မြန်မာစစ်ကောင်စီက ၂၀၂၅၊ ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန် ရွေးကောက်ပွဲ အခြေခံလုပ်ငန်းတွေကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းတွေနဲ့ တော်လှန်ရေးအင်အားစု အမာခံဒေသတွေထဲက စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်ကိုင်း၊ မကွေးနဲ့ လွိုင်ကော်မြို့တွေမှာ သိသိသာသာတွေ့လာရတယ်။
စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ မြို့နယ် ၅၅ ခုရှိတဲ့ ရှမ်းပြည်နယ်မှာ ထောက်ခံမှု ရနေပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် အသေးစိတ် မထုတ်ပြန်သေးပေမဲ့ စစ်တပ် အမာခံဒေသ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရွေးကောက်ပွဲတွေ ဖြစ်နိုင်တယ်။
စစ်တပ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကခန့်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သမ္မတလောင်းတဦးစီ အမည်တင်သွင်းခွင့်ရှိပါတယ်။ အဲဒီ သမ္မတလောင်းဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ ပြင်ပလူဖြစ်စေ ခွင့်ပြုထားပါတယ်။
လွှတ်တော်မှာ စစ်တပ်က ယူထားတဲ့ ၂၅ ရာခိုင်နှုန်းနဲ့ USDP ကိုယ်စားလှယ်တွေဟာ စစ်ခေါင်းဆောင် သမ္မတဖြစ်လာဖို့ လုံလောက်တဲ့ အရေအတွက်ဖြစ်လို့ USDP ဟာ အရေးတဲ့ အခန်းမှာရှိနေပါတယ်။
#မြန်မာ #ဧရာဝတီ #သမ္မတ #စစ်တပ် #ပြည်သူ့လွှတ်တော် #အမျိုးသားလွှတ်တော် #ရွေးကောက်ပွဲ #ရှမ်းပြည်နယ် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












