• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

by Saurabh Katkurwar
1 July 2025
in ဆောင်းပါး
A A
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှန်ဟိုင်းရှိ တရုတ်ကွန်မြူနစ်ပါတီ၏ ပထမဆုံး အမျိုးသားကွန်ဂရက် ပြတိုက်တွင် ပြသထားသော သမ္မတ ရှီကျင့်ဖျင် ရုပ်ပုံကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တွေ့ရစဉ် / AFP

6.4k
VIEWS
Share on FacebookShare on Twitter

တရုတ်သမ္မတ ရှီကျင့်ဖျင် လူမြင်ကွင်းမှ နှစ်ပတ်ကြာ ပျောက်ကွယ်နေသောကြောင့် ဖြစ်နိုင်ခြေရှိသော အာဏာအကျပ်အတည်း၊ လူမှုမငြိမ်သက်မှုနှင့် သူ့ကျန်မားရေး အပါအဝင် ခန့်မှန်းချက်များ ဖြစ်စေသည်။

သတိပြုစရာကောင်းသည်မှာ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် လစဉ်ကျင်းပသည့် နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးကို မေလတွင် မကျင်းပခြင်းနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့် တရားဝင်ကြေညာချက်မှ မထုတ်ပြန်ခြင်းဖြစ်သည်။

ထိုအခြေအနေသည် သမ္မတ ရှီကျင့်ဖျင်၏သြဇာ ကျဆင်းခြင်း၊ အတွင်းပိုင်း အားပြိုင်မှုများနှင့် ကြီးထွားနေသော သဘောထားကွဲလွဲမှု အပါအဝင် ပြင်းထန်သော ကောလာဟလများ ဖြစ်စေသည်။ သို့သော် သမ္မတ ရှီကျင့်ဖျင်၏ အာဏာချုပ်ကိုင်မှုသည် ခိုင်မာနေဆဲဖြစ်သည်ဟု ဘေဂျင်းမှ သစ္စာခံများနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

ထိုအခြေအနေသည် သမ္မတ ရှီကျင့်ဖျင်၏သြဇာ ကျဆင်းခြင်း၊ အတွင်းပိုင်း အားပြိုင်မှုများနှင့် ကြီးထွားနေသော သဘောထားကွဲလွဲမှု အပါအဝင် ပြင်းထန်သော ကောလာဟလများ ဖြစ်စေသည်။ သို့သော် သမ္မတ ရှီကျင့်ဖျင်၏ အာဏာချုပ်ကိုင်မှုသည် ခိုင်မာနေဆဲဖြစ်သည်ဟု ဘေဂျင်းမှ သစ္စာခံများနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။

သမ္မတ ရှီကျင့်ဖျင်သည် ပါတီ၊ အစိုးရနှင့် စစ်ဘက်ရာထူး အားလုံးမှ နုတ်ထွက်ရန် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ ဖိအားပေးခံနေရသည်ဟု အမေရိကန် ပြည်ထောင်စု အခြေစိုက် ဝါရင့်နိုင်ငံရေးဆောင်းပါးရှင် ခိုင်ရှင်ကွင်က ဘေဂျင်းမှ ထိပ်တန်းအရာရှိများကို ကိုးကား၍ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိပ်တန်းအရာရှိများက သမ္မတ ရှီကျင့်ဖျင်သို့ ပေးသည့် အိတ်ဖွင့်ပေးစာတစောင်ကို ခိုင်ရှင်ကွင်က မျှဝေပြီး ထိုစာတွင် သမ္မတ ရှီကျင့်ဖျင် ကျူးလွန်သည့် အမှား ၂၈ ခုကို ဖော်ပြထားသည်။ သမ္မတ ရှီကျင့်ဖျင်သည် အစိုးရနှင့် စီးပွားရေးမူဝါဒ အလွဲများ၊ ပြည်သူ့ရင်းမြစ် ဖြုန်းတီးမှုများ၊ နိုင်ငံရေး ချိုးဖောက်မှုများ၊ အာဏာခြေလွန်လက်လွန်ဖြစ်ခြင်းနှင့် အခြားအပြစ်များ ကျူးလွန်သည်ဟု ထိုစာတွင် စွပ်စွဲထားသည်။

သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံကို ဦးဆောင်ရန် မသင့်လျော်တော့ကြောင်း ထိုအရာရှိများက ပြောပြီး နုတ်ထွက်ရန် တောင်းဆိုကာ လက်ရှိ အာဏာရှင်အန္တရာယ်ရှိသည့် စနစ်ကို ဖယ်ရှားရန် ကြိုးစားကြသည်။

ယခုအခါ ပြည်ပတွင် နေထိုင်သူ နှစ်ဦးဖြစ်သော ပီကင်းတက္ကသိုလ် ဥပဒေပါမောက္ခ ယွမ်ဖုန်ဘင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ရေတပ် ဒုဗိုလ်မှူးကြီးဟောင်း ယန်ချန်းတို့ကလည်း အလားတူအမြင်မျိုး ပြောသည်။ သမ္မတ ရှီကျင့်ဖျင် နောက်ထပ် ရာထူးသက်တမ်း မတိုးဘဲ ထွက်ခွာသွားရန်မှအပ အခြားနည်းလမ်း မရှိတော့အောင် သူ၏ ဆန့်ကျင်ဘက်များ ပူးပေါင်းဆောင်ရွက်နေသည်ဟု အထက်ပါ နှစ်ဦးက ပြောသည်။

“သူ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရာထူးနဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ပြီး တရုတ်နိုင်ငံရဲ့ ဥက္ကဋ္ဌကြီးဆိုတဲ့ အဆောင်အယောင်ရာထူးနဲ့နေပြီး ၂၁ ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှာ လုံးဝ အနားယူလိမ့်မယ်” ဟု ဒုဗိုလ်မှူးကြီးဟောင်း ယန်ချန်းက ပြောသည်။

သမ္မတ ရှီကျင့်ဖျင်သည် အာဏာထိန်းချုပ်မှုကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် စတင်ဆုံးရှုံးပြီး အနာဂတ် မရေရာတော့ကြောင်း International Press Association အဖွဲ့ဝင် ဂျနီဖာ ကျန်က ပြောသည်။

သမ္မတ ရှီကျင့်ဖျင်၏ မကြာသေးမီက အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းသည် အာဏာလုပွဲဆိုသည့် ရှည်ကြာသော ကောလာဟလများကို ပိုမိုထင်ရှားလာစေသည်။

သမ္မတ ရှီကျင့်ဖျင်၏ မကြာသေးမီက အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းသည် အာဏာလုပွဲဆိုသည့် ရှည်ကြာသော ကောလာဟလများကို ပိုမိုထင်ရှားလာစေသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
98
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
387
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
189

“အဲဒီ အများပြည်သူမြင်ကွင်းက ပျောက်နေတာနဲ့ တရုတ်ကွန်မြူနစ်ပါတီအတွင်း ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေက တရုတ်မှာ ခေါင်းဆောင်မှုအပြောင်းအလဲ သမိုင်းကို ထင်ဟပ်နေတယ်။ တရုတ်ကွန်မြူနစ်ပါတီ လုပ်ငန်းလည်ပတ်ပုံက တုန်လှုပ်စရာကောင်းလောက်အောင် ပုံမှန်မဟုတ်တာတွေ ပြသနေတယ်။ လစဉ် အစည်းအဝေးကျင်းပတဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့က ၂၀၂၅ ခုနှစ်၊ မေလနှောင်းပိုင်းမှာ အစည်းအဝေးကျင်းပဖို့ ပျက်ကွက်တယ်။ အရင်တကြိမ် အစည်းအဝေးမှာ ရှီကို ထုတ်ပစ်ဖို့ လုပ်တယ်ဆိုတဲ့ ကောလာဟလတွေ ဖြစ်နေစဉ်မှာပဲ အဲဒီလိုဖြစ်လာတာ” ဟု ဂျနီဖာ ကျန်က ပြောသည်။

သမ္မတ ရှီကျင့်ဖျင်ကို သစ္စာခံသည့် ပထမတန်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ခိုင်ချီကို အရေးမပါသည့် ညီညွတ်ရေးတပ်ဦး လုပ်ငန်းဌာနသို့ ပို့လိုက်ပြီး ထိုကိစ္စသည် သမ္မတ ရှီကျင့်ဖျင် အာဏာ အားနည်းသွားစေရန် လုပ်သည်ဟု မြင်ကြသည်။

ခိုင်ချီ၏ ရာထူးကို ယခင်ခေါင်းဆောင်ဟောင်းများဖြစ်သည့် ဟူကျင်တောင်းနှင့် လီခဲ့ချန်တို့၏ လူရင်း ရှီထိုင်ဖန်က အစားထိုး ဝင်ရောက်လာသောအခါ ခန့်မှန်းမှုများ ပိုမိုပြင်းထန်လာသည်။ ထိုအချိန်မှ စတင်ပြီး သမ္မတ ရှီကျင့်ဖျင်၏ သစ္စာခံများကို ရွှေ့ပြောင်းခြင်း၊ အရေးမပါသော ရာထူးများသို့ ပို့ဆောင်ခြင်း ပြုလုပ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ကွန်မြူနစ်ပါတီက စီမံသည့် သတင်းဌာနများဖြစ်သည့် ပြည်သူ့နေ့စဉ်နှင့် ဆင်ဟွာတို့က သမ္မတဟောင်း ဟူကျင်တောင်း၏ အုပ်ချုပ်ရေးမူဝါဒများကို မီးမောင်းထိုးနေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လအစောပိုင်းတွင် ပြည်သူ့နေ့စဉ်သတင်းစာသည် စုပေါင်းခေါင်းဆောင်မှုကို တောင်းဆိုပြီး သမ္မတ ရှီကျင့်ဖျင်နှင့် ပတ်သက်သည့် သတင်းများကို သုံးရက်ဆက်တိုက် ချန်လှပ်သည်။ စုပေါင်းခေါင်းဆောင်မှုဆိုသည်မှာ သမ္မတ ရှီကျင့်ဖျင်က အလွန်အမင်း အာဏာချုပ်ကိုင်ခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

တရုတ်၏ ကြီးထွားနေသော အလုပ်လက်မဲ့ပြဿနာနှင့် လုပ်အားခများ ကျဆင်းခြင်းသည် လူမှုတည်ငြိမ်မှုကို အင်အားချိနဲ့စေသည့် အလားအလာရှိသော နိုင်ငံရေးအရ ထိခိုက်လွယ်သည့် ပြဿနာများဖြစ်သည်။ “အလုပ်မရှိတဲ့လူတွေက ဆန္ဒပြလည်း ဆုံးရှုံးစရာနည်းတယ်လို့ မြင်ကြတော့ ပိုမိုအန္တရာယ် ကြီးမားတယ်” ဟု Asia Society မူဝါဒ အင်စတီကျုမှ နီးလ် သောမတ်စ်က ပြောသည်။

သမ္မတ ရှီကျင့်ဖျင်သည် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် မလုပ်နိုင်ခြင်းကြောင့် စိတ်ပျက်နေသည့် ပြည်သူများကို ကိုင်တွယ်ရာတွင် ဖြိုခွဲခြင်း၊ ထောက်လှမ်းခြင်းနှင့် ဖိနှိပ်ခြင်းကို လိုလားသောကြောင့် ပြင်းထန်သော လူမှုဆန္ဒပြပွဲများ တရုတ်တွင် တိုးလာခြင်းအတွက် သမ္မတ ရှီကျင့်ဖျင် အပြစ်တင်ခံရသည်။

သမ္မတ ရှီကျင့်ဖျင်သည် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် မလုပ်နိုင်ခြင်းကြောင့် စိတ်ပျက်နေသည့် ပြည်သူများကို ကိုင်တွယ်ရာတွင် ဖြိုခွဲခြင်း၊ ထောက်လှမ်းခြင်းနှင့် ဖိနှိပ်ခြင်းကို လိုလားသောကြောင့် ပြင်းထန်သော လူမှုဆန္ဒပြပွဲများ တရုတ်တွင် တိုးလာခြင်းအတွက် သမ္မတ ရှီကျင့်ဖျင် အပြစ်တင်ခံရသည်။

သမ္မတ ရှီကျင့်ဖျင်သည် သူ့အစီအစဉ်များကို ရှေ့တန်းတင်ရန် လိုအပ်သည့် နိုင်ငံရေးအခြေခံ ဆုံးရှုံးတော့မည်ဟု ဝါရှင်တန် ဒီစီအခြေစိုက် ဂျိမ်းစ်တောင်း ဖောင်ဒေးရှင်းမှ ဝါရင့် သုတေသီ ဝီလီ ဝို-လက်ပ် လမ်က ပြောသည်။

“ရှီကျင့်ဖျင် နိုင်ငံရေး ပြဿနာတက်နေတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိပ်တန်းခေါင်းဆောင်ကြီးက အငြိမ်းစား နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်တွေ၊ လက်အောက်ခံတွေ၊ ထိပ်တန်းစစ်အရာရှိအချို့နဲ့ နိုင်ငံက လူလတ်တန်းစားတွေ အပါအဝင် အုပ်စုအမျိုးမျိုးဆီက စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်” ဟု ၎င်းကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Saurabh Katkurwar ၏ Is Xi Jinping in Political Trouble? ကို ဘာသာပြန်သည်။ ဆော်ရက်ဘ် ကက်ကာဝါသည် သီးခြားလွတ်လပ်သော သတင်းသမားဖြစ်ပြီး the Hindustan Times, IANS နှင့် MidDay TV9 တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။)

You may also like these stories:

ရှီကျင့်ဖျင် မိသားစု ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဟု အမေရိကန် ထောက်လှမ်းရေးပြော

ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

သမ္မတ ရှီကျင့်ဖျင် ဘယ်လို လူမျိုးလဲ

ရှီကျင့်ဖျင်ကို ခေါင်းကိုက်စေသော ဟောင်ကောင် အကျပ်အတည်း

ရှီကျင့်ဖျင် နှင့် အကန့်အသတ်မဲ့ သမ္မတ သက်တမ်း

ရှီကျင့်ဖျင်က အာဏာရှင်လား ပြုပြင်ပြောင်းလဲရေးသမားလား

Your Thoughts …
Tags: CCPတရုတ်တရုတ်ကွန်မြူနစ်ပါတီရှီကျင်ဖျင့်
Saurabh Katkurwar

Saurabh Katkurwar

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ရခိုင်တွင် ငှက်ဖျားကြောင့် သေဆုံးသူများလာ

ရခိုင်တွင် ငှက်ဖျားကြောင့် သေဆုံးသူများလာ

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ (ရုပ်/သံ)

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved