• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ

by နန်းလွင်
19 October 2019
in စီးပွားရေး
A A
ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ရှိ တရုတ်ပိုင် ရေနံလှောင်ကန်များ / Reuters

ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ရှိ တရုတ်ပိုင် ရေနံလှောင်ကန်များ / Reuters

20.8k
VIEWS
Share on FacebookShare on Twitter

အာရှတိုက်၏ဗဟိုချက် တရုတ်နှင့်အိန္ဒိယတို့အကြား သေနင်္ဂဗျူဟာကျစွာ တည်ရှိနေပြီး အိန္ဒိယသမုဒ္ဒရာသို့ လမ်းကြောင်း ပေါက်သောကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံအတွက် အားကျစရာ ဖြစ်သည်။

ဒေသတွင်း အင်အားအကြီးမားဆုံး နိုင်ငံများဖြစ်သော တရုတ်နှင့် ဂျပန်တို့သည် မြန်မာနိုင်ငံတွင် တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာအထိ တောင်ပိုင်းနှင့်အရှေ့တောင် အာရှ စီးပွားရေးစင်္ကြန်များ တည်ထောင်ရန် အပြန်အလှန် ပြိုင်ဆိုင်နေကြပြီး အိန္ဒိယသည် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စနစ်နှင့် ပင်လယ်လမ်းကြောင်း စီမံကိန်း အကောင်အထည် ဖော်ရန် ကြိုးစားနေသည်မှာ အံ့သြဖွယ်ရာ မဟုတ်တော့ပေ။ မြန်မာနိုင်ငံ၏ ပထဝီအရ အရေးပါမှုကြောင့် မြန်မာနိုင်ငံမပါဘဲ ထိုမည်သည့် စင်္ကြန်မျှ ပြီးပြည့်စုံမည် မဟုတ်ပေ။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
858
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
642
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
542

တချိန်တည်းတွင် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တောင်ပိုင်းရန်ကုန်နှင့် တနင်္သာရီ၊ အလယ်ပိုင်း မန္တလေးနှင့် ရှမ်းပြည်နယ် တရုတ်နယ်စပ်တွင် ဒေါ်လာဘီလျံချီ တန်သည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများသည်လည်း ထိုစင်္ကြန်များနှင့် ဆက်စပ်နေပြီး အိန္ဒိယ၏ နယ်စပ်ဖြတ်ကျော် စီမံကိန်းသည်လည်း မြန်မာနိုင်ငံသို့ ဦးတည်နေသည်။

ထိုသို့သော အခြေအနေကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း စီးပွားရေး အချက်အခြာ နောက်ဆုံးစစ်မျက်နှာ ဖြစ်လာရန် အရှိန်ယူနေသည်ဟူသော ခန့်မှန်းမှုများကို ဖြစ်စေသည်။ တချိန်တည်းတွင် အစိုးရက ထိုစီမံကိန်းများကို စနစ်တကျ စီမံခြင်းမရှိပါက နိုင်ငံအတွက် အန္တရာယ် ကျရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးနေသည်။

စီးပွားရေး စင်္ကြန်များ

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ရည်မှန်းချက် ကြီးမားသော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းအဖြစ် တရုတ် – မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းအရ အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို တိုးချဲ့ရန် ကြိုးစားနေသည်။ ကီလိုမီတာ ၁၇၀၀ ရှိသော CMEC သည် ကူမင်းမှ မန္တလေးနှင့် အရှေ့ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အထိ ကျယ်ပြန့်သည်။

ဂျပန်နိုင်ငံ၏ မဟာစီမံကိန်းအရ မြန်မာနိုင်ငံတွင် အဓိကစီးပွားရေး စင်္ကြန်နှစ်ခု ရှိနေသည်။ တခုသည် ကမ္ဘောဒီးယားနှင့် ထိုင်းကို ဖြတ်သန်းပြီး ဗီယက်နမ်နိုင်ငံ ဒေါင်ဟမြို့နှင့် ရန်ကုန်ရှိ သီလဝါအထူးစီးပွားရေးဇုန်ကို ဆက်သွယ်သည့် အရှေ့-အနောက် စီးပွားရေးစင်္ကြန်ဖြစ်ပြီး အခြားတခုဖြစ်သော တောင်ပိုင်း စီးပွားရေးစင်္ကြန်သည် ဗီယက်နမ်အလယ်ပိုင်းမှ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ထားဝယ် အထူးစီးပွားရေးဇုန်ကို ဆက်သွယ်သည်။

အိန္ဒိယနိုင်ငံသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အကောင်အထည် ဖော်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အရှေ့ဖက်သို့ ဦးတည်လုပ်ကိုင်သော မူဝါဒကို တက်ကြွစွာ ဆောင်ရွက်နေသည်။ ရည်မှန်းချက်ကြီးမားသော ထိုမူဝါဒသည် မဲခေါင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်မှ နိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေး ထူထောင်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးနယ်ပယ်များတွင် ကျယ်ပြန့်နီးကပ်သော ဆက်ဆံရေးထူထောင်ရန် ရည်မှန်းထားသည်။

မြန်မာစီးပွားရေးစင်္ကြန်များမှ အခြေခံအဆောက်အအုံ စီမံကိန်းကြီးများ

ကျောက်ဖြူအထူးစီးပွားရေးဇုန်

တည်နေရာ
− အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားပင်လယ်အော် ကမ်းခြေ

အရေးပါသော အချက်များ
− အရေးပါသော BRI စီမံကိန်း

− ကနဦးအဆင့်တွင် ဒေါ်လာ ၁.၃ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ၇၀ ရာခိုင်နှုန်းကို China International Trust and Investment Corporation Group (CITIC) က ရင်းနှီးမြှုပ်နှံကာ မြန်မာအစိုးရက ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသည်။

− နှစ် ၅၀ လုပ်ကိုင်ခွင့်ပေးပြီး ထိုကာလအတွင်း မြန်မာအစိုးရသည် အထူးစီးပွားရေးဇုန်မှ အခွန် ဒေါ်လာ ၇.၈ ဘီလျံ ရမည်ဖြစ်ကာ ရေနက်ဆိပ်ကမ်းမှ ဒေါ်လာ ၆.၅ ဘီလျံ ရရှိမည်ဖြစ်သည်။

− တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရစေပြီး မလက္ကာရေလက်ကြားကို မသုံးဘဲ ရေနံတင်သွင်းနိုင်စေသည်။

− နှစ်နိုင်ငံအကြား ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းအတွက် စမှတ်ဖြစ်သည်။

− မဒေးနှင့် ရမ်းဗြဲကျွန်းများတွင် ဟက်တာ တထောင် ကျယ်ဝန်းသော စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း ပါဝင်သည်။ စက်မှုဇုန်တွင် အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ခြင်း၊ အစားအစာပြုပြင် ထုတ်လုပ်ခြင်း၊ ရေကြောင်း ထောက်ပံ့ရေးနှင့် ဝန်ဆောင်မှုများ၊ ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်းများနှင့် သုတေသနဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဟု မျှော်လင့်ရသည်။ ရေနက်ဆိပ်ကမ်းသည် နှစ်စဉ် ကုန်စည် ၇.၈ သန်း တန်နှင့် ပေ ၂၀ ရှိ ကုန်သေတ္တာ ၄.၉ သန်း ကိုင်တွယ်နိုင်သည့် စွမ်းရည်ရှိမည် ဖြစ်သည်။

လက်ရှိအခြေအနေ
− မူဘောင် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးသည်။

− CITIC က သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ (ESIA) နှင့် စီမံကိန်းအတွက် ကနဦး ဘူမိဗေဒ စစ်တမ်းကို အကဲဖြတ်ရန် ကနေဒါလုပ်ငန်းဖြစ်သော HATCH ကိုငှားရန်းပြီး လုပ်ဆောင်နေသည်။

ထားဝယ်အထူးစီးပွားရေးဇုန်
တည်နေရာ
− အန်ဒမန်ကမ်းခြေ၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း
အရေးပါသောအချက်များ
− တောင်ပိုင်းစီးပွားရေး စင်္ကြန်တွင်တည်ရှိသည်။
− ဗီယက်နမ်အလယ်ပိုင်း ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို ဆက်သွယ်သည့် ဂျပန်နိုင်ငံ၏ မဲခေါင်ဒေသခွဲ (GMS) လမ်းပန်းဆက်သွယ်ရေး အတွက် အရေးပါသည်။
− ၁၆၉ စတုရန်းကီလိုမီတာရှိ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်မည့် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အတွက် အမေရိကန်ဒေါ်လာ ၈ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည်။
− ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ကုမ္ပဏီ လီမိတက်တွင် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NEDA)၊ မြန်မာနိုင်ငံမှ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD) နှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဘဏ် (JBIC) တို့သည် ရှယ်ယာရှင်များဖြစ်သည်။
လက်ရှိအခြေအနေ
− မြန်မာအစိုးရသည် တည်ဆောက်ရေး လုပ်ငန်း ကနဦးအဆင့်အတွက် ကြိုတင် စည်းကမ်းချက်များကို မြေအသုံးပြုခွင့် ရသူများနှင့် အပြီးသတ် ဆွေးနွေးနေသည်။
− ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ အချက်အလက် ရှာဖွေရေး အဖွဲ့တခုက NEDA ၏ လက်ရှိ မဟာစီမံချက်သည် ပြောင်းလဲနေသော နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများနှင့် ကိုက်ညီခြင်းရှိမရှိ စစ်ဆေးနေသည်။
ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း
တည်နေရာ
− အိန္ဒိယ အရှေ့ပိုင်း ပင်လယ်ဆိပ်ကမ်း ကာလ်ကတ္တားနှင့် အရှေ့မြောက် ကုန်းတွင်းပိတ် မီဇိုရမ် ပင်လယ် လမ်းကြောင်းများနှင့် အဝေးပြေးလမ်းတခု စီမံကိန်း။<
အရေးပါသောအချက်များ
− အိန္ဒိယနိုင်ငံ၏ အရှေ့ဖက်သို့ ဦးတည်လုပ်ဆောင်ရေး မူဝါဒ၏ အဓိက အစိတ်အပိုင်းဖြစ်သည်။ ထိုမူဝါဒသည် မဲခေါင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်မှ နိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေး ထူထောင်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးနယ်ပယ်များတွင် ကျယ်ပြန့်နီးကပ်သော ဆက်ဆံရေး ထူထောင်ရန် ရည်မှန်းသည်။
− သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် စစ်တွေ ဆိပ်ကမ်းအဆောက်အအုံ
− ပလက်ဝတွင် ဆိပ်ကမ်းနှင့် သင်္ဘောလွှဲပြောင်းတင်သည့် ဆိပ်ကမ်း
− ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်သို့ ကီလိုမီတာ ၁၃၀ ရှည်သော နှစ်လမ်းသွားလမ်း
− အိန္ဒိယနိုင်ငံမီဇိုရမ် ပြည်နယ်တွင် ကီလိုမီတာ ၁၀၀ ရှည်သော နှစ်လမ်းသွားလမ်း
လက်ရှိအခြေအနေ
− မြန်မာနှင့်အိန္ဒိယနိုင်ငံအကြား ၂၀၁၈ ခုနှစ် နားလည်မှုစာချွန်လွှာအရ စစ်တွေဆိပ်ကမ်း စီမံမည့် ပုဂ္ဂလိက လုပ်ငန်းကို အတည်ပြုထားပြီးဖြစ်သည်။မူဆယ် မန္တလေးရထားလမ်းတည်နေရာ
− ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်အနီး မူဆယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးအရေးပါသောအချက်များ
− ကူမင်းမှ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ အဝေးပြေးလမ်းနှင့်အပြိုင် ဖောက်လုပ်မည့် သေနင်္ဂဗျူဟာ ရထားလမ်း၏ အစိတ်အပိုင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်-တရုတ်- အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြန် (BCIM-EC) အရ မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်သန်းပြီး အိန္ဒိယ၏ အရှေ့မြောက် ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မည့် သီးခြား လမ်းတခုလည်း ပါဝင်သည်။
− ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈.၉ ဘီလျံတန် ၂၆၈ မိုင်ရှည်သော ရထားလမ်းဖြစ်သည်။
− ဖြစ်နိုင်ခြေ စမ်းသပ်စစ်ဆေးရန် မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group (CREEG) တို့အကြား လွန်ခဲ့သော အောက်တိုဘာလက နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားသည်။လက်ရှိအခြေအနေ
− တရုတ်နိုင်ငံက ဖြစ်နိုင်ခြေ စစ်ဆေးမှုအစီရင်ခံစာကို ဧပြီလက မြန်မာနိုင်ငံသို့ ပေးအပ်ထားပြီး မြန်မာနိုင်ငံက ဆောက်လုပ်ရေး အသေးစိတ်များကို ယခုနှစ်ကုန်တွင် နောက်ဆုံး ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်သုံးခုတည်နေရာ
− တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ချင်းရွှေဟော်။အရေးပါသောအချက်များ
− BRI ၏ အစိတ်အပိုင်းအဖြစ် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ခြင်းသည် တရုတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတို့အကြား ပထမဦးဆုံးသော သဘောတူညီချက် ဖြစ်သည်။
− ဘေ့ဂျင်းတွင် ၂၀၁၇ ခုနှစ်က ကျင်းပသည့် BRI အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သော အခါ မြန်မာနှင့် တရုတ်အစိုးရများ သဘောတူညီခဲ့သည်။
− ကုန်သွယ်ရေးနှင့် ပြုပြင်ထုတ်လုပ်ခြင်း၊ အသေးစားနှင့် အလတ်စား စက်ရုံများ၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာန၊ တရုတ်နိုင်ငံသို့ တင်ပို့မည့် စိုက်ပျိုးရေး ထုတ်ကုန်များအတွက် အရည်အသွေးမီ ထုတ်ပိုးရေး လုပ်ငန်းတို့ပါဝင်သည်။လက်ရှိအခြေအနေ
တရုတ်နိုင်ငံသည် ထိုနေရာသုံးခုတွင် အခြေခံအဆောက်အအုံများ တည်ဆောက် ပြီးစီးလုနီးပါးဖြစ်သည်။ မြန်မာနိုင်ငံသည် မြေအသုံးပြုမှုနှင့် သယ်ယူ ပို့ဆောင်ရေးအတွက် ကနဦး ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်သည်။ နယ်စပ်ဒေသများတွင် နယ်နိမိတ် သတ်မှတ်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းရမည်ဖြစ်သည်။

(function() {   ‘use strict’;   window.addEventListener(‘message’, function(event) {       if (typeof event.data[‘datawrapper-height’] !== ‘undefined’) {           for (var chartId in event.data[‘datawrapper-height’]) {              var iframe = document.getElementById(‘datawrapper-chart-‘ + chartId) || document.querySelector(“iframe[src*='” + chartId + “‘]”);               if (!iframe) {                   continue;               }               iframe.style.height = event.data[‘datawrapper-height’][chartId] + ‘px’;           }       }   });})();

မြစ်ကြီးနား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဇုန် (နမ်ကျင်း စက်မှုဇုန်)
တည်နေရာ
− ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ၂၅ ကီလိုမီတာအကွာ သမိုင်းဝင် လီဒိုလမ်းမကြီးတလျှောက်။
အရေးပါသောအချက်များ
− တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် အစီအစဉ်အရ ဧက ၄၇၀၀ ကျယ်သော အရေးပါသည့် စီမံကိန်းတခု
− ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၄၀၀ ရှိပြီး စက်ရုံ ၅၀၀ နှင့် အဆောက်အအုံ ၅၀၀၀ ခန့်ပါဝင်သည်။
− ကချင်ပြည်နယ်အစိုးရနှင့် Yunnan Tengchong Heng Yong Investment Company (YTHIC) တို့သည် အစု ရှယ်ယာရှင်များ ဖြစ်သည်။လက်ရှိအခြေအနေ
− မဟာစီမံချက်ကို ရေးဆွဲထားပြီးဖြစ်ကာ ဖြစ်နိုင်ခြေ စမ်းသပ်မှုပြုလုပ်နေသည်။ သဘောတူစာချုပ်အတွက် ဆွေးနွေးနေပြိး ဖက်စပ် လုပ်ငန်းသဘောတူညီချက်များ ပြုလုပ်နေသည်။မန္တလေးဆိပ်ကမ်းစီမံကိန်းတည်နေရာ
− မန္တလေးမြို့အနောက်ဖက် ၁ ကီလိုမီတာအကွာ ဧရာဝတီမြစ်ကမ်း။အရေးပါသော အချက်များ
− ၂၀ ဧကကျယ်သော ထိုစီမံကိန်းတွင် ကုန်သေတ္တာ သိုလှောင်နိုင်သည့် ဆိပ်ကမ်းသစ်၊ ကုန်လှောင်ရုံများ၊ ဘောတံတားများ၊ ချဉ်းကပ်တံတားများနှင့် ကုန်သယ်ဆောင် စက်ယန္တရားများ ပါဝင်သည်။
− ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ငွေ ယန်း ၆ ဘီလျံဖြင့် အကောင်အထည် ဖော်မည်။လက်ရှိအခြေအနေ
− ယခုနှစ်အတွင်း စီမံကိန်း စတင်မည်။

မြို့သာ စက်မှုစီမံကိန်း

တည်နေရာ
− မန္တလေးတိုင်း မန္တလေး နိုင်ငံတကာလေဆိပ်၏ တောင်ဖက်တွင် တည်ရှိသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ ဗဟိုတွင် တည်ရှိသည်။

အရေးပါသောအချက်များ
− စိုက်ပျိုးမြေများ၊ ဂေဟဗေဒ ထိန်းသိမ်းရေးမြေ၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ လူနေဒေသများနှင့် အပမ်းဖြေ အဆောက်အအုံများ ပါဝင်သည်။
− မန္တလေးတိုင်းအစိုးရနှင့် မန္တလေးမြို့သာ စက်မှုတိုးတက်ရေး အများပိုင် ကုမ္ပဏီ (MMID PCL) တို့ ပူးတွဲ အကောင်အထည် ဖော်သည်။
− အလုပ်အကိုင် ၃၃၇၀၀ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ရသည်။
− မြို့သာ စက်မှုစီမံကိန်းမှ မြေဧက ၃၀၀ ခန့်တွင် ဒေါ်လာ သန်း ၃၉၀ တန် မြို့ပြ စက်မှုဇုန်တည်ထောင်ရန် ယူနန်မှ တရုတ်အခြေစိုက် Techong Industrial Park Development Co. Ltd. နှင့် MMID PCL တို့ သဘောတူထားသည်။လက်ရှိအခြေအနေ
တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဒိန်းမတ်နှင့် နယ်သာလန်တို့မှ ကုမ္ပဏီ ၃ ဒါဇင်နီးပါးတို့သည် တိရစာ္ဆန်အစားအစာ၊ ကွန်ကရစ်နှင့် အခြားထုတ်ကုန်များ ထုတ်လုပ်သည့် စက်ရုံများကို လည်ပတ်နေကြသည်။သီလဝါအထူးစီးပွားရေးဇုန်
တည်နေရာ
− မြန်မာနိုင်ငံ၏ စီပွားရေးအချက်အခြာ ရန်ကုန်ရှိ ရန်ကုန်မြစ်လက်တက်တွင် တည်ရှိသည်။

အရေးပါသောအချက်များ
− ဂျပန်နိုင်ငံက ကျောထောက်နောက်ခံ ပြုပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန် ဖြစ်သည်။
− ဂျပန်၏ အရှေ့အနောက် စီးပွားရေး စင်္ကြန်တလျှောက် ဘန်ကောက်နှင့် ရန်ကုန်အကြား ဆက်သွယ်ရေး ကောင်းမွန်စေရန် ရည်ရွယ်သည်။
− ဇွန်လအထိ ရရှိသော စာရင်းများအရ ဆောက်လုပ်ရေး၊ ကုန်သေတ္တာ၊ အထည်ချုပ်စက်ရုံများမှ မော်တော်ယာဉ် ထုတ်လုပ်သော စက်ရုံများအထိ ကုမ္ပဏီပေါင်း ၁၀၈ ခုတို့သည် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထားသည်။ ထိုကုမ္ပဏီများ၏ ထက်ဝက်ခန့်သည် ဂျပန်မှဖြစ်သည်။လက်ရှိအခြေအနေ
− ဇုန် ဘီ စီမံကိန်း၏ အဆင့် ၃ ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည်။
ပုသိမ် စက်မှုမြို့တော်
တည်နေရာ
− ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မှ တောင်ဖက် ၄ မိုင်အကွာ ပုသိမ်မြစ်ပေါ်တွင် တည်ရှိသည်။
အရေးပါသောအချက်များ
− စက်မှုဇုန်များ တန်ချိန် ၁၀၀၀၀ အလေးချိန်ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ကုန်သင်္ဘောဆိပ်နှင့် စီးပွားရေးနှင့် လူနေ အဆောက်အအုံများ ပါဝင်သော ဧက ၆၇၀၀ ကျယ်သည့် စီမံကိန်းဖြစ်သည်။
− ဧရာဝတီတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီက တည်ဆောက်သည်။
− CMEC ၏ အစိတ်အပိုင်းအဖြစ် ဟောင်ကောင်အခြေစိုက် China Textile City Network Co. Ltd. သည် ဧက ၂၀၀ ခန့်မြေတွင် အထည်ချုပ်စက်ရုံများ တည်ဆောက်မည်ဖြစ်သည်။
လက်ရှိအခြေအနေ
ဇုန် အေ၏ အဆင့် ၁ ကို အကောင်အထည် ဖော်နေပြီး အခြေခံ အဆောက်အအုံများ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

စီးပွားရေး အခြေခံအဆောက်အအုံများကို ဦးစားပေးခြင်း

စစ်အာဏာရှင်စနစ်အောက် ဆယ်စုနှစ် ၆ ခုနီးပါး အထီးကျန်ခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသည် မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်းအဖြစ် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။မြန်မာနိုင်ငံသည် Global Infrastructure Outlook ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသော နိုင်ငံ ၅၀ အနက် အခြေခံ အဆောက်အအုံ လိုအပ်ချက် အကြီးမားဆုံးနိုင်ငံအဖြစ် စာရင်းသွင်းခံထားရပြီး နိုင်ငံအတွက် စီးပွားရေး လမ်းကြောင်း ကောင်းမွန်မှုမှာ ကြီးမားလှသော အခြေခံ အဆောက်အအုံ လိုအပ်ချက်ကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ထိုအခြေအနေကို သတိထားမိသောကြောင့် NLD အစိုးရ၏ အချက် ၁၂ ချက်ပါ စီးပွားရေးမူဝါဒသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ လမ်းများနှင့် ဆိပ်ကမ်းများကဲ့သို့သော အခြေခံစီးပွားရေး အခြေခံ အဆောက်အအုံများကို ဦးစားပေးသည်။ ထိုမူဝါဒသည် အနာဂတ် ရေရှည်စီးပွားရေး ရည်မှန်းချက်ထက် ASEAN နှင့် အခြားနိုင်ငံများမှ ပြောင်းလဲ တိုးတက်နေသော ပတ်ဝန်းကျင်ကို ခွဲခြား သတ်မှတ်ခြင်းဖြင့် အလားအလာရှိသော အခွင့်အလမ်းများကို အသုံးချရန် အာရုံစိုက်သည်။

အခြေခံ အဆောက်အအုံသည် လက်ရှိအစိုးရ ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုများအနက် တခုဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး ထွန်းသစ်စ ဈေးကွက်ကြီး နှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့အကြားတွင် သေနင်္ဂဗျူဟာကျစွာ တည်ရှိနေသည့် အနေအထားမှ အကျိုး ခံစားရနိုင်ကြောင်းလည်း သူက ပြောသည်။

(function() {   ‘use strict’;   window.addEventListener(‘message’, function(event) {       if (typeof event.data[‘datawrapper-height’] !== ‘undefined’) {           for (var chartId in event.data[‘datawrapper-height’]) {               var iframe = document.getElementById(‘datawrapper-chart-‘ + chartId) || document.querySelector(“iframe[src*='” + chartId + “‘]”);               if (!iframe) {                   continue;               }               iframe.style.height = event.data[‘datawrapper-height’][chartId] + ‘px’;           }       }   });})();

မြန်မာနိုင်ငံအတွက် အကျိုးရှိမည်လား

အရွယ်အစားနှင့် ဆက်စပ်မှုအရ စီးပွားရေး စင်္ကြန် ၃ ခုမှ ထိုအခြေခံ အဆောက်အအုံ စီမံကိန်းကြီး ၁၀ ခုနှင့် အိန္ဒိယ၏ နယ်စပ်ဖြတ်ကျော် စီမံကိန်းများသည် ထိုပြဿနာကို အတိုင်းအတာတခုအထိ ဖြေရှင်းပေးနိုင်ဖွယ်ရှိသည်။

အစိုးရသည် မြန်မာရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ကိုလည်း ရေးဆွဲထားပြီး စစ်မှန်ပြီး အားလုံး အကျုံးဝင်သော အကူးအပြောင်းကာလ စီးပွားရေး တိုးတက်မှုရရှိရေးအတွက် တိုင်းပြည်၏ များပြားလှသော မူဝါဒများနှင့် မဏ္ဍိုင်အဖွဲ့အစည်းများကို ချိန်ညှိရန် ရည်ရွယ်သည်။ MSDP သည် နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် လမ်းပမ်းဆက်သွယ်ရေး တိုးတက်စေရန် ရည်ရွယ်ပြီး မဲခေါင်ဒေသခွဲ (GMS) နှင့် BRI အစီအစဉ်တို့အောက်မှ စီးပွားရေး စင်္ကြန်များကို ဦးစားပေးသည်။

အဓိက အခြေခံအဆောက်အအုံ စီမံကိန်းကြီးများသည် မြန်မာနိုင်ငံကို ဒေသတွင်းတွင် အဓိက အခြေခံ အဆောက်အအုံ ဖြစ်လာစေနိုင်ပြီး ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံသားများ၏ လူနေမှု အဆင့်အတန်းနှင့်ဝင်ငွေကို တိုးတက် စေမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ သို့သော် ထိုစီမံကိန်းကြီးများသည် လူမှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆိုးကျိုးများဖြစ်စေပြီး တိုင်းရင်းသား ဒေသများတွင် ပဋိပက္ခများဖြစ်စေကာ အင်အားကြီးမားသော နိုင်ငံများ၏ တောင်းဆိုမှုများကို ချိန်ညှိရသည့် အန္တရာယ် ဖြစ်နိုင်ခြေများလည်း ရှိနေသည်။

ဒေသတွင်း အချက်အခြာ နေရာဖြစ်လာနိုင်သော မြန်မာနိုင်ငံ၏ အလားအလာသည် အင်ဒိုပိစိဖိတ်ဒေသ တိုးတက်လာခြင်း နှင့်လည်း ကိုက်ညီနေကြောင်း ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ ဌာန တွဲဖက်ပါမောက္ခ သီတင်နန် ပေါင်ဆူဒီရက်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ အင်ဒိုပိစိဖိတ်ဒေသသည် ဒေသတွင်း ဆက်ဆံရေးအတွက် အဓိက ပထဝီသေနင်္ဂဗျူဟာ မူဘောင်အဖြစ် အာရှိပစိဖိတ် ဒေသကို စတင် ကျော်တက်လျှက် ရှိနေသည်။

သို့သော် စီမံကိန်းဒေသများဖြစ်သည့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်နေသောကြောင့် “ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှု၊ အထူးသဖြင့် ရှည်ကြာလှတဲ့ ပြည်တွင်းပဋိပက္ခ တွေဟာ ဒီစီမံကိန်းကြီးတွေကို လမ်းချော် အင်အားချိနဲ့ သွားစေနိုင်တယ်” ဟု အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ရည်ညွှန်းကာ သူက ပြောသည်။

ထိုစီမံကိန်းကြီးများမှ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မညီမျှမှု ကျဉ်းမြောင်းစေရေးနှင့် အလွန်အကျွံ ဆင်းရဲနွမ်းပါးမှု လျှော့ကျစေရန် စီမံရမည်ဟု သူ အကြံပြုသည်။

“မြန်မာနိုင်ငံက အလွန်အကျွံ စီးပွားရေးတိုးတက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရယ်၊ တိုင်းရင်းသားအရ၊ ပထဝီအရ ကွဲပြားမှု မညီမျှမှု ဆိုးရွားလာတာရယ်၊ တိုင်းရင်းသား ပဋိပက္ခက ပိုဆိုးပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာပြီး ဆင်းရဲတဲ့လူတွေက ဘာမှ မတိုးတက်တာ မျိုးတွေကို မြန်မာနိုင်ငံက မလိုချင်ဘူး” ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံ၏ ထူးခြားသော အလားအလာများ ရှိနေသော်လည်း စီမံကိန်းကြီးများသည် ပင်ကိုယ် သဘောအရပင် အန္တရာယ် ဖြစ်နိုင်ခြေများကြောင်း အထူးသဖြင့် အထက်ပါ စီမံကိန်းကြီး ၁၀ ခုအနက် ထက်ဝက်ခန့်သည် တရုတ်နိုင်ငံနှင့် ပတ်သက်နေသောကြောင့် အန္တရာယ် များကြောင့် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) မှ အာရှ ပြန်လည် ဆက်သွယ်ရေး စီမံကိန်းမှ ဒါရိုက်တာ ဂျိုနသန် ဟေးမင်းကပြောသည်။

တရုတ်နိုင်ငံ၏ ငွေကြေး စိုက်ထုတ်မှု အများအပြားသည် တရုတ် ကန်ထရိုက်တာများကို အသုံးပြုခြင်းနှင့် ဆက်စပ် ထားသောကြောင့် ဒေသအတွက် စီးပွားရေး အကျိုးကျေးဇူး လျှော့နည်းစေကြောင်း သူထောက်ပြသည်။ ပွင့်လင်းမြင်သာမှုသည် စရိတ်ဖောင်းပွမှုကို လျှော့ချပေးကြောင်းလည်း သူက ပြောသည်။

“မှန်ကန်တဲ့ စီမံကိန်းကို ရွေးချယ်ခြင်းမှာသာမက လုပ်ငန်းဆောင်ရွက်တဲ့အခါ သင့်တင့်တဲ့ ဘေးအန္တရာယ် လျှော့ချရေး အပေါ်မှာပါ အများကြီးမူတည်နေတယ်” ဟု သူက ပြောသည်။ ဥပမာအားဖြင့်ဆိုရပါက ပတ်ဝန်းကျင် ပျက်စီးမှုသည် စီမံကိန်းမှ ရနိုင်သော အကျိုးကျေးဇူးများကို လျှော့ကျစေမည်ဟု သူက ပြောသည်။

ထိုစီမံကိန်းကြီးများကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကျေးဇူးတင်မှီခိုလာရမည်ဟု သီတင်နန်က ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများ၊ အထူးသဖြင့် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့အကြား ချိန်ခွင်လျှာ ညှိရာတွင် ပိုမိုခက်ခဲသည့် အခြေအနေကို ရင်ဆိုင်လာရနိုင်သည်ဟု သူက ထောက်ပြသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၀ နှစ်မှ နှစ် ၂၀ ကာလအတွက် ၎င်းလိုလားသော ကိုယ်ပိုင် စီးပွားရေး ရည်မှန်းချက်ရှိရန် ဦးစွာလိုကြောင်းနှင့် ပြည်တွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရန် လိုအပ်သည့် အခြေခံ အဆောက်အအုံများကို ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း သမိုင်းဆရာ ဦးသန့်မြင့်ဦးကပြောသည်။

ထိုစီမံကိန်းကြီးများကို သဘာဝပတ်ဝန်းကျင်အရနှင့် ပထဝီ နိုင်ငံရေးအရသာမက၊ တိုင်းရင်းသားချင်း ဆက်ဆံရေး သို့မဟုတ် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ အပေါ် သက်ရောက်မှုကိုလည်း စဉ်းစားသင့်ကြောင်း သူက ပြောသည်။

“ဒါပေမယ့် စမှတ်ကတော့ မြန်မာနိုင်ငံရလိုတဲ့ နိုင်ငံရေး ဘောဂဗေဒအကြောင်း ဆွေးနွေးခြင်း ဖြစ်သင့်တယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ စက်မှုတော်လှန်ရေးကို ဘာက မောင်းနှင်မလဲ၊ ၂၁ ရာစုလယ်မှာ ဘယ်လိုစက်မှု တော်လှန်ရေးမျိုး ဖြစ်နိုင်မလဲဆိုတာပဲ ဖြစ်တယ်။ ညီမျှမှုနဲ့ စီးပွားရေးတိုးတက်မှုဟာ ဘယ်ဟာက ပိုအရေးပါလဲ။ အခြေခံ အဆောက်အအုံ စီမံကိန်းကြီးတွေ မစတင်ခင်မှာ ဒီမေးခွန်းတွေကို အရင်ဖြေဖို့လိုတယ်” ဟု သူကပြောသည်။

(Nan Lwin ၏ Megaprojects a Double-Edged Sword for Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: ကောင်းကျိုးဆိုးကျိုးစီမံကိန်းကြီးများဒွန်တွဲ
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် / ဧရာဝတီ

စီမံကိန်းကြီးများမှ နိုင်ငံရေး အမြတ်ထုတ်မည် မဟုတ်ဟု မန္တလေး ဝန်ကြီးချုပ်ဆို

by မြတ်ပြည့်ဖြိုး
28 March 2019
10.8k

“ဒီစီမံကိန်းတွေကို အလျင်စလို ဖုတ်ပူမီးတိုက် နိုင်ငံရေး အရ အမြတ်ထုတ်ချင်လို့ မဟုတ်ဘူး။ မန္တလေး တိုင်းအတွက် နိုင်ငံ အတွက် ရေရှည် စနစ်ကျတဲ့ Green၊ Clean၊ Smart ရင်းနှီးမြှုပ်နှံမှု ဖြစ် အောင် လုပ်မယ့်...

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး  / ထက်နိုင်ဇော် / ဧရာဝတီ

နှစ်ရှည်စီမံကိန်းများ ပြန်လည်စိစစ်ရေး လွှတ်တော်တွင်း ဆွေးနွေးမည်

by ထက်နိုင်ဇော်
22 February 2017
5.7k

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာပြီး ပြည်သူအများ လက်မခံသည့် နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက်အစိုးရက ခွင့်ပြုထားသော လုပ်ငန်းများကို ပြန်လည်စိစစ်မည့် အဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်

Next Post
လွှတ်တော်တက်ရောက်လာသူ တပ်မတော်ကိုယ်စားလှယ်များအား ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်း မြင်ရစဉ် / Reuters

တပ်တွင်းမဲရုံများ တရားဝင်မှု မရေရာ

သကြားဓာတ်များတဲ့  Soft Drink ၊ အချိုရည်၊ ဒိန်ချဉ်နဲ့ အသင့်သောက်ကော်ဖီ ကြော်ငြာတွေကို ပိတ်ပင်လိုက်တာပါ

သကြားဓာတ်များတဲ့ အချိုရည်ကြော်ငြာခွင့် ပိတ်ပင်လိုက်တဲ့ စင်ကာပူနိုင်ငံ

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.3k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate