• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

by ဧရာဝတီ
31 March 2024
in ဆောင်းပါး
A A
သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

၂၀၁၃ ခုနှစ် ဧပြီလ က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အတာရေ လောင်းနေစဉ်။

16.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် က ထိုင်းရဲဆေးရုံမှာ အကျဉ်းကျခံနေသည်။ သူ့ကို ၂၀၂၄ ဖေဖော်ဝါရီလထဲတွင် လွှတ်ပေးနိုင်သည်ဟု သတင်းတွေက ထွက်နေပြီဖြစ်သည်။

ဘုရင်ဆီကို တင်ထားသော အသနားခံစာက လာမည့် နှစ်ဆန်းပိုင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း အတွက် သတင်းကောင်း ဖြစ်နိုင်ပါသည်။

သူအကျဉ်းကျနေရာက လွတ်ပြီဆိုလျှင် သက်ဆင်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ၏ De Facto ဝန်ကြီးချုပ် ဖြစ်သွားပြီး ယခု လက်ရှိ အစိုးရကို နောက်ကွယ်က ကြိုးကိုင် ချယ်လှယ်နိုင်သည်။

ထိုင်းနိုင်ငံမှာ သူဝန်ကြီးချုပ်ဘဝက ထောက်ခံမှု အများဆုံးရခဲ့သော ထိုင်းမြောက်ပိုင်းက ချင်းမိုင်ခရိုင်၊ ထိုင်းအရှေ့မြောက်ဒေသ တို့ကို ခရီးတွေထွက်ဖို့ သေချာနေပြီ ဖြစ်သည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
404

ထို့ပြင် သူ၏ နိုင်ငံရေး မိတ်ဆွေ စီးပွားရေးမိတ်ဆွေများ၏ နိုင်ငံများကိုလည်း သွားရောက် လည်ပတ်ဦးမှာ မလွဲ။

သက်ဆင် ဝန်ကြီးချုပ်ဘဝက သူ၏ Eternal Friend ဟု ပြောခဲ့သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ နိုင်ငံကို သွားရောက် လည်ပတ်နိုင်သလို မိတ်ဆွေဟောင်းများ ရှိရာ မြန်မာပြည်ကိုလည်း သွားရောက် လည်ပတ် နိုင်ပါသည်။

သက်ဆင် ဝန်ကြီးချုပ် တာဝန်ယူခဲ့သော ၂၀၀၁ မှ ၂၀၀၆ ကာလအတွင်း ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရနှင့် သက်ဆင် အစိုးရတို့ကြား ရွှေလမ်း ငွေလမ်းတွေ ဖောက်ခဲ့သည်။

သက်ဆင်ကို မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေက ကြည်ညိုလေးစားပုံရသည်။ “UN is not my father” “UN က ကျနော့်ရဲ့ အဖေ မဟုတ်ပါဘူး” ဟု တုံ့ပြန်ခဲ့သော ထိုင်းဘီလီယံနာ သူဌေးကြီးကို မြန်မာ စစ်ဗိုလ်ချုပ်များက သဘောကျသည်မှာ မဆန်းပါ။

သက်ဆင်အစိုးရ လက်ထက်တွင် “Bangkok Process” ဆိုပြီး မြန်မာ့အရေးကို ထိုင်းက ဦးဆောင်ပြီးလုပ်ခဲ့သည်။ ပုဂံတွင် Bagan Summit ဆိုပြီး ၂၀၀၃ တွင် ထိုင်း-လာအို-ကမ္ဘောဒီးယားနှင့် မြန်မာ ပူးပေါင်းပြီး ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် တက်ရောက်ခဲ့သည်။ ကချင်ပြည်မှာ Ski Resort ဆောက်မည်ဟု ပြောပြီး ပူတာအိုကို သွားရောက် လေ့လာခဲ့ဖူးသည်။ ၂၀၀၄ မှာတော့ ထိုင်းအစိုးရက မြန်မာ စစ်အစိုးရကို ဒေါ်လာသန်း ၁၂၀ ကျော် ချေးငွေပေးခဲ့သည်။

ထိုင်း၏ Export-Import Bank of Thailand ကနေ ချေးပေးခဲ့သည့် ငွေများက ပြန်စစ်ဆေးကြည့်သော အခါမှာ မြန်မာ စစ်အစိုးရက သက်ဆင်ပိုင်သည့် ကုမ္ပဏီ Shin Satellite ကနေ ပစ္စည်းများ ပြန်ဝယ်ရခြင်း ဖြစ်သည်။ အမှန်တကယ် သက်ဆင်၏ ကုမ္ပဏီက ပိုက်ဆံများ ပြန်ရသွားခြင်းပဲ ဖြစ်သည်။

၂၀၀၆ မှာ ဝန်ကြီးချုပ် သက်ဆင်ကို စစ်တပ်က ဖြုတ်ချသည့် အချိန်တွင်တော့ ထိုချေးငွေ ကိစ္စကလည်း သက်ဆင် ရင်ဆိုင်ရသည့် အမှုတွဲ ဖြစ်သွားသည်။

ဝန်ကြီးချုပ် သက်ဆင် ပြုတ်သွားသော်လည်း သူနှင့် မြန်မာစစ်တပ်က ဗိုလ်ချုပ်များနှင့် သံယောဇဉ် မပြတ်ပါ။ ဒူဘိုင်း နှင့် ဟောင်ကောင်တွင် နေထိုင် နေစဉ် ကာလများမှာ သက်ဆင် သည် မြန်မာပြည်ကို သွားလည်သည်။

ထိုင်းဝန်ကြီးချုပ် သက်ဆင် နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ၂၀၀၆ ခုနှစ်က နေပြည်တော်တွင် တွေ့ဆုံစဉ်။

၂၀၁၁ မှာ သက်ဆင် မြန်မာပြည်ကို သွားလည်ခဲ့သည်။ ရာထူးက အနားယူခဲ့ပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နေအိမ်မှာ သွားရောက်တွေ့ဆုံသည်။

သမ္မတအဖြစ် ခန့်အပ်ခံရသော ဦးသိန်းစိန်ကိုလည်း တွေ့ဆုံခဲ့သည်။ ထိုအချိန်က ထိုင်းနိုင်ငံမှာ သက်ဆင်၏ ညီမ Yinluck Shinawatra ဝန်ကြီးချုပ် တာဝန်ယူနေချိန်။

သူ၏ ညီမ ဝန်ကြီးချုပ် မြန်မာပြည်ကို လာရောက် လည်ပတ်ရန် တပတ်အလိုတွင် သက်ဆင်သည် မြန်မာကို လာရောက်ခဲ့ပြီး စစ်တပ် အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။

အကြောင်းကတော့ ဝန်ကြီးချုပ်၏ ခရီးစဉ်အတွက် လမ်းကြိုခင်း လမ်းကြောင်း ရှင်းခြင်း။

သက်ဆင်သည် သူ အာဏာရှိချိန်က မြန်မာပြည်သို့ မကြာခဏ သွားရောက် လည်ပတ်သည်။ မြန်မာ ဗေဒင်ဆရာများထံသို့လည်း သွားသည်။

သူ၏ ရာထူး တည်မြဲရေးနှင့် ပတ်သက်၍ ခန့်မှန်း တွက်ချက်ရန် ဖြစ်သည်။ ၂၀၀၆ ခုနှစ် ရာထူးမှ ဖယ်ရှားမခံရခင် သက်ဆင် သွားရောက်သည့် ထင်ရှားသော မြန်မာ ဗေဒင် ဆရာ တဦးမှာ အီးတီ ဟု ခေါ်သော ရန်ကုန်မြို့က ဗေဒင်ဆရာမ ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က စီးပွားရေးသမားတဦး ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှာ အာဏာပါဝါ ရှိသူတွေကိုပဲ မိတ်ဆွေ မဟာမိတ်လုပ်သည်။

၂၀၁၃ ဧပြီလမှာတော့ သက်ဆင်က မေမြို့မှာ ထိုစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အတာသင်္ကြန်ရေ ပက်ဖြန်းသည့်ပုံ သက်ဆင်က သူ၏ Facebook တွင် တင်ခဲ့သည်ကို တွေ့ရသည်။

မေမြို့မှာ ရိုက်ကူးထားသည့် ပုံဖြစ်သည်။ ဘယ်မြင်းကိုလောင်း ဘယ်သူနှင့် ပေါင်းရမည်ကို သက်ဆင်က ကောင်းကောင်း သိသည်ဟု ဆိုရမည်။

သက်ဆင်က မြန်မာ စစ်ဗိုလ်ချုပ်များနှင့် အလွန်ရင်းနှီးသောကြောင့် နေပြည်တော်က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိမ်ကိုလည်း သွားရောက် လည်ပတ်နိုင်သည်။

ယခင်ကဆိုလျင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုက်ရိုက်ဖုန်းပြော ဆက်သွယ်နိုင်သည်ဟု ထိုင်းဘက်က သတင်းများ ထွက်ရှိဖူးသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သိခဲ့သော မြန်မာပြည်နှင့် ယနေ့ အဏာသိမ်းပြီး နောက်ပိုင်း မြန်မာ၏ အခြေအနေ ထိုင်း-မြန်မာ နယ်စပ် အနေအထားအသစ် ပေါ်ပေါက်လာသော အဖွဲ့အစည်းများနှင် ခေါင်းဆောင်များ ပြောင်းလဲမှုများက မြန်ဆန်လှသည်။ သက်ဆင် ယခင်က သိခဲ့သော မြန်မာနှင့် ယနေ့ မြန်မာသည် မတူတော့။

နောက်တနှစ် သက်ဆင် လွတ်လာပြီ ဆိုလျှင်တော့ ထိုင်း-မြန်မာ ဆက်ဆံရေးမှာ သက်ဆင်၏ အရိပ်သြဇာ မည်သို့ ရှိမလဲ။ မကြာခင်တော့ တွေ့ရမည်ဟု ဆိုရမည်။ ။

(ဤဆောင်းပါးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီ မဂ္ဂဇင်း မှ ပြန်လည် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

Your Thoughts …
Tags: စစ်အစိုးရထိုင်းဝန်ကြီးချုပ်ဟောင်း ယင့်လပ်ကို တရားခံပြေးလွှဲပြောင်းရေး ထိုင်းက ဗြိတိန်သို့ တောင်းဆိုမင်းအောင်လှိုင်သက်ဆင်သန်းရွှေဟွန်ဆန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.2k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
တရားသော စစ်က နိုင်မှာပါ (ရုပ်/သံ)

တရားသော စစ်က နိုင်မှာပါ (ရုပ်/သံ)

ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်

ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved