• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတသက်တမ်း ကန့်သတ်ချက် တရုတ်ကွန်မြူနစ်ပါတီ ပယ်ဖျက်

by ဧရာဝတီ
13 March 2018
in သတင်း
A A
သမ္မတ ရှီကျင့်ဖျင်သည် ၅ နှစ် သက်တမ်း ၂ ခါသာ လုပ်ရမည်ဟူသော ကန့်သတ်ချက်ကို ဖျက်သိမ်းလိုက်သည် / Reuters

သမ္မတ ရှီကျင့်ဖျင်သည် ၅ နှစ် သက်တမ်း ၂ ခါသာ လုပ်ရမည်ဟူသော ကန့်သတ်ချက်ကို ဖျက်သိမ်းလိုက်သည် / Reuters

5.1k
VIEWS
Share on FacebookShare on Twitter

သမ္မတ ရှီကျင့်ဖျင်ကို ရာထူးတွင် အချိန် အကန့်အသတ်မရှိ နေခွင့်ပြုသည့် သမ္မတ သက်တမ်း ကန့်သတ်ချက် ပယ်ဖျက်ခြင်းအား ဝေဖန်သူများကို တရုတ်နိုင်ငံပိုင် မီဒီယာက တိုက်ခိုက်လိုက်ပြီး တရုတ်နိုင်ငံ၏ အဓိကလမ်းကြောင်းတွင် သော့ချက်မှာ ကွန်မြူနစ်ပါတီ၏ လမ်းကြောင်းအတိုင်း လျှောက်ရေးဖြစ်သည်ဟု ဆိုသည်။

တရုတ်ပါလီမန်သည် တနင်္ဂနွေနေ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အလုံးအရင်းဖြင့် မဲပေးခဲ့ကြပြီး ရာထူးသက်တမ်း ကန့်သတ်ချက်များကို ပယ်ဖျက်ကာ ကွန်မြူနစ်ပါတီက သြဇာလွှမ်းမိုးပြီးသော နိုင်ငံရေးလောကတွင် ပါတီ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။

“သက်တမ်း နှစ်ခု ကန့်သတ်ချက်ကို ပယ်ဖျက်ခြင်းသည် မော်စီတုန်းခေတ်က ခါးသီးသော သင်ခန်းစာကို လျှစ်လျှူရှုခြင်းဖြစ်ပြီး လက်ခံနိုင်ဖယ်မရှိသည့် လူတဦး၏လက်တွင် အာဏာသိမ်းကြုံးရယူခြင်းကြောင့်ဖြစ်ပေါ်သည့် ကြီးမားသော ဒုက္ခများ၊ အခွင့်အရေးချိုးဖေါက်မှုများ၊ အမျိုးသားကပ်ဘေးကြီးများနှင့် တရုတ်ပြည်သူများ ကြုံရမည်” ဟု အမေရိကန် နိုင်ငံအခြေစိုက် Human Rights in China အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ရှာရွန်ဟုမ်က ကြေညာချက် တစောင်တွင် ရေးသားသည်။

ထို့အပြင် မဲမပေးမီ တရုတ်လူမှုကွန်ယက်မှ ဝေဖန်သူများကလည်း ထိုအစီအစဉ်ကို ရှုတ်ချခဲ့ပြီး ” မြောက်ကိုရီးယားလမ်းစဉ် လိုက်သည်” ” မော်စီတုန်းပုံစံ လူပုဂ္ဂိုလ် ကိုးကွယ်မှု ထူထောင်သည်” စသည်ဖြင့် ဝေဖန်ခဲ့သည်။ ထိုအဆိုပြုချက်ကို ကွန်မြူနစ်ပါတီက လွန်ခဲ့သောလကမှ ကြေညာခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

သို့သော် အနောက်နိုင်ငံများ၏ နိုင်ငံရေးသဘောတရားများသည် တရုတ်နိုင်ငံအတွက် အသုံးမဝင်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ကို ထင်ဟပ်သော Global Times သတင်းစာ ခေါင်းကြီးတွင် ရေးသားခဲ့သည်။

“တရုတ်နိုင်ငံ၏ လမ်းကြောင်းတွင် အဓိကကျသော သော့ချက်မှာ ပါတီ၏ ခိုင်မာသော ဦးဆောင်မှုကိုဆုပ်ကိုင်ပြီး ရဲဘော် ရှီကျင့်ဖျင်ကို ဗဟိုပြုကာ ပါတီ ဗဟိုကော်မတီ၏ ခေါင်းဆောင်မှုနောက်တွင် အခိုင်အမာ လိုက်ပါရေးဖြစ်သည်” ဟု ထိုခေါင်းကြီးတွင် ရေးသားထားသည်။

ထို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ချက်သည် မည်သည့် ခေါင်းဆောင်အတွက်မျှ တသက်တာ ရာထူးသက်တမ်းရစေမည်ဟု မဆိုလိုကြောင်း ကွန်မြူနစ်ပါတီ၏ ပြည်သူ့နေ့စဉ် သတင်းစာ၏ ယခင်က ရေးသားချက်ကို Global Times က ထပ်မံရေးသားသည်။

“အနောက်နိုင်ငံများမှ အချို့သောသူများသည် ၎င်းတို့ ပိုသိသည်ဟု ခန့်မှန်းပြောဆိုနေကြသော်လည်း သူတို့သည် မဆိုင်သည့်အရေးကိုသာ အကြောက်အကန် ငြင်းနေကြသည်” ဟုလည်း ထိုခေါင်းကြီးက ဆိုသည်။

ထိုသို့သောသူများသည် တရုတ်နိုင်ငံကို ဆန့်ကျင်လိုသည့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘောတရားရေးရာ ဘက်လိုက်မှု ရှိကြပြီး တရုတ်နိုင်ငံနှင့် ပတ်သက်သည့် မှားယွင်းသော ခန့်မှန်းပြောဆိုချက်များကို တခုပြီးတခုလုပ်နေကြသည် ဟုလည်း ဆက်လက်ရေးသားသည်။

သို့ရာတွင် နိုင်ငံပိုင်သတင်းဌာနများသည် ၎င်းတို့၏ သတင်းများအောက်တွင် ဝေဖန်ရေးသားမှုများကို ဖြတ်တောက်စိစစ်ပြီး ချီကျူးဂုဏ်ပြုသော ရေးသားမှုများကိုသာ ဖတ်ရှုနိုင်အောင်ပြုလုပ်ကြသည်။ သဘောထားကွဲလွဲသူများအချို့ကမူ ဆင်ဆာစနစ်ကို ဖြတ်ကျော်ဝင်ရောက်ရေးသားနိုင်ခဲ့ကြသည်။

“ ချီးကျူးမြှောက်ပင့်သော ဆိုရှယ်လစ်ဝါဒသည် မည်သို့မည်ပုံ ဥပဒေပြုသော ပဒေသရာဇ် စနစ်ဖြစ်လာသနည်း” ဟု ဝေဖန်သူ တဦးက Weibo လူမှုကွန်ရက်တွင် ရေးသည်။

“ဘာလို့ မဲစာရင်း မထုတ်ပြန်တာလဲ” ဟု အခြားတဦးက ရေးသည်။

ကိုယ်စားလှယ် ၃၀၀၀ နီးပါးရှိသော ပါလီမန်တွင် နှစ်ဦးသာကန့်ကွက်ခဲ့ပြီး မဲမပေးဘဲနေသူ ၃ ဦးသာ ရှိသည်ဟုဆိုသည်။

ကိုးကား ။ ။ Reuters

Your Thoughts …
Tags: တရုတ်ကွန်မြူနစ်ပါတီရှီကျင်ဖျင့်သမ္မတသက်တမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

by Gordon Chang
9 September 2023
7.3k

တရုတ်နိုင်ငံ တည်ငြိမ်သည်ဟု မိမိတို့ မယူဆနိုင်ပေ။ ရှီကျင့်ဖျင်သည် အိန္ဒိယကို မကြိုက်သောကြောင့် နယူးဒေလီသို့ မသွားခြင်းဖြစ်သည်ဟု ရိုးရှင်းစွာ မိမိတို့ မယူဆနိုင်ပေ။

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

by Saurabh Katkurwar
1 July 2025
6.4k

သမ္မတ ရှီကျင့်ဖျင်၏ မကြာသေးမီက အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းသည် အာဏာလုပွဲဆိုသည့် ရှည်ကြာသော ကောလာဟလများကို ပိုမိုထင်ရှားလာစေသည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

အာဏာအချို့ စွန့်ရန် ရှီကျင့်ဖျင် ဖိအားပေးခံရသည့် လက္ခဏာ မြင့်မားလာ

အာဏာအချို့ စွန့်ရန် ရှီကျင့်ဖျင် ဖိအားပေးခံရသည့် လက္ခဏာ မြင့်မားလာ

by Chee Meng Tan
24 July 2025
4k

သမ္မတ ရှီကျင့်ဖျင်အတွက် ပြဿနာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို သူ့သစ္စာခံများအား တိုက်ခိုက်ရာတွင်လည်း အသုံးပြုနေခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ

ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ

by ဧရာဝတီ
25 October 2023
3.8k

အများပြည်သူမြင်ကွင်းတွင် မတွေ့ရသည်မှာ ၂ လခန့်ကြာပြီဖြစ်သည့် တရုတ်ကာကွယ်ရေးဝန်ကြီး လီ ရှန်ဖူ နေရာတွင် အစားထိုးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင်ကြေညာသည်။

Next Post
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်  အစည်းအဝေးတွင် တွေ့ရစဉ် / MOI

နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး MOU လက်မှတ်ရေးထိုးရန် မြန်မာ သဘောတူ

ကြယ်ပွင့်ပြမေးခွန်း

ကြယ်ပွင့်ပြမေးခွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved