တရုတ်နိုင်ငံအာဏာရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ထိပ်တန်း ဗိုလ်ချုပ် ၈ ဦးကို လာဘ်ပေးလာဘ်ယူမှုဖြင့် ပြီးခဲ့သည့်အပတ် ပါတီမှ ထုတ်ပြီးနောက် အရေးပါသည့် ယခုအပတ် အစည်းအဝေးအတွင်း ၂၀၁၇ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး လူအပြောင်းအလဲ ပြုလုပ်မည်ဖြစ်သည်။
စတုတ္ထအကြိမ်စုံညီ အစည်းအဝေးဟုခေါ်သည့် တံခါးပိတ်အစည်းအဝေးတွင် ဘေ့ဂျင်း၏ လာမည့် ၅ နှစ် စီးပွားရေး စီမံကိန်းကို ဆွေးနွေးမည်ဖြစ်သော်လည်း ပါတီမှ ထုတ်ပယ်ပြီးဖြစ်သည့် အဖွဲ့ဝင်များကို တရားဝင်ဖယ်ရှားခြင်းကဲ့သို့ လူအပြောင်းအလဲဆုံးဖြတ်ချက်များကိုလည်း အတည်ပြုမည်ဖြစ်သည်။
ဗဟိုကော်မတီ တင်းပြည့်နှင့် အလှည့်ကျ အဖွဲ့ဝင် ၃၀၀ ကျော်အနက် အနည်းဆုံး ၁၁ ဦးကို အလှည့်ကျ အဖွဲ့ဝင်များက အစားထိုးဖွယ်ရှိသည်ဟု လုပ်ထုံးလုပ်နည်းအရ သိရသည်။
ဗဟိုကော်မတီ တင်းပြည့်နှင့် အလှည့်ကျ အဖွဲ့ဝင် ၃၀၀ ကျော်အနက် အနည်းဆုံး ၁၁ ဦးကို အလှည့်ကျ အဖွဲ့ဝင်များက အစားထိုးဖွယ်ရှိသည်ဟု လုပ်ထုံးလုပ်နည်းအရ သိရသည်။
ထိုကိစ္စသည် ၂၀၁၇ ခုနှစ်က သတ္တမအကြိမ် စုံညီအစည်းအဝေးနောက်ပိုင်း အစည်းအဝေးတခုတည်းတွင် အမြင့်မားဆုံး လူအပြောင်းအလဲဖြစ်မည့် အလားအလာရှိပြီး ထိုစဉ်က အဖွဲ့ဝင် ၁၁ ဦးကို စံချိန်တင် ထုတ်ပယ်သည်။ သမ္မတရှီကျင့်ဖျင်၏ ပထမရာထူးသက်တမ်းအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖြိုခွဲမှုတွင် အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးကို စံချိန်တင် အစားထိုးသည်။
ယခုအပတ်အတွင်း အစားထိုး ခံရဖွယ်ရှိသည့် လူအချို့ကို အောက်တွင် ဖေါ်ပြလိုက်သည်။

စစ်ဘက်ရာထူးအပြောင်းအလဲ
လွန်ခဲ့သော အပတ်က ထုတ်ပယ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗိုလ်ချုပ်ကြီး ၈ ဦးတွင် တရုတ်၏ နံပါတ် ၂ ဗိုလ်ချုပ်ကြီးဖြစ်သော ဟာဝိုင်တုန်ပါဝင်ပြီး ဆယ်စုနှစ်များစွာအတွင်း တရုတ်၏ အကြီးမားဆုံး စစ်ဘက်ရာထူးထုတ်ပယ်မှု ဖြစ်သည်။
ထိုစုံညီအစည်းအဝေးနှင့်ပတ်သက်သည့် မေးခွန်းမှာ ဟာ ၏ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌရာထူးကို အစားထိုးမည် မထိုးမည် ဆိုသည့် ကိစ္စဖြစ်သည်။ သမ္မတရှီ ဥက္ကဌအဖြစ်ဆောင်ရွက်သည့် အဖွဲ့ဝင် ၇ ဦးပါ ဗဟိုစစ်ကော်မရှင်သည် ၂၀၂၃ ခုနှစ် နောက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဖွဲ့ဝင် ၃ ဦး အနားပေးခံရသည်။
“သူဟာ ဗဟိုစစ်ကော်မရှင် အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ လျှူကျန်လီ သို့မဟုတ် ကျန်ရှန်းမင်ကို ပါတီအစဉ်အလားအတိုင်း ရာထူးတိုးပေးနိုင်တယ်။ ဒီလိုလုပ်တဲ့အခါ စုံညီအစည်းအဝေးက ဖြည့်တင်းပေးရမယ့် လစ်လပ်မှုရှိတယ်။ ဖြစ်နိုင်ခြေက စစ်တိုင်းမှူးအဆင့်တွေနဲ့ အစားထိုးမယ်” ဟု ဘရွတ်ကင်း အင်စတီကျုမှ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ကျွမ်းကျင်သူ ဂွန် စီဇင် ပြောသည်။
“တနည်းအားဖြင့် ရှီဟာ စစ်တိုင်းမှူးအဆင့်အရာရှိတယောက်ကို ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌရာထူးကို အဆင့်ကျော် ရာထူးတက်ပေးနိုင်တယ်။ ဟာကိုလည်း ထင်မထားဘဲ အဲဒီလိုရာထူးတက်ပေးခဲ့တာ” ဟုသူပြောသည်။
ဟာဝိုင်တုန်သည် အဖွဲ့ဝင် ၂၄ ဦးပါသည့် ပေါ်လစ်ဗျူရို အဖွဲ့ဝင်လည်း ဖြစ်သည်။ သူ၏ ဗဟိုစစ်ကော်မရှင်ရာထူးသို့ တစုံတဦးကို ရာထူးတိုးပေးပါက ထိုသူသည် နိုင်ငံရေးတွင် မူဝါဒချမှတ်နိုင်သည့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင် နေရာကိုလည်း ရယူရန် အလားအလာရှိသည်။
ဟာဝိုင်တုန်သည် အဖွဲ့ဝင် ၂၄ ဦးပါသည့် ပေါ်လစ်ဗျူရို အဖွဲ့ဝင်လည်း ဖြစ်သည်။ သူ၏ ဗဟိုစစ်ကော်မရှင်ရာထူးသို့ တစုံတဦးကို ရာထူးတိုးပေးပါက ထိုသူသည် နိုင်ငံရေးတွင် မူဝါဒချမှတ်နိုင်သည့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင် နေရာကိုလည်း ရယူရန် အလားအလာရှိသည်။
သောကြာနေ့က ကြေညာသည့် အရာရှိ ၈ ဦးအပြင် ထုတ်ပယ်ခံရနိုင်သည့် အခြားစစ်ဘက်ထိပ်တန်း အရာရှိတဦးမှာ ဗဟိုစစ်ကော်မရှင် ထောက်ပံ့ပို့ဆောင်ရေးဌာန အကြီးအကဲ ကျန်လင်းဖြစ်သည်။ သူ့ကို စက်တင်ဘာလတွင် အမျိုးသားလွတ်တော်မှ ထုတ်ပယ်ခဲ့သည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ နောက်ထပ်အရာရှိ အနည်းဆုံး တဒါဇင်သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး စုံစမ်းစစ်ဆေးခံနေရသည့် သဘောသက်ရောက်သည်။
“အရေးအပါဆုံး အပြောင်းအလဲတွေကို သောကြာနေ့က ကြေညာခဲ့လို့ အဲဒီ ဒုတိယဆင့် ထုတ်ပယ်မှုနဲ့ သူတို့ကို စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို နောက်မှ ကြေညာနိုင်တယ်လို့ ကျနော်ယုံကြည်တယ်” ဟု နန်ယန်းနည်းပညာတက္ကသိုလ် တရုတ်အစီအစဉ် လက်ထောက်ပါမောက္ခ ဂျိမ်းချား ပြောသည်။
“စုံညီအစည်းအဝေးအတွင်း ဒါတွေကို ကြေညာခြင်းဟာ စုံညီအစည်းအဝေးကို အာရုံစိုက်မှုနည်းစေပြီး ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ထပ်မံစိတ်ဓာတ်ကျဆင်းစေမယ်” ဟု သူပြောသည်။
အစားထိုးမှု အချို့
အကြီးတန်း နိုင်ငံရေးသမား နောက်ထပ် ၃ ဦးကိုလည်း အစားထိုးမည်ဖြစ်သည်။ ထိုသူများတွင် လွန်ခဲ့သော ဒီဇင်ဘာလက သေဆုံးသည့် တရုတ် အကောက်ခွန်ဌာန အကြီးအကဲဟောင်း ယုကျန်းဟွာ၊ ယခုလတွင် ပါတီမှ ထုတ်ပယ်ခံရသော ရှန်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး ကျင်ရှန်းကျန်နှင့် လွန်ခဲ့သော နိုဝင်ဘာလက လာဘ်ပေး လာဘ်ယူမှုဖြင့် ထုတ်ပယ်ခံရသည့် စိုက်ပျိုးရေး ဝန်ကြီးရေး ဝန်ကြီးဟောင်း တန်ရန်ကျန်းတို့ ပါဝင်သည်။

စုံစမ်းစစ်ဆေးခံနေရသော အရာရှိများ
ဧပြီလမှစတင်ပြီး ကျင် အပါအဝင် အဖွဲ့ဝင် ၄ ဦးသည် အကျင့်ပျက်ခြစားမှု သံသယဖြင့် လူသိရှင်ကြား စုံစမ်းစစ်ဆေးခံနေရသည်။ ထိုလေးဦးတွင် ကွမ်ရှီးဒေသ ဥက္ကဌ လန်တီယန်လီ၊ အတွင်း မွန်ဂိုလီးယားဒေသ ဥက္ကဌ ဝမ်လီရှာနှင့် တရုတ် စတော့ရှယ်ယာ လုပ်ထုံးလုပ်နည်းကော်မရှင် အကြီးအကဲဟောင်း ယီဟွေမန်းတို့ပါဝင်သည်။
ထိုစုံစမ်းစစ်ဆေးမှုများအနက် မည်သည်ကိုမဆို ပြီးစီးပါက ထိုသူများကို ထုတ်ပယ်မှုများကို စုံညီအစည်းအဝေးတွင် ကြေညာမည်ဖြစ်သည်။ ပါတီတွင်း စုံစမ်းစစ်ဆေးမှုများသည် ထုံးစံအားဖြင့် ၆ လ သို့မဟုတ် ထိုထက်ပိုမိုကြာရှည်တတ်သည်။
ထိုစုံစမ်းစစ်ဆေးမှုများအနက် မည်သည်ကိုမဆို ပြီးစီးပါက ထိုသူများကို ထုတ်ပယ်မှုများကို စုံညီအစည်းအဝေးတွင် ကြေညာမည်ဖြစ်သည်။ ပါတီတွင်း စုံစမ်းစစ်ဆေးမှုများသည် ထုံးစံအားဖြင့် ၆ လ သို့မဟုတ် ထိုထက်ပိုမိုကြာရှည်တတ်သည်။
မရေရာသော ကံကြမ္မာ
လွန်ခဲ့သော ဒီဇင်ဘာလက စတင်ပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် စက်မှုဝန်ကြီးဟောင်း ကျင်ကျောင်းလောင်ကို ဖေဖေါ်ဝါရီလတွင် ရာထူးမှ ထုတ်ပယ်သည်။ စုံစမ်းစစ်ဆေးမှုကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။
ဝါရင့်သံတမန် လျှူကျန်းချောင်ကို ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနအကြီးအကဲအဖြစ် လျှူဟိုင်ရှင်းက လွန်ခဲ့သောလတွင် အစားထိုးခဲ့သည်။ သြဂုတ်လ အစောပိုင်းတွင် လျှူကို စစ်ဆေးရန် ဖမ်းဆီးထားသည်ဟု Reuters သတင်းဌာနက ဖေါ်ပြခဲ့သည်။
စုံစမ်းစစ်ဆေးမှုများ၊ ရာထူးအပြောင်းအလဲများနှင့် အငြိမ်းစားယူခြင်းကြောင့် ပါတီအတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသဆိုင်ရာ ဥက္ကဌ ပြည်နယ်အဆင့်ခေါင်းဆောင် အနည်းဆုံး ၁၁ ဦးကို ယခုနှစ်ခန့်အပ်ရမည်ဖြစ်သည်။
ရာထူးခန့်အပ်မှု ထူးထူးခြားခြား များပြားခြင်းသည် ၂၀၂၇ ခုနှစ်တွင် အဓိကကျသည့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှု အပြောင်းအလဲမတိုင်မီ ဗဟိုကော်မတီ သို့မဟုတ် ပေါ်လစ်ဗျူရို နိုင်ငံရေး ဦးဆောင်အဖွဲ့တွင် အလားအလာရှိသော မျိုးဆက်သစ် ခေါင်းဆောင်များအတွက် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်။
ရာထူးခန့်အပ်မှု ထူးထူးခြားခြား များပြားခြင်းသည် ၂၀၂၇ ခုနှစ်တွင် အဓိကကျသည့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှု အပြောင်းအလဲမတိုင်မီ ဗဟိုကော်မတီ သို့မဟုတ် ပေါ်လစ်ဗျူရို နိုင်ငံရေး ဦးဆောင်အဖွဲ့တွင် အလားအလာရှိသော မျိုးဆက်သစ် ခေါင်းဆောင်များအတွက် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်။
ပေါ်လစ်ဗျူရို အဖွဲ့ဝင် မရှင်ရွီကို သူ၏ ရှင်ကျန်း ပါတီအတွင်းရေးမှူးရာထူးမှ အခြားနေရာတွင်ခန့်အပ်ရန် ဇူလိုင်လတွင် ဖယ်ရှားသည်ဟု ဗဟိုကော်မတီကြေညာချက်တစောင်အရ သိရသည်။
သူ့ကို ရာထူးသစ် ခန့်အပ်ခြင်း ရှိမရှိ မသိရသော်လည်း သူသည် လူမြင်ကွင်းတွင် ဆက်လက်ရှိနေပြီး ဘေ့ဂျင်းတွင် ပြုလုပ်သည့် တရုတ်ခေါင်းဆောင်များ၏ အမျိုးသားနေ့ ဧည့်ခံပွဲတွင် တွေ့ရသည်။
( Reuters သတင်း Personnel changes to watch at key Chinese Communist Party meeting ကို ဘာသာပြန်သည်။)
You may also like these stories:
သမ္မတသက်တမ်း ကန့်သတ်ချက် တရုတ်ကွန်မြူနစ်ပါတီ ပယ်ဖျက်
ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ မဟာခေါင်းဆောင်ကြီး ဖြစ်လာပြီ
အာဏာအချို့ စွန့်ရန် ရှီကျင့်ဖျင် ဖိအားပေးခံရသည့် လက္ခဏာ မြင့်မားလာ
မြန်မာစစ်အုပ်စု၏ တီယန်ကျင်း ကစားကွက်အကြောင်း သိကောင်းစရာ ၆ ချက်
မြန်မာစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို တရုတ် ဝင်ရောက်စွက်ဖက်မှု နက်ရှိုင်းလာ














