• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၅ နှစ်တကြိမ် ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်အကြောင်း သိကောင်းစရာ ၅ ခု

by ဧရာဝတီ
16 October 2022
in ဆောင်းပါး
A A
ရှီသည် ဥက္ကဌရာထူးကို ပြန်လည်အသက်သွင်းနိုင်ပြီး သူ၏အဆင့်အတန်းကို ခေတ်သစ်တရုတ်နိုင်ငံ ဖခင်ကြီး မော်စီတုန်းနီးပါး အဆင့်သို့ မြှင့်တင်မည်ဟု မျှော်လင့်ရသည်

ရှီသည် ဥက္ကဌရာထူးကို ပြန်လည်အသက်သွင်းနိုင်ပြီး သူ၏အဆင့်အတန်းကို ခေတ်သစ်တရုတ်နိုင်ငံ ဖခင်ကြီး မော်စီတုန်းနီးပါး အဆင့်သို့ မြှင့်တင်မည်ဟု မျှော်လင့်ရသည်

2.4k
VIEWS
Share on FacebookShare on Twitter

နှစ်ပေါင်းများစွာအတွင်း အရေးအကြီးဆုံးဖြစ်သော နိုင်ငံရေးအစည်းအဝေးတခုကို တနင်္ဂနွေနေ့တွင် စတင် ကျင်းပပြီး တရုပ်ပြည်တလွှားမှ ကွန်မြူနစ်ပါတီကိုယ်စားလှယ် ၂၃၀၀ ခန့်သည် ၅ နှစ်တကြိမ် ကျင်းပသည့် အမျိုးသားကွန်ဂရက်အတွက် ဘေ့ဂျင်းတွင် တွေ့ဆုံကြသည်။

၂၀ ကြိမ်မြောက်ကွန်ဂရက်သည် သမ္မတရှီကျင့်ဖျင်ကို သစ္စာခံမည့် ထိပ်တန်းအရာရှိများဟု ယူဆရသူများအောက်တွင် အကောင်အထည်ဖေါ်မည့် လာမည့် ၅ နှစ်အတွက် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ချမှတ်မည်ဖြစ်သည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သော ရှီသည် ယခင်သမိုင်းတွင် မရှိဖူးသည့် ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေး တရုတ်နိုင်ငံအကြီးအကဲရာထူး တတိယသက်တမ်းရရှိရန် ကြိုးစားနေသည်။ ထိုသို့ဖြစ်လာပါက သူသည် တရုတ်တွင် မော်စီတုန်းနောက်ပိုင်း သြဇာအကြီးမားဆုံး ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။

အသက် ၆၉ နှစ်ရှိပြီဖြစ်သော ရှီသည် ယခင်သမိုင်းတွင် မရှိဖူးသည့် ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေး တရုတ်နိုင်ငံအကြီးအကဲရာထူး တတိယသက်တမ်းရရှိရန် ကြိုးစားနေသည်။ ထိုသို့ဖြစ်လာပါက သူသည် တရုတ်တွင် မော်စီတုန်းနောက်ပိုင်း သြဇာအကြီးမားဆုံး ခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။

ထိုသို့ကြိုတင်ပြင်ဆင်ထားသော ကွန်ဂရက်အတွက် သိကောင်းစရာ ၅ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

တရုတ်အမျိုးသားကွန်ဂရက် ဆိုသည်

ကွန်မြူနစ်ပါတီ စတင်ထူထောင်စဉ် ၁၉၂၁ ခုနှစ်က စတင်ကျင်းပသည့် ထိုကွန်ဂရက်သည် လာမည်ဆယ်စုနှစ်အတွက် ခေါင်းဆောင်သစ်များကို အတည်ပြုပေးသည်။ သို့သော်လုပ်ငန်းအဆင့်အဆင့်ကို လျှို့ဝှက်ချက်များ ဖုံးလွှမ်းနေပြီး နိုင်ငံလူဦးရေ ၁.၄ ဘီလီယံသည် ပြောရေးဆိုခွင့် မရှိသလောက်ပင်ဖြစ်သည်။

တနိုင်ငံလုံးရှိ ပါတီဝင် ၉၆ သန်းအနက် ရှီ၏ရုံးက ရွေးချယ်သည့် ထိပ်တန်းကေဒါ ၂၂၉၆ ဦးသည် ဘေ့ဂျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံပြီး လာမည့် ၅ နှစ်အတွက် မူဝါဒကို ချမှတ်မည်ဖြစ်သည်။ ထိုကိုယ်စားလှယ်များသည် လူဦးရေအချိုးအစားကို အနည်းငယ်သာ ကိုယ်စားပြုပြီး အလုပ်သမားများနှင့် လူမျိုးစု ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။

၎င်းတို့အစား တနိုင်ငံလုံးရှိ ပါတီဝင် ၉၆ သန်းအနက် ရှီ၏ရုံးက ရွေးချယ်သည့် ထိပ်တန်းကေဒါ ၂၂၉၆ ဦးသည် ဘေ့ဂျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံပြီး လာမည့် ၅ နှစ်အတွက် မူဝါဒကို ချမှတ်မည်ဖြစ်သည်။ ထိုကိုယ်စားလှယ်များသည် လူဦးရေအချိုးအစားကို အနည်းငယ်သာ ကိုယ်စားပြုပြီး အလုပ်သမားများနှင့် လူမျိုးစု ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။

ယခုကျင်းပသည့် ကွန်ဂရက်တွင် အမျိုးသမီးအာကာသယာဉ်မှူး ဝေါင်ယာဖင်သည် ရေပမ်းစားမည့် သူများအနက် တဦးဖြစ်သည်။ အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် ခေါင်းဆောင်များ၊ ပညာရှင်များနှင့် အခြားအသက်မွေးဝမ်းကြောင်းပညာရှင်များ တက်ရောက်မည်ဖြစ်သည်။

လာမည့်ကွန်ဂရက် အစီအစဉ်

အဖွဲ့ဝင် ၃၇၆ ဦးရှိသည့် ဗဟိုကော်မတီမှ အထူးမဲပေးခွင့်ရှိသူ ၂၀၄ ဦးတို့သည် အဖွဲ့ဝင် ၂၅ ဦးပါသည့် နိုင်ငံရေး ဦးဆောင်အဖွဲ့နှင့် သြဇာကြီးမားပြီး အဖွဲ့ဝင် ၇ ဦးပါပြီး အထွေထွေအတွင်းရေးမှူးဦးဆောင်သည့် နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်များကို ရွေးချယ်မည်ဖြစ်သည်။

အထွေထွေအတွင်းရေးမှူး ရာထူးသည် ရှီက ချုပ်ကိုင်ထားသည့် ရာထူးဖြစ်ပြီး သူသည် ပါတီမူဝါဒရည်မှန်းချက်များကို တနင်္ဂနွေနေ့တွင် ရှင်းလင်းသည့် အစီရင်ခံစာတင်သွင်းမည်ဟု မျှော်လင့်ရသည်။ ထိုသုံးသပ်ချက်တွင် ရှီ၏ ပါတီတွင်း အုပ်ချုပ်ရေးတောင့်တင်းရေး၊ နိုင်ငံစီးပွားရေးကို အလျှင်အမြန်တိုးတက်မှုမှ ပိုမိုကောင်းမွန်သော ဘဝအရည်အသွေး ရရှိရေးသို့ ပြောင်းလဲရေးနှင့် အမေရိကန် သြဇာကျဆင်းလာသည့် နိုင်ငံတကာ နိုင်ငံစုံ စနစ်အကောင်အထည်ဖေါ်ရေးတို့ကို အလေးထားမည်ဟု ယူဆရသည်ဟု အမေရိကန် ပြည်ထောင်စုအခြေစိုက် သုတေတနအဖွဲ့ Eurasia Group ကယူဆသည်။

ရှီ၏ တတိယအကြိမ် ရာထူးသက်တမ်းရရှိရေး

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
148
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
103
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k

အသက် ၇၀ နီးပါးရှိလာသော ရှီသည် နိုင်ငံရေးဦးဆောင်အဖွဲ့၏ အငြိမ်းစားအသက် ကန့်သတ်ချက် ၆၈ နှစ်အရ ပုံမှန်အားဖြင့် ရာထူးမှ နုတ်ထွက်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံ၏ အထွဋ်အထိပ် ခေါင်းဆောင်တဦး အနေဖြင့် တရုတ်နိုင်ငံဖွဲ့စည်းပုံ၏ သမ္မတသက်တမ်း ၂ ကြိမ်သာထားသည့် ကန့်သတ်ချက်ကို ၂၀၁၈ ခုနှစ်တွင် ပယ်ဖျက်ပြီးနောက် ရာထူးတွင် ဆက်လက်ရှိနေမည် ဖြစ်သည်။

ရှီသည် ဥက္ကဌရာထူးကို ပြန်လည်အသက်သွင်းနိုင်ပြီး သူ၏အဆင့်အတန်းကို ခေတ်သစ်တရုတ်နိုင်ငံ ဖခင်ကြီး မော်စီတုန်းနီးပါး အဆင့်သို့ မြှင့်တင်မည်ဟု မျှော်လင့်ရသည်။ မော်သည်နိုင်ငံကို ဆယ်စုနှစ် ၃ ခုနီးပါး ဦးဆောင်ခဲ့သူဖြစ်သည်။

ရှီသည် သူ့ကိုဆက်ခံမည့်သူ အမည်ကိုလည်း ထုတ်ပြန်ကြေညာခြင်းမရှိဘဲ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုက ချမှတ်ထားသည့် ပါတီ၏ သတ်မှတ်ချက်များကို လိုက်နာမည်မဟုတ်ဟု ယူဆရသည်။ ရှီသည် ဥက္ကဌရာထူးကို ပြန်လည်အသက်သွင်းနိုင်ပြီး သူ၏အဆင့်အတန်းကို ခေတ်သစ်တရုတ်နိုင်ငံ ဖခင်ကြီး မော်စီတုန်းနီးပါး အဆင့်သို့ မြှင့်တင်မည်ဟု မျှော်လင့်ရသည်။ မော်သည်နိုင်ငံကို ဆယ်စုနှစ် ၃ ခုနီးပါး ဦးဆောင်ခဲ့သူဖြစ်သည်။

စောင့်ကြည့်ရမည့် အခြားထိပ်တန်းအရာရှိများ

ရှီအပြင် နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် အခြား ၆ ဦးကို ခန့်အပ်ခြင်းသည် တရုတ်ခေါင်းဆောင်မှုသစ်အတွက် အဓိကကျသည်။ ဒုတိယခေါင်းဆောင် လီခါချောင်သည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဟု မျှော်လင့်ရပြီး အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဒုတိယ ဝန်ကြီးချုပ် ဟူချွမ်ဟွာသည် သူ့ရာထူးကို ဆက်ခံမည်ဟု ယူဆရသူများတွင် ပါဝင်သည်။

ဟူသည် စက်ရုံများအဓိက တည်ရှိရာ ကွမ်တုံပြည်နယ်နှင့် နှိုင်းယှဉ်ချက်အားဖြင့် ဖွံ့ဖြိုးတိုးတက်မှုနည်းသည့် တိဘက်နှင့် မွန်ဂိုလီးယားအတွင်းပိုင်း ဒေသများအတွက် အရာရှိအဖြစ်လည်း ထမ်းဆောင်နေသည်။

ရှီ၏ နံပတ် ၂ ရာထူးကို ဆက်ခံမည်ဟု သတင်းပြေးနေသူများတွင် ရှန်ဟိုင်းမှ ပါတီခေါင်းဆောင် အသက် ၆၃ နှစ်ရှိပြီဖြစ်သော လီချောင်လည်း ပါဝင်သည်။ ဘဏ္ဍာရေး မြို့တော် ရှန်ဟိုင်းတွင် ဖရိုဖရဲဖြစ်စေသည့် ၂ လကြာ ကိုဗစ်နိုင်တင်း ပိတ်ဆို့မှုကြောင့် စီးပွားရေးအထိနာပြီး ပြည်သူလူထုဒေါသ စံချိန်တင် မမြင့်မားမီအချိန်အထိ သူ့ကို လွန်စွာလေးစားကြသည်။

ရှီ၏ နံပတ် ၂ ရာထူးကို ဆက်ခံမည်ဟု သတင်းပြေးနေသူများတွင် ရှန်ဟိုင်းမှ ပါတီခေါင်းဆောင် အသက် ၆၃ နှစ်ရှိပြီဖြစ်သော လီချောင်လည်း ပါဝင်သည်။ ဘဏ္ဍာရေး မြို့တော် ရှန်ဟိုင်းတွင် ဖရိုဖရဲဖြစ်စေသည့် ၂ လကြာ ကိုဗစ်နိုင်တင်း ပိတ်ဆို့မှုကြောင့် စီးပွားရေးအထိနာပြီး ပြည်သူလူထုဒေါသ စံချိန်တင် မမြင့်မားမီအချိန်အထိ သူ့ကို လွန်စွာလေးစားကြသည်။

ဝန်ကြီးချုပ်ဖြစ်လာနိုင်သူ အခြားတဦးမှာ ရှီ၏ နိုင်ငံရေးလက်ထောက် ဒင်ရွှယ်ရှောင် ဖြစ်သည်။ ရာထူးတွင် ဆက်လက်ကျန်ရှိနိုင်သည့် အခြား နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်များတွင် ထိပ်တန်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အရာရှိ ကျောင်လာကျီနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ၄ ဦးအနက် တဦးဖြစ်သော ဝေါင်ယီ ပါဝင်သည်။

အသစ် ခန့်အပ်ခံရသော အရာရှိများသည် မတ်လတွင် ကျင်းပမည့် ရာဘာတံဆိပ်တုံး လွှတ်တော်ဖြစ်သော အမျိုးသား ပြည်သူ့ကွန်ဂရက် မတိုင်မီ တာဝန်ထမ်းဆောင်ခြင်း ပြုမည်မဟုတ်ပေ။

တရုတ်ခေါင်းဆောင်မှုသစ်မှ မည်သည်တို့ကို မျှော်လင့်ရမည်နည်း

ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေး အစီအမံများနှင့် ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းကြောင့် ထိခိုက်နေသည့် စီးပွားရေးကို ထောက်ကူရန် အစီအမံသစ်များကို ချမှတ်မည်ဖြစ်သည်။ ရှီ၏ ရာထူးခိုင်မာသွားသောအခါ တရုတ်သည် ဗိုင်းရပ်စ်မူဝါဒများကို လျှော့ချပေးမည်ဟု အချို့ မျှော်လင့်ကြသည်။ သို့သော် အခြားသူများက ထိုလောက်အကောင်းမမြင်ကြပေ။

“စီးပွားရေးအတွက် ထူးထူးခြားခြား ပြောင်းလဲမယ့် အချိန်ဖြစ်မှာ မဟုတ်လောက်ဘူး” ဟု ဗြိတိန် စီးပွားရေး အကြံပေးလုပ်ငန်း Capital Economics မှ စီးပွားရေး ပညာရှင်ချုပ် နီးလ် ရှီးယားရင်း ပြောသည်။ “တခုခုဖြစ်ဖို့ ရှိတယ်ဆိုရင် စီးပွားရေးတိုးတက်မှု ပြန်လည်အားကောင်းလာဖို့ လိုအပ်တဲ့ အစီအမံတွေနဲ့အလှမ်းဝေးနေသေးတယ်” ဟု သူပြောသည်။

“ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တွေမှာ တရုတ်-အမေရိကန် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခြင်း၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ ပိုမိုညှိနှိုင်း ဆောင်ရွက်လာခြင်း၊ ပိုမိုများပြားတဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာများ လက်တွဲဖြုတ်ခြင်းတွေ ပါဝင်လိမ့်မယ်” ဟု Eurasia အုပ်စုမှ နီးလ်သောမတ် ဦးဆောင်သော သုတေသီများ ပြောသည်။

နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် တရုတ်အစိုးရသစ်သည် ကမ္ဘာ့ရေးရာများတွင် အနောက်နိုင်ငံများ၏ အဆမတန်ကြီးမားနေသော သြဇာကို တဖြည်းဖြည်းလျှော့ကျလာအောင် ကြိုးစားရင်း ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဆက်လက်ထောက်ခံမည်ဟု မျှော်လင့်ရသည်။

“ဖြစ်နိုင်ခြေရှိတဲ့ အကျိုးဆက်တွေမှာ တရုတ်-အမေရိကန် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခြင်း၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ ပိုမိုညှိနှိုင်း ဆောင်ရွက်လာခြင်း၊ ပိုမိုများပြားတဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာများ လက်တွဲဖြုတ်ခြင်းတွေ ပါဝင်လိမ့်မယ်” ဟု Eurasia အုပ်စုမှ နီးလ်သောမတ် ဦးဆောင်သော သုတေသီများ ပြောသည်။

တရုတ်က ၎င်းတို့ပိုင်နက်အဖြစ်မြင်သော ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် ထင်ရှားသည့် သွင်ပြင်တခုဖြစ်လာမည်ဖြစ်သည်။

“ပြန်လည်ပေါင်းစည်းရေး ယုတ္တိဗေဒက ရှီအတွက် အခြေခံဖြစ်တယ်။ ဒါပေမယ် အဲဒီလိုဖြစ်ဖို့ လမ်းကြောင်းနဲ့ တကယ်ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေက လုံး၀ ရှင်းရှင်းလင်းလင်း မရှိဘူး” ဟု Xi: A Study in Power စာအုပ်ကို ရေးသားသူ ကယ်ရီဘရောင်းက Nikkei Asia သို့ပြောသည်။

ကိုးကား။ ။ Nikkei Asia မှ China’s twice-a-decade national congress: 5 things to know

You may also like these stories:

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံနှင့် အလားအလာများ

မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ

စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ

အမေရိကန် မပါဘဲ တရုတ်ကို ထိုင်ဝမ် မည်သို့ ခံတိုက်နိုင်သနည်း

Your Thoughts …
Tags: ကွန်မြူနစ်ပါတီကိုယ်စားလှယ်တရုတ်အမျိုးသားကွန်ဂရက်သမ္မတရှီကျင့်ဖျင်သိကောင်းစရာ ၅ ခု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

by Laurie Chen
23 October 2025
1k

ဗဟိုကော်မတီ တင်းပြည့်နှင့် အလှည့်ကျ အဖွဲ့ဝင် ၃၀၀ ကျော်အနက် အနည်းဆုံး ၁၁ ဦးကို အလှည့်ကျ အဖွဲ့ဝင်များက အစားထိုးဖွယ်ရှိသည်ဟု လုပ်ထုံးလုပ်နည်းအရ သိရသည်။

တရုတ်ရဲ့ ထောက်ခံမှုနဲ့ စစ်ရာဇဝတ်မှုတွေ ပိုလုပ်လာတော့မယ် (ရုပ်/သံ)

တရုတ်ရဲ့ ထောက်ခံမှုနဲ့ စစ်ရာဇဝတ်မှုတွေ ပိုလုပ်လာတော့မယ် (ရုပ်/သံ)

by ဧရာဝတီ
1 September 2025
88

တရုတ်ရဲ့ အကာအကွယ်ပေးမှု၊ နိုင်ငံရေးအရ အသိအမှတ်ပြုမှုတွေကြောင့် အာဏာသိမ်း စစ်တပ်ဟာ ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေ လက်ရဲဇက်ရဲ ထပ်ကျူးလွန်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ စောင့်ကြည်သူတွေက ဆိုပါတယ်။

ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျိုး၊ ဝူဟန်နှင့် ချန်ဒူး အပါအဝင် မြို့ကြီးများတွင် နေထိုင်သူများသည် ၎င်းတို့၏ ဒေါသကို ဖော်ထုတ်ရန် လမ်းမများပေါ်သို့ ထွက်ခဲ့ကြသည်

တရုတ် COVID ဆန္ဒပြမှုများ ဆယ်စုနှစ်များအတွင်း ‘အကြီးမားဆုံးခုခံမှု’ ဖြစ်

by ဧရာဝတီ
28 November 2022
3.3k

တရုတ်ပြည်မကြီးတွင် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း ဤကဲ့သို့ မမြင်ဖူးကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

၂၀၁၅ ခုနှစ် ချိကျန်းပြည်နယ်တွင် ပြုလုပ်သော အင်တာနက်အိတ်စ်ပို ပြပွဲတွင် ရှီကျင်ဖျင့်အား ဂျက်မက ရှင်းလင်းတင်ပြစဉ်

ပါတီတွင် ရှီကျင့်ဖျင်၏ ထိန်းချုပ်မှု ခိုင်မာကြောင်း နယ်ပယ်စုံမှ ဖြိုခွဲမှုများက ပြသနေ

by ဧရာဝတီ
24 November 2020
24.3k

လုပ်ဆောင်ချက် အများအပြား၏ ဘုံတူညီချက်မှာ တိုင်းပြည်၏ အာဏာ အဆင့်တိုင်းတွင် ကွန်မြူနစ်ပါတီက ထိန်းချုပ်ရန် ဖြစ်သည်။

Next Post
အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံး နှင့် တရားသူကြီးများ

အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးကို အားလုံးစောင့်ကြည့်နေပြီ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက် ပထမနေ့

"တရုတ်ကိုလည်း အရမ်းတော့ ဆဲဆိုပြီး မလုပ်နဲ့"

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved