ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ကျင့်ဝတ်ချိုးဖောက်မှုဆိုင်ရာ စွဲချက်တွေနဲ့ ဖွဲ့စည်းပုံဆိုင်ရာအခြေခံ ဥပဒေတရားရုံးက ဇူလိုင် ၁ ရက်မှာ ဝန်ကြီးချုပ်ရာထူးကနေ ယာယီ ဆိုင်းငံ့လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပေထုန်တန်တို့ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားခဲ့ပြီး ဒီဖုန်းပြောဆိုမှုအတွင်း ပေထုန်တန်ဟာ ထိုင်းစစ်တပ်က ဗိုလ်ချုပ်တဦးကို ဝေဖန်ခဲ့သလို ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အငြင်းပွားမှုဆိုင်ရာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ပေထုန်တန်ကို ဝန်ကြီးချုပ် ရာထူးကနေနုတ်ထွက်ပေးဖို့အထိ ဆန္ဒပြ တောင်းဆိုမှုတွေ ရှိခဲ့ပြီး ထိုင်းအထက်လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ဖို့
အသနားခံစာ ပေးပို့တောင်းဆိုခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရားရုံးက ဒီကနေ့မှာ လက်ခံလိုက်တာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်းဝန်ကြီးချုပ် #ပေထုန်တန် #ဟွန်ဆန်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













