင်ဆင်ထားတဲ့ အနေအထားပေါ့။

မေး ။ ။ လက်ရှိပြည်တွင်းက နွေဦးတော်လှန်ရေး အင်အားစုတွေအနေနဲ့ တရုတ်နဲ့ အမေရိကန်ကြားထဲမှာ တော်လှန်ရေးကို ဘယ်လို ပုံစံမျိုးနဲ့ ကြားမညပ်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်မလဲ။

ဖြေ။ ။ ကျမ ထင်တာကတော့ ဒီကာလက ကျမတို့ တော်လှန်ရေးအတွက် အခွင့်ကောင်းပဲ။ အမေရိကန်ကိုပဲ စုပြုံအားကိုးပြီး တရုတ်ကို မဆန့်ကျင်နဲ့။ ထို့အတူ တရုတ်ကိုလည်း ဘာမှမမျှော်လင့်နဲ့။ တရုတ်ကို မျှော်ကိုးပြီးတော့လည်း အမေရိကန်ကို ဆဲမနေနဲ့ပေါ့။ အမေရိကန်ဆီကလည်း ရနိုင်သမျှ ဘာပဲဖြစ်ဖြစ် ကျမတို့ယူရမယ်။ အမေရိကန်ကလည်း မြန်မာ့အရေးမှာ နိုင်ငံရေးအရ ထောက်ခံတာ အားပေးတာတွေရှိတယ်။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုရင် အမေရိကန်ကနေပြီး လွတ်လွတ်လပ်လပ် ပြောလို့ဆိုလို့ ရနေတာရှိတယ်။ အဲဒီဟာကိုလည်း ကျမတို့က အတတ်နိုင်ဆုံး အသုံးချရမယ်။

တရုတ်ကလည်း မြန်မာပြည်နယ်စပ်မှာရှိတဲ့ EAO တွေနဲ့က တော်တော်လေး နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်။ ‘ဝ’ ပဲ ဖြစ်ဖြစ်၊ မိုင်းလားပဲ ဖြစ်ဖြစ် ၊ ကိုးကန့်ပဲ ဖြစ်ဖြစ်၊ AA (ရက္ခိုင့်တပ်တော်) တို့နဲ့ တော်တော်ကို အဆက်အဆံရှိတယ်။ အဲဒီအားတွေပါ ရနိုင်အောင်လုပ်ဖို့လိုတယ်။ တော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားတွေ အားလုံးပါအောင် လုပ်ဖို့လိုတယ်။ တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့ပေါ့။ တတ်နိုင်သမျှ ပျော့ပျော့ပျောင်းပျောင်းဆက်ဆံပြီး ကိုယ့်ဘက်ပါအောင် လုပ်သင့်တယ်ပေါ့။

တရုတ်ကလည်း မြန်မာပြည်နယ်စပ်မှာရှိတဲ့ EAO တွေနဲ့က တော်တော်လေး နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်။ ‘ဝ’ ပဲ ဖြစ်ဖြစ်၊ မိုင်းလားပဲ ဖြစ်ဖြစ် ၊ ကိုးကန့်ပဲ ဖြစ်ဖြစ်၊ AA (ရက္ခိုင့်တပ်တော်) တို့နဲ့ တော်တော်ကို အဆက်အဆံရှိတယ်။ အဲဒီအားတွေပါ ရနိုင်အောင်လုပ်ဖို့လိုတယ်။ တော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားတွေ အားလုံးပါအောင် လုပ်ဖို့လိုတယ်။ တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့ပေါ့။ တတ်နိုင်သမျှ ပျော့ပျော့ပျောင်းပျောင်းဆက်ဆံပြီး ကိုယ့်ဘက်ပါအောင် လုပ်သင့်တယ်ပေါ့။

အင်ဒိုနီးရှား လုပ်တဲ့ သံခင်းတမန်ခင်းပုံစံမျိုး လုပ်သင့်တယ်။ အင်ဒိုနီးရှားက အမေရိကန်လုပ်တဲ့ NATO တိုးချဲ့ အစည်းအဝေးလည်း သွားတက်သလို အဲဒီက အပြန် တရုတ်ကိုဝင်လာပြီး G 20 အစည်းအဝေးတက်ဖို့ ဖိတ်တယ်။ သူဟိုမှာ ဘာတွေပြောခဲ့သလဲဆိုတာလည်း တရုတ်ကို ပြောပြတယ်။ အဲဒီလိုမျိုး ကျမတို့အနေနဲ့လည်း နိုင်ငံကြီးတွေကြားထဲမှာ နေတတ်ထိုင်တတ်ဖို့တော့ လိုတာပေါ့။ တဘက်တည်းကို လုံးဝလိုက်ပြီး တဘက်ကို ရန်သူလုပ်တာက ကျမတို့အတွက် မကောင်းနိုင်ဘူးပေါ့။

You may also like these stories:

၅ နှစ်တကြိမ် ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်အကြောင်း သိကောင်းစရာ ၅ ခု

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံနှင့် အလားအလာများ

လာမယ့် ပါတီကွန်ဂရက်မှာ ရှီကျင့်ဖျင်ကို အားလုံးက စောင့်ကြည့်နေ

အမေရိကန် မပါဘဲ တရုတ်ကို ထိုင်ဝမ် မည်သို့ ခံတိုက်နိုင်သနည်း

တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့မှုကြားက မြန်မာ့အရေး

Your Thoughts …
Tags: EAOကိုဗစ်နိုင်တင်းစီးပွားရေးတရုတ်ကွန်မြူနစ်ပါတီထိုင်ဝမ်ဒေါက်တာ လှကျော်ဇောနွေဦးတော်လှန်ရေးယူကရိန်းရုရှားသမ္မတ ရှီကျင့်ဖျင်အကြိမ် ၂၀ မြောက် ကွန်ဂရက်အမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
မောင်တောရှိ ပန်းတော်ပြင်ရွာရှိ ဒေသခံမွတ်ဆလင်များ / AFP

တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ

ကားအရောင်းအဝယ် ပြုလုပ်နေသည့် ရန်ကုန်မြို့ရှိ ဘာတာ ကားပွဲစားတန်း မြင်ကွင်း  / ဘာတာကားပွဲစားတန်း

ကားဈေးကျပြီး အရောင်းအဝယ် အေးနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved