တနင်္ဂနွေနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အထွေထွေညီလာခံကို စတင်ကျင်းပပြီ ဖြစ်သည်။ ညီလာခံကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြို့တော် ဘေဂျင်းတွင် ကျင်းပပြီး တနိုင်ငံလုံးမှ ပါတီခေါင်းဆောင်ပေါင်း ၂,၃၀၀ ခန့် တက်ရောက်ကြသည်။ ညီလာခံ အဆုံးသတ်မည့်နေ့ကို ကြိုတင်သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ဘေဂျင်းမြို့တွင်း၌ အောက်တိုဘာလ ၂၃ ရက်နေ့အထိ လုံခြုံရေးတင်းကျပ်မှုများ၊ ကားလမ်းပိတ်ဆို့မှုများ ရှိနေမည်ဖြစ်ကြောင်း သတင်းတပုဒ်တွင် ဖော်ပြထားသည်။
တရုတ်ကွန်မြူနစ်ပါတီသည် အထွေထွေညီလာခံကို ငါးနှစ်လျှင် တကြိမ် ကျင်းပလေ့ရှိသည်။ အထွေထွေညီလာခံတို့တွင် နောင်ငါးနှစ်အတွက် တရုတ်အစိုးရ၏ ဦးစားပေးမူဝါဒများနှင့် ရည်မှန်းချက်များကို ချပြလေ့ရှိသဖြင့် တရုတ်အစိုးရ အရာရှိများအတွက်ရော တရုတ်နိုင်ငံရေး စောင့်ကြည့်လေ့လာ သူများအတွက်ပါ အရေးပါသည့် အခမ်းအနား တခုဟုလည်း ဆိုနိုင်သည်။ အဆိုပါညီလာခံတွင် ပါတီ၏ အထွေထွေအတွင်းရေးမှူး သမ္မတ ရှီကျင့်ဖျင်က ပါတီ၏ လုပ်ဆောင်ချက်များကို တင်ပြသွားမည်ဖြစ်သည့်အပြင် ကိုဗစ်နိုင်တင်း အရေး၊ ထိုင်ဝမ်အရေးနှင့် တရုတ်စီးပွားရေး ပြန်လည် ဦးမော့အောင် လုပ်ဆောင်မည့် မူဝါဒတို့ကို မြင်တွေ့ရဖွယ်ရှိသည်။
လာမည့် အထွေထွေညီလာခံအတွင်း မြင်တွေ့ရမည့်အရာကား လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပေါလစ်ဗျူရို အမြဲတမ်းကော်မတီ၏ အဖွဲ့ဝင်အဖြစ် တတိယအကြမ်မြောက် တာဝန်ထမ်းဆောင်မှုကို တရားဝင် အတည်ပြုခြင်းပင် ဖြစ်သည်။
၂၀၁၂ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံကို ဦးဆောင်ခဲ့သော အသက် ၆၉ နှစ်အရွယ် သမ္မတ ရှီကျင့်ဖျင်သည် သူ့သက်တမ်းတလျှောက်တွင် BRI ခေါ် “ခါးပတ်တကွင်း လမ်းတစင်း”ကဲ့သို့ ကြီးမားလှသည့် စီမံကိန်းကြီးများ ချမှတ်ခဲ့သကဲ့သို့ ကိုဗစ်နိုင်တင်း ကပ်ရောဂါနှင့်လည်း ကြုံတွေ့ခဲ့ရ၏။
၂၀၁၂ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံကို ဦးဆောင်ခဲ့သော အသက် ၆၉ နှစ်အရွယ် သမ္မတ ရှီကျင့်ဖျင်သည် သူ့သက်တမ်းတလျှောက်တွင် BRI ခေါ် “ခါးပတ်တကွင်း လမ်းတစင်း”ကဲ့သို့ ကြီးမားလှသည့် စီမံကိန်းကြီးများ ချမှတ်ခဲ့သကဲ့သို့ ကိုဗစ်နိုင်တင်း ကပ်ရောဂါနှင့်လည်း ကြုံတွေ့ခဲ့ရ၏။ BRI စီမံကိန်းကြီးတွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ရာနှင့်ချီ ပါဝင်ကြသည်။ BRI စီမံကိန်းသည် နိုင်ငံငယ်များအား အကြွေးထောက်ချောက်အတွင်းသို့ ဆွဲချခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ လက်ရှိ တရုတ်အစိုးရ၏ “Zero-COVID Policy” သည် လည်း ပြည်တွင်းပြည်ပ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အစိုးရပေါ်လစီ
ကွန်မြူနစ်ပါတီ ညီလာခံအတွင်း လုပ်ကိုင်လေ့ရှိသည့် အရာတခုမှာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလ အတွင်းမှ မူဝါဒများနှင့် အစိုးရ၏ လုပ်ဆောင်ချက်များအား ပြန်လည်ဆွေးနွေး အကဲဖြတ်ခြင်းနှင့် မူဝါဒအသစ်များ ချမှတ်ခြင်းတို့ ဖြစ်ကြသည်။ လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် ကြုံတွေ့နေရသည့် ပြဿနာတို့မှာ ထိုင်ဝမ်ကိစ္စ၊ ကိုဗစ်နိုင်တင်း ရောဂါနှင့် စီးပွားရေး ပြဿနာတို့ ဖြစ်ကြသည်။
ထိုင်ဝမ်ကျွန်းကိစ္စ စတင်သည်မှာ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကာ ပြည်မကြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် ၁၉၄၉ ခုနှစ် ကတည်းကပင် ဖြစ်၏။ တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးသွားသည့် ချန်ကေရှိတ်၏ ကူမင်တန်တပ်တို့သည် ဖော်မိုဆာ (ထိုင်ဝမ်) ကျွန်းသို့ ထွက်ပြေးကာ တရုတ်သမ္မတနိုင်ငံကို ထူထောင်ခဲ့၏။ နှစ်ဖက်လုံးမှ တဖက်ကိုတဖက် တရားဝင် အသိအမှတ်မပြုသော်လည်း စစ်ရေးအရ ကျူးကျော်ခြင်းများ မရှိခဲ့ချေ။
လက်ရှိတွင် ထိုင်ဝမ်သည် ကုလသမဂ္ဂအဖွဲ့ဝင် မဟုတ်သော်လည်း စီးပွားရေးအရ တောင့်တင်းပြီး အနောက်နိုင်ငံတို့၏ ထောက်ပံ့မှုကြောင့် တရုတ်ကသာ ကျူးကျော်လျှင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။ သြဂုတ်လတွင်းက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီ ထိုင်ဝမ်ကို လာရောက် လည်ပတ်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သကဲ့သို့ နှစ်ဖက်လုံးမှ ဆက်တိုက်ဆိုသလို အင်အားပြမှုများ ဖြစ်လာခဲ့သည်။

ယခုပါတီကွန်ဂရက်တွင် သမ္မတရှီ၏ ထိုင်ဝမ်အပေါ်မူဝါဒသည် ပို၍ တင်းမာလာမည်ဟု လေ့လာသူများက ခန့်မှန်းကြ၏။ သမ္မတရှီအနေနှင့် ထိုင်ဝမ်ကျွန်းအား ပြည်မကြီးသြဇာအောက် ပြန်လည်သိမ်းသွင်းမည့် ရည်မှန်းချက်ကို လက်လျှော့ခြင်းမရှိချေ။
သို့ရာတွင် ရုရှားသည် ယူကရိန်းအား အင်အားသုံး ကျူးကျော်မှုကြောင့် နိုင်ငံတကာအလယ် မျက်နှာပျက်ခဲ့ရသလို တရုတ်နိုင်ငံအနေဖြင့်လည်း ထိုင်ဝမ်ကို ကျူးကျော်ပါက မျက်နှာပျက်ရမည့်အပြင် အနောက်နိုင်ငံမှ အင်အားဖြည့်တင်းပေးထားသည့် ထိုင်ဝမ်စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာဘာသာဖြင့် တင်ပြသည့် Facebook page များကို အသုံးပြုလျက် မြန်မာပြည်သူများအကြား ဝါဒဖြန့်မှုများကို အကြီးအကျယ် လုပ်ဆောင်လျက် ရှိသော်လည်း အောင်မြင်ခြင်း မရှိချေ။
ထို့ပြင် တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာဘာသာဖြင့် တင်ပြသည့် Facebook page များကို အသုံးပြုလျက် မြန်မာပြည်သူများအကြား ဝါဒဖြန့်မှုများကို အကြီးအကျယ် လုပ်ဆောင်လျက် ရှိသော်လည်း အောင်မြင်ခြင်း မရှိချေ။ တရုတ်နိုင်ငံမှ တက္ကသိုလ်များသည် မြန်မာ ကျောင်းသားကျောင်းသူများကို ပညာသင်ဆုများပေးခြင်း၊ ကွန်ဖြူးရှပ် အင်စတီကျု ဖွင့်လှစ်၍ တရုတ်စာသင်ကြားခြင်းများ လုပ်ဆောင်လျက်ရှိသော်လည်း အနောက်နိုင်ငံများ၏ ပညာသင်ဆု အစီအစဉ်များလောက် စိတ်ဝင်စားမှု မရချေ။
ထိုင်ဝမ်သည် နွေဦးတော်လှန်ရေးကို ကူညီထောက်ပံ့ပေးသော တိုင်းပြည်တပြည်အဖြစ် မြန်မာနိုင်ငံသားတို့၏ ထောက်ခံမှုကို ရရှိထားသည်။ အကယ်၍ တရုတ်နိုင်ငံအနေနှင့် ထိုင်ဝမ်အား ကျူးကျော်စစ် ဆင်နွှဲပါက မြန်မာနိုင်ငံအတွင်း တရုတ်ပြည်အပေါ် ထောက်ခံမှုအား ပို၍ကျဆင်းအောင် လုပ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တရုတ်အစိုးရ၏ Zero-COVID မူဝါဒသည်လည်း ဝေဖန်မှုများ ခံနေရသလို တရုတ်၏ စီးပွားရေးအား အထိခိုက်ဆုံးလည်း ဖြစ်သည်။ အဆိုပါမူဝါဒကြောင့် စီးပွားရေး လုပ်ငန်းများသည် ပိတ်တခါဖွင့်တလှည့် လုပ်ကိုင်နေရသလို သာမန်ပြည်သူများမှာလည်း အလုပ်လက်မဲ့ဖြစ်ခြင်း၊ COVID ရောဂါ စစ်ဆေးမှုများ မကြာခဏ ခံယူနေရခြင်းတို့ကို ပြုလုပ်ရလျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က ဘေဂျင်းမြို့လယ်ကောင်တွင် တရုတ်အစိုးရ၏ COVID ထိန်းချုပ်မှု မူဝါဒအား ဆန့်ကျင်သည့် စာတမ်းများ ချိတ်ဆွဲခြင်း ဖြစ်ပွားခဲ့သေးသည်။ အဆိုပါမူဝါဒကို အနည်းငယ် ပြင်ဆင်ခြင်းများ ရှိနိုင်သော်လည်း မူဝါဒတခုလုံးအား မဖျက်သိမ်းလောက်ဟု ပညာရှင်များက သုံးသပ်ကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား COVID ကာကွယ်ရေး ပစ္စည်းကိရိယာများနှင့် COVID ကာကွယ်ဆေးများ အများဆုံးထောက်ပံ့နေသည့် နိုင်ငံတနိုင်ငံဖြစ်သည်။
ခါးပတ်တကွင်း လမ်းတစင်း
ခါးပတ်တကွင်း လမ်းတစင်းဟု မြန်မာတို့ ခေါ်တွင်ကြသည့် BRI စီမံကိန်းကြီးသည် ရှီကျင့်ဖျင် ခေါင်းဆောင်ဖြစ်လာပြီး တနှစ်အကြာ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော စီမံကိန်းကြီး ဖြစ်သည်။ ရာစုနှစ် တစုအတွင်း အကြီးဆုံးဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် အဆိုပါ စီမံကိန်းကြီးသည် တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများကို ဆက်သွယ်ရန် ရည်ရွယ်ထားသည့် စီမံကိန်းကြီးဖြစ်သည်။ ပြီးခဲ့တဲ့နှစ်များတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် BRIကို တန်ပြန်ရန် စီမံကိန်းများကို အသီးသီး ချပြခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း BRI စီမံကိန်းတွင် ပါဝင်သော နိုင်ငံတနိုင်ငံ ဖြစ်သည်။

BRI တွင် ပါဝင်သော စီမံကိန်းအချို့မှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကျောက်ဖြူနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ်ထားသည့် မီးရထားလမ်း၊ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းတို့ ဖြစ်ကြသည်။ မြစ်ဆုံစီမံကိန်းအပြင် အထက်ပါ စီမံကိန်းများသည် မြန်မာပြည်သူတို့၏ ဝေဖန်မှုကို ခံနေရသော စီမံကိန်းများဖြစ်သည်။ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင်အပေါ် ဂရုမစိုက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသားတို့သည် တရုတ်နိုင်ငံမှ စီမံကိန်းများအား နှစ်မြို့ခြင်း မရှိချေ။
ဆောင်းပါးရှင် Andreea Brinza က The Diplomat ဆောင်းပါးတွင် BRI ကို တရုတ်ခေါင်းဆောင်များအနေဖြင့် အသုံးပြုမှု နည်းပါးလာခြင်းမှာ BRI နှင့် ဆက်စပ်နေသော “အကြွေးထောင်ချောက်”၊ “ကျွန်ပြုမှု”၊ “သဘာဝ ပတ်ဝန်းကျင် ပြဿနာ” စသည့် စကားလုံးများကြောင့် ဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် BRI ဟူသော စကားလုံကို သမ္မတ ရှီကျင့်ဖျင်အပါအဝင် ထိပ်တန်း တရုတ်အရာရှိများက အသုံးပြုမှု နည်းပါးလာကြောင်း ဆောင်းပါးရှင် Andreea Brinza က The Diplomat ဆောင်းပါးတွင် ဖော်ပြထားသည်။ သူ၏သုံးသပ်မှုအရ BRI ကို တရုတ်ခေါင်းဆောင်များအနေဖြင့် အသုံးပြုမှု နည်းပါးလာခြင်းမှာ BRI နှင့် ဆက်စပ်နေသော “အကြွေးထောင်ချောက်”၊ “ကျွန်ပြုမှု”၊ “သဘာဝ ပတ်ဝန်းကျင် ပြဿနာ” စသည့် စကားလုံးများကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထို BRI အစား Green Development Initiative (GDI) ဟူသော စကားလုံးနှင့် အစားထိုးလာသည်။ GDI ဟူသော စကားလုံးကို သမ္မတ ရှီကျင့်ဖျင် အနေဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လက စတင်သုံးစွဲလာသည်ဟု အဆိုပါ ဆောင်းပါးရှင်က ဆိုသည်။ သို့ရာတွင် GDI အတွင်း မည်သို့သော စီမံကိန်းများပါသည်ကို အတိအကျ မသိရသေးပေ။ ယခုလာမည့် ညီလာခံတွင် GDI အကြောင်း ပိုမိုသိရဖွယ်ရှိသည်ဟု အခြား ဆောင်းပါးရှင်တဦးက The Diplomat မဂ္ဂဇင်းတွင် ထပ်မံသုံးသပ်ထားသည်။
ရှီကျင့်ဖျင် ဆက်ပါမည့် ပေါ်လစ်ဗျူရို အမြဲတမ်းကော်မသီသစ်
ကွန်မြူနစ်ပါတီ၏ ပါတီကွန်ဂရက်တို့တွင် ပြုလုပ်လေ့ရှိသည်ကား ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်များ တင်မြှောက်ခြင်းဖြစ်သည်။ အဆိုပါကော်မတီသည် တရုတ်ပြည်တွင် သြဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်ပြီး ထိုကော်မတီ၏ ထိပ်သီးရာထူး အထွေထွေ အတွင်းရေးမှူးချုပ် နေရာကို သမ္မတ ရှီကျင့်ဖျင်က ဆက်လက် ဆုပ်ကိုင်ထားသည်။
ပေါ်လစ်ဗျူရိုတွင် အဖွဲ့ဝင်ပေါင်း ၂၅ ဦးပါပြီး ထိုအဖွဲ့ဝင်များထဲမှ ၇ ဦးမှ ၉ ဦးကို အမြဲတမ်း ကော်မတီ အဖွဲ့ဝင်များအဖြစ် တင်မြှောက်ရခြင်းဖြစ်သည်။ မူလက ထိုကော်မတီထဲတွင် ပါဝင်ရန် အသက် ကန့်သတ်ချက်အပြင် အခြား ကန့်သတ်ချက်များရှိသော်လည်း ထိုကန့်သတ်ချက်များကို သမ္မတရှီက ပြီးခဲ့တဲ့ နှစ်များက ပယ်ဖျက်ထားပြီး ဖြစ်သဖြင့် ယခုတင်မြှောက်မည့် အမြဲတမ်း ကော်မတီတွင် ရှီကျင့်ဖျင်အနေဖြင့် တတိယအကြိမ်မြောက် ပါဝင်ဦးမည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။
ထူးမခြားနား
တရုတ်နိုင်ငံ၏ ဗဟိုအစိုးရအနေဖြင့် ပြည်တွင်း အခက်အခဲများအပြင် ပြည်ပ အခက်အခဲ မြောက်မြားစွာကို ရင်ဆိုင်နေရသည်။ နိုင်ငံတကာ မျက်နှာစာတွင်လည်း မျက်နှာ မပျက်ရအောင် ခြေလှမ်းကို ထိန်း၍ လျှောက်နေရသည့် သဘောရှိသည်။
မဟာမိတ်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံက အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်သည့် အခါတွင်လည်း အသံကျယ်ကျယ် မထွက်ရဲခဲ့သလို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မြန်မာစစ်တပ် အာဏာသိမ်းသည်ကိုလည်း ပေါ်ပေါ်ထင်ထင် ထောက်ခံခြင်း မပြုခဲ့ချေ။ လာမည့် ငါးနှစ်တာ ကာလအတွင်းတွင် နိုင်ငံတွင်း စီးပွားရေးပြဿနာ၊ ကိုဗစ်နိုင်တင်း ကပ်ရောဂါ ပြဿနာနှင့် ထိုင်ဝမ်ကျွန်းကိစ္စတို့ကို ဦးတည်လုပ်ဆောင်သွားဖွယ် ရှိသည်။
တရုတ်နိုင်ငံ၏ ဗဟိုအစိုးရအနေဖြင့် ပြည်တွင်း အခက်အခဲများအပြင် ပြည်ပ အခက်အခဲ မြောက်မြားစွာကို ရင်ဆိုင်နေရသည်။ နိုင်ငံတကာ မျက်နှာစာတွင်လည်း မျက်နှာ မပျက်ရအောင် ခြေလှမ်းကို ထိန်း၍ လျှောက်နေရသည့် သဘောရှိသည်။
ဤသို့ တရုတ်နိုင်ငံသည် ပြည်တွင်းပြဿနာများနှင့် အာရုံများနေသော်လည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုကို လျစ်လျူရှုထား၍ မရချေ။ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၏ ငြိမ်ဝပ်ပိပြားမှုကို အလေးထားသည့်အတွက် ခေါင်းကြီးပိုင်း မူဝါဒများတွင် မပါဝင်သော်လည်း မြန်မာပြည်သူများအား လူမှုကွန်ရက်မှ ဝါဒဖြန့်ချိခြင်း၊ စစ်ကောင်စီအား ငွေရေးကြေးရေးနှင့် နည်းပညာပိုင်းအရ နောက်ကွယ်မှ အကူအညီပေးနေမည်ဟု မှတ်ယူရမည်ဖြစ်သည်။
တနည်းအားဖြင့် ဆိုရလျှင် လက်ရှိညီလာခံသည် အလုပ်သဘောအရ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တရုတ်ပြည်၏ အာဏာကိုကိုင်ထားသူမှာ အပြောင်းအလဲ မရှိသည့်အတွက် မြန်မာနိုင်ငံနှင့် ပက်သက်သည့် မူဝါဒ အပြောင်းအလဲ ရှိရန် ရာခိုင်နှုန်း နည်းပါးသည်ဟု သဘောထားရမည်ဖြစ်သည်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း
စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ
လာမယ့် ပါတီကွန်ဂရက်မှာ ရှီကျင့်ဖျင်ကို အားလုံးက စောင့်ကြည့်နေ
ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်