ထူးခြားသော ဖြစ်ရပ်တခုအဖြစ် နိုင်ငံရေးနှင့် စီးပွားရေးဖိအားကြောင့် တရုတ် အကြွင်းမဲ့ခေါင်းဆောင် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် သူ၏အာဏာအချို့ကို အခြားခေါင်းဆောင်များသို့ လွှဲပြောင်းပေးရနိုင်သည်။ ထို့ကြောင့် လေ့လာသူအချို့နှင့် သတင်းဌာနအချို့က သမ္မတ ရှီကျင့်ဖျင်၏ အာဏာချုပ်ကိုင်မှု မှေးမှိန်လာသည်ဟု ခန့်မှန်းကြသည်။
မည်သို့ ဖြစ်ရသည်ဆိုသည့် အဓိကအကြောင်းရင်းသည် သမ္မတ ရှီကျင့်ဖျင်၏ တရုတ် စီးပွားရေး ပြဿနာ အခက်အခဲများဖြစ်ဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်က အိမ်ခြံမြေ အကျပ်အတည်းနှင့် စတင်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံအပေါ် အုပ်ချုပ်မှု တရားဝင်ရေးအတွက် စီးပွားရေး ကြွယ်ဝချမ်းသာမှု ဆောင်ရွက်ပေးနိုင်ခြင်းကို တည်မှီနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
လွန်ခဲ့သော လေးနှစ်ဆက်တိုက် တရုတ်စီးပွားရေးစွမ်းဆောင်မှု မှေးမှိန်လာခြင်းနှင့် သမ္မတ ထရမ့်၏ တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြန်လည် နာလန်ထရေးက ခက်ခဲသောကိစ္စ ဖြစ်လာသည်။ ထိုကိစ္စသည် သမ္မတ ရှီကျင့်ဖျင်၏ အုပ်ချုပ်ရေးကို အင်အားချိနဲ့စေသည့် အကြောင်းရင်းတခု ဖြစ်နိုင်သည်။
သို့သော် လွန်ခဲ့သော လေးနှစ်ဆက်တိုက် တရုတ်စီးပွားရေးစွမ်းဆောင်မှု မှေးမှိန်လာခြင်းနှင့် သမ္မတ ထရမ့်၏ တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြန်လည် နာလန်ထရေးက ခက်ခဲသောကိစ္စ ဖြစ်လာသည်။ ထိုကိစ္စသည် သမ္မတ ရှီကျင့်ဖျင်၏ အုပ်ချုပ်ရေးကို အင်အားချိနဲ့စေသည့် အကြောင်းရင်းတခု ဖြစ်နိုင်သည်။
သမ္မတ ရှီကျင့်ဖျင်နှင့် ပတ်သက်သည့် ကောလာဟလများသည် ဇွန်လ ၃၀ ရက်နေ့က ပေါ်လစ်ဗျူရို (ပါတီ၏ အဓိကကျသည့် မူဝါဒချမှတ်ရေးအဖွဲ့) နောက်ဆုံး အစည်းအဝေးအပြီးတွင် စတင်သည်။ ထိုအစည်းအဝေးသည် တရုတ်ထိပ်တန်းခေါင်းဆောင်များက အဓိကကျသည့် ဆုံးဖြတ်ချက်ချသော အစည်းအဝေးဖြစ်သည်။
တရုတ်နိုင်ငံရေးနှင့် စိမ်းနေသူများအတွက် သမ္မတ ရှီကျင့်ဖျင်က အာဏာအချို့ကို လွှဲပေးရေးသည် မည်သို့မှ မထူးခြားသောကိစ္စဖြစ်သည်။ သို့သော် တရုတ်နိုင်ငံအခြေအနေကို နားလည်ရေးအတွက် ရှီကျင့်ဖျင်သည် အလွန်များပြားသော အာဏာရှိနေပြီး နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်လစ်ဗျူရိုသည် အပြောင်းအလဲအချို့ကို ဖော်ပြနေပုံရကြောင်း နားလည်ရန် အရေးကြီးသည်။
သဲလွန်စများ
သင်္ကေတနှင့် သွယ်ဝိုက်စကားများသည် ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများနှင့် မည်သို့ ဆက်သွယ်ကြောင်း အရေးပါသည့် အခန်းမှပါဝင်သည်။ ထိုသို့ဆက်သွယ်သည့် နည်းလမ်းကို ကြွေးကြော်သံများနှင့် အဓိက စကားအသုံးအနှုန်းများဖြင့် ဖော်ဆောင်သည်။ ၎င်းတို့ကို တရုတ်ဘာသာဖြင့် “ထီဖာ” ဟု ခေါ်သည်။
ထိုနည်းလမ်းသည် နိုင်ငံရေးဘာသာစကားနှင့် ဆွေးနွေးမှုကို ပုံဖော်ပြီး ဘာဖြစ်နေသည်ကို တရုတ်ပရိသတ်နှင့် နိုင်ငံတကာပရိသတ်က နားလည်ရန် သြဇာလွှမ်းမိုးသောကြောင့် အရေးပါသည်။
အပေါ်ယံအားဖြင့်ကြည့်ပါက “မူဝါဒညှိနှိုင်းမှု” နှင့် အဓိကလုပ်ငန်းများကို “ပြန်လည် သုံးသပ်ရန်” ပေါ်လစ်ဗျူရို နိုင်ငံရေးဦးဆောင်အဖွဲ့က တောင်းဆိုခြင်းသည် ဒေသဆိုင်ရာအရာရှိများ တရုတ်အစိုးရ၏ အစီအစဉ်ကို လိုက်နာစေရန် ဗဟိုအစိုးရက ကြိုးစားသည့် လက္ခဏာဖြစ်သည်။
ပေါ်လစ်ဗျူရို နိုင်ငံရေးဦးဆောင်အဖွဲ့၏ ကြေညာချက်သည် မြင်သာသောကိစ္စများထက် ပိုမိုအရေးပါနိုင်သည်။ ထိုကြေညာချက်၌ လက်ရှိအချိန်တွင် ရှီကျင့်ဖျင်၏ သစ္စာခံများ ထိန်းချုပ်ထားသည့် ကော်မရှင်များ ပါဝင်သော ပါတီဗဟိုကော်မတီအတွင်းရှိ အထူးပြုအဖွဲ့များသည် “အဓိကကျသည့် အစီအစဉ်များနှင့်ပတ်သက်ပြီး လမ်းညွှန်မှုများ” ကို အာရုံစိုက်ကာ “အခြားလုပ်ငန်းများ သို့မဟုတ် ဘောင်ကျော်ခြင်းများကို ရှောင်ရှားသင့်သည်” ဟု ဖော်ပြထားသည်။
သို့သော် ပေါ်လစ်ဗျူရို နိုင်ငံရေးဦးဆောင်အဖွဲ့၏ ကြေညာချက်သည် မြင်သာသောကိစ္စများထက် ပိုမိုအရေးပါနိုင်သည်။ ထိုကြေညာချက်၌ လက်ရှိအချိန်တွင် ရှီကျင့်ဖျင်၏ သစ္စာခံများ ထိန်းချုပ်ထားသည့် ကော်မရှင်များ ပါဝင်သော ပါတီဗဟိုကော်မတီအတွင်းရှိ အထူးပြုအဖွဲ့များသည် “အဓိကကျသည့် အစီအစဉ်များနှင့်ပတ်သက်ပြီး လမ်းညွှန်မှုများ” ကို အာရုံစိုက်ကာ “အခြားလုပ်ငန်းများ သို့မဟုတ် ဘောင်ကျော်ခြင်းများကို ရှောင်ရှားသင့်သည်” ဟု ဖော်ပြထားသည်။
အတွေ့အကြုံရှိသော တရုတ်ရေးရာ လေ့လာသူများအတွက် ထိုအာဏာကြီးသော အဖွဲ့သည် အာဏာအလွန်အကျွံ ချုပ်ကိုင်ထားခြင်းအတွက် သမ္မတ ရှီကျင့်ဖျင်ကို သွယ်ဝိုက် ခြိမ်းခြောက်သည့် အရိပ်အမြွက်များ ရှိနေသည်။ သို့သော် ပိတ်ထားသော တံခါးများနောက်တွင် နောက်ကွယ်နိုင်ငံရေး အမျာအပြားဖြစ်ပေါ်သည့် တရုတ်အဆင့်မြင့် ဆုံးဖြတ်လုပ်ငန်းစဉ်၏ ပွင့်လင်းမြင်သာမှု မရှိသည့် သဘောသဘာဝကြောင့် ထိုအဖွဲ့၏ သတင်းစကားများကို ဖွင့်ဆိုခြင်းသည် အမြဲတမ်း လွယ်ကူသည် မဟုတ်ပေ။
ထိုသို့သော အခြေအနေများကြောင့် အာဏာအားပြိုင်မှု ဖြစ်နေသည်ဆိုသည့် ခန့်မှန်းမှုများ ပိုမိုဖြစ်ပေါ်လာနေသည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုမှတဆင့် အဆင့်မြင့်ပါတီ အရာရှိအများအပြားကို သမ္မတ ရှီကျင့်ဖျင်က ထုတ်ပယ်ပစ်ပြီး အစိုးရ၏ အမြင့်ဆုံးအဆင့်များကို ရှီကျင့်ဖျင်က လွှမ်းမိုးချုပ်ကိုင်ခြင်းသည် သူ့အတွက် ရန်သူများစေသောကြောင့် ထိုကိစ္စသည် လုံးဝ အံ့သြစရာမဟုတ်ပေ။
ရှီကျင့်ဖျင်အစိုးရသည် အရာရာအဆင်ပြေနေသည် မဟုတ်ဆိုသည့် အခြားလက္ခဏာတခုမှာ အစိုးရအဖွဲ့အတွင်း အဓိကရာထူးများမှ သူ၏ မဟာမိတ်အချို့ ဖယ်ရှားခံရခြင်းဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၂ ခုနှစ်တွင် ခေါင်းဆောင်ဖြစ်လာသောအခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု စတင်သည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အားထုတ်မှုအဖြစ် စာရွက်ပေါ်တွင် တရားဝင် သတ်မှတ်သော်လည်း ရှီကျင့်ဖျင်၏ နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားရာတွင် ထိုလုပ်ဆောင်မှုကို အသုံးပြုကြောင်း အထောက်အထားများက ပြသနေသည်။
သို့သော် သမ္မတ ရှီကျင့်ဖျင်အတွက် ပြဿနာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို သူ့သစ္စာခံများအား တိုက်ခိုက်ရာတွင်လည်း အသုံးပြုခံနေရခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ရှီကျင့်ဖျင်၏ မဟာမိတ်အဖြစ် သတ်မှတ်ထားသည့် ကာကွယ်ရေးဝန်ကြီး လီရှန်းဖုကို ထုတ်ပယ်ခြင်းဖြစ်ပြီး အဂတိလိုက်စားမှု စွဲချက်များကြောင့်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်တွင် အတည်ပြုနိုင်သည်။ ထို့နောက် သမ္မတ ရှီကျင့်ဖျင်၏ သစ္စာခံများကို ထုတ်ပယ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
ရှီကျင့်ဖျင် ဖူကျန်းပြည်နယ်တွင် ပါတီအရာရှိအဖြစ် တာဝန်ယူစဉ်ကတည်းက သူ၏မဟာမိတ်အဖြစ် သတ်မှတ်ခံရသည့် လက်နက်ကိုင်တပ်များအတွင်း အတွေးအခေါ်ထိန်းချုပ်မှုနှင့် ရာထူးခန့်အပ်မှုတာဝန်ခံ ရေတပ်ဗိုလ်ချုပ်ကြီး မြောင်ဟွာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ရာထူးမှ ဆိုင်းငံ့ခံရသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် သူ့ကို အဂတိလိုက်စားမှုအတွက် စုံစမ်းစစ်ဆေးကာ ရာထူးမှ ဖယ်ရှားလိုက်သည်။
လွန်ခဲ့သောလတွင် သြဇာကြီးမားသည့် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟာဝေဒုန်ကို အဂတိလိုက်စားမှု စွဲချက်ဖြင့် ဖမ်းဆီးသည်။ ထိုသို့ ထုတ်ပယ်မှုများသည် ရှီကျင့်ဖျင်အတွက် နိုင်ငံရေးပြိုင်ဘက်များကို အရှုံးပေးရခြင်း၏ အကျိုးဆက် ဖြစ်နိုင်ခြေတခုဖြစ်သည်။
လွန်ခဲ့သောလတွင် သြဇာကြီးမားသည့် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟာဝေဒုန်ကို အဂတိလိုက်စားမှု စွဲချက်ဖြင့် ဖမ်းဆီးသည်။ ထိုသို့ ထုတ်ပယ်မှုများသည် ရှီကျင့်ဖျင်အတွက် နိုင်ငံရေးပြိုင်ဘက်များကို အရှုံးပေးရခြင်း၏ အကျိုးဆက် ဖြစ်နိုင်ခြေတခုဖြစ်သည်။
သို့သော် ထိုသို့မဟုတ်ဘဲ ထုတ်ပယ်မှုများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရန် အားထုတ်မှုဖြစ်လျှင်ပင် ရှီကျင့်ဖျင်သည် အစိုးရအတွင်း လူမှန်နေရာမှန် ခန့်နိုင်သည့် သူ့စွမ်းရည်အပေါ် ဝေဖန်မှုဖြစ်စေရုံသာမက မဟာမိတ်များအကြား အကြောက်တရား ဖန်တီးပေးပြီး နောက်ထပ် ရန်သူများထွက်ပေါ်ရန် အလားအလာ ရှိနေသည်။
ထိုဖြစ်စဉ်သည် ရှီကျင့်ဖျင်ကို အခက်အခဲဖြစ်စေသည်။ သို့သော် ၂၀၁၃ ခုနှစ်တွင် ရှီကျင့်ဖျင် နိုင်ငံအကြီးအကဲ ဖြစ်လာပြီးနောက် သူနှင့် သူ့သစ္စာခံများသည် အဓိကကျသည့် အမျိုးသားကော်မရှင်များ၏ ခေါင်းဆောင်မှုကို ရယူသောကြောင့် ဥက္ကဋ္ဌ မော်စီတုန်း နောက်ပိုင်းတွင် သြဇာအကြီးမားဆုံးခေါင်းဆောင် ဖြစ်လာသည်။
ထိုကော်မရှင်များတွင် တရုတ်ဘဏ္ဍာရေးဈေးကွက်ကို စည်းကမ်းကြီးကြပ်သည့် ဗဟိုဘဏ္ဍာရေးကော်မရှင်၊ တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်သည့် ဗဟိုသိပ္ပံနှင့် နည်းပညာကော်မရှင်၊ တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ရေးရာများကို ကြီးကြပ်သည့် ဗဟိုဆိုက်ဘာနယ်ပယ်ရေးရာကော်မရှင်တို့ ပါဝင်သည်။
ထိပ်ဆုံးတွင် မည်သူရှိနေသနည်း
သမ္မတ ရှီကျင့်ဖျင်သည် အာဏာအချို့ကို လွှဲပြောင်းပေးမည့်ပုံ ပေါက်နေပြီး အပြောင်းအလဲတခုကို ပြသနိုင်သည့် အခြားဆုံးဖြတ်ချက်အချို့လည်း ရှိနေသည်။
BRICS (ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) အဖွဲ့က ကျင်းပသည့် နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်တွင် အာဏာရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခြင်း မရှိပေ။ ဇူလိုင်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရီယိုဒီဂျနေးရိုးတွင် ကျင်းပသည့် ထိုထိပ်သီးဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ဝန်ကြီးချုပ် လီချန် ဦးဆောင်သည်။
BRICS အစည်းအဝေး တက်ရောက်ခြင်းနှင့် စီးပွားရေးမူဝါဒ ချမှတ်ရာတွင် ပိုမိုထင်ရှားလာသည့် ဝန်ကြီးချုပ် လီချန်၏ အခန်းကဏ္ဍက သူ၏သြဇာတက်ပြီး သမ္မတ ရှီကျင့်ဖျင်၏ သြဇာကျဆင်းလာသည်ကို ပြသနေသည်။
ပြည်ပအဆင့်မြင့် ညီလာခံများတွင် ဝန်ကြီးချုပ် လီချန်က သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မစ္စတာ လီချန်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ အစည်းအဝေးတက် ရောက်ခဲ့ပြီး အာဆီယံ ထိပ်သီးဆွေးနွေးပွဲများသို့လည်း တက်ရောက်ခဲ့သည်။
သို့သော် BRICS အစည်းအဝေး တက်ရောက်ခြင်းနှင့် စီးပွားရေးမူဝါဒ ချမှတ်ရာတွင် ပိုမိုထင်ရှားလာသည့် ဝန်ကြီးချုပ် လီချန်၏ အခန်းကဏ္ဍက သူ၏သြဇာတက်ပြီး သမ္မတ ရှီကျင့်ဖျင်၏ သြဇာကျဆင်းလာသည်ကို ပြသနေသည်။ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။
(Asia Times ပါ Chee Meng Tan ၏ Signs mount Xi under pressure to cede some power ကို ဘာသာပြန်သည်။ ချီမင်တန်သည် နော်တင်ဟန် တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ ဘောဂဗေဒ လက်ထောက် ပါမောက္ခဖြစ်သည်။)
You may also like these stories:
ရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ မဟာခေါင်းဆောင်ကြီး ဖြစ်လာပြီ
မြန်မာစစ်ကောင်စီကို တရုတ်က ဘက်ပေါင်းစုံ ကူညီနေ
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး
တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်
ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ
ရှီကျင့်ဖျင် မိသားစု ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဟု အမေရိကန် ထောက်လှမ်းရေးပြော













